Chapters

မြေးကအဘိုးကိုလန့်အောင်လုပ်ခြင်း

Vol. 40 Ch. 795

မြေးကအဘိုးကိုလန့်အောင်လုပ်ခြင်း

Vol. 40 Ch. 795

“ဒေါ်လေး ကျွန်တော်ပေးတဲ့မှော်သားရြကို မကြည့်တော့ဘူးလား” ပေထင်းဟွမ်သည် ရှေ့မှအသက်လှောင်အိမ်ကို ညွှတ်ပြလေသည် “ဒီကျောက် စိမ်းဦးချိုမြွေက ရေခဲမှော်သားရဲပဲ၊ အရမ်းအားကောင်းတာနော်၊ ကျွန်တော် သူ့ကိုဖမ်းတုန်းက တော်တော်ခံလိုက်ရတာ၊ ဒေါ်လေး နောက်ဆိုရင် ကျွန်တော့် ကို ကူပြီးသင်ခန်းစာပေးပေးဦး”

ကျောက်စိမ်းဦးချိုမြွေသည် အသက်လှောင်အိမ်ထဲတွင်လဲလျောင်းနေပြီး သေချင်ယောင်ဆောင်နေချိန်တွင် ထိုစကားကိုကြားသောအခါ ဒေါသထွက်၍ မေ့လဲလုမတတ်ပင်။ သူသည် အသက်ခပ်ပြင်းပြင်းရှူကာ မျက်လုံးများကိုမှိတ် လိုက်၏။ သူသည် ဒေါသမထွက်ရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေသည်။ ၎င်းသည် ဤမျှအရှက်ကင်းမဲ့ပြီး ဝမ်းမည်းသည့်သူမျိုး ကြုံဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ သူသည် သူ့အတွက် ခက်ခဲအောင်လုပ်မည် မဟုတ်ပေ။

“ဟုတ်ပြီ ငါ သူ့ကိုကောင်းကောင်း လေ့ကျင့်ပေးလိုက်ပါမယ်” သေချာ ပေါက်ပင် ပေထင်းလင်သည် ကျောက်စိမ်းဦးချိုမြွေမှ ပေထင်းဟွမ်အား ဒေါသ ဖြင့်ကြည့်သည့်အကြည့်ကို မလွတ်ပေ။ ကျောက်စိမ်းဦးချိုမြွေသည် နစ်နာသူ ဖြစ်သည်။

သူတို့သုံးယောက် အခန်းထဲတွင်စကားပြောနေချိန်တွင် ပေထင်းချင်းနှင့် ရှီမန်ဆုန်းတို့ အလျင်စလိုရောက်လာကြသည်။ ပေထင်းလင် ထွက်သွားလိုက် ၏။ မည်သူကမှ နတ်သားရဲ၏ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိပေ။ သူမသည် အမြန်ပြေးကာ ထိုမှော်သားရဲနှင့် စာချုပ်တည်ထောင်သည်။

ခဏအကြာတွင် ပေထင်းရွေ့နေသည့် ခြံဝင်းထဲတွင် အားကောင်းသော စွမ်းအင်အတက်အကျ ပေါ်လာသည်။ ပေထင်းချင်းသည် အံ့ဩလွန်းရာ ပြေးထွက်သွားမည်အပြုတွင် ပေထင်းကျင်မှ တားလိုက်လေသည် “သွားကြည့် ဖို့မလိုဘူးရယ် ဦးလေးအဆင့်တက်တာဖြစ်မယ်”

“အဆင့်တက်တယ်ဟုတ်လား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူ အဆင့် မတက်တာ ၁၄ နှစ်ရှိပြီ အခု သူအဆင့်တက်တယ်ဆိုတော့..” ပေထင်းချင်း၏ အကြည့်သည် ပေထင်းဟွမ်ဆီသို့ရောက်သွားပြီး သူမကို ဆုပ်ကိုင်လိုက်လေ သည် “မြေးလေး မင်းဦးလေးကို စားကောင်းတာတစ်ခုခုပေးလိုက်တာလား”

သူ့စကားမဆုံးခင်မှာပင် ပေထင်းလင်နေသည့် ခြံဝင်းတွင် ပေါများသော စွမ်းအင်အတက်အကျဖြစ်ပေါ်လေသည်။ သည်တစ်ကြိမ်တွင် မိသားစု အကြီးအကဲတချို့သည် သတိချပ်ကာ မိုးပေါ်သို့ပျံတက်ကြသည်။ ပေထင်းလင် နှင့် ပေထင်းရွေ့တို့နှစ်ယောက်လုံး အဆင့်တက်ကြသည်။ ပါရမီရှင်ဟောင်း၊ လက်ရှိ အဆင့်မတက်၍ အမှိုက်ဖြစ်နေသော ပေထင်းရွေ့သည် တစ်ခါတည်း အဆင့် ၄ ဆင့်ထိုးတက်သွားကာ ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးမှ ဓား ၃ လက်ကြယ်ဝိညာဉ်သခင်ဖြစ်သွား၏။

ပေထင်းလင်သည် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ဖြစ်သွးသည်။

ပေထင်းလန်၏မတော်တဆမှုပြီးသည့်နောက် မောင်နှမများ၏ ကျင့်ကြံ မှုများ တုံ့ဆိုင်းသွားရာ ပေထင်းချင်းအတွက် နာကျင်စရာတစ်ခုဖြစ်လာသည်။ ထပ်ပေါင်းပြောရလျှင် အကြီးအကဲကြီးသည် အမြဲတမ်းအတားအဆီးဖြစ်ခဲ့ သည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူတို့သည် လွယ်ကူသည့်အချိန်ဟူ၍ မရှိ ခဲ့ပေ။ ယခုအချိန်တွင် ပေထင်းရွေ့နှင့် ပေထင်းလင်တို့သည် အဆင့်တက်ကြရာ မိသားစုမှ ဆုပေးသင့်သည်ဟု လူတစ်ယောက်လာပြောချိန်တွင် ပေထင်းချင်း သည် အတန်ကြာသည်အထိ ဆွံ့အပြီး အော်ငိုချင်မိသည်။

ပေထင်းဟွမ်သည် မျက်လွှာချထားသည်။ သူမသည် ထိုစဉ်က ဤအဘိုး ကြီး နှလုံးသားမဲ့စွာဖြင့် သူမအား ဘာကြောင့်ပစ်ထားခဲ့သနည်းဟု အစက မေးချင်သော်လည်း ရုတ်တရက် မေးရန်မလိုတော့သလိုခံစားရသည်။

ဝိညာဉ်သခင်ကြီးက ဘယ်လိုလုပ် ဆံပင်ဖြူမှာလဲ။ သူ့ကို မေးလိုက်လျှင် ဓားနှင့်နှလုံးကို ထိုးစိုက်လိုက်သကဲ့သို့ဖြစ်သွားချေမည်။

“ဘာပဲဖြစ်ဖြစ် အကြီးအကဲတွေ ဆုံးဖြတ်ပါစေ၊ မိသားစုထဲက ဘယ်ဆုက ငါ့မြေး သူတို့ကိုပေးတာနဲ့ယှဉ်နိုင်မှာလဲ” ပေထင်းချင်းသည် လက်ကို မမူ့သလို ဝေ့ယမ်းလေသည်။ ပေထင်းရွေ့နှင့် ပေထင်းလင်းတို့၏ အဆင့်တက်မှုတွင် ပေထင်းဟွမ် တစ်စုံတစ်ရာပတ်သက်လိမ့်မည်ဟု သူ ခိုင်ခိုင်မာမာယုံကြည်ထား သည်။

“အဘိုး ဦးလေးနဲ့ဒေါ်လေးကို သွားကြည့်ရအောင်၊ အစ်ကိုရှီမန်ဆုန်းက ကျွန်တော့်ကိုရှာနေတာ၊ ဒီမှာရပ်နေရင် သူဘာပြောမလဲ” ပေထင်းဟွမ်သည် နောက်ဆုံးတွင် မကောင်းသည့်ခံစားချက်မျိုးမပါဘဲ အဘိုးဟုခေါ်လိုက်သည်။ သို့သော် ပေထင်းချင်းသည် ကြောက်လန့်ကာ ခုံပေါ်မှကျလုမတတ်ပင်။

သူသည် မြေပေါ်သို့လဲကျသွား၏။ အခန်းအတွင်းအပြင်မှလူများနှင့် ပေထင်းရွေ့အခြေအနေကို တင်ပြပြီးအစေခံများအားလုံး မှင်တက်သွားကြ၏။ ဝိညာဉ်သခင်ကြီးတစ်ယောက်သည် ခုံပေါ်မှ ပြုတ်ကျရခြင်းအကြောင်းအရင်း ကို သူတို့နားမလည်ကြပေ...