← Chapters

မျိုးနွယ်ကြီးလေးခုက သာတူညီမျှပဲ

Vol. 40 Ch. 786

မျိုးနွယ်ကြီးလေးခုက သာတူညီမျှပဲ

Vol. 40 Ch. 786

တစ်ခါက နန်ကုန်းမိသားစုနှင့် ပေထင်းမိသားစုတို့၏ဆက်ဆံရေးသည် မီးနှင့်ရေကဲ့သို့ဖြစ်ခဲ့သည်။ သို့သော် ပေထင်းဟွမ်ကြောင့်ပင် နန်ကုန်းညီအစ်မ တို့ မှော်သားရဲတောမှပြန်လာပြီးနောက်တွင် နန်ကုန်းမိသားစုခေါင်းဆောင်ကို ဖိအားများစွာပေးခဲ့သည်။ ပေထင်းဟွမ်ကြောင့် လွတ်မြောက်ခဲ့သော နန်ကုန်း မိသားစုမှ တခြားသောလူငယ်များ၏အကူအညီနှင့် နန်ကုန်းမိသားစုနှင့် ပေထင်းမိသားစုတို့၏ဆက်ဆံရေးသည် တစ်ရက်ထက်တစ်ရက် တိုးတက်ခဲ့ သည်။ ယခုအခါ မိသားစုနှစ်ခုအကြားတွင် မည်သည့်ရန်ငြိုးမှမရှိတော့ပေ။

“ဟုတ်ပြီ” ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်းကာ ကြည်လင်ပြီး ရဲစွမ်း သတ္တိအပြည့်ရှိသောအသံဖြင့် ပြောလေသည် “မနက်ဖြန် မျိုးနွယ်လေးခုရဲ့ မြို့ တံခါးဝမှာတွေ့ကြမယ်၊ အကုန်လုံးအတွက်မဟုတ်ဘူးနော် အဆင့် ၇ ဝိညာဉ် သခင်တွေပဲ လာလို့ရမယ်၊ ဝိညာဉ်ထောင်ချီတောင်ကို အတူသွားပြီး မှော်သားရဲ တွေကိုဖမ်းရအောင်၊ မင်းတို့ ဖမ်းနိုင်သလောက် ငါထိန်းကျောင်းပေးမယ် မျိုးနွယ်လေးခုက ညီတူညီမျှ ဆက်ဆံခံရမယ်”

ပေထင်းဟွမ် စကားဆုံးသည်နှင့် နေရာတစ်ခုလုံးသည် ၃ မိနစ်ကြာ အောင် တိတ်ဆိတ်သွားလေသည်။ ထိုအခါမှပင် အားပေးသံနှင့် တချို့အသံများ သည် ဆန့်ကျင်ကြသည်ကို ကြားလိုက်ရသည်။

“မတရားဘူး၊ သခင်လေး ၉ ကမတရားဘူး၊ အားနည်းလေလေ လေ့ကျင့် ဖို့ မင်းနောက်လိုက်ရမှာလေ”

ပေထင်းဟွမ် ပြုံးလိုက်သည်။ သူမသည် မျက်နှာဖုံးဝတ်ဆင်ထား သော်လည်း မျက်နှာပေါ်မှ ရွှင်လန်းမှုကို ဖုံးမရပေ။ သူမ၏မျက်လုံးများသည် တောက်ပပြီး စူးရှသည်။ သူမ၏နီရဲသောနှုတ်ခမ်းများသည် တဖြည်းဖြည်း ကွေးတက်သွားသည်။ “ငါတို့က ဘာလို့ ဝိညာဉ်ထောင်ချီတောင်ကို သွားတာ လဲဆိုတာ မမေ့လိုက်ကြနဲ့၊ မှော်သားရဲသွားဖမ်းကြမှာနော်၊ အိမ်မှာ ကောင်း ကောင်းကျင့်ကြံပါ၊ မှော်သားရဲတွေပြန်လာရင် တစ်ကောင်စီရလာမလားလို့ ကြည့်ရမယ်”

“ဟုတ်ပြီ” တုံ့ပြန်ချက်သည် မြေကြီးကွဲမတတ်ပင်။ သူတို့သည် မကြုံစဖူး အပြုအမူများနှင့် စည်းလုံးနေကြသည်။

မိသားစုလေးခုမှ ခေါင်းဆောင်များသည် မှင်တက်နေကြသည်။ ပေထင်းဟွမ်ရှိနေသဖြင့် သူတို့ဘာလုပ်ရဦးမည်နည်း။

သူတို့သည် မနက်ဖြန် ဝိညာဉ်ထောင်ချီတောင်သို့ အတူသွားရန် သဘော တူခဲ့ကြသည်။

မျိုးနွယ်ကြီးလေးခုမှ လူငယ်များသည် နှစ်သစ်ထက်ပင် ပို၍ပျော်ရွှင်နေ ကသည်။ ပေထင်းဟွမ်၏ တောင်းဆိုချက်သည် အဆင့် ၇ ဝိညာဉ်သခင်များ သာသူမနောက်လိုက်ရန်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် အဆင့် ၇ နှင့် ခြေတစ် လှမ်းခန့်ဝေးကွာနေသော လူငယ်အချို့သည် အနည်းငယ်စိတ်ပျက်သွားလေ သည်။ သူတို့သည် စိတ်ပျက်လက်ပျက်နှင့် ပြန်သွားကာ မျိုးနွယ်စုအား ဆေး တစ်လုံးစီဆုချရန် အသနားခံပြီးနောက် သခင်လေး ၉ နောက်လိုက်ကာ ဝိညာဉ် ထောင်ချီတောင်သို့ သွားနိုင်ရန် ပြင်ဆင်ကြလေသည်။

“ဒါ ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ၊ သခင်လေး ၉ က ဝိညာဉ်သခင်ကြီး ဖြစ်နေပြီ၊ ငါတို့ကြားက ကွာဟမှုက ပိုပိုပြီးကြီးလာပြီ မဟုတ်သေးဘူး... ငါ့ သခင်ကို တောင်းဆိုရမယ်၊ တစ်ညရှိသေးတယ် ငါ့မှာအခွင့်အရေးရှိသေးတယ်”

ပေထင်းဟွမ်သည် လူငယ်များပြင်ဆင်ရန် ပြန်သွားကြသည်ကို မြင်သော အခါ သက်ပြင်းချလိုက်သည်။ သူမသည် သူတို့၏ စိတ်အားထက်သန်မှုကို မတားနိုင်ပေ။

“သခင်လေး ၉၊ သခင်လေး ၉ အာ့မြောင်ကလည်း မင်းနောက်လိုက်ပြီး ဝိညာဉ်ထောင်ချီတောင်ကို သွားချင်တယ်”

ဘေးရှိပန်းအိပ်ရာပေါ်မှ အသက် ၆ နှစ်၊ ၇ နှစ်အရွယ်ရှိ မိန်းကလေးသည် ပေထင်းဟွမ်ဆီ ပြေးလာသည်။ သူမအနောက်တွင် သက်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါးနှင့် အမျိုးသမီးသည် ခလုတ်တိုက်လုမတတ်ပင်။ သူမသည် အာ့မြောင်အားကြည့်နေသည့် ပေထင်းဟွမ်ကိုမြင်သောအခါ ထိတ်လန့်သွား လေသည်။ သူမသည် အာ့မြောင်ကိုဖက်ကာ မြေပေါ်ဒူးထောက်ပြီး ပေထင်းဟွမ်အားပြောလေသည် “သခင်လေး ၉ တောင်းပန်ပါတယ် အာ့မြောင် က မသိတတ်လို့ပါ၊ သူမက ဒီအတိုင်း...”

ပေထင်းဟွမ်သည် မိန်းမငယ်လေးအား ဂရုတစိုက်ကြည့်လေသည်။ ပေထင်းကျင်သည် ရောက်လာပြီး အာ့မြောင်၏ဦးခေါင်းကို ပွတ်သပ်လေသည်။ သူသည် ပေထင်းဟွမ်အားပြောလိုက်သည် “ရှောင်ကျို့ အမေချန်းကိုမှတ်မိ သေးလား၊ မင်း ငယ်ငယ်တုန်းက သူမကမင်းကိုထိန်းခဲ့တာလေ”

ပေထင်းဟွမ်သည် ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းလိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် သရုပ်မှန်ပေါ်သွားပြီးနောက် ပေထင်းဟွမ်အား စိတ်အားထက်သန်စွာ ကြည့်လေသည်။ သူမ ခေါင်းခါသည် ကိုမြင်ပြီးနောက် စိတ်ပျက်သွားခြင်းလည်းမဖြစ်ပေ။ သူမသည် ပြုံးရုံပြုံးကာ ပြောလေသည် “အဲတုန်းက သခင်လေး ၉ ကငယ်သေးတယ်၊ ဘယ်လိုလုပ် မှတ်မိပါ့မလဲ”

“ကျွန်တော်က ကိစ္စတော်တော်များများကို မမှတ်မိတာပါ၊ ဒါပေမဲ့ ကိစ္စ မရှိပါဘူး အစ်ကိုကြီးမှတ်မိရင် ရပြီ၊ အမေချန်းမှတ်မိရင်ရပြီ” ထိုသို့ပြောပြီး နောက် ပေထင်းဟွမ်သည် ဆောင့်ကြောင့်ထိုင်ကာ အာ့မြောင်ကို ပွေ့ဖက်လိုက် သည် “အာ့မြောင် လိမ္မာတယ်၊ ငါ ဝိညာဉ်ထောင်ချီတောင်တန်းကိုသွားပြီး မင်း အတွက်မှော်အိမ်မွေးသတ္တဝါလေး ဖမ်းပေးခဲ့မယ်...”

All Chapters