Chapters

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 40 Ch. 783

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 40 Ch. 783

“နယ်ပယ်ဟုတ်လား၊ ဓား ၃ လက်ဝိညာဉ်ဂိုဏ်းက လုပ်လိုက်တဲ့ နယ်ပယ် တစ်ဝက်က ကျွန်တော့်ကို ပိတ်နိုင်မယ်ထင်လို့လား” ပေထင်းဟွမ်၏အသံသည် နေရာဘက်ပေါင်းစုံမှ ရောက်လာသလိုပင်။ သူမသည် ထောင်လွှားစွာဖြင့် ရယ်မောလေသည်။

ပေထင်းကျန့်သည် သူမ၏အသံလာရာကိုရှာချင်သော်လည်း မရှာနိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် ချွေးအေးများဖြင့် ရွှဲနေ၏။ သူသည် ဒေါသတကြီးပြောရုံ သာပြောနိုင်တော့သည် “ဟင်း ဟေ့ကောင် မင်းမှာအစွမ်းအစရှိရင် ထွက်လာ ပြီး ငါ့နယ်ပယ်ထဲမှာ နှစ်ယောက်တိုက်မယ်”

“မလုပ်ရဲဘူးလို့ထင်နေတာလား” ပေထင်းဟွမ်၏ကြည်လင်သောအသံ သည် ပေထင်းကျန့်အနောက်မှ ရေခဲကိုခွဲလိုက်သကဲ့သို့ ထွက်လာသည်။ သူသည် ရုတ်တရက်ခေါင်းလှည့်လိုက်ရာ အလင်းတန်းတစ်ခုထွက်လာသည်ကို မြင်လိုက်ရသည်။ ပေထင်းဟွမ်၏ ကိုးရောင်အလင်းကို ကိုးရောင်တိမ်တိုက်များ ဖြင့် ဝန်းရံလိုက်သလိုထင်ရကာ ပေထင်းကျန့်မှ ထုတ်လွှတ်လိုက်သည့် အဆိပ် နဘ်ပယ်သည် ကိုးရောင်အလင်းနှင့်ထိလိုက်သည်နှင့် အစိမ်းရောင်မီးခိုးအဖြစ် ပြောင်းသွားလေသည်။

နယ်ပယ်လား။ ဒီကောင်လေးက နယ်ပယ်ထုတ်တတ်တာလား။ ဓား ၁ လက် ဝိညာဉ်သခင်ကြီးရဲ့ နယ်ပယ်က ဓား ၃ လက်ဝိညာဉ်သခင်ကြီးရဲ့ နယ်ပယ်ကိုပိတ်နိုင်တာလား။ ဒီသဘာဝကြီးက ဘယ်လိုအလုပ်လုပ်တာလဲ။

ကိုးရောင်အလင်းတန်း သူ့ဆီသို့ ပြန့်လာသည်ကိုကြည့်ပြီး ပေထင်းကျန့် သည် ပျာယာခတ်သွားသည်။ သူသည် ဓားမြှောက်ကာ ပေထင်းဟွမ်အား ခုတ် လေသည်။

ပေထင်းဟွမ်သည် သူ့ရှေ့တွင်ရှိနေသည်မှာ သေချာပါလျက်နှင့် သူမ၏ ခန္ဓာကိုယ်ရှောင်လိုက်သည်နှင့် မရေမတွက်နိုင်သော တံလျှပ်ပုံရိပ်များသည် သူ့ကိုဝိုင်းလေသည်။

ပေထင်းကျန့်သည် အသက်ကြီးနေသည်မှာ နှမြောဖွယ်ရာပင်။ သူသည် မူးဝေလာသည်။ သူ့ခန္ဓာကိုယ်သည် လေဟာနယ်ထဲရောက်နေသလိုပင်။ သူ၏ အသိစိတ်ပြန်ဝင်လာသောအခါ ကိုးရောင်မီးများဖြင့် ဝန်းရံခြင်းကိုခံနေရသည်။ သူသည် ငရဲသို့ရောက်နေသလိုပင်။ သူ၏ဝိညာဉ်ပင်မီးဖြင့် အကင်ခံနေရသလို ပင်။ ပေထင်းကျန့်သည် ငရဲကျပြီး ပွက်ပွက်ဆနေသည့်ဆီအိုးထဲသို့ ဆွဲခေါ်ခံနေ ရသည့်အတိုင်းပင်။ သူသည် ထွက်ပြေးချင်သော်လည်း မတတ်နိုင်ပေ။ ချက်ချင်းဆိုသလိုပင် သူ့ရင်အတွင်းထဲမှ ကြောက်လန့်မှုမြင့်တက်လာကာ ခန္ဓာ ကိုယ်အနှံ့ပျံ့သွားလေသည်။

“ပေထင်းကျန့် ခင်ဗျား ကျွန်တော့်ပြိုင်ဘက်မဟုတ်ဘူး”

ပေထင်းဟွမ်၏အသံသည် အဘက်ဘက်မှထွက်လာသည်။ သူမ၏ အေးစက်သောအသံသည် သူ၏ဝိညာဉ်အတွင်းထဲသို့ လွန်ပူကဲ့သို့ ထိုးဖောက် ဝင်ရောက်သွားကာ သူ့ကိုခေါင်းကိုက်စေသည် “ပေထင်းကျန့် အဝိုင်းခံရတဲ့ ခံစားချက်က ဘယ်လိုလဲ၊ အဲတုန်းက ခင်ဗျားက ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်တော် တို့ မိဘတွေကို အဝိုင်းခံရအောင်လုပ်ခဲ့တယ်၊ ဒီနေ့ ခင်ဗျားကို အဲလိုခံစားချက် မျိုး အဆပေါင်းတစ်ထောင်ပြန်ခံစားရအောင်လုပ်ပေးမယ်”

ပေထင်းဟွမ် စကားဆုံးသည်နှင့် အနောက်မှ လေအေးတိုက်လာသည်။ မရေမတွက်နိုင်သော ဓားပျော့များသည် ဝိညာဉ်မြွေများကဲ့သို့ ချက်ချင်းပင် ပေထင်းကျန့်အား ခုန်အုပ်လေသည်။ ချစ်ချစ်တောက်ပူသည့်ခံစားချက်သည် နတ်သားရဲချပ်ဝတ်တန်ဆာကိုဖြတ်ပြီး ပေထင်းကျန့်၏ အရေပြားဆီသို့ ကူးပြောင်းသွားသည်။ တစ်ခဏအတွင်းမှာပင် ပေထင်းဟွမ်သည် ကျွတ်ကျွတ် သံကိုကြားလိုက်ရသည်။

နယ်ပယ်ထဲတွင် မချိမဆန့်အသံတစ်ခုကြားလိုက်ရသည်။ ပေထင်းဟွမ် သည် ကျွတ်သပ်ကာ လက်ပိုက်ပြီးရပ်နေသည်။ သူမသည် နယ်ပယ်ကို မသိမ်း ဘဲ ပေထင်းဟွမ်ထက် အားနည်းသော ပေထင်းကျန့်သည် ထွက်နိုင်မည်မဟုတ် ပေ။ သူသည် စဉ်းတီတုံးပေါ်တွင် လှီးဖြတ်ခံရန်စောင့်နေသည့်လူလိုပင်။ သူသည် မရှောင်နိုင်သလို ငရဲ၏နာကျင်မှုကို တောင့်ခံနေရသည်။

“ပေထင်းဟွမ် ဟေ့ကောင် အရမ်းကြီး ဘဝင်ခိုက်မနေနဲ့၊ စီရင်ချက်ဗိမာန် က ငါ့အတွက်လက်စားချေပေးမှာ” နာကျင်မှုသည် ပေထင်းကျန့်အား ဆင်ခြင်တုံတရားကို ပျောက်သွားစေသည်။ သူသည် အကောင်းဆုံးရုန်းကန် သော်လည်း ဘာမှမတတ်နိုင်ပေ။ “စီရင်ချက်ဗိမာန်ကို မင်းရဲ့ အယုတ်တမာ အမေအကြောင်း ငါသာမပြောလိုက်ရင် သူမက ပေထင်းမိသားစုကို ကပ်ဘေး ကြီးသယ်လာတော့မှာ၊ မင်းအဖေက အဲကောင်မအတွက် ပေထင်းမိသားစုကို ပစ်သွားတာ၊ သူက ပေထင်းမိသားစုရဲ့ဆက်ခံသူဖြစ်ဖို့ ဘယ်မှာအရည်အချင်းရှိ လဲ”

နယ်ပယ်ထဲမှ ရိုက်သံတစ်ခုထွက်လာသည်။ ပေထင်းဟွမ်သည် ခန္ဓာကိုယ်နှင့် လက်ကိုသုတ်လိုက်သည်။ သူမသည် ထိုအဘိုးကြီးကို လက်နှင့် အတိုင်းသားရိုက်မိလိုက်သည့်အတွက် နောင်တရမိသည်.. “ကျုပ်ရှေ့မှာ ကျုပ်မိဘတွေမကောင်းကြောင်း ဘယ်လိုများပြောရဲတာလဲ၊ ခင်ဗျားခံစားရတာ မလောက်သေးဘူးထင်တယ်”