← Chapters

မင်းကို ဆေးသကြားလုံးတွေပေးမယ်

Vol. 40 Ch. 787

မင်းကို ဆေးသကြားလုံးတွေပေးမယ်

Vol. 40 Ch. 787

အာ့မြောင်သည် ပေထင်းဟွမ်၏ပါးပြင်အား မွှေးမွှေးပေးပြီးနောက် သူမ၏ မျက်နှာကို လက်ဖဝါးဖြင့်ပွတ်သပ်လေသည် “သခင်လေး ၉ အာ့မြောင် က ကောင်းကောင်းကျင့်ကြံနိုင်မှာပါလို့ အမေကပြောတယ်၊ အာ့မြောင်လေး ကြီးလာရင် သခင်လေး ၉ လိုမျိုး သူရဲကောင်းဖြစ်မှာ”

ပေထင်းဟွမ်သည် သူမကြောင့် အံ့အားသင့်မိသည်။ သူမ၏အရင်ဘဝနှင့် ယခုဘဝတွင် သူမသည် အမြဲတမ်းတိုက်ခိုက်နေခဲ့ရသည်။ ကလေးကဲ့သို့သော လှပသောအရာများသည် သူမ၏ကမ္ဘာတွင်မရှိခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် သူမသည် အာ့မြောင်၏နူးညံ့သောခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ပေထင်းဟွမ်၏ နှလုံးသည် အရင်ကမခံစားဖူးသည့် အချစ်များဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်တွင် သူမသည် လက်ကိုဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် ဆေးပုလင်းတစ်လုံးပေါ်လာလေသည်။ သူမသည် တစ်လုံးထုတ်ပြီးနောက် အာ့မြောင်၏ပါးစပ်ထဲသို့ထည့်လိုက်သည် “လာခဲ့ မင်းကို ဆေးသကြားလုံး ပေးမယ်”

အဖုံးဖွင့်လိုက်သည်နှင့် အထက်တန်းစားမိသားစုကြီးလေးခုသည် သူတို့ကိုဝိုင်းလာကြသည်။ "ဆေးသကြားလုံး' ဟုခေါ်သည့်အရာသည် ရနံ့များမွှေးပျံ့နေသည်။ ချက်ချင်းဆိုသလိုပင် အားလုံးသည် လန်းဆန်းသွား ကာ တောက်လောင်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ သူတို့သည် "ဆေးသကြားလုံး" ဟု ပေထင်းဟွမ်ပြောလိုက်သည်ကို ကြားသောအခါ မေ့လဲလုနီးပါးပင်။

ဆေးသကြားလုံးဟုတ်လား။ တိုက်ကြီးပေါ်က အဖိုးဖြတ်မရတဲ့ ဆေးကို ဆေးသကြားလုံးလို့ ခေါ်လိုက်တာလား။

သို့သော် သူမသည် ပုလင်းအပြည့်ရှိနေသည့်အထဲမှ ဆေးတစ်လုံးကို သာမန်ကာလျှံကာထုတ်ပြီး ကလေးမလေး၏ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ အထူးသဖြင့် စကားလုံးမဲ့ကြသည်။ ဟုတ်ပြီ သူ သူတို့ကိုရော ဆေးသကြားလုံး တစ်ပုလင်းပေးလို့ရမလား။

ဆေးများကို သကြားလုံးသဖွယ် ကလေးတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးသည်။ သခင်လေး ၉ သည် အမြဲတမ်းရဲရင့်ခဲ့သည်။

“သခင်လေး ၉ ဒီလောက်ဈေးကြီးတဲ့ဆေးကို ဘာလို့ ကလေးကို ပေးရ တာလဲ” အမေချန်းသည် ခံစားသွားရာကာ မည်သို့လုပ်ရမည်ကိုမသိတော့ပေ။

“ဒီအတိုင်းအုတ်မြစ်တည်ထောင်ရေးဆေးပါပဲ” ပေထင်းဟွမ်သည် ဂရုမစိုက်သလိုပြောလေသည် “အာ့မြောင်က နောက်ကို ကျွန်တော့်လိုမျိုး သူရဲကောင်းဖြစ်ချင်နေတာဆိုတော့ အရင်ဆုံး အုတ်မြစ်ကိုကောင်းကောင်း တည်ဆောက်ရမှာပေါ့၊ အစ်ကိုကြီးနဲ့ အာ့မြောင်က သဘောတူပြီးပြီနော် ဟုတ်ပြီလား၊ အာ့မြောင်သာ ဝိညာဉ်သခင်ကြီးဖြစ်လာရင် အစ်ကိုကြီးက အာ့မြောင်ကို နတ်သားရဲတစ်ကောင်ပေးမယ်၊ ဘယ်လိုလဲ”

အုတ်မြစ်တည်ထောင်ရေးဆေး၊ နတ်သားရဲလား။

မည်သည့်အရာပင်ရှိစေကာမူ ၎င်းတို့သည် လူတိုင်း၏သွေးများကို ဆူပွက်စေသည်။ မျက်လုံးအစုံများသည် ပေထင်းဟွမ်အား စိုက်ကြည့်နေကြ သည်။ သူတို့၏မျက်လုံးများသည် ပေထင်းဟွမ်ကို မခံနိုင်လောက်အောင်ပင်။

“သခင်လေး ၉”

နောက်ဆုံးတွင လူငယ်တစ်ယောက်သည် မနေနိုင်ဘဲ ပြေးလာသည်။ သူသည် ပေထင်းဟွမ်ရှေ့တွင် ဒူးထောက်ပြီး လက်ဆန့်ထုတ်လေသည် “သခင်လေး ၉ ကျွန်တော်က ဝိညာဉ်လေ့ကျင့်သူပါ၊ ကျွန်တော့်ခန္ဓာကိုယ် ကြောင့် ဝိညဉ်သခင်အဖြစ်အဆင့်တက်လို့မရဘူးဖြစ်နေတယ်၊ သခင်လေး ၉ ကျွန်တော့်ကို အုတ်မြစ်တည်ထောင်ရေးဆေးပေးလို့ရမလား”

အုတ်မြစ်တည်ထောင်ရေးဆေးပုလင်းကြီးတစ်ခုသည် ပေထင်းဟွမ် အတွက် သကြားလုံးကဲ့သို့ မထူးဆန်းသော်လည်း ထိုလူငယ်အတွက် ၎င်းသည် အသက်ရှည်ရန်အတွက် အောင်မြင်မှုကြီးဖြစ်သည်။

ထိုလူငယ်သည် နန်ကုန်းမိသားစုမှဖြစ်သည်။ သူသည် ၁၆ နှစ်ကျော်ရှိ နေပြီဖြစ်သော်လည်း ဝိညာဉ်သခင်အဖြစ် အဆင့်တက်၍မရဖြစ်နေသည်။ မိသားစုထဲတွင် သူသည် အရည်အချင်းမရှိဘဲ အနာဂတ်မှာလည်း မရေမရာဖြစ် နေသည်။ သူသည် မိသားစုထဲတွင်သာနေပြီး အစေခံသာသာနေရသည်။ သူသည် မိသားစုမှ မည်သည့်အရင်းအမြစ်ကိုမှ မပျော်မွေ့တော့ပေ။

မျိုးနွယ်ကြီးလေးခုတွင် ထိုကဲ့သို့လူများ မနည်းမနောပင်။

ပေထင်းဟွမ်သည် ရှေ့တွင်ဒူးထောက်နေသောလူငယ်ကို စိုက်ကြည့်ပြီး သူမ၏မျက်နှာထားသည် အလွန်အေးစက်၍နေသည်။ သူမ ထိုလူငယ်ကို ငြင်းဆန်တော့မည်ဟု အားလုံးထင်လိုက်ချိန်တွင် သူမသည် လူငယ်၏ ခြေထောက်ကိုကန်ကာ တိုးညင်းစွာပြောလေသည် “ယောက်ျားတစ်ယောက်ရဲ့ ဒူးအောက်မှာ ရွှေရှိတယ်၊ ဆေးတစ်လုံးပဲကို ကောင်းကောင်းတောင်းရင် မပေးမှာမို့လို့လား၊ ဘာလို့ ဒူးထောက်နေတာလဲ”

သူဘာလို့ ဒူးထောက်နေတာလဲ။ မိသားစုထဲမှာ ဝိညာဉ်သခင်ဖြစ်မလာ နိုင်တာ ဘယ်လောက်ရှက်ရလဲဆိုတာ သူမ မသိလို့လား။ သို့သော် မျက်စိရှေ့မှ လူငယ်ကိုကြည့်ပြီး သူမ မျိုးနွယ်ကြီးလေးခု၏ 'အမှိုက်' ဟုခေါ်ခံရပုံကို ပြန် တွေးမိပြီး ပြန်တွေးမိသည်။ သူမသည် ထာဝရယုံကြည်မှုမျိုး သူမ၏ စိတ်ထဲ တွင် အခိုင်အမာယုံကြည်သွားမိ၏....

All Chapters