လူတိုင်းကို မတောင်းပန်နဲ့
Vol. 40 Ch. 785
နယ်ပယ်ထဲမှ သတ်ပွဲကို မြေပေါ်မှ မည်သူမှမမြင်နိုင်ပေ။ လုပ်ငန်းစဉ် တစ်ခုလုံးတွင် အားလုံးသည် သူမကို စိတ်ပူပေးကြသည်။ သို့သော် အနိုင်ရသူ မှာ သူမဖြစ်လိမ့်မည်ဟု မည်သူမှ အပြည့်အဝမယုံကြည်ကြသူမရှိပေ။
သူမက ဘယ်တုန်းက အကုန်လုံးရဲ့ ယုံကြည်မှုကို မသိလိုက်ဘာသာ ရသွားတာလ။ သူမသည် စိန်ခေါ်မှုလက်ခံလိုက်သည်နှင့် ရှုံးစရာအကြောင်းမရှိ ပေ။ သူမ မတ်တတ်ရပ်သည်နှင့် အရှုံးမပေးတတ်ပေ။
၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီးတစ်ယောက်... မိသားစုကြီးလေးခုမှ သခင်ကြီးများပင် ထိုစစ်နတ်ဘုရားနှင့်တူနေသည့် အမျိုးသားငယ်ကို မည်သို့ ပြောရမည်ကိုမသိတော့ပေ။
ပေထင်းဟွမ်သည် အားလုံး၏မျက်လုံးထဲမှ လေးစားသည့်အကြည့်များ ကို မကြည့်ပေ။ သူမ၏မျက်လုံးများသည် ပေထင်းချင်းဆီသို့သာ ကျရောက်နေ သည်။ သူမ၏အကြည့်သည် လေကဲ့သို့နူးညံ့သည်။
“သူက သူ့ဘာသာဝန်ခံသွားတယ်၊ သူက စီရင်ချက်ဗိမာန်ကို ပြောပြီး ကျွန်တော်တို့မိဘတွေရဲ့နေရာကို ဖော်သွားခဲ့တာ” ပေထင်းဟွမ်၏ အနည်းငယ် နက်သေအသံသည် မိုးပေါ်မှထွက်လသည်။ မိုးပြာရောင်ဓာတ်စွမ်းအင်သည် သူမ၏ပတ်ပတ်လည်တွင် ငွေရောင်အလင်းတန်းနှင့်ရောယှက်နေရာ သူမကို စစ်နတ်ဘုရားနှင့်တူစေသည်။ “အဘိုးကြီး ကျွန်တော် တောင်းပန်ပါတယ်၊ ဒါပေမဲ့ မိဘတွေအတွက် လက်စားမချေရင် ကျွန်တော် ဘယ်လိုလုပ် ကောင်းကင်နဲ့မြေကြီးအကြားမှာ ရပ်နိုင်တော့မှာလဲ”
ပေထင်းကျင်သည် ပေထင်းဟွမ်ဆီသို့သွားပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်း လိုက်သည် “ရှောင်ကျို့၊ လူတိုင်းကိုမတောင်းပန်နဲ့၊ သူက ငါတို့မိဘတွေကို ထိခိုက်အောင်လုပ်ခဲ့တာ၊ သူက မင်းကိုဆွဲချဖို့အတွက် အများကြီးလုပ်ခဲ့တာ၊ မင်းမလုပ်ရင် အစ်ကိုကြီးလုပ်မှာပဲ တောင်းပန်ပါတယ် အစ်ကိုကြီးက မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူမသယ်ခဲ့ဘူး”
ပေထင်းဟွမ်သည် ပေထင်းကျင်၏ပခုံးပေါ်တွင် မျက်နှာကို ညင်သာစွာ ပွတ်ပြီး ပြုံးကာပြောလေသည် “အစ်ကိုကြီး မေ့သွားပြီလား၊ ကျွန်တော်တို့ ညီအစ်ကိုက မိဘတွေကို အတူရှာရဦးမှာ၊ အစ်ကိုကြီးမရှိရင် ကျွန်တော်တစ် ယောက်တည်းလုပ်ရမှာ၊ အစ်ကိုကြီးရှိလို့ ကောင်းလိုက်တာ”
မိုးပေါ်မှ ညီအစ်ကိုနှစ်ယောက်အားကြည့်ပြီး ပေထင်းချင်း၏ မျက်နှာပေါ် တွင် မျက်ရည်နှစ်ကြောင်းစီးကျလာသည်။ သို့သော် သူ့မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်ကာ ညီအစ်ကိုနှစ်ယောက်ရှိရာ မိုးပေါ်သို့ လက်ဆန့် တန်းလိုက်သည် “ဆင်းလာခဲ့ အဘိုးကို ကြည့်ခွင့်ပေးပါဦး”
ပေထင်းဟွမ်နှင့် အစ်ကိုဖြစ်သူတို့သည် စနောက်သည့်အကြည့်များဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြလေသည်။ သူတို့နှစ်ယေက်သည် ရှေ့ တစ်လှမ်းတိုးပြီး တည့်တည့်ဆင်းသွားလေသည်။ ပေထင်းဟွမ်သည် ပျာယာ ခတ်သွားကာ မည်သူ့ကိုဖက်ရမည်မသိတော့ပေ။ သူမခန္ဓာကိုယ်ထဲမှ ဓာတ်စွမ်းအင်သည် နှိုးကြွလာပြီး ရှေ့သို့ဝေ့ယမ်းကာ သူတို့နှစ်ယောက်လုံးကို ပွေ့ဖက်လေသည်။ သူမ မရယ်ဘဲမနေနိုင်တော့ပေ။
ပေထင်းချင်း၏ပခုံးပေါ်မှကျော်ပြီး သူမအား မုန်းတီးသောအကြည့်ဖြင့် ကြည့်နေသည့် သားအဖနှစ်ယောက်ကို ပေထင်းဟွမ်ရှင်းလင်းစွာမြင်နေရ၏။ ပေထင်းဟွမ်၏နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းကွေးတက်သွားသည်။ သူမသည် သူတို့နှစ်ယောက် ဖြည်းဖြည်းချင်းဆုတ်သွားကာ မည်သူမှ အာရုံမရ ချိန်တွင် ထွက်သွားရန်ပြင်ဆင်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူမ နှာမှုတ်လိုက်သည်။ သူတို့နေရာသူတို့သိလျှင် ကောင်းသည်။ သူတို့သာ စီရင် ချက်ဗိမာန်သို့ဝင်ချင်လျှင် သူမ ရိုင်းသည့်အတွက် အပြစ်တင်၍မရပေ။
သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ပေထင်းဟွမ်သည် နွယ်ပင်လေးအား ထိုသားအဖကို စောင့်ကြည့်ရန် အမိန့်ပေးထားသည်။ သူမသည် သူမနောက် လိုက်သည့် မျိုးနွယ်ကြီးလေးခုမှ လူငယ်များအားလုံးကို ကြိုဆိုသည်။
“သခင်လေး ၉ နောက်ဆုံးတော့ ပြန်လာပြီပဲ၊ ငါမင်းကို ဘယ်လောက် လွမ်းလဲမသိဘူးမလား”
“ဟုတ်တယ် သခင်လေး ၉ ငါက မင်းပြန်လာမှာကိုစောင့်နေတာ”
“သခင်လေး ၉ ငါ မင်းနဲ့ လေ့ကျင့်ဖို့သွားချင်တယ် ဘယ်တော့အားလဲ”
“ဟုတ်တယ် ဟုတ်တယ် ပျော်ပွဲရွှင်ပွဲလုပ်ကြတာပေါ့၊ သံမဏိသွေးအဖွဲ့ ဝင်တွေဆီကကြားထားတယ်၊ မင်းနဲ့ လေ့ကျင့်ပြီးတဲ့အချိန် ပျော်ပွဲရွှင်ပွဲလုပ်တာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်တဲ့၊ ငါလည်း အဲဒါမလုပ်ဖူးသေးဘူး”
“လစ်လိုက်တော့ မင်းက သခင်လေး ၉ ကို မှော်သားရဲထိန်းကျောင်း ပေး စေချင်တာမလား”
လေထုသည် လှုပ်ရှားအသက်ဝင်နေသည်။ သူတို့သည် ခေါင်းဆောင် ၄ ယောက်နောက်မှလိုက်လာသည့် လူငယ်များဖြစ်ကာ ပေထင်းဟွမ်အား ဝန်းရံ ထားကြသည်။ သူတို့သည် စကားများပြောနေကြကာ လူငယ်များ၏ အပြုံးများ တွင်လည်း လေးစားသမှုများဖြင့် ပြည့်နှက်နေကြသည်...