အသက် ၆ နှစ်အရွယ် ကြယ် ၁ ပွင့်ဝိညာဉ်သခင်
Vol. 40 Ch. 790
ကံကောင်းစွာပင် သည်တစ်ခေါက်တွင် ခေါင်းဆောင်လေးယောက်သည် အာ့မြောင်၏ ခန္ဓာကိုယ်ကို လှောင်ရယ်ခြင်းမပြုပေ။ သူတို့သည် သူမ၏ အဆင့်တက်ခြင်းကို သက်ရောက်မှုရှိမည်ကို ကြောက်နေကြသည်။ သူတို့သည် တစ်ချက်ကြည့်ရန်လာပြီးနောက် နောက်သို့ဆုတ်သွားကြသည်။ သူတို့လေး ယောက်သည် အချင်းချင်းကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက်၏ မျက်လုံး ထဲမှ မယုံကြည်နိုင်မှုများကို တွေ့လိုက်ရသည်။
အုတ်မြစ်တည်ဆောက်ရေးဆေးသည် လူတစ်ဦး၏ အသွင်အပြင်ကို သန့်ရှင်းရာတွင် သက်ရောက်မှုရှိသည်။
သည်အချိန်တွင် အာ့မြောင်၏အရေပြားသည် ညစ်ပေမှုများဖြင့် ဖုံးလွှမ်း နေသည်။ သူမသည် အသက် ၆ နှစ်အရွယ်သာရှိသေးသော်လည်း ဆေးကြောင့် အညစ်အကြေးများထွက်လာသည်။ မိသားစုလေးခုမှ လေလံပွဲတွင် ပိုက်ဆံနှင့် ပေးဝယ်ခဲ့သည့် ခြင်ဆီသန့်ရှင်းရေးဆေးနှင့်ယှဉ်လျှင် သက်ရောက်မှုသည် များစွာပိုကောင်းသည်။
ဒါဘယ်လိုလုပ် ထိတ်လန့်စရာမဖြစ်ရမှာလဲ။
“နတ်မီးအဂ္ဂိရတ်ပညာရှင်က တကယ့်ကို အံ့လောက်စရာပဲ၊ ငါ့ဘဝမှာ ညအရှင်သခင်ရဲ့ အဂ္ဂိရတ်ပညာကို ကြည့်ရတာတန်သွားပြီ” ရှီမန်ကျင်သည် တလေးတစားနှင့် သက်ပြင်းချလေသည်။
အာ့မြောင်၏အမူအရာသည် လွန်စွာနာကျင်နေပုံပေါက်သည်။ အမေချန်း ၏ ရင်များနာကျင်မိသည်။ သို့သော် သူမသည် အံကြိတ်ကာ တောင့်ခံနေတုန်း ပင်။ ကလေးတစ်ယောက်၏ သည်းခံနိုင်စွမ်းသည် ထင်ရှားလွန်းသည်။ သို့သော် မိသားစုခေါင်းဆေင်လေးယောက်အတွက် ထိုဆေးအစွမ်းသည် အလွန်မှော် ဆန်နေသည်။ ဤကဲ့သို့ကလေးတစ်ယောက်သည် နာကျင်မှုကိုခံစားရသည်မှာ သူမ ခံနိုင်ရည်ရှိသည့်အရာမဟုတ်ပေ။
ဆေးသက်ရောက်မှုသည် လွှမ်းမိုးနိုင်သည်ဟုပြောကြသော်လည်း နာကျင်မှုကို မဖြစ်စေပေ။
၎င်းသည်လည်း လေးစားစရာအချက်ပင်ဖြစ်သည်။
အချိန်သည် ဖြည်းညင်းစွာကုန်ဆုန်းသည်။ လုပ်ငန်းစဉ်သည် ၁ နာရီ၊ ၂ နာရီခန့်ကြာသည်။ လေထုထဲတွင် အပုပ်နံ့သည် အလွန်ပြင်းလှသည်။ မျက်နှာအပါအဝင် အာ့မြောင်၏တစ်ကိုယ်လုံးကို ညစ်ပေသောအနက်ရောင် အလွှာဖြင့် ဖုံးအုပ်ထားသည်။ ၎င်းကိုကြည့်ရသည်မှာ စက်ဆုပ်ဖွယ်ကောင်း သော်လည်း မည်သူမှ ထွက်မသွားကြပေ။
ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်ရောင်ဝါသည် တဖြည်းဖြည်းနှင့် ငြိမ်ကျသွားသည်။ ၎င်းသည် အာ့မြောင်၏ခန္ဓာကိုယ်ထဲသို့ မဝင်တော့ပေ။ သူမ မျက်နှာမှ မျက်နှာထားသည် မမြင်ဖူးသည့်အမူအရာမျိုးပင်။ သူမ၏ မျက်ခွံများ ပင် အညစ်အကြေးများနှင့် ဖုံးအုပ်ထားသည်။ သို့သော် သူမ၏ခန္ဓာကိုယ် တင်းမာမှုအရ သူမသည် နာကျင်မှုမရှိတော့သည်ကို အားလုံးသိလိုက်ကြသည်။
“အချိန်ပေါ်မူတည်သွားပြီ” ပေထင်းချင်းသည် သက်ပြင်းကြီးချလိုက်၏။
ထိုအချိန်တွင် အာ့မြောင်၏ခြေထောက်အောက်တွင် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းပေါ်လာကာ ပြောင်မြောက်သော တြိဂံကြယ်ပေါ်လာသည်။ ကြယ်အဖွဲ့အစည်းအလယ်တွင် တောက်ပသောသန့်စင်သည့်ဓားသည် အားလုံး ကို မျက်စိစူးလောက်စေသည်။ အားလုံးသည် မျက်လုံးပွတ်ကာ ရှင်းရှင်း လင်းလင်း မြင်စေရန် ရှေ့တိုးကြည့်ကြသည်။
ဟုတ်သည် တြိဂံကြယ်ပင်။ ၆ နှစ်သာရှိသေးသော အာ့မြောင်သည် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ဖြစ်လာချေပြီ။
အလွန်ပင် ကြောက်လန့်ဖွယ်ရာပင်။ ပေထင်းကျင်၊ ရှီမန်ဆုန်းနှင့် မိသားစုကြီးလေးခုမှ အရည်အချင်းအရှိဆုံး တခြားသူများပင် အသက် ၁၀ နှစ် ရောက်မှ ဝိညာဉ်သခင်ဖြစ်ခဲ့သည်။ သို့သော် ဝိညာဉ်ကျင့်ကြံသူပင် မဖြစ်သေး သည့် အာ့မြောင်ကို ပေထင်းဟွမ်၏ အုတ်မြစ်တည်ဆောက်ရေးဆေးသည် ဝိညာဉ်သခင်ဖြစ်အောင် လုပ်ပေးခဲ့သည်။
“ကောင်းလိုက်တာ မေမေ သမီးလုပ်နိုင်သွားပြီ၊ သမီး အခု ဝိညာဉ်သခင် ဖြစ်သွားပြီ” အာ့မြောက်သည် မြေပေါ်မှ ပျော်ရွှင်စွာထခုန်ကာ ပြေးထွက်သွား တော့မလိုပင် “အစ်ကိုကြီးကို အခုပဲသွားရှာမယ်၊ သမီး ဝိညာဉ်သခင်ဖြစ်သွားပြီ ဆိုတာ သွားပြောမယ်”
၂ နာရီအတွင်းမှာပင် အမေချန်းသည် အသည်းတယားယားဖြစ်ခဲ့သည်။ သူမသည် ဝမ်းနည်းနေရာမှ ပျော်ရွှင်သွားရသည်။ ထိုအချိန်တွင် သူမသည် သတိပြန်ဝင်မလာသေးပေ။ ဝိညာဉ်သခင်၊ သူမရဲ့သမီးက တကယ်ပဲ ဝိညာဉ် သခင်ဖြစ်သွားပြီလား။ သူမသည် ပေထင်းမိသားစု၏ အစေခံသာဖြစ် သော်လည်း ဝိညာဉ်သခင်ဖြစ်လာသည့်သမီးကို ပျိုးထောင်ရတော့မည်။
ဘယ်လို.. ဘယ်လို.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အမေချန်းသည် ဒူးထောက်ပြီး ပေထင်းဟွမ်ထွက်သွားသည့်ဘက်ကို သုံးကြိမ်တိုင်တိုင် ကန်တော့လေသည်။ သူမသည် ရင်ထဲထိပြီးငိုမိသည်။
တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အားသွားရှာတော့မည့် အာ့မြောင်ကို ဆုပ်ကိုင်လိုက်သည် “ကောင်မလေး အရင်ဆုံး ရေချိုးလိုက်ဦး၊ မင်းအနံ့က ၁ မိုင်လောက်ကနေတောင် ရနေပြီ.. မင်းအစ်ကိုကြီးနားမကပ်တာ ပိုကောင်းမယ်”