အဲဒီဆေးတွေက ပေထင်းဟွမ် လေ့ကျင့်တဲ့အနေနဲ့ လုပ်ထားတာ
Vol. 40 Ch. 792
“အဘိုး၊ ဒီဆေးတွေကို ညအရှင်သခင်က သန့်စင်ထားတယ်လို့ တကယ် ထင်နေတာလား” ရှီမန်ဆုန်းသည် ရှီမန်ကျင်၏လက်ချောင်းမှ လက်စွပ်ကို လျစ်လျူရှုသလိုကြည့်လိုက်သည်။ အထဲတွင် ရှီမန်ကျင်လုထားသည့် ဆေးပုလင်း ၇ လုံးရှိသည်။ ထိုထဲမှ ၂ ပုလင်းသည် အုတ်မြစ်တည်ထောင်ရေး ဆေးများဖြစ်ကာ ၂ ပုလင်းသည် မြေကြီးဝိညာဉ်ဆေးဖြစ်ပြီး ၃ ပုလင်းသည် ကောင်းကင်ဝိညာဉ်ဆေးဖြစ်သည်။ ထိုဆေးများသည် ရှီမန်မိသားစုမှ လူငယ် များအားလုံး၏ အလုံးစုံခွန်အားကို တစ်ဆင့်တိုးသွားစေနိုင်သည်။
ဆေးပုလင်းတစ်လုံးစီသည် တိုက်ကြီးတစ်ခုလုံးမှ အဖွဲ့အစည်းများ အားလုံးကို စစ်ပွဲဖြစ်သွားစေနိုင်သည်။
ရှီမန်ကျင်သည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူသည် ရှီမန်ဆုန်း အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်လေသည် “ဘာအဓိပ္ပာယ်လဲ”
“ဒါတွေက အဆင့်တက်ဖို့အတွက် အဆင့်နိမ့်ဆေးတွေပဲ” ရှီမန်ဆုန်း သည် ရှီမန်ကျင်းအား ဂရုမမူသည့်မျက်လုံးများဖြင့်ကြည့်လေသည် “ညအရှင် သခင်က နတ်မီးအဂ္ဂိရတ်ပညာရှင်ပဲ၊ သူက လေ့ကျင့်တဲ့အနေနဲ့ ဒီလိုမျိုး အဆင့် နိမ့် အဆင့်တက်စေတဲ့ဆေးမျိုး လုပ်ရအောင် ပျင်းနေတဲ့လူလို့ထင်လား”
ညအရှင်သခင်သည် ထောင်လွှားသောအကျင့်စရိုက်ရှိရာ ၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ။
ထိုအခါ ဖြစ်နိုင်ခြေမှာ တစ်ခုသာရှိသည်။ ထိုဆေးများသည် ပေထင်းဟွမ် လေ့ကျင့်သည့်အနေနှင့် သန့်စင်ထားခြင်းဖြစ်သည်။ အဆင့် ၂ မှ အဆင့် ၃၊ အဆင့် ၄ အထိ ထိုဆေးများသည် ကောင်းကင်ကိုအံတုနိုင်သည့် သက်ရောက်မှု ရှိသော်လည်း ၎င်းတို့သည် အဆင့်နိမ့်ဆေးများဖြစ်ကြသည်။ ညအရှင်၏ ပတ်ဝန်းကျင်တွင် ဤကဲ့သို့ဆေးနှင့်မှ အဆင့်တက်မည့်သူရှိသည်လား။ သူသည် နတ်မီးအဂ္ဂိရတ်ပညာရှင်ဖြစ်သော်လည်း သူ့လက်ထဲမှ ဆေးပြားထွက် လာသည်ကို မကြားဖူးသလောက်ပင်။
သူ စဉ်းစားကြည့်လေလေ ရှီမန်ကျင်သည် ကြောက်လာလေဖြစ်သည်။ သူ ရေရွတ်လိုက်သည် “သားရဲထိန်းဖြစ်တဲ့အပြင်ကို သခင်လေး ၉ က အဂ္ဂိရတ် ပညာရှင်ပါလို့ပြောနေတာလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ”
“ဘာမဖြစ်နိုင်စရာရှိလို့လဲ” ရှီမန်ဆုန်း နှာမှုတ်လေသည်။ ပုံမှန်ဆိုလျှင် လျင်သောအဘိုးဖြစ်သူသည် ဤကဲ့သို့အမှားလေးမျိုး ပြုလုပ်ခဲ့သည်။ “သူ့ရဲ့ မီးတောက်တွေက ဘယ်လောက်လွှမ်းမိုးနိုင်လဲဆိုတာ မမေ့လိုက်နဲ့၊ သူ့ စိတ်စွမ်းအားက ဘယ်လောက်တောင် အားကောင်းလို့ သားရဲထိန်းဖြစ်လာတာ လဲ၊ မဖြစ်နိုင်စရာဘာအကြောင်းရှိလို့လဲ၊ စီရင်ချက်ဗိမာန်က တိုက်ခိုက်ရင် မိသားစုလေးခုကို အမိန့်ပေးတဲ့နေရာမှာ ဝင်မပါသင့်ဘူးထင်တယ်၊ မိသားစု ကြီးလေးခုရဲ့ ကျောရိုးက အဘိုးကို အညံ့ခံမှာတဲ့လား”
ရှီမန်ဆုန်းသည် အဘိုးကြီးကို ဂရုမစိုက်တော့ဘဲ နှုတ်ခမ်းတွန့်လေသည်။ သူသည် နန်းတော်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဝမ်းကွဲဖြစ်သည့် ရှန်းယန်ကျင်းကိုခေါ်ပြီး ပေထင်းဟွမ်အား ကြည့်စေလိုသည်။ သူမ၏ ခန္ဓာ ကိုယ်ကို ပြောင်းလဲပေးနိုင်မည့်ဆေးရှိပြီး ကျင့်ကြံခွင့်ရှိမည်ဟု သူ မျှော်လင့်မိ သည်။
ပျာယာခတ်နေသဖြင့် ရှီမန်ကျင်သည် အိမ်ပြန်ရန်အချိန်မရှိတော့ပေ။ သူသည် စီရင်ချက်ဗိမာန်နှင့်တိုက်ခိုက်ရေးအတွက် မိသားစုလေးခုမှ ကာကွယ် ရေးအကြောင်း ဆွေးနွေးရန် တုန်ဖန်းလုတို့ဆီသို့သွားလေသည်။ ပေထင်းဟွမ် သည် သားရဲထိန်းဖြစ်ကာ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ သူမ၏နောက်တွင် ယန်းမြို့နှင့် ညအရှင်အိမ်တော်လည်းရှိနေသည်။ အကောင်းဆုံးရွေးချယ်မှုမှာ တိုက်ပွဲကိုဦးဆောင်ရန် သူမကို အာဏာပေးရန်ဖြစ်သည်။
“သူသာ တိုက်ပွဲကို စီစဉ်ပြီးရှုံးသွားရင် ယန်းမြို့နဲ့ ညအရှင်အိမ်တော်က လူတွေက လာကူညီကြမှာပဲ၊ ဒီလိုဆိုရင် မိသားစုကြီးလေးခုက ဘာကြောက် စရာလိုလဲ” ရှီမန်ကျင် တွေးထားလေသည်။
ပေထင်းဟွမ်သည် ထိုလူများ၏ အတွေးကို ဂရုမစိုက်ပေ။
သူမသည် စီရင်ချက်ဗိမာန်ကို စိတ်ထဲမှထုတ်ထားသည်။ သူမအတွက် အရင်ဘဝနှင့် ဤဘဝတွင် အဖြစ်ချင်ဆုံး နွေးထွေးသည့်မိသားစုနှင့် ပြန်ဆုံခဲ့ရ သည်။ သူမသည် အဒေါ်ဖြစ်သူကိုမှီထားကာ ပေထင်းကျင် မှော်လက်စွပ်ထဲမှ အသက်လှောင်အိမ်ထုတ်နေသည်ကို ကြည့်နေသည်။ အထဲတွင် အဇူရာရှိနေ သည်။
“ဒေါ်လေး ကြည့်လိုက် အစ်ကိုကြီးက ကျွန်တော်ပြောတာကို လုံးဝကို နားမထောင်တာ၊ သူ့ကို အရင်က အဇူရာနဲ့စာချုပ်တည်ထောင်ပါလို့ ပြောခဲ့တာ ပဲ၊ ဒါပေမဲ့ ငြင်းပြီးတော့ အခုထိစောင့်နေတာ” ပေထင်းဟွမ်သည် မိန်းကလေး သဖွယ်ပြုမူသည်မှာ ရှားပါးလွန်းသည်။ ထိုအရာကိုကြည့်ပြီး ပေထင်းကျင်သည် စိတ်ပျော့သွားသည်။ သူသည် တိုက်ကြီးပေါ်မှလူများ အထွတ်အမြတ်သားရဲ အတွက် အသက်ရင်းပြီးတိုက်ခိုက်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူသည် လျှောက်သွားပြီး ပေထင်းဟွမ်၏ ဦးခေါင်းကိုပွတ်သပ်လေသည် “ရှောင်ကျို့,, မင်းက ပေထင်းကျန့်နဲ့ တိုက်ခိုက်ခဲ့တာ.. အစ်ကိုကြီးက ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ်နဲ့ မှော်သားရဲတွေနဲ့ စာချုပ်တည်ထောင်နိုင်မှာ လဲ”