Chapters

ရှောင်ကျို့ မင်းက အဂ္ဂိရတ်ပညာရှင်မလား

Vol. 40 Ch. 796

ရှောင်ကျို့ မင်းက အဂ္ဂိရတ်ပညာရှင်မလား

Vol. 40 Ch. 796

ပေထင်းဟွမ်သည် သူ့ကိုအလျင်အမြန်ဆွဲကာ အင်္ကျီကိုခါပေးလိုက်၏။ သူမ စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေသည် “အဘိုး အဘိုးကအသက်ကြီးနေပြီကို အတွေ့အကြုံမရင့်သေးဘူး၊ ဦးလေးနဲ့ဒေါ်လေးတို့ အဆင့်တက်ရုံပဲကို ဘာတွေ လန့်စရာပါလို့လဲ”

သို့သော် ပေထင်းချင်းသည် ပေထင်းဟွမ်အား ဆွဲပွေ့ဖက်လိုက်သည်။ သူသည် ခန္ဓာကိုယ်တုန်သွားသည်အထိ စိတ်လှုပ်ရှားနေသည် “ကလေး မင်းကို အရင်တုန်းက အဲလိုဆက်ဆံခဲ့တာကို ငါ့ကိုအပြစ်တင်လား”

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏မျက်လုံးထဲ တွင် မျက်ရည်များရှိသော်လည်း တောင့်ခံထားသည်။ သူမသည် ပြုံးပြီး တည်ငြိမ်သောအသံဖြင့် ပြောလေသည် “ကျွန်တော်တို့က မိသားစုတွေ မဟုတ်ကြဘူးလား၊ မိသားစုတွေကို ဘာမုန်းစရာရှိလို့လဲ၊ ရန်ငြိုးတွေကိုင်ထား ရမှာလား၊ အဘိုးက ကျွန်တော့်ကို မချစ်ဘူးဆိုရင်၊ ရန်ငြိုးထားချင်ထားမှာပေါ့၊ ဒါပေမဲ့ အဘိုးကိ ကျွန်တော့်ကို ကာကွယ်ပေးတယ် အဘိုး ကျွန်တော့်ကို ဂရုစိုက်တာနဲ့ ဘာနဲ့မှမယှဉ်နိုင်ပါဘူး”

“အဘိုးက လူမှားယုံစားပြီးတော့ ကိုယ့်မြေးကိုခံစားရအောင်လုပ်တာ အဘိုးအမှားပါ” ပေထင်းချင်းသည် အကြောင်းအရင်းကိုရှင်းမပြဘဲ ပေထင်းဟွမ်၏ပခုံးကို ပုတ်ပေးလေသည်။ “မြေးလေးက ဒီလောက်အရွယ် လေးနဲ့ စိတ်သဘောထားကြီးလိုက်တာ၊ အဘိုးမှာ မင်းရဲ့အစ်ကိုကြီး၊ မင်းရဲ့အဖေနဲ့ မင်းလိုမျိုး ထူးချွန်တဲ့ဆက်ခံသူရှိတာ နောင်တမရဘဲသေနိုင်ပါပြီ”

ပေထင်းချင်းထွက်သွားပြီးနောက် သူသည် ပေထင်းလင်နှင့် ပေထင်းရွေ့ တို့၏ ခြံဝင်းဆီသို့သွားကာကြည့်သည်။ ပေထင်းရွေ့သည် ကောင်းကင်အဆင့် သို့ တက်ကာ နေကိုးစင်းလျှပ်စီးကျားသစ်၏ ကောင်းကင်မီးကိုသုံးကာ ဆေးသန့်စင်နေပြီဖြစ်သည်။ သူသည် ဒယ်စောက်ဘေးတွင်ထိုင်ကာ မီးမွှေးကာ ခွန်အားကို စမ်းသပ်နေပြီဖြစ်သည်။

ပေထင်းလင်သည် ပြတင်းပေါက်ဘေးတွင်ရပ်ကာ အစ်ကိုကြီးဖြစ်သူ ပေထင်းလန် ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် ချယ်ရီပင်ကို ကြည့်နေလေသည်။ ၎င်းသည် ရာသီစာသစ်သီးများသီးနေပြီဖြစ်၏။ စိမ်းလန်းသောအကိုင်းအခက် နှင့် သစ်ရွက်များသည် သူမ၏အစ်ကိုကြီးဖြစ်သူကို လွမ်းဆွတ်စေသည်။

ပေထင်းချင်းသည် ကြည့်ပြီးနောက် ဝမ်းနည်းလာသည်။ ယခုအချိန်တွင် တခြားမိသားစုခေါင်းဆောင်သုံးယောက်လည်း လာရောက်လည်ပတ်ကြသည်။ ပေထင်းချင်းသည် သူတို့ကို ဧည့်ခန်းတွင် သွားရောက်ကြိုဆိုရသည်။ သူသည် စိတ်မရှည်စွာဖြင့် ပြောလေသည် “အဘိုးကြီးတွေက ဘာအကြောင်းရှိလို့ ဒီအထိရောက်လာကြတာလဲ”

ပေထင်းကျင်၏ခြံဝင်းထဲတွင် ပေထင်းဟွမ်သည် ယန်ယဲ့ဆီမှရခဲ့သော ဝိညာဉ်လက်ဖက်ရည်ထုတ်ကာ လက်ဖက်ရည်တစ်အိုးတည်နေသည်။ သူတို့ သုံးယောက်သည် ခြံဝင်းထဲရှိ သစ်ပင်ကြီးအောက်တွင်ထိုင်ကာ စကားပြောရင်း လက်ဖက်ရည်သောက်နေကြသည်။

ဤကဲ့သို့အားလပ်ချိန်ရသည်မှာ ရှားပါးသည်။ သို့သော် ရှီမန်ဆုန်း၏ မျက်နှာအမူအရာအရ ပေထင်းဟွမ်ကို ရိုးရိုးလက်ဖက်ရည်သောက်ရန် ခေါ်ခြင်းမဖြစ်နိုင်ပေ။

“ရှောင်ကျို့ မင်းက အဂ္ဂိရတ်ပညာရှင်မလား” ရှီမန်ဆုန်းသည် လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးကို လှည့်ပြီး ထောင်းထောင်းထနေသော အငွေ့များ ကို ကြည့်နေသည်။

ခွမ်း

ပေထင်းကျင်၏လက်ထဲမှ လက်ဖက်ရည်ခွက်သည် မြေပေါ်သို့ကျပြီး ကွဲသွားလေသည်။ သူသည် ခေါင်းမော့ကာ ရှီမန်ဆုန်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။ ဒီလူကဘာဖြစ်နေတာလဲ။ ရှောင်ကျို့က အဂ္ဂိရတ်ပညာရှင်ပါ လို့ ပြောလိုက်တာလား။

သို့သော် သူတို့နှစ်ယောက်လုံးသည် မိသားစုကြီးလေးခုမှ အရည်အချင်းရှိ သူများဖြစ်ကာ အချင်းချင်းယှဉ်ပြိုင်လေ့ရှိကြသည်။ ပေထင်းကျင်သည် ရှီမန်ဆုန်းကို ကောင်းကောင်းနားလည်သည်။ သူသည် ထင်ကရကောက်ချက် ချမည့်သူမဟုတ်ပေ။ ဘာတွေဖြစ်ကုန်တာလဲ။

ပေထင်းဟွမ်၏ဆေးများကို ညအရှင်သခင်အိမ်တော်မှ သန့်စင်ထားသည် ဟု အားလုံးထင်ထားကြသည်။ ရှီမန်ဆုန်းတစ်ယောက်သာ ပေထင်းဟွမ် သန့်စင်ထးသည်ဟု သေချာနေသည်။ ပေထင်းဟွမ်သည် လုံးဝမအံ့ဩပေ။

ရှီမန်ဆုန်းသာ တခြားသူများကဲ့သို့တွေးလျှင် ပေထင်းဟွမ်သည် သူ့ကို အကဲဖြတ်မှားသည်ဟု တွေးပေတော့မည်။

“ရှောင်ကျို့ ရွှေသားရဲလေးကောင်ဒယ်စောက်က မင်းလက်ထဲမှာပဲ၊ မင်းက ဆေးသန့်စင်တာသင်ချင်တယ်လို့ အရင်ကပြောခဲ့တယ်လေ၊ မင်းက အဆင့် ၄ ဆေးကို ဒီလောက်မြန်မြန် သန့်စင်နိုင်လိမ့်မယ်လို့ထင်မထာဘူး” ရှီမန်ဆုန်း ပြောလေသည်။

ထိုအရသည် ပေထင်းကျင် မသိသည့်အရာဖြစ်သည်။ ပေထင်းဟွမ်သည် ယန်ယဲ့ဆီမှ အဂ္ဂိရတ်ပညာသင်ယူသည်ကိုသာသိပြီး ရက်အနည်းငယ်အတွင်း အဆင့် ၄ ဆေးကို သန့်စင်နိုင်ရန် မဖြစ်နိုင်ဟု ထင်ထားသည်။