Chapters

မလိမ္မာတဲ့ကလေးကို ကောင်းကောင်းကြပ်မတ်ရမယ်

Vol. 40 Ch. 798

မလိမ္မာတဲ့ကလေးကို ကောင်းကောင်းကြပ်မတ်ရမယ်

Vol. 40 Ch. 798

ရှီမန်ဆုန်းသည် အလျင်အမြန်ပင် မတ်တတ်ထကာ ပေထင်းဟွမ်အား လက်အုပ်ချီလေသည်။ “ရှောင်ကျို့ ကျင်းအရဲ့ ရောဂါကို ကုနိုင်သည်ဖြစ်စေ၊ မကုနိုင်သည်ဖြစ်စေ မင်းငါ့ကို ကူညီချင်ရင် အစ်ကိုရှီမန်ရဲ့အသက်က မင်း အပိုင်ပါပဲ”

ဝိညာဉ်သခင်မိသားစုကြီးလေးခု၏ တတိယမြောက်တိုက်ရိုက် မျိုးဆက်၊ ရှီမန်မိသားစု၏ ဆက်ခံသူသည် ပေထင်းဟွမ်အား ဤမျှသစ္စာရှိမှုကို ပြသလိမ့် မည်ဟု ပေထင်းကျင် ထင်မထားပေ။ သို့သော် ခင်မင်မှုကို တန်ဖိုးထားတတ် သော ရှီမန်ဆုန်းသည် ကတိတည်တတ်သည်ကို သူ သိသည်။ သူသည် လေးစားခံရထိုက်သည့် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် ပေထင်းဟွမ်အားပြောလေသည် “ရှောင်ကျို့ အဲဒီဆေးသန့်စင်တဲ့သူကို ပြောရ တာ ခက်နေရင် အစ်ကိုကြီးနဲ့ အစ်ကိုကြီးရှီမန်တို့နဲ့မိတ်ဆက်ပေးလေ ငါတို့ သူ့ကိုတောင်းဆိုကြည့်မယ်”

ပေထင်းကျင်သည် ညီမဖြစ်သူကို ကိုယ်တိုင် အကူအညီမတောင်းစေချင် ပေ။ သို့သော် သူကိုယ်တိုင် ညအရှင်သခင်ကို တောင်းဆိုရလျှင်တောင် စိတ်မရှိ ပေ။

ပေထင်းဟွမ်သည် မည်သို့ပြောရမည်ကို မသိတော့ပေ။ သူမသည် နှာခေါင်းထိကာ ရှက်ရွံ့စွာပြောလေသည်။ “အစ်ကိုကြီး အဲဒီဆေးတွေကို ကျွန်တော်ကိုယ်တိုင် သန့်စင်တယ်လို့ပြောရင် ယုံမှာလား”

ပေထင်းကျင်၏ မျက်လုံးများ ထပ်မံပြူးကျယ်သွားသည်။ သူသည် သူ့ ဘဝတွင် ဤမျှ မထိတ်လန့်ဖူးပေ။ ယခုအချိန်တွင် သူသာမကဘဲ အပြင်မှ ခြံဝင်းထဲသို့ ဝင်လာသော လူတစ်စုပင်လျှင် ပေထင်းဟွမ်၏စကားများကို ကြားချိန်တွင် လဲကျကြလေသည်။

“ဟား ဟား ကျုပ်ပြောတာကို မယုံဘဲ သူ့ကို ကိုယ်တိုင်မေးမယ်လို့ ခေါင်းမာနေကြတာ၊ အခုဘယ်လိုနေလဲ၊ အရိုးတွေတော့ ကျိုးမသွားဘူးမလား”

ရှီမန်ကျင်၏အသံသည် တံခါးအပြင်ဘက်မှထွက်ပေါ်လာသည်။ ရှီမန်ဆုန်းသည် မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာနှင့် ထိုလူများကို နှင်ထုတ် ချင်သော်လည်း ပေထင်းဟွမ်မှ တားလေသည်။ သူမသည် ဘေးမှအစေခံကို ပြောလိုက်သည် “အပြင်ထွက်ပြီး အဲဒီဆေးတွေက ငါ့ခံစားချက်ပေါ်မှာ မူတည် ပြီးသန့်စင်တာလို့ သွားပြောလိုက်၊ ငါ ဒီနေ့ခံစားချက်မကောင်းလို့ သူတို့ဘာသာ ပဲနေပါလို့၊ သူတို့က ငါ့ကိုမပျော်အောင်လုပ်ရင် နောက်ဆိုဆေးတစ်လုံးတောင် ရမှာမဟုတ်တော့ဘူးလို့”

အစေခံသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကာ မျက်နှာ ဖြူဖျော့သွားပြီး ခြေထောက်များပါ တုန်ယင်လာသည်။ သူသည် မိသားစု ခေါင်းဆောင်လေးယောက်ရှေ့တွင် ထိုစကားကိုပြောမိပါက ခေါင်းဆောင် လေးယောက်သည် သူ့ကို နုတ်နုတ်စင်းသွားလိမ့်မည်။ သို့သော် သူသည် ပေထင်းဟွမ်၏ ခက်ထန်သောမျက်နှာကိုမြင်သောအခါ ငြင်းလိုက်လျှင် သူ ချက်ချင်းသေသွားမည်ကို သိသည်။

ထင်ထားသည့်အတိုင်းပင် မိသားစုကြီးလေးခုခေါင်းဆောင်များအားလုံး ဤနေရာသို့ ရောက်လာကြသည်။ သူတို့ဝင်တော့မည်အချိန်တွင် ပေထင်းကျင် ၏ ခြံဝင်းထဲမှ အစေခံကတားလေသည်။ ပေထင်းဟွမ် စကားပြောပြီးနောက် သူတို့သည် ခေါင်းရှည်သည်အထိ စောင့်ရသည်။ မထင်မှတ်စွာပင် ခေါင်းဆောင် လေးယောက်နှင့် အကြီးအကဲများသည် ကြောက်တတ်သူများဖြစ်ကြသည်။

“ဒီကောင်လေးတော့ သူ့လိုမျိုး စကားနားမထောင်တဲ့ကလေးကို သေချာ ကြပ်ရမယ်ရမယ် မဟုတ်ရင် ပိုဆိုးလာတော့မယ်၊ ဒီကောင်လေးကို သင်ခန်းစာ ပေးနိုင်မလားကြည့်ဦးမယ်” ပေထင်းချင်းသည် ပြေးဝင်တော့မည်အပြုတွင် နန်ကုန်းချန်း တားလေသည်။ “ပြဿနာမရှာနဲ့တော့ ခင်ဗျားက ကိုယ့်မြေးကို ရိုက်ရရင် ကျုပ်ခေါင်းကိုဖြတ်ပြီး ခင်ဗျားအတွက် ကန်ဖို့ဘောလုံးလုပ်ပေးလိုက် မယ်၊ ဆေးတွေကို သခင်လေး ၉ သန့်စင်တယ်ဆိုတာသိရင် လွယ်သွားပြီပဲ”

“ဘာအဓိပ္ပာယ်လဲ” ပေထင်ချင်း မေးလေသည်။ ထိုကောက်ကျစ်သော မြေခွေးအိုကြီးတွင် အမြဲတမ်းအကြံအပြည့်ရှိသည်။ သူ၏မြေးသည် ဤ ကောက်ကျစ်သောမြေခွေးအိုကြီးနှင့် ဖြေရှင်းရန်မသင့်တော်ဟု သူ မထင်ပေ။

“အချိန်တန်ရင်သိလိမ့်မယ်၊ သူက အဂ္ဂိရတ်ပညာရှင်ပါလို့ ဝန်ခံတာကို နားထောင်ဖို့ ကျုပ်တို့ကဒီကိုလာတာလေ၊ အခု ကျုပ်တို့ပန်းတိုင်ရောက်သွား ပြီဆိုတော့ ပြန်သွားရင် ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးရမယ်” နန်ကုန်းချန်း သည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တစ်လှမ်းတိုးရာ လဲကျတော့မလိုဖြစ်သွားသည်။ အခန်းထဲတွင် ပေထင်းကျင်သည် ထိတ်လန့်လွန်းရာ မျက်လုံးများပြူးကျယ်ပြီး ထွက်ကျမတတ်ပင်။ ကံကောင်းစွာပင် သူသည် ထိန်းနိုင်သည်။ လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက် သူ ခုံပေါ်ကပြုတ်မကျတော့ပေ။ သူသည် ပေထင်းဟွမ်အား အတန်ကြာအောင်စိုက်ကြည့်ပြီးနောက် တည်ငြိမ်ဟန်ပြု လေသည်။ သို့သော် သူ့နှုတ်ခမ်းတောင့်ကို မပတ်နိုင်ဘဲ ပေထင်းကျင်သည် စိတ်မအေးနေပုံပေါက်လေသည်...