← Chapters

အစ်ကိုကြီးအား လက်ဆောင်ပေးခြင်း၊ အဇူရာနှင့် စာချုပ်တည်ထောင်ခြင်း

Vol. 40 Ch. 793

အစ်ကိုကြီးအား လက်ဆောင်ပေးခြင်း၊ အဇူရာနှင့် စာချုပ်တည်ထောင်ခြင်း

Vol. 40 Ch. 793

“ဟင်း ဂရုမစိုက်ပါဘူး အစ်ကိုကြီးက ကျွန်တော်ပြောတာမှ နားမထောင် တာ” ပေထင်းဟွမ်သည် ခေါင်းဆတ်ကာ ပေထင်းလင်၏လက်မောင်းတွင် နူးညံ့စွာမှီထားသည် “အစ်ကိုကြီး ကျွန်တော် အစ်ကိုကြီးကို လက်ဆောင်ပေး တာမကောင်းဘူးလို့ ထင်နေတာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပေထင်းကျင်သည် ပျာသွားသည်။ သူသည် ဆောင့်ကြောင့်ထိုင်ကာ ပေထင်းဟွမ်၏ မျက်နှာကို ပွတ်သပ်လိုက်သည် “အစ်ကိုကြီးက ရှောင်ကျို့အတွက် လက်ဆောင်တောင် မပြင်ထားနိုင်ခဲ့ဘူး”

သူမသည် ဤကဲ့သို့ လူကောင်းတစ်ယောက်ဖြစ်သည်။ သူမသည် တစ်ယောက်တည်းနေခဲ့ရကာ လော့ပေမြို့တွင် ၁၀ နှစ်ကြာအောင် ကူကယ်ရာ မဲ့ပြီး အနိုင်ကျင့်ခံခဲ့ရသည်။ သို့သော် သူမ၏ခြေထောက်ပေါ်တွင် ရပ်တည်ကာ ကိုယ်ပိုင်အစွမ်းအစနှင့် တခြားသူများအတွက် အကောင်းဆုံးများ ယူဆောင် လာတုန်းပင်ဖြစ်သည်။

ပေထင်းကျင်သည် ခေါင်းလှည့်ကာ အသက်လှောင်အိမ်ထဲမှ အဇူရာကို ကြည့်လိုက်သည်။ ၎င်းသည် ဦးခေါင်းပေါ်တွင် ချိုတစ်လုံးပါသည့် လက်မောင်း သေးအရွယ်အစားရှိသည့် မြွေတစ်ကောင်ဖြစ်သည်။ ဦးချိုပေါ်တွင် အစိမ်းရင့် ရောင်မြူခိုးတွဲလွဲခိုနေပြီး ခန္ဓာကိုယ်ပေါ်မှ ကြေးခွံများသည် အစိမ်းရောင် အလင်းထွက်နေသည့် သွားကဲ့သို့ ပါးလျသည်။ ရံဖန်ရံခါတွင် ၎င်းမျက်စိ ခပ်ပါးပါးဖွင့်လိုက်ချိန်တွင် စူးရှသောအလင်းထွက်လာသည်။

အစိမ်းရောင်နဂါး၏ သွေးသားနှင့် အထွတ်အမြတ်သားရဲများသည် ဤတိုက်ကြီးပေါ်တွင် နတ်ဘုံအဆင့်၏ ဒုတိယအဆင့်တွင်တည်ရှိသည်။ အတိဒုက္ခဖြတ်ကျော်ပြီးနောက် အဆင့်တက်ခဲ့သည့် အထွတ်အမြတ်သားရဲ သည် အနာဂတ်တွင် ကြီးထွားရန် ကျိန်းသေပေါက်အခွင့်အရေးရှိသည်။

ပေထင်းကျင်သည် ဤမျှအားကောင်းသော သတ္တဝါနှင့် စာချုပ်မတည် ထောင်ချင်ပေ။ သူသည် ဤအထွတ်အမြတ်သားရဲကို ပေထင်းဟွမ်အား ပြန်ပေးပြီး နတ်သားရဲတစ်ကောင်ပေးရန်သာ တောင်းချင်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူဘာမှမပြောနိုင်ဘဲ ထိုကောင်လေး၏စကားများကို ကြားပြီးနောက် မငြင်းနိုင်တော့ပေ။

ပေထင်းကျင်သည် ရွှေရောင်အသက်လှောင်အိမ်ပေါ်သို့ လက်တင်လိုက် သည်။ အပြာနုရောင်ဓာတ်စွမ်းအင်သည် အသက်လှောင်အိမ်ကိုလွှမ်းခြုံသွား ကာ သူ၏စိတ်စွမ်းအားကို ဓာတ်စွမ်းအင်နှင့် ရစ်ပတ်ထားလေသည်။ ၎င်းသည် အသက်လှောင်အိမ်ထဲရှိ အဇူရာဆီသို့ တဖြည်းဖြည်း ဖြန့်ကျက်သွားကာ အဇူရာ၏ ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားလေသည်။

အထွတ်အမြတ်သားရဲစာချုပ်သည် အချိန်ကြာသည်။ အချိန်မည်မျှကြာ သွားသည်မသိ၊ အားမာန်ပါပြီး အနည်းငယ်အက်ကွဲသောအသံသည် ရုတ်တရက် သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည် “ငါ အဇူရာက မင်းနဲ့ စာချုပ်တည်ထောင်ပြီး အသက်ကိုမျှဝေပါမယ်လို့ သစ္စာဆိုပါတယ်၊ အခုကစပြီး မင်းက ငါ့ရဲ့စာချုပ်ရှင်ပဲ...”

ငွေရောင်အလင်းတန်းသည် ပေထင်းကျင်နှင့် အဇူရကို လွှမ်းခြုံကာ စာချုပ်သည် သူတို့၏ခြေထောက်အောက်တွင် တလက်လက်ပေါ်လာသည်။ အသက်လှောင်အိမ်ပျောက်သွားပြီး အစိမ်းရင့်ရောင်ဆံပင်၊ အစိမ်းရင့်ရောင် မျက်လုံးများနှင့် နတ်မိစ္ဆာဆန်သည့် အမျိုးသားတစ်ယောက်သည် အလင်းတန်း ထဲမှလျှောက်ထွက်လာသည်။ သူသည် ပေထင်းကျင်အား ကြည့်ပြီး အကဲခတ် လေသည်။

ထိုအချိန်တွင် ပေထင်းကျင်၏ ခြေထောက်အောက်တွင် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းသည် ထပ်မံပေါ်ပေါက်လာသည်။ ပဉ္စဂံအစီအရင်သည် ငွေ ရောင်အလင်းတန်းထုတ်လွှတ်ပြီး သန့်စင်သောကြက်ခြေခတ်ဓား ၉ လက် သည် တောက်ပစွာ လင်းလက်လေသည်။ အထွတ်အမြတ်သားရဲနှင့် စာချုပ် တည်ထောင်ပြီးနောက် အဇူရာနှင့် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်သို့ အဆင့် တက်ပြီးသား ပေထင်းကျင်တို့သည် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဖြစ်လာ သည်။ သူ၏ခွန်အားသည် အထွတ်အထိပ်သို့ရောက်ကာ ဝိညာဉ်သခင်ကြီး အဆင့်နှင့်နီးလာသည်။ တကယ်တော့ ပေထင်းကျင်သည် ထိုအတားအဆီး လျော့ရဲလာသည်ကို ခံစားမိသည်။ သူသည် ချိုးဖောက်ရန် အခွင့်အရေးလိုရုံသာ ဖြစ်သည်။

“ဟူး.. ငါ ဝိညာဉ်သခင်ကြီးဖြစ်ပြီလို့ ထင်နေတာ” ပေထင်းဟွမ်သည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်မိ၏။

ပေထင်းကျင်သည် အနည်းငယ်ရယ်ရသည်ဟုထင်သည်။ သူသည် ပေထင်းဟွမ်၏နဖူးကို တောက်သည်။ သေချာပေါက်ပင် အားမပါပေ။ “ကျေနပ် လိုက်စမ်းပါ ကောင်လေး၊ ငါက အခွင့်အရေးမရသေးရုံတင်ပါ အချိန်မရွေး ဝိညာဉ်သခင်ကြီးကို ကျော်ဖြတ်နိုင်မှာ”

“ကောင်းတယ်” ပေထင်းဟွမ်သည် သက်ပြင်းကြီးချမိသည်။ အဆင့်တက်ခြင်းကို ဖိအားပေး၍မရသည်ကို သူမလည်းသိသည်။

အဇူရာသည် ပေထင်းကျင်၏ခြေထောက်အောက်မှ ဆဌဂံကိုကြည့်လိုက် သည်။ သူသည် ပေထင်းကျင်၏ ခွန်အားကို အလွန်ကျေနပ်နေသည်မှာ သိသာ သည်။ ငယ်ရွယ်သော ဝိညာဉ်သခင်ကြီးမှာ လူ့အဖွဲ့အစည်းတွင် အလွန်ရှားပါး သည်။ အဇူရာသည် ပေထင်းဟွမ်အား ကြောက်လန့်စွာကြည့်ပြီး ခပ်သဲ့သဲ့ပြုံး လေသည်။ အစိမ်းရင့်ရောင်အလင်းနှင့်အတူ သူသည် ပေထင်းကျင်၏ မှော်သားရဲနေရာထဲသို့ ဝင်သွားလေသည်။

ထိုမြင်ကွင်းသည် ပေထင်းလင်နှင့် ပေထင်းရွေ့တို့ကို မှင်တက်သွားစေ သည် “အဲတော့ ဒါတွေက် အထွတ်အမြတ်သားရဲလား၊ ပြီးတော့ ကျင်အာက ဘာလို့ ဒီလောက်မြန်မြန် အဆင့်တက်သွားတာလဲ” ၎င်းသည် အကြီးအကဲနှစ် ယောက်ကို ကြက်သေသေသွားစေသည်။

All Chapters