ညအရှင်အိမ်တော်ကို ရှာချင်မှု
Vol. 40 Ch. 797
သူတို့၏ဦးလေးပေထင်းရွေ့သည် မြို့တော်တွင် အလွန်ကျော်ကြားပြီး အရည်အချင်းရှိသောအဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာ ပြီးနောက် သူသည် နေ့ရောညပါလေ့ကျင့်မှ အဆင့် ၃ ဆေးကိုသန့်စင်နိုင်ခဲ့ သည်။ ပေထင်းဟွမ် မည်မျှပင်အရည်အချင်းရှိစေကာမူ တစ်လတောင်မပြည့် သေးသည့်အချိန်တွင် အဆင့် ၄ ဆေးကိုသန့်စင်ရန်မှာမဖြစ်နိုင်ပေ။
ထို့အပြင် ထိုဆေးများအားလုံးသည် အဆင့်တက်ရာတွင် အထေက်အကူ ပြုသည့် ဆေးများဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းတွင် တိုက်ကြီးပေါ်မှ အဂ္ဂိရတ်ပညာရှင်အများစုသည် ထိုကဲ့သို့မှော်ဆေးများကို သန့်စင်နိုင်ခဲ့သည်။ သူတို့သည် ထိုကိစ္စကိုကြားရုံသာကြားဖူးပြီး မမြင်ဖူးခဲ့ကြပေ။ အားလုံးရှေ့တွင် ရုတ်တရက်ပေါ်လာသောအခါ ထိုမကောင်းဆိုးဝါးယန်ယဲ့သန့်စင်ခြင်းမဟုတ် ဟု အားလုံးက သံသယမဝင်ကြပေ။
ယခုအခါ သန့်စင်သူမှာရှောင်ကျို့ပါဟု ရှီမန်ဆုန်းပြောနေသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
“ရွှေသားရဲလေးကောင်ဒယ်စောက်က အကြိမ်ပေါင်းမရေမတွက်နိုင် အောင်ပိုင်ရှင်ပြောင်းနေတာ၊ ရွှေသားရဲလေးကောင်ဒယ်စောက်ရတာကို အဂ္ဂိရတ်ပညာရှင်တော်တော်များများက ဂုဏ်ယူကြတယ်၊ ဒါပေမဲ့ နောက်ဆုံး ကျတေ့ သူတို့တွေက အဲဒီဒယ်စောက်ကို မှီခိုပြီး ဆေးကောင်းကောင်း မသန့်စင်နိုင်ခဲ့ကြဘူး၊ အဲအစား ဒယ်စောက်ပေါက်ကွဲနိုင်ခြေက ပိုမြင့်လာတယ် လို့ငါကြားဖူးတယ်၊ ရှောင့်ကျို့မှာ ဒီဒယ်စောက်ရှိရင်တောင် သူက အဂ္ဂိရတ် ပညာရှင်ပါလို့ မဆိုလိုဘူးလေ” ပေထင်းကျင်သည် ပြုံးပြီးပြောလိုက်သည် “ညီအစ်ကိုဆုန်း အရမ်းစိတ်ကူးမယဉ်ပါနဲ့”
ရှီမန်ဆုန်းသည် ပြိုင်ဘက်ဖြစ်သောပေထင်းကျင်ကို အမြဲတမ်း တန်ဖိုး ထားခဲ့သည်။ သို့သော် ယခုအခါ သူ့ကို အာရုံစိုက်ထားရန် ပျင်းလွန်းနေပြီဖြစ် ၏။ သူသည် ပေထင်းဟွမ်ကိုသာ ပြောလေသည် “ရှောင်ကျို့၊ မင်းက တကယ် ပဲ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်ဆိုရင် ငါတောင်းဆိုစရာတစ်ခုရှိတယ်” သူသည် မတ်တတ်ရပ်ပြီး ပေထင်းဟွမ်အား ဦးညွှတ်လေသည်။
ပေထင်းဟွမ်သည် သူ့ဆီမှ လေးနက်သော ဦးညွှတ်မှုမျိုး မည်သို့ခံယူရ မည်နည်း။ သူမသည် အမြန်ပင်မတ်တတ်ရပ်ကာ ဘေးသို့ရွှေ့လိုက်သည်။ သူမသည် လက်ဆန့်တန်းကာ နူးညံ့သောအားထည့်ကာ ရှီမန်ဆုန်း ဂါရဝပြု မည့်အရေးကို တားဆီးလိုက်သည်။ သူမ ပြောလေသည် “အစ်ကိုရှီမန် ဒီလိုလုပ် မယ်ဆိုရင် ကျွန်တော် စိတ်ဆိုးတော့မှာ၊ ညီအစ်ကိုတွေကြားမှာ ဒီလိုလုပ်ဖို့ လိုလို့လား”
“အစ်ကိုကြီးမှာ တောင်းဆိုစရာနှစ်ခုရှိပါတယ်၊ တစ်ခုက နန်းတော်ထဲဝင် ပြီး လူတစ်ယောက်ကိုတွေ့ဖို့ပါ၊ ဒါပေမဲ့ ငါ့ဘာသာတော့ ဝင်လို့မရဘူး၊ မင်း ဘက်က ကူညီပြီး ညအရှင်အိမ်တော်ကို သတင်းပို့လိုက်ရင် ခဏလောက်တော့ ဝင်လို့ရမယ်” ရှီမန်ဆုန်းသည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် တောင်းဆိုခြင်းဖြစ်သည်။ သူ စကားပြောချိန်တွင် လရောင်အောက်ရှိ ထင်းရှူး ပင်ကဲ့သို့ဖြစ်လေ့ရှိသည့်တစ်စုံတစ်ယောက်၏ မျက်နှာသည် နီရဲလာသည်။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်မိသည်။ ရှီမန်ဆုန်း၏နီရဲသော မျက်နှာသည် သူမကို မှင်တက်စေသည်။
သို့သော် ပေထင်းကျင်သည် တလေးတစားနှင့် အာရုံစူးစိုက်ထားသည်။ သူ နှာမှုတ်လေသည် “မိသားစုကြီးလေးခုရဲ့ တိုက်ရိုက်ဆက်ခံသူတွေက နန်းတွင်းကိုဝင်ချင်ရင် သူများပြောတာနားထောင်ရဦးမှာလား”
ရှီမန်ဆုန်းသည် ခေါင်းခါလေသည် “ဒီလတော်ဝင်လေလံပွဲကြောင့် အင်ပါယာမြို့တော်ကို စောင့်ကြပ်ဖို့ ညအရှင်အိမ်တော်ကလူတွေကို စီစဉ်ပေးခဲ့ တယ်၊ တကယ်တော့ ရှောင်ကျို့ကို ဆေးကူပြီးသန့်စင်စေချင်တာပါ၊ ကျင်အာ ကျင့်ကြံနိုင်ရင် သခင်က ဘာကိုမှမငြင်းဖို့မျှော်လင့်ပါတယ်”
ပေထင်းကျင်သည် ရုတ်တရက်ခေါင်းမော့လာသည်။ သူသည် ရှီမန်ဆုန်း ကို အတန်ကြာအောင်စိုက်ကြည့်ပြီးနောက် ခေါင်းခါကာ သက်ပြင်းချလေ၏။
ဤပါဝင်မှုသည် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်အရေးကိစ္စဖြစ်သည်။ ပေထင်းဟွမ်သည် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာတွင် ဝင်ပါရသည်ကို မနှစ်သက်သော်လည်း ရှီမန်ဆုန်း၏ ဘဝကိုတော့ သိချင်မိသည်။ သူမ မေးလိုက်သည် “အစ်ကို ရှီမန် ကျင်းအာက ဘယ်သူလဲ”
“သူ့ဝမ်းကွဲညီမ၊ ညအရှင်သခင်ရဲ့ညီမလေးပဲ၊ သူမက မွေးကတည်းက ယင်အကြောပိတ်နေလို့ မကျင့်ကြံနိုင်ဘူး၊ ညအရှင်သခင်ကို ကူညီပေးဖို့ အစ်ကိုဆုန်းက တစ်ခါပြောဖူးတယ်၊ ညအရှင်သခင်က သူမရဲ့အကြောကို သိသွားပြီးတော့ တစ်နေ့ကျ အဆင့်တက်ဆေးသန့်စင်နိုင်မယ့်ဆေး သန့်စင်နိုင် မယ့်သူပေါ်လာရင် သူတို့ညီမလေး ပျောက်မှာဆိုပြီးပြောခဲ့တယ်” ပေထင်းကျင်သည် ရှီမန်ဆုန်းအား စိုက်ကြည့်လေသည် “မင်းထုတ်လိုက်တဲ့ ဆေးတွေကို မင်းသန့်စင်တယ်လို့ သူကထင်လို့ သူ့ဝမ်းကွဲညီမကို စစ်ဆေး ကြည့်ဖို့ပြောတာပဲ”
ညီမဝမ်းကွဲဖြစ်သူအကြောင်းပြောချိန်တွင် ရှီမန်ဆုန်း၏ မျက်လုံးထဲမှ ပုံမှန်မဟုတ်သော နူးညံ့မှုများကိုကြည့်ပြီး သာမန်ဝမ်းကွဲမဟုတ်သည်ကို ပေထင်းဟွမ်သိလိုက်သည်။
ပေထင်းဟွမ်သည် ရှီမန်ဆုန်း၏ တောင်းဆိုမှုကို မငြင်းနိုင်ပေ။ သူမ ခေါင်းညိတ်လိုက်သည် “အစ်ကိုရှီမန် စိတ်မပူပါနဲ့.. ကျွန်တော်လုပ်နိုင်သရွေ့ အကောင်းဆုံးလုပ်မှာပါ”