← Chapters

သူမ မပေါက်ကွဲဘူးမလား

Vol. 40 Ch. 789

သူမ မပေါက်ကွဲဘူးမလား

Vol. 40 Ch. 789

ပေထင်းရွေ့သည် သက်ပြင်းကြီးချလိုက်သည်။ ပေထင်းဟွမ်၏မျက်နှာ ညိုမည်းသွားသည်ကိုကြည့်ပြီး သူမဒေါသထွက်သွားသည်ဟု ထင်လိုက်သည်။ သူမသည် အဂ္ဂိရတ်ပညာရှင်မဖြစ်နိုင်ဟု တွေးပြီး သူအလျင်အမြန်နှစ်သိမ့်ပေး လေသည် “စိတ်မဆိုးပါနဲ့ ဦးလေးက အဂ္ဂိရတ်ပညာရှင်ပဲ၊ နောက်ဆိုရင် ငါ့ဆီက သင်ပေါ့၊ ငါ မင်းကိုသင်ပေးမှာပါ”

“အာ.. ဟုတ်ကဲ့” ပေထင်းဟွမ်သည် သူမ၏နဖူးကို ကိုင်ထားမိသည်။ သူမသည် ဘာမှမပြောချင်တော့ပေ။ သူမသည် အဂ္ဂိရတ်ပညာရှင်မဟုတ်ဟု သူတို့ထင်ချင်လျှင် ထင်ကြပါစေတော့။ ၎င်းသည် ကစဥ့်ကလျားနတ်အရင်း အမြစ်လျှို့ဝှက်ချက်အကြောင်း စိုးရိမ်ရသည့်ပြဿနာမှ ကယ်တင်ပေးနိုင်၏။ “ဦးလေး အစ်ကိုကြီး ဒေါ်လေး ကျွန်တော် ပြောစရာတစ်ခုရှိတယ်”

“အာ.. မြေးလေး ငါ့ကိုလျစ်လျူရှုလိုက်တာလား” ပေထင်းဟွမ်သည် သူတို့ သုံးယောက်ကို ခြံအနောက်ဆီသို့ခေါ်သွားမည်ကို မြင်ပြီးနောက် ပေထင်းချင်းသည် သူ့အနောက်သို့လိုက်သွားလေသည်။ သို့သော် နန်ကုန်းချန်း ၏ အသံကို အနောက်မှကားလိုက်ရသည်။ “အဘိုးကြီး ဒီဆေးတွေယူမသွား တော့ဘူးလား”

ပေထင်းချင်းသည် ဒေါသတကြီးခြေထောက်ဆောင့်ကာ လှည့်လိုက်ချိန် တွင် လူသတ်မည့်အကြည့်များဖြင့် သူ့ကိုကြည့်နေကြသည့် ပေထင်းမိသားစု လူငယ်များကို တွေ့လိုက်ရသည်။ သူသည် မြေပေါ်မှ ထိုဆေးများကို ငြင်းလိုက် လျှင် သူတို့၏အကြည့်ကြောင့် သေသွားနိုင်သည်။ ပေထင်းချင်းသည် တုန်ယင် သွားကာ ရွေးချယ်စရာမရှိတော့ဘဲ လှည့်ကာ ထိုဆေးများကိုအရင်ယူရသည်။

“အဘိုးနဲ့ မိသားစုခေါင်းဆောင်သုံးယောက်၊ စီရင်ချက်ဗိမာန်က တိုက်ခိုက်တော့မယ်လိ့ကြားတယ်၊ အစီအစဉ်အမြန်မြန်ဆွဲသင့်တယ်”

ပေထင်းဟွမ်၏အသံသည် အဝေးမှထွက်လာသည်။ ပေထင်းချင်းသည် ပေထင်းဟွမ်ထွက်သွားသည့်ဘက်သို့ ဒေါသတကြီးစိုက်ကြည့်လေသည် “ဟင်း ကောင်စုတ်လေး မင်းသိတာက ပြဿနာရှာဖို့ပဲ”

မြေပေါ်တွင် ပေထင်းဟွမ်ပြောသလိုပင် အဆင့်တက်နိုင်သည့် ဆေးအမျိုးအစား သုံးမျိုးရှိနေသည်။ ပေထင်းချင်းသည် အုတ်မြစ်တည်ထောင် ရေးဆေးပုလင်းအဖုံးကို ဆွဲထုတ်လိုက်သည်။ အစောကပင် အာ့မြောင်သည် ထိုဆေးကိုစားခဲ့သည်။ ထိုဆေးတွင် အားကောင်းသောစွမ်းအင်မည်မျှပါဝင်နေ သည်ကို သူ ပြောနိုင်သည်။ ဤအခိုက်အတန့်တွင် အနံ့ခံရုံမျှနှင့် သူ့အကြောထဲ မှ ဓာတ်စွမ်းအင်ဘီးသည် အရူးအမူးစတင်လည်ပတ်လေသည်။

၎င်းသည် အဆင့် ၂ ဆေးသာဖြစ်ကာ ပေထင်းချင်းသည် ထိပ်ဆုံးအဆင့် ဝိညာဉ်သခင်ကြီးဖြစ်သည်။ ဆေးသည်လုံးဝန်းပြီးချောမောကာ အခွံတစ်ထပ် ဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတွင် ပုလဲဖြူရောင်တောက်တောက်နှင့် ရေကဲ့သို့ စီးကျနေသော အမှတ်အသားများပါရှိသည်။ ဈေးကွက်ထဲမှ အဆင့် ၄ ပင်လျှင် မယှဉ်နိုင်ပေ။

“ညအရှင်သခင်က နတ်အဆင့်အဂ္ဂိရတ်ပညာရှင်လို့ကြားဖူးတယ်၊ တကယ့်ကိုပဲ၊ ဒီလိုအဆင့်ဆေးမျိုးကို ဒီဘဝမှာမြင်ဖူးတာ အသက်ရှင်လာတာ အလဟဿမဖြစ်ဘူးပဲ” တုန်ဖန်းလုသည် ရှေ့ကုန်းကာ ပေထင်းချင်း၏လက် ထဲမှဆေးကိုကြည့်ပြီး သက်ပြင်းချလေသည်။

“ကြည့်လိုက်”

ရှီမန်ကျင်၏အော်သံသည် အားလုံး၏အာရုံကိုဖမ်းစားလေသည်။ အားလုံး၏အကြည့်များသည် တင်ပျဉ်ခွေထိုင်နေသော အာ့မြောင်ဆီသို့ ရောက် သွားသည်။ ထိုအချိန်တွင် သူမသည် နာကျင်သောမျက်နှာထားမျိုးဖြစ်နေ၏။ အမေချန်းသည် ရတက်မအေးဖြစ်ကာ အာ့မြောင်အပေါ်သို့ ခုန်တက်ပြီး ပွေ့ဖက်မတတ်ဖြစ်နေသော်လည်း ပေထင်းချင်းမှထားလိုက်သည် “သူမ အဆင့်တက်နေတာ”

အဆင့်တက်တယ်ဟုတ်လား။ အမေချန်းသည် မယုံကြည်နိုင်ပေ “အာ့မြောင်က ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်တုန်းပဲရှိသေးတယ်၊ ဝိညာဉ် စွမ်းအင်ကို ဘယ်လိုအာရုံခံရမလဲဆိုတာ သင်ပြီးခါစပဲရှိသေးတယ်၊ ဘယ်လိုလုပ် အဆင့်တက်မှာလဲ”

မည်သူမှ သူမကိုပြန်မဖြေပေ။ သို့သော် အဆင့်တန်းမြင့်မျိုးနွယ်ကြီးလေး ခုသည် မမှားနိုင်ပေ။ အကြောင်းမှာ အားလုံးသည် ဤအဆင့်ကို အတွေ့အကြုံ ရင့်ပြီးသားဖြစ်သည်။ သူမခန္ဓာကိုယ်တွင်းမှ ဆေးစွမ်းအင်လည်ပတ်ပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်ချီသည် သူမခန္ဓာကိုယ်အတွင်းသို့ အရူး တစ်ပိုင်းဝင်သွားပြီး ခန္ဓာကိုယ်ထဲမှ အကြောများကို တွန်းပို့သည်မှာ ပေါက်ကွဲ တော့မတတ်ပင်။ ၎င်းသည် အတွေ့အကြုံရင့်သော မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများကို အနည်းငယ်စိုးရိမ်သွားစေသည်။

“သူမ မပေါက်ကွဲလောက်ပါဘူးနော်၊ ဒီကလေးက ၅ နှစ် ၆ နှစ်လောက်ပဲ ရှိသေးတာ၊ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်တဲ့အဆင့်ပဲရှိသေးတယ်၊ ပုံမှန် အခြေအနေမှာဆိုရင် အရမ်းအရည်အချင်းရှိတဲ့သူတောင် အသက် ၁၇ နှစ်မှ ဝီညာဉ်သခင်အဆင့်ကိုတက်နိုင်တာ” နန်ကုန်းချန်းသည် စိုးရိမ်လာသည်။

အမေချန်းသည် ထိုစကားကိုကြားသောအခါ မျက်ရည်များစီးကျလာ၏။ သို့သော် ထိုအချိန်တွင် အာ့မြောင်၏ခန္ဓာကိုယ်ထဲမှ အနံ့အသက်ဆိုးများထွက် လာသည်။ အားလုံးသည် ထိတ်လန့်သွားကြ၏။ အနံ့အသက်ဆိုးများ ပိုပိုဆိုးရွား လာသည်ကိုလျစ်လျူရှုပြီး သူတို့အားလုံးသည် အာ့မြောင်အနားသို့ ကပ်သွားကြ လေသည်...

All Chapters