ခေါင်းဆောင်ကြီးလေးယောက် ဆေးလုခြင်း
Vol. 40 Ch. 791
အာ့မြောင်သည် လက်ဆန့်ထုတ်ကာ ဘေးဘီဝဲယာကိုကြည့်လေသည်။ ပုံမှန်အားဖြင့် ဖြူဖွေးသောသူမ၏လက်များကို ယခုအခါ ညစ်ပေသော အလွှာ ထူထူတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူမ၏နှာခေါင်းထိပ်တွင် အနံ့တစ်ခုရှိနေ သည်။ ၎င်းသည် မခံနိုင်စရာပင်။ သူမသည် ရှက်ကိုးရှက်ကန်းနှင့် အော်ကာ သူမနေထိုင်သည့် အစေခံခြံဝင်းဆီသို့ ပြေးသွားလေသည်။
သူမသည် ဤကဲ့သို့ အကျည်းတန်သောအခြေအနေကို အစ်ကိုကြီးကို မြင်ခွင့်မပြုနိုင်ပေ။
ရှီမန်ဆုန်းသည် အဝေးရောက်သွားသည့် အာ့မြောင်နောက်သို့ လိုက်ကြည့်ကာ အတွေးထဲနစ်မြောမိသည်။
မတူညီသောဆေးသုံးမျိုးသည် မြေပေါ်တွင်ရှိနေဆဲပင်။ အာ့မြောင်သည် သက်ရှိဥပမာဖြစ်နေရာ မျိုးနွယ်ကြီးလေးခုမှ ခေါင်းဆောင်များသည် ဤအခိုက် တွင် မတည်ငြိမ်နိုင်တော့ပေ။ သူတို့အားလုံးသည် တုန်ယင်နေသော လက်များ ဖြင့် မြေပေါ်မှဆေးများကို သိမ်းလိုက်သည်။ ထွက်မသွားခင်တွင် သူတို့သည် မျိုးနွယ်ကြီးလေးခုမှ ဤကောင်းကင်အံတုနိုင်သည့်ဆေးများ ပိုင်ဆိုင်ကြောင်း သတင်းကို မပေါက်ကြားစေရန် မိသားစုမှလူငယ်များကို သစ္စာဆိုခိုင်းသည်။
“စီရင်ချက်ဗိမာန်က အစကတည်းက မိသားစုကြီးလေးခုကို တိုက်ခိုက်ဖို့ လုပ်ထားတာ၊ ဒီလိုပစ္စည်းမျိုးရှိတာကိုသိရင် တခြားအဖွဲ့အစည်းတွေကလည်း အတူလက်တွဲပြီး တိုက်ခိုက်နိုင်တယ်” နန်ကုန်းချန်းသည် အကြံထုတ်ရာတွင် တော်ပြီး လေးလေးနက်နက်တွေးထားသည်။
“ဟုတ်တယ်၊ ဆေးသုံးမျိုးမှာ တစ်မျိုးကို ၁၀ ပုလင်းစီရှိတယ်၊ မိသားစု တစ်ခုစီအတွက် မများလှပေမဲ့ အဆင့် ၁ ဆင့်ကျော် ခွန်အားတက်စေနိုင်တယ်၊ ဒီသတင်းပေါက်ကြားသွားလို့မဖြစ်ဘူး” တုန်ဖန်းလုသည် အထူးသဖြင့် ဤအရာကို နှစ်ခြိုက်နေသည်။ သူသည် သက်ပြင်းမချဘဲမနေနိုင်ပေ “ပြီးတော့ ပေထင်းချင်း အဘိုးကြီး၊ နောက်ဆိုရင် သခင်လေး ၉ က အကုန်လုံးကို အနိုင် အရှုံးသယ်လာပေးမယ့်သူပဲ”
“ဘာ.. ခင်ဗျားက မလိုလားတာလား” ပေထင်းချင်းသည် ဒေါသတကြီး ပြောလေသည် “ခုနက ဆေးကို အမြန်ဆုံးယူတာ ဘယ်သူလဲ၊ ခင်ဗျားပဲလေ၊ ကျုပ်တောင် ခင်ဗျားထက် ၃ ပုလင်းနည်းသေးတယ်”
“အဟွတ် အဟွတ် အဟွတ်” တုန်ဖန်းလု၏မျက်နှာကြီး နီရဲလာသည်။ သူသည် နဖူးကိုလက်ဖြင့်ကိုင်ကာ ဆေးပုလင်းများကို ဝတ်ရုံကြီးထဲသို့ထည့် ကာ တုန်ဖန်းမိသားစုရှိရာဘက်သို့ အလျင်အမြန်ပျံသွားလေသည်။ ၎င်းအဘိုး ကြီးသည် စိတ်လှုပ်ရှားလွန်းသည်။ မဟုတ်ပေ။ သူသည် စိတ်လှုပ်ရှားလွန်း သဖြင့် သူ့လက်ချောင်းမှ လေဟာနယ်လက်စွပ်ကိုပင် မေ့သွားခဲ့သည်။ သူသည် ပုလင်းများသယ်ရန် ဝတ်ရုံကိုသုံးခဲ့ပြီး ပုလင်းများပြုတ်ကျမည်ကိုပင် မကြောက်ဘဲ ပျံပြေးသွားခဲ့သည်။
အဘိုးကြီးသည် မိုးပေါ်မှပျံသွားပြီး အောက်တွင် မြေကြီးအဆင့်ဝိညာဉ် သခင်များသည် သူ့နောက်မှ ပြေးလိုက်သွားကြသည်။ မည်သူမှ မမျှော်လင့် ထားကြပေ။ သူတို့ မိသားစုသို့ရောက်သောအခါ အဆင့်တက်ရန်အတွက် မိသားစုခေါင်းဆောင်ဆီမှ ဆေးတောင်းကြသည်။ သူတို့သည် ဆေးစားပြီးသည် နှင့် ကောင်းကင်အဆင့်သို့ တက်ကြသည်။
တုန်ဖန်းလုသည် ဆေးအများဆုံးလုကာ အမြန်ဆုံးပြေးသွားခဲ့သည်။ နန်ကုန်းချန်းသည် နှစ်ပေါင်းထောင်ချီ အမဲလိုက်ပြီးနောက် နောက်ဆုံးတွင် ငန်း တစ်ကောင်၏ ကိုက်ခြင်းကိုခံလိုက်ရလိမ့်မည်ဟု ထင်ထားပေ။ သူသည် အကြံအစည်ရှိထားသော်လည်း တုန်ဖန်းလုသည် သူ့အားနှိပ်ကာလက်ဦးသွား သည်။ သူသည် တုန်ဖန်းလုလောက် ဆေးများများစားစားမလုလိုက်ရပေ။
သူထွက်မသွားခင်တွင် ပေထင်းချင်းအား စိတ်ဆိုးမာန်ဆိုးနှင့်ပြောသွား သေးသည် “နောက်တစ်ခါ အဲကောင်လေးဆေးလုပ်ရင် ခင်ဗျား ကျုပ်ကို ပိုပေး ရမယ်”
“လစ်လိုက်တော့” ပေထင်းချင်းသည် ထိုစကားကိုကြားသောအခါ ဒေါသ ထွက်လေသည်။ သူသည် လက်ကိုဝေ့ယမ်းလိုက်သည်။ နောက်ဆုံးတွင် နန်ကုန်းချန်းသည် ဆေးပုလင်း ၅ ပုလင်းပင် မလုနိုင်လိုက်ပေ။ “ကြည့်ပါဦး ဆေးပုလင်းက ၃၀ လောက်ရှိတာ မိသားစုတစ်ခုကို ၇ ပုလင်းရသင့်တာ၊ ကျုပ်က ဘယ်လိုလုပ် ဒီလောက်ပဲရတာလဲ”
ရှီမန်ကျင်သည် ဆေးပုလင်းများကို ရသင့်သည်ထက် ပိုနည်း၍ရလေ သည်။ အပြန်တွင် သူသည် အနည်းငယ်စိတ်ဆိုးနေတုန်းပင် “အစက ၇ ပုလင်း ထက်ပိုများတယ်၊ ဒါပေမဲ့ ပုလင်းပဲရလိုက်တယ်.. မြေးလေး နောက်တစ်ခါ မင်း လက်သွက်မှဖြစ်မယ်”
ရှီမန်ဆုန်းသည် မတတ်သာစွာပင် ဆွံ့အသွားသည်။ သူသည် သူ့ကို စိုက်ကြည့်ကာ အေးအေးလူလူပင်ပြောလေသည် “အဘိုး ကျင်အာကို ဆေးကု လို့ရပြီး ဝိညာဉ်သခင်ဖြစ်ဖို့အခွင့်အရေးရလာရင် အဘိုးက ကျွန်တော်တို့ကို ဆန့်ကျင်ဦးမှာလား”
ရှီမန်ကျင်း၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ သူသည် အနည်း ငယ် မသေမချာဖြစ်သွားသည်။ “သူမကို ကုဖို့ ဘယ်သူ့ကိုသွားရှာမှာလဲ၊ ညအရှင်သခင်လား၊ သူက နတ်မီးအဂ္ဂိရတ်ပညာရှင်ဆိုရင်တောင် သူက ကျင်အာရဲ့ သွေးတစ်ဝက်နှောအစ်ကိုပဲ.. နှစ်တွေအများကြီးကြာမှ သူက ကူညီမှာတဲ့လား”