← Chapters

သူစိတ်ဆိုးနေတယ်

Vol. 40 Ch. 800

သူစိတ်ဆိုးနေတယ်

Vol. 40 Ch. 800

ပေထင်းဟွမ်သည် ခေါင်းခါလေသည်။ သူမသည် ယန်ယဲ့ပြဿနာရှာမည် ကိုကြောက်သဖြင့် ညအရှင်အိမ်တော်ကို သွားခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ အစ်ကိုနှင့်ယန်ယဲ့တို့ ရန်ဖြစ်မည့်အရေးကို ရှောင်ချင်သည်။ သေချာပေါက်ပင် သူမသည် ပေထင်းကျင်အား အတူသွားရန်သဘောမတူပေ “မလိုဘူးရယ် အစ်ကိုကြီး၊ ကျွန်တော် ညအရှင်နဲ့ အဂ္ဂိရတ်ပညာတွေဆွေးနွေး စရရှိသေးတယ်၊ အဲဒီမှာ အစ်ကိုကြီးပျင်းစရာကြီးဖြစ်နေလိမ့်မယ်၊ အဇူနရာနဲ့ပဲ စကားပြောနေကြပါ”

ပေထင်းကျင်သည် အမှန်တကယ်ပင် အဇူရာနှင့် စကားပြောချင်သည်။ ထို့အပြင် သူတို့သည် အနာဂတ်တွင် စစ်မြေပြင်တွင် သေအတူ ရှင်အတူ နေသွားရမည်ဖြစ်သဖြင့် ပေထင်းဟွမ်၏ အကြံပေးချက်ကို မငြင်းတော့ပေ။

ပေထင်းဟွမ်သည် ညအရှင်အိမ်တော်၏ ကိုယ်ရံတော်လေးယောက်ကို ဦးဆောင်ကာ ညအရှင်အိမ်တော်ဆီသို့ပျံသွားပြီး ညအရှင်နေထိုင်သည့် ခြံဝင်း ဆီသို့ တိုက်ရိုက်ဝင်လိုက်သည်။ အစောင့်လေးယောက်သည် ခြံဝင်းကို စောင့်ကြပ်ရန်ကျန်ခဲ့ချိန်တွင် ပေထင်းဟွမ်သည် ယန်ယဲ့၏အိမ်သို့ လာခဲ့လိုက် သည်။

ဝိညာဉ်လက်ဖက်ရည်၏ ခပ်သင်းသင်းရနံ့သည် ပြတင်းပေါက်မှဖြတ်ပြီး ခြံဝင်းထဲထိရောက်ကာ အစောင့်လေးယောက်၏ နှာခေါင်းထဲသို့တိုးဝင်လာ သည်။ သူတို့လေးယောက်သည် ပြတင်းပေါက်အား လှမ်းကြည့်လိုက်ကြသည်။ အဖြူရောင်ပြတင်းပေါက်ပေါ်တွင် အရိပ်တစ်ခုလင်းလက်လာသည်။ အစမှ အဆုံးထိ အစောင့်လေးယောက်သည် ပေထင်းဟွမ်ကိုသာ မြင်နေရသည်။ သူမ သည် လက်ဖက်ရည်ငှဲ့ပြီး တစ်ယောက်တည်းသောက်နေသည်။ သူတို့သည် သူမ ဘာလုပ်မည်ကို သိချင်ကြသည်။

“ယဲ့ ကျွန်တော့်ကို ကူညီပေးနိုင်မလား” ပေထင်းဟွမ်သည် ဝိညာဉ် လက်ဖက်ရည်သောက်ရင်းနှင့် လေဟာနယ်ထဲမှယန်ယဲ့အားမေးလေသည်။ “ပြီးတော့ မင်းသမီးကျင်းကလည်း ခင်ဗျားရဲ့ညီမပဲမဟုတ်ဘူးလား၊ သူမ အဆင့်တက်ဖို့အတွက်နဲ့ ရောဂါကုဖို့အတွက် ကုနိုင်မယ့်ဆေးကို သန့်စင်နိုင်တဲ့ သူက ကစဥ့်ကလျားနတ်အရင်းအမြစ်စွမ်းအားကို ငှားရမယ်လို့ ခင်ဗျားပြောခဲ့ တယ်မလား၊ ကြည့်လေ ကျွန်တော်တောင် ခင်ဗျားညီမကို ကူညီချင်စိတ်ရှိ တယ်...”

ပေထင်းဟွမ်သည် နားပူနားဆာလုပ်၍ ယန်ယဲ့မှ သူမကို လျစ်လျူရှုထား ခြင်းဖြစ်မည်။

သို့သော် ပေထင်းဟွမ် စကားများနေရာ ယန်ယဲ့သည် အိပ်မရတော့ပေ။ သူသည် နောက်ဆုံးတွင် စိတ်မရှည်စွာဖြင့် ပြန်ဖြေလေသည် “ဒီကမ္ဘာမှာ ငါ့ ညီမဖြစ်ဖို့ ထိုက်တန်တဲ့သူ ဘယ်သူမှမရှိဘူး၊ ငါက ဒီကိုရောက်လာပြီး သရုပ်မှန် လိုအပ်ရုံတင်ပဲ၊ ငါ့ကို သူတို့နဲ့လာမယှဉ်နဲ့”

“ရှန်းယန်ပိုကျ ဘယ်လိုလုပ်မလဲ၊ သူကရော ခင်ဗျားညီမဟုတ်တော့ဘူး လား” ပေထင်းဟွမ်သည် မပျော်တော့ပေ “ခင်ဗျားက ဘာလို့ ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ”

နှလုံးသားမဲ့တယ်ဟုတ်လား။

ယန်ယဲ့သည် ဒေါသထွက်၍ ရယ်မောလေသည်။ သူသည် နှလုံးသားမဲ့ သည်ဟု ကမ္ဘာပေါ်တွင်ပြောသူအများအပြားရှိသည်။ မဟုတ်ပေ၊ ထို့ထက်ဆိုး သည့် မှတ်ချက်များပင်ရှိသေးသည်။ သို့သော် သူ့ကို မည်သည့်အရာကမှ ဒေါသ ထွက်အောင်မုလပ်နိုင်ပေ။ ယန်ယဲ့သည် ချယ်ရီပင်အောက်တွင်လှဲလျောင်းနေ ရာမှ ကျောပေးကာ ပေထင်းဟွမ်အား လျစ်လျူရှုလိုက်သည်။

သူ ဒေါသထွက်သွားလေပြီ။

ဟူး... ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမသည် သူ့ကိုရန်စပြီး သူမနှင့် စကားများစေချင်သည်။ သူတို့ရန်ဖြစ်လိုက်သည်က ပိုကောင်းမည်။ သည်လိုဆိုလျှင် ပြဿနာကို ဖြေရှင်းရသည်မှာ ပိုလွယ်ကူသွားမည်။ ဤလူ၏ အကျင့်သည် ဖြေရှင်းရန်ခက်ခဲလိမ့်မည်ဟု မည်သူသိမည်နည်း။

“ယဲ့” ပေထင်းဟွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ ဝင်သွားကာ သူ့ဘေး တွင်ရပ်လိုက်သည်။ သူမသည် သစ်သားအိပ်ရာကို ကြည့်လိုက်သည်။ ဤလူ သည် လေဟာနယ်ထဲရှိ သစ်သားနှင့်တည်ဆောက်ထားခြင်းဖြစ်မည်။ သူ့ အရည်အချင်းသည် မဆိုးလှပေ။ သို့သော် ဤအခိုက်အတန့်တွင် ဤလူသည် သူမကို ကျောပေးထားပြီး ပေထင်းဟွမ်အတွက် ချီးကျူးစကားပင် ပြောမထွက် အောင်ဖြစ်စေသည်။

“ည” ပေထင်းဟွမ်သည် သူ့ကိုတွန်းလိုက်သ်ည။ ဤလူသည် သစ်တုံး ကဲ့သို့အိပ်နေသည်။ ပေထင်းဟွမ်သည် သူ့ကို မတွန်းနိုင်ပေ။ သူမသည် သူ့ပခုံး ပေါ်သို့ လက်တင်လိုက်သည်။ သူ၏ကြွက်သားများသည် တေင့်တင်းနေပြီး သံမဏိနှင့်မခြားပေ။ “ခင်ဗျားက ယောက်ျားရောဟုတ်ရဲ့လား၊ စိတ်ဆိုးရတာ ကို ဘာလို့ ဒီလောက်ကြိုက်တာလဲ”

ထိုစကားလုံးများသည် ယန်ယဲ့အား ဒေါသထွက်စေသည်။ သူလှည့်ပြီး ပေထင်းဟွမ်အား အမြန်ဆွဲကာ သူ၏ခန္ဓာကိုယ်အောက်သို့ ဆွဲသွင်းလိုက်သည် “ငါ ယောက်ျားဟုတ်မဟုတ်ကို စမ်းကြည့်ရင်သိမှာပဲ”

ပေထင်းဟွမ်သည် ထိတ်လန့်သွားကာ မျက်နှာပင်ဖြူဖျော့လာသည်။ သူ့ အောက်ရောက်နေ၍ ကြောက်ခြင်းမဟုတ်ဘဲ ‌ယန်ယဲ့၏မျက်နှာပေါ်မှ ဒေါသ သည် လောင်ကျွမ်းမတတ်ပင်။ သူသည် သစ်သားညောင်စောင်းကို လက်တစ် ဖက်ဖြင့်ကိုင်ထားကာ ပေထင်းဟွမ်၏ ညှပ်ရိုးကို နောက်လက်တစ်ဖက်ဖြင့် ပွတ်သပ်နေသည်။ သူ၏အမူအရာသည် လွန်စွာအန္တရာယ်များနေသည်။ သူသည် အံကြိတ်ကာ ပြောလေသည် “ပုံမှန်ယောက်ျားတစ်ယောက်ရဲ့ အစွမ်းအစကို မင်း ဘယ်တော့မှ မေးခွန်းမထုတ်သင့်ဘူး”

All Chapters