← Chapters

သူ ပေထင်းကျန့်ကို သတ်လိုက်ပြီ

Vol. 40 Ch. 784

သူ ပေထင်းကျန့်ကို သတ်လိုက်ပြီ

Vol. 40 Ch. 784

အတွေးတစ်ချက်နှင့်တင် နယ်ပယ်ထဲမှ ကိုးရောင်အလင်းသည် ရုတ်တရက် ထိုးတက်လာပြီး အပူချိန်သည် ထပ်မံတိုးမြင့်လာသည်။ ပေထင်းကျန့်အပေါ်တွင်ပတ်ထားသော ဓားပျော့သည် ပို၍တင်းကြပ်လာ၏။ နတ်သားရဲချပ်ဝတ်တန်ဆာသည် နောက်ဆုံးတွင်ကျိုးကြေသွားကာ ပေထင်းကျန့်၏ခန္ဓာကိုယ်မှ အသူရာကင်းမြီးကောက်သည် ကွာကျသွားလေ သည်။ ကိုးရောင်မီးတောက်သည် သနားစရာကင်းမြီးကေက်ဆီသို့ ခုန်အုပ်ရာ ချက်ချင်းဆိုသလိုပင် ပြာအဖြစ်ပြောင်းသွားလေသည်။

မှော်သားရဲ၏ကာကွယ်မှုမရှိတော့ဘဲ ဓားပျော့သည် ကိုးရောင်မီးတောက် နှင့်အတူ သူ့ခန္ဓာကိုယ်ကို မီးမြှိုက်ရာ ညှော်နံ့များထွက်လာလေသည်။ ပေထင်းဟွမ်သည် ထိုအနံ့ကို ကိုယ်တိုင်ပင်မခံနိုင်ပေ။ ပေထင်းကျန့်၏ ဦးခေါင်း ပြူးထွက်လာပြီး ထပ်မကျိန်ဆဲနိုင်တော့သည်ကိုကြည့်ပြီး သူမသည် ခေါင်းခါ ပြီး သက်ပြင်းချလိုက်သည်။ ထားလိုက်ပါတော့... သူမရဲ့ဈေးပေါတဲ့အဘိုးကို ထောက်ပြီး ဒီအဘိုးကြီးကို ဖြစ်နိုင်သလောက်မြန်မြန်သေခွင့်ပေးသင့်ပါတယ်။

“အဘိုးကြီး ခင်ဗျားက တကယ်ကံကေင်းတယ် အစတုန်းက ခင်ဗျားကို မြေဩဇာဖြစ်အောင်လုပ်ဖို့ စီစဉ်ထားတာ ဒါပေမဲ့ ခင်ဗျားက ရက်စက်တယ်၊ ကိုယ့်တူကိုတောင် ထိခိုက်အောင်လုပ်ခဲ့တာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ဆေးပင် တွေကို အဆိပ်သင့်ပြီး သေအောင်လုပ်မှာကိုကြောက်မိပါရဲ့.. နောက်ဘဝကျ ရင်လူကောင်းဖြစ်ပါ”

ပေထင်းဟွမ် ပြောပြီးသည်နှင့် ပေထင်းကျန့်သည် ခေါင်းမော့ကာ သူမ အား မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။ စက္ကန့်အနည်းငယ်နှင့် သူသည် ဘဝပေါင်းများစွာ ခံစားလိုက်ရသလိုပင်။ ပေထင်းဟွမ်သည် သူ့ကို လွယ်လွယ် နှင့် လွှတ်ပေးမည်မဟုတ်ဟု သူ အစကထင်ခဲ့သည်။ သို့သော် သူ့အသက်ကို ခပ်မြန်မြန်အဆုံးသတ်ပေးလိမ့်မည်ဟု ထင်မထားပေ။

လိမ္မော်ရောင်မီးအဆိပ်နယ်ပယ်သည် အစပိုင်းတွင် ကောင်းကင်တွင် ပေါ်လာသည်။ ပေထင်းကျန့်၏မှော်သားရဲသည် အသူရာကင်းမြီးကောက် ဖြစ် သည်ကို မိသားစုကြီးလေးခုမှ လူအားလုံးသိကြသည်။ အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးအေးများပြန်လာချိန်တွင် လိမ္မော်ရောင်မီးအဆိပ် နဘ်ပယ်သည် ရုတ်တရက် ကိုးရောင်မီးများဖြင့်လွှမ်းသွားသည်။

လွန်ခဲ့သည့်ရက်ပိုင်းက ရှန်းယန်မြို့အပြင်ရှိ ပေထင်းဟွမ်၏ အထွတ်အမြတ်သားရဲများကို မည်သူမှ မေ့မရပေ။

“ဝိုး သခင်လေး ၉ ရဲ့အထွတ်အမြတ်သားရဲတွေ ထွက်လာပြန်ပြီ”

“အရမ်းကို မိမိုက်ပြီး ထောင်လွှားတဲ့ အထွတ်အမြတ်သားရဲတွေလား၊ ကိုးရောင်သခင်ကြီး”

“မဟုတ်ဘူး ဒါက အထွတ်အမြတ်သားရဲရဲ့ နယ်ပယ်မဟုတ်ဘူး၊ ဒီနယ်ပယ်က ငါတို့ရှန်းယန်မြို့အပြင်မှာမြင်ခဲ့တာနဲ့ မတူဘူး၊ ဒါက...” ရှီမန်ဆုန်းသည် ရေရွတ်လေသည်။ ချက်ချင်းဆိုသလိုပင် သူသည် မိုးပေါ်မှ နယ်ပယ်ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေသည် “ဒါက ပေထင်းဟွမ်ကိုယ်တိုင် လုပ်လိုက်တဲ့ နယ်ပယ်ပဲ”

ပြိုင်ဘက်၏နယ်ပယ်ကို ခုခံရန် သူမ၏ကိုယ်ပိုင်နယ်ပယ်ကိုသုံးခဲ့သည် မှာ ပြိုင်ဘက်ထက်ပို၍အားကောင်းမှသာလျှင် ဖြစ်နိုင်သည်။ ပေထင်းဟွမ် သည် ဓား ၁ လက်ဝိညာဉ်သခင်ကြီးသာဖြစ်သည်။ သူမသည် အဆင့်တက်ခါစ ဝိညာဉ်သခင်ကြီးဖြစ်သည်။ သူမသည် နယ်ပယ်ကိုသုံးရာတွင် ကျွမ်းကျင် ချောမွေ့နေပြီဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမ၏ ပြိုင်ဘက်သည် ဓား ၃ လက် ဝိညာဉ်သခင်ကြီးဖြစ်သည်။

အားကောင်းလိုက်တဲ့ ကောင်လေးပါလား။

ရှီမန်ဆုန်းသည် အသက်ပြင်းပြင်းရှူကာ ခုန်ပေါက်နေသည့်ရင်ကို တည်ငြိမ်သွားအောင် အကောင်းဆုံးလုပ်နေရသည်။ ပေထင်းဟွမ်ကဲ့သို့ ရူးသွပ် နေသူတစ်ယောက်သည် သူ့နှလုံးအတွက် မကောင်းသည်ကို သူခံစားရသည်။

ကိုးရောင်မီးတောက်များသည် ကောင်းကင်ပေါ်မှအရာများကို ဝါးမျိုရာ ရုတ်ရုတ်သဲသဲဖြစ်စေသည်။

ကောင်းကင်ကြီးသည် ကွဲသွားတော့မလိုပင်။ ကံကောင်းစွာပင် မီးတောက်များ တဖြည်းဖြည်းစုဝေးလာပြီး စစ်နတ်ဘုရားနှင့်တူသည့် လူငယ် တစ်ယောက်သည် မိုးပေါ်တွင်ပေါ်လာသည်။ သူမသည် ခေါင်းငုံ့ထားပြီး ပေထင်းချင်းကိုသာ အာရုံစိုက်ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် အပြစ်ရှိ သည့်အကြည့်တစ်ခုဖြစ်ပေါ်နေသည်။ သို့သော် ထိုအရာသည် အားလုံး၏ မျက်လုံးထဲမှ ပြေးမလွတ်ပေ။

သူမသည် ပေထင်းကျန့်အား သတ်ခဲ့သည်။

နေရာတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။ ကောင်းကင်နှင့်မြေကြီးကြား မှလေထုသည် လေတိုးသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ငှက်နှင့် ပိုးကောင်များ၏ အော်သံများပင် ထိုအချိန်တွင် ပျောက်ဆုံးနေသည်။ ၎င်းသည် ပွင့်လန်းနေသည့်ပန်းများပင် ရပ်တန့်သွားသလိုပင်။ သူတို့သည် လေထဲတွင်ရပ်နေသော လူငယ်ကို အထူးကြောက်ရွံ့သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။

သူမ၏ ရှည်လျားသောဆံပင်သည် လေမတိုက်ဘဲနှင့် လွင့်နေသည်။ ခရမ်းရောင်ချည်မျှင်များသည် နေရောင်အောက်တွင် တောက်ပနေသည်။ သူမ ခန္ဓာကိုယ်မှ ဝတ်ရုံသည် ပြင်းထန်သည့်တိုက်ပွဲပြီးသည့်တိုင်အောင် ကြေမွသွား ခြင်းမရှိပေ။ သူမသည် ပုံစံမပျက်ရှိနေကာ လေတိုက်သည်နှင့် ရောင်ဝါထွက် လာသည်...

All Chapters