နေကိုးစင်းလျှပ်စီးကျားသစ်နဲ့၊ ကျောက်စိမ်းဦးချိုမြွေ
Vol. 40 Ch. 794
ပေထင်းဟွမ်၏ အထွတ်အမြတ်သားရဲများကို အားလုံး ရင်းနှီးပြီးသား ဖြစ်သော်လည်း အထွတ်အမြတ်သားရဲရှိသည့် ဒုတိယလူရှိနေခြင်းကို အသား မကျသေးပေ။ ယခုအခါ နတ်မိစ္ဆာဆန်သည့်အစိမ်းရင့်ရောင်လူပေါ်လာသည်ကို မြင်သောအခါ သူတို့သည် သက်တောင့်သက်သာမဖြစ်ဘဲ လက်မခံနိုင်သေးပေ။ အထွတ်အမြတ်သားရဲတစ်ကောင်သည် ဒဏ္ဍာရီထဲတွင်သာရှိသည့် နတ်ဘုရား ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သည်။ အထွတ်အမြတ်သားရဲသည် မိသားစုကြီးလေးခု ပင် မြင်ရန်အခွင့်အရေးမရှိသည့် အရာမျိုးဖြစ်သည်။ သို့သော် ၎င်းသည် ရုတ်တရက် ပေထင်းကျင်၏ မှော်သားရဲဖြစ်လာခဲ့သည်။ လက်တွေ့မဆန်လွန်း သည် မဟုတ်ပါလား။
ပေထင်းဟွမ်သည် အနည်းငယ် အပြစ်မကင်းသလို ခံစားရသည်။ သူမ သည် နှာခေါင်းကို ရှက်ကိုးရှက်ကန်းနှင့် ပွတ်လိုက်သည်။ “ဦးလေးနဲ့ ဒေါ်လေး ကျွန်တော် တကဘ်တောင်းပန်ပါတယ်၊ အထွတ်အမြတ်သားရဲတစ်ကောင်ပဲရှာ တွေ့လို့ပါ... ဒါပေမဲ့ ဒေါ်လေးတို့နှစ်ယောက်အတွက်လည်း နတ်သားရဲ ကောင်း ကောင်းနှစ်ကောင်ပြင်ဆင်ထားပါတယ်၊ နှစ်ကောင်လုံးက အဆင့်မြင့်ကြယ် နတ်သားရဲတွေပါ၊ နောက်ကိုဝိညာဉ်သခင်ကြီးဖြစ်လာမယ်ဆို နောက်ဆုံးကျ သူတို့လည်းအဆင့်တက်ပြီး အထွတ်အမြတ်သားရဲဖြစ်လာမှာပါ”
အဆင့်မြင့်နတ်သားရဲလား။
ပေထင်းလင်နှင့် ပေထင်းရွေ့တို့သည် ရင်ဘတ်ကြီးတင်းကြပ်သွားသလို ခံစားရလေသည်။ ပေထင်းဟွမ်သည် သူတို့အတွက်ပါ လက်ဆောင်ယူလာလိမ့် မည်ဟု ထင်မထားကြပေ။ သူမသည် အငယ်တစ်ယောက်သာဖြစ်သည်။ နှစ် ပေါင်းများစွာတွင် သူမ၏အနီးစပ်ဆုံးဆွေမျိုးများအနေနှင့် သူတို့သည် သူမကို ဂရုမစိုက်ခဲ့ရပေ။
သူတို့ မတုံ့ပြန်ခင်တွင် ပေထင်းဟွမ်၏လက်စွပ်ထဲမှ အလင်းတန်းနှစ်ခု ထွက်လာပြီး အသက်လှောင်အိမ်နှစ်လုံးသည် သူတို့နှစ်ယောက်လုံးရှေ့သို့ ပေါ် လာသည်ကို ပေထင်းလင်နှင့် ပေထင်းရွေ့တို့တွေ့လိုက်ရသည်။ အထဲမှ မှော်သားရဲများကို မပိတ်ဆီးနိုင်သော ရွှေရောင်လှောင်အိမ်၏အလင်းတန်းများ သည် အခန်းကို တောက်ပစွာရောင်ပြန်ဟပ်နေသည်။ လှောင်အိမ်နှစ်ခုထဲမှ မှော်သားရဲများသည် မွေးမြူခံထားရသဖြင့် အနည်းငယ်စိတ်ဓာတ်ကျနေပုံရ သော်လည်း ဘုရင်များ၏ရောင်ဝါရှိတုန်းပင်ဖြစ်သည်။
အထဲတွင် နေကိုးစင်းလျှပ်စီးကျားသစ်နှင့် ကျောက်စိမ်းဦးချိုမြွေရှိကာ ပေထင်းဟွမ်သည် နေကိုးစင်းလျှပ်စီးကျားသစ်ကို ညွှန်ပြပြီးပြောလိုက်သည် “ဦးလေး ဒါက အရည်အချင်းနှစ်မျိုးနဲ့ မှော်သားရဲပဲ၊ သူ့မှာ လျှပ်စီးနဲ့မီး အရည်အချင်းတွေရှိတယ်၊ ကျွန်တော်ကြည့်လိုက်တော့ ဒီမှော်သားရဲရဲ့ သွေးသားက အရမ်းသန်စင်ပြီး အရမ်းစွမ်းအားကောင်းတယ်၊ သူ့ရဲ့ ဝမ်းတွင်းပါ မီးက နေကိုးစင်းကောင်းကင်မီး၊ ကောင်းကင်မီးထဲမှာမှ အဆင့် ၃ မီးတောက်ပဲ၊ ဦးလေးအတွက် အထူးပြင်ဆင်ထားတာပါ”
အနီရဲရဲကျားသစ်သည် ၎င်း၏ပုံစံငယ်အနေနှင့်ရှိနေခြင်းပင်။ ၎င်း၏ တောက်ပသောအမွေးသည် အရောင်စုံပြီး ကျောက်စိမ်းနီနီနှင့် ဖုံးအုပ်ထား သလိုပင်။ ပေထင်းဟွမ်ဘာမှမပြောလျှင်တောင် ၎င်းသည် ရှားပါးသော အရည်အချင်းနှစ်ခုရှိ မှော်သားရဲဖြစ်သည်ကို ပေထင်းရွေ့သိသည်။ ဤမှော်သားရဲသည် အထွတ်အမြတ်သားရဲပင်မယှဉ်နိုင်လောက်အောင် ရှားပါး သည်။
၎င်း၏သွေးသားသည် ၄၀ ရာခိုင်နှုန်းဖြူစင်ပြီး အားကောင်းသည့် ပင်မ ခန္ဓာကိုယ်ရှိသည်။ အတိဘေးဒုက္ခကို ရင်ဆိုင်အောင်မြင်ရန် ဖြစ်နိုင်ခြေမှာ လည်း အလွန်မြင့်မားသည်။ ကြီးထွားနိုင်နှုန်းမှာလည်း မတွေးနိုင်လောက် အောင်ပင်။
အဂ္ဂိရတ်ပညာရှင်အနေနှင့် ကောင်းကင်မီးပိုင်ဆိုင်ခြင်းသည် စိတ်မကူး နိုင်လောက်သည့် ခမ်းနားသောအရာဖြစ်သည်။
ပေထင်းရွေ့သည် အလွန်စိတ်လှုပ်ရှားက လက်များပင် တုန်ယင်လာ သည်။ သူသည် လက်မြှောက်ပြီး အသက်လှောင်အိမ်ကို လက်စွပ်ထဲထည့် လိုက်သည်။ သူ့ကို မည်သို့ကျေးဇူးတင်ရမှန်းမသိလောက်အောင်ပင်။ သူသည် တံခါးမှ ခုန်ထွက်သွားကာ အသံတစ်ခုပေါ်လာသည်။ “ရှောင်ကျို့ ငါ ဒီကျားသစ်နဲ့ စာချုပ်တည်ထောင်ပြီးရင် ဆေးဘယ်လိုသန့်စင်ရမလဲလို့ မင်းကို သင်ပေးမယ်”
သူသည် ပြန်သွားပြီး ကောင်းကင်မီးကိုသုံးကာ ဆေးသန့်စင်ချင်မိသည်။
မြေကြီးမီးအဂ္ဂိရတ်ပညာရှင်၏ ပေါက်မြောက်မှုသည် အဆင့် ၃ ဆေးကို သာ သန့်စင်နိုင်သည်။ ကောင်းကင်အံတုနိုင်သည့် အရည်အချင်းမှသာ အဆင့် ၄ ဆေးကိုသန့်စင်နိုင်သည်။ ထူးချွန်သည့် အဂ္ဂိရတ်ပညာရှင်ဖြစ်လိုလျှင် ပထမ ဆုံးရှိရမည်မှာ ကောင်းကင်မီးပင်ဖြစ်သည်။
သူသည် ဤနေ့ကိုစောင့်ဆိုင်းလာခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ရှောင်ကျို့ မင်းဦးလေးက မင်းကိုမချစ်တာမဟုတ်ပါဘူး၊ ဒီအတိုင်း... မင်းသိတဲ့အတိုင်းပဲ ဒီနှစ်တွေမှာ မင်းဦးလေးက ဆေးသန့်စင်ဖို့ကိုပဲ လုံးဝမျှော်လင့်ခဲ့တာ၊ အခုမင်းပြန်ကောင်းလာပြီဆိုတော့ သူတခြားဟာကို လိုက်ဖို့မလိုတော့ဘူး” သူ သူမကို အချိန်မပေးသည်ဟု ခံစားသွားရမည်ကို ပေထင်းလင် ကြောက်မိသည်။
ရင်ထဲထိသည့်ခံစားချက်မှအပ ပေထင်းဟွမ်သည် တခြားအရာကို မစဉ်းစားမိပေ။ သူ၏မျှော်လင့်ချက်သည် ပေထင်းရွေ့ပေါ်ထားခဲ့သည်မှာ သူ သည် သူမ၏ခန္ဓာကိုယ်ကို ကုသချင်၍ဖြစ်သည်။ ဤကဲ့သို့မိသားစုဆိုလျှင် သူမ မည်သည့်အရာကိုမျှော်လင့်ရဦးမည်နည်း။