← Chapters

သိမ်းဆည်းရှင်းထုတ်ခြင်း

Vol. 81 Ch. 1121

သိမ်းဆည်းရှင်းထုတ်ခြင်း

Vol. 81 Ch. 1121

ငါ့အတိတ်ကို ရှင်းထုတ်ချင်တာလား။ ကောင်းပြီလေ။ ကစားကြည့်ကြည့်တာပေါ့ …

ရှုရှစ်က အချိန်စွမ်းအားဖြင့် ဓားတစ်လက်ကို ဆင့်ခေါ်ကာ တွေးလိုက်သည်။

အချိန်ပယ်ဖျက်ရေး ဓားချက်

ထိုဓားတစ်ချက်အဝေ့တွင် အချိန်မြစ်ကြောင်းက တုန်ခါသွားပြီး လှုံ့ဆော်သည့်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

ချုးလော့၏ မျက်နှာထားက ပြောင်းလဲသွားစဉ် သူ့အမှန်တရားမျက်လုံးက တစ်ဖက်လူ လုပ်နေသည့် အရာကို သဘောပေါက်သွား၏။ သူမက သူ့ဘဝ၏ အရေးကြီးသည့် ကဏ္ဍဖြစ်သည့် ကုရွှမ်စစ်ဆေးမှုအတွင်း ပါဝင်ခဲ့မှုကို ပယ်ဖျက်လိုခြင်း ဖြစ်သည်။

သူ့သေခြင်းတရားဓားချက်ကို သူမ၏ တိုက်ကွက်အား ပြန်လည်ရင်ဆိုင်ဖို့ အသုံးပြုခဲ့သည်။

အချိန်မြစ်ကြောင်းက ထပ်မံပြောင်းလဲသွားပြီး ထူးဆန်းသည့် တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာကာ ထိုနှစ်ဦးသားက တစ်ယောက်၏ အတိတ်ကို တစ်ယောက် ပယ်ဖျက်ဖို့ စဉ်းစားရင်း ရင်ဆိုင်လိုက်ကြသည်။

ဝုန်း

ချုးလော့နှင့် ရှုရှစ်ကို အလင်းနှစ်များစွာ လွင့်စင်သွားစေသည်။ သူတို့၏ အမူအရာက ဖြူဖျော့သွားကာ သွေးအန်လိုက်ရ၏။

တန်ပြန်သက်ရောက်မှုလား...

သူတို့က တွေးလိုက်မိသည်။ သူတို့ထင်ထားသည်က မှန်ကန်နေခဲ့၏။ အချိန်မြစ်ကြောင်းက သူတို့ အတိတ်ကို လွှမ်းမိုးသည့် ကြိုးပမ်းမှုကို အနှောင့်အယှက်ဖြစ်ကာ သူတို့ကို သင်ခန်းစာပေးလိုက်ခြင်း ဖြစ်၏။ သူတို့သည် ထိုအဆင့်အနေအထားဖြင့် ကစားဖို့ မထိုက်တန်ကြောင်း ပြသနေသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးသည့်နောက်တွင် ဆက်လက် တိုက်ခိုက်လိုက်ကြသည်။

ရှုရှစ်က တုံ့ဆိုင်းမနေဘဲ အားအကောင်းဆုံး တိုက်ကွက်ဖြစ်သည့် ကမ္ဘာဦးဟွင်သွမ်း မရဏကို ယူခဲ့သည်။

ကမ္ဘာဦးဟွင်သွမ်း မရဏက စကြဝဠာအတွင်း အရာအားလုံးနှင့် သက်ရှိအားလုံး၏ ဇာတ်မြစ် ဖြစ်၏။

ဟွင်သွမ်းစကြဝဠာ၏ သဘာဝဆင့်ကဲ ပြောင်းလဲမှုအရ ထိုအရာသည် တည်ရှိမှုတွင် ပထမဆုံးဖြစ်ပေါ်လာသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာသာ သေဆုံးသွားခဲ့လျင် မည်သို့ဖြစ်မည်နည်း။

ရှုရှစ်က သူမ၏ ဟွင်သွမ်းနှင့် မရဏ တာအိုအခွဲကို အသုံးပြုကာ အဖြေကို ရှာဖို့ ကြိုးစားခဲ့သည်။

ထို့ကြောင့် ကမ္ဘာဦးဟွင်သွမ်း သေဆုံးသွားသည်နှင့် အရာအားလုံး မတည်ရှိခင် အနေအထားသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာက ဗလာနတ္ထိသာ ဖြစ်၏။ ကမ္လာဦးဟွင်သွမ်းကို ဗလာနတ္ထိအခြေအနေမှ ဖန်တီးထားခြင်းဖြစ်ကာ စကြဝဠာတစ်ခု၏ မွေးဖွားမှုက မတည်ရှိခြင်းမှ တည်ရှိခြင်း၊ ပုံရိပ်ယောင်မှ အစစ်အမှန်ဖြစ်လာသည့် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။

ထိုနည်းစနစ်ဖြင့် ရှုရှစ်က ဗလာနတ္ထိစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ချုးလော့က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေစဉ် ကြောက်မက်ဖွယ် စွမ်းအားသည် မီးခိုးရောင် တိမ်နက်အဖြစ် သဏ္ဍာန်ပေါ်လာပြီး သူ့ကို ဗလာနတ္ထိအဖြစ် ရောက်အောင် လျော့ချပစ်ဖို့ သူ့ဆီ ပြေးဝင်လာသည်။

လှလိုက်တာ ဒါပေမဲ့ ကြောက်ဖို့ကောင်းတယ်...

သူက ထိုတိမ်တိုက်ကို ကြည့်ရင်း တွေးလိုက်သည်။ သူ့အတွေးက အရာအားလုံးထက် မြန်ဆန်နေလေ၏။ ထိုနည်းစနစ်က ပြောင်မြောက်သော်လည်း သူ့အနေဖြင့် ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ရှိနေသည်။

ငါက ဗလာ- ဟွင်သွမ်း ပြောင်းလဲရေး မီးပြင်းဖိုကို ဖန်တီးပြီးတော့ ဗလာနတ္ထိကို ကမ္ဘာဦးဟွင်သွမ်းအဖြစ် ပြောင်းလဲလို့ရတာပဲ။ ဒီကြောက်မက်ဖွယ် စွမ်းအားက ငါ့နည်းစနစ်ကို ဝါးမြိုမသွားအောင်တော့ သေချာလေး တားရမယ်။ ငါသာ ဒါလုပ်မယ်ဆိုရင် ဖြစ်နိုင်ချေ ရှိတယ်။ ငါတို့တွေက လက်ရည်ညီတဲ့ အနေအထားကို ပြန်ရောက်ရှိသွားနိုင်တယ်...

ချုးလော့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့အကြည့်များက ထိုတိုက်ပွဲကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက တစ်စုံတစ်ယောက် အမှားမလုပ်ခင် နှစ်ရာချီ သို့မဟုတ် ဆယ်စုနှစ်ချီကာ တိုက်ခိုက်ဖို့ ဖြစ်ကြောင်း ပြောနေလေ၏။ သူက သက်ပြင်းချလိုက်သည်။

ငါ့ရဲ့အတ္တနဲ့ ဖုံးလွှမ်းသွားစေလို့ မဖြစ်ဘူး။ ဒါကိုသုံးလိုက်တာနဲ့ ဝမ်ဝေ့က ပေါ်ထွက်လာစရာအပြင် ရွေးချယ်စရာ‌ မရှိတော့ဘူး...

ချုးလော့၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားကာ စက္ကန့်ပိုင်းလေးအတွင်း သူ့အရှိန်အဝါက ထိပ်သီးခြောက်ဆ တိုက်ခိုက်ရေးအဆင့်မှ ကိုးဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ သိပ်မကြာခင် သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၆၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ရပ်တန့်သွားခဲ့သည်။ သူ့အရှိန်အဝါ တစ်ခုတည်းဖြင့် ထိုမီးခိုးရောင် တိမ်တိုက်ကို နှေးကွေးသွားစေနိုင်သည်။

ရှုရှစ်က အံ့အားသင့်သွားလေ၏။ ထိုရုတ်ချည်းပြောင်းလဲမှုက သူမ ထင်မှတ်ထားသည့် အရာတစ်ခု မဟုတ်ပေ။

ဒါက...

သို့သော်လည်း သူမက အတွေးမဆုံးခင် သို့မဟုတ် မတုံ့ပြန်နိုင်ခင် ချုးလော့က လက်သီးဆုပ်လိုက်၍ အားပြင်းပြင်း က သူမ၏ တိုက်ကွက်ကို ချက်ချင်းဆိုသလို ဖျက်ဆီးသွားလေသည်။

"ပျောက်ကွယ်သွားလိုက်တော့"

သူက ရဲတင်းစွာ ကြေငြာလိုက်ပြီး စွမ်းအားနှင့် အရှိန် အပြည့်အဝပါဝင်နေသည့် လက်ဝါးတစ်ခုကို ဖန်တီးလိုက်သည်။ အရာအားလုံးက မြန်ဆန်လွန်းလှ၍ ရှုရှစ်အနေဖြင့် တုံ့ပြန်ဖို့ အချိန်မရခဲ့ပေ။

ဘန်း

ထိုတိုက်ကွက်က ဒိုင်မေးရှင်းအများစု တစ်လျှောက် ပျံ့နှံ့သွားသည့် ကြောက်မက်ဖွယ် တုန်ခါလှိုင်း တစ်ခု ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုအရာအားလုံး တည်ငြိမ်သွားသည်နှင့် ရှုရှစ်က အကောင်းအတိုင်း ရပ်နေဆဲ ဖြစ်၏။ အကြောင်းမှာ ခဲဖြူရောင် ဆံပင်နှင့် ရုပ်ချောချော အမျိုးသားတစ်ဦးက သူမရှေ့တွင် ရှိနေ၍ ဖြစ်သည်။

ဝမ်ဝေ့က ချုးလော့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

သူ့လိုလူမျိုးအတွက်ပင် မည်သည့်အစီစဉ်ကမှ ပြီးပြည့်စုံနေခြင်း မရှိပေ။

ကုန်သွယ်ရေး ဗဟိုချက်တွင် ဝှက်ဖဲများရှိထားကြောင်း သိထားခဲ့သည်။ ယခင် သူဂမ္ဘီရဖြင့် တွက်ချက်ခဲ့စဉ်က သင်္ကေတလေးသွယ် ကြေးမုံနှင့် သူတို့ ဌာနမှာ စွမ်းအားကြောင့် ကျရှုံးခဲ့ရသည်။ ယခု သူက သိလိုက်ရပြီ ဖြစ်သည်။ ထိုအရာက သူတို့၏ ဌာနချုပ်မှ စွမ်းအား အားလုံးကို လူတစ်ယောက်ဆီ ပေးနိုင်သည့် အဆောင်တစ်ခု ဖြစ်၏။

သူတို့က အဆောင်စွမ်းအားကို တောင့်ခံနိုင်ဖို့ စွမ်းအားမြင့် ဧကရာဇ်များကို ပျိုးထောင်ဖို့ အလားအလာ ကြေးမုံကို အသူံပြုခဲ့ကြသည်။ ထိုအရာက ဝမ်ဝေ့ ဖွဲ့စည်းခဲ့သည့် အဆောင်နှင့် မတူဘဲ ကုန်သွယ်ရေးဗဟိုချက်၏ စွမ်းအား အရင်းအမြစ်က ဖွဲ့စည်းဖို့ ပိုမိုခက်ခဲ၏။ ထို့ကြောင့် သာမန်ဧကရာဇ်များက အဆောင်ကို အသုံးပြုခဲ့လျှင် သူတို့က အားကောင်းလာမည့်အစား သေးဆုံးသွားကြလိမ့်မည်။

ဝုန်း ဝုန်း

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း ချုးလော့ ပေါ်ထွက်လာသည့်အတွက် ကံကြိုးမျှင်များက ဖတ်ရှုဖို့ ပိုမိုလွယ်ကူလာကာ ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ ကုန်သွယ်ရေး ဗဟိုချက်က သူ့စွမ်းအားကို တိုးမြှင့်နိုင်သည့် အရာတစ်ခုကို ပေးအပ်ခဲ့သော်လည်း အလားအလာ ကြေးမုံ မဟုတ်ခဲ့ပေ။ ထိုအရာက သူတို့၏ တကယ့် အကြီးမားဆုံး လက်နက်ကို ပေးခဲ့ခြင်း ဖြစ်၏။

"မင်းပေါ်လာမယ်ဆိုတာကို သိတယ်"

ချုးလော့က ပြောလိုက်သည်။

"ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်နေတဲ့ပုံပဲ"

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်ကာ

"ငါက ခုခံမှုတွေ အကုန်လုံးကို လျော့ချထားတာ။ မင်းရဲ့ မျက်လုံးက ငါနှင့် ယှဉ်ဖို့ အနိုင်ရနိုင်ချေ သုညပဲဆိုတာကို ပြောပြနေမှာပါ။ အခုရော ဘယ်လိုလဲ"

ချုးလော့က တိတ်ဆိတ်သွားမိသည်။ ထိုသူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ သူ့မျက်လုံးက အနိုင်ရဖို့ ကောက်ချက်ချနေမိသည်။ ရလဒ်က အတူတူသာ ဖြစ်၏။ အဆောင်၏ စွမ်းအားဖြင့်ပင် ရလဒ်ကို မပြောင်းလဲနိုင်ပေ။

"ကိစ္စမရှိဘူး။ ငါက အနိုင်မရရင်တောင် မျှတတဲ့ တိုက်ပွဲကို တိုက်ချင်ရုံပဲ။"

ဝမ်ဝေ့က ထိုတုံ့ပြန်မှုနှင့် ပတ်သက်ပြီး အံ့အားသင့်သွားခြင်း မရှိပေ။ ချုးလော့နှင့် ယဲ့တာ့ဖူတို့အတွက် သူတို့ အနိုင်မရမှန်း သိလျက်နှင့် တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေခြင်းက သူတို့သည် သူ့တည်ရှိမှုအား သူတို့၏ ကျင့်ကြံရေးလမ်းစဉ်တွင် ဟာကွက် သို့မဟုတ် စိတ်နှလုံးသား နတ်ဆိုး ဖြစ်မလာစေဖို့ ဖြစ်သည်။ ထို့ကြောင့် သူ့တည်ရှိမှုက မကျော်လွှားနိုင်သည့် တောင်တန်းဖြစ်နေစေကာမူ သူတို့က ရင်ဆိုင်ကြလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့၏ သဘောတရားကမူ စကားများဖြင့် ဖျောင်းဖျဖြေရှင်းဖို့ ဖြစ်နိုင်ပါက တိုက်ခိုက်မည် မဟုတ်ပေ။

"မင်းက ဘာလို့ ဒိုင်မေူရှင်း အနိမ့်မှာပဲ ရှိနေသေးတာလဲ။"

"ဘာကိုပြောတာလဲ" ချုးလော့က ထူးထူးဆန်းဆန်း မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။

"မင်းက ကုရွှမ်ရဲ့ စစ်ဆေးမှုအတွင်းမှာ ဒိုင်မေးရှင်း အမြင့်က အခြေအနေတွေအကြောင်း ကြားခဲ့တယ် မဟုတ်လား။ အဲ့ဆိုတော့" ဝမ်ဝေ့က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

"မင်းက ဘာပြောချင်တာလဲ" ချုးလော့က စိတ်တိုလာမိ၏။

"အခြေအနေက ဆိုးလာပြီ။ အဓိက စစ်ပွဲကြီးက စဖြစ်နေပြီ။ တော်တော်များများက ဘက်ရွေးပြီးသွားပြီ။ မင်း မိဘတွေအကြောင်း မစိုးရိမ်ဘူးလား။ ငါကြားသလောက်တော့ ဒီစစ်ပွဲကနေ ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူးတဲ့"

ချုးလော့၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

"ငါ ထွက်သွားရအောင် ညာနေ‌တာတော့ မဟုတ်ဘူးမလား"

"မင်း မျက်လုံးက ဘာပြောလဲ"

ချုးလော့၏ လေထုက ပိုမို တင်းကြပ်လာသည်။ သူက ဒိုင်မေးရှင်းအမြင့်ရှိ အခြေအနေအကြောင်းကို သိထားပြီး စိုးရိမ်နေမိသော်လည်း ကုရွှမ်၏ စစ်ဆေးမှုအတွင်း သူ့မိဘများက ထွက်ပေါ်လာကာ သူ့ကို ကူညီပေးခဲ့သည့်အတွက် ကိစ္စများက မဆိုးရွားကြောင်း သူ့ကိုယ်သူ အယုံသွင်းနေခဲ့မိသည်။ ယခုအခါ သူ့ယူဆချက်က မည်မျှပင် မှားယွင်းသွားကြောင်း သတိထားမိခဲ့၏။

ချုးလော့က တုံ့ဆိုင်းမနေတော့ပေ။ သူက ခြေတစ်လှမ်းဖြင့် ဧကရာဇ်တာအိုကမ္ဘာဆီ ပျံသန်းသွားလိုက်သည်။ သူက သူ့မွေးရပ်မြေနှင့် ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသလောက် နည်းပါး၏။ သူ လုပ်ဖို့လိုသည့် ကိစ္စတစ်ချို့ကို ဖြေရှင်းပြီးသည့်နောက် ဒိုင်မေးရှင်းအမြင့်သို့ ချက်ချင်း တက်လှမ်းသွားခဲ့သည်။

ချုးလော့က ကောင်းကင်ဧကရာဇ်ရာထူး၊ အကျိုးမြတ် သို့မဟုတ် ကုန်သွယ်ရေးဗဟိုချက် အပေါ် တင်ရှိနေသည့် အကြွေးများကိုပင် ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က သူ့မိဘများနှင့် သူတို့သည် အန္တာရယ်ကျရောက်နေသည်ကိုသာ ဖြစ်၏။

ဒီလူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို ကျရှုံးတာ မထူးဆန်းတော့ဘူး။ သူရဲ့ ညဏ်ရည်က အဲ့ဒီအဆင့်နီးပါး ရှိပေမဲ့ သူ့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းကတော့ အတော်လေးကို ဆိုးရွားတယ်။

ဝမ်ဝေ့က တွေးလိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်"။ ရှုရှစ်က သက်ပြင်းချကာ ပြောလိုက်၏။ သူမက ရှုံးနိမ့်ခြင်းအတွက် တောင်းပန်ခြင်း မဟုတ်ဘဲ မည်သို့ရှုံးနိမ့်ခဲ့ရသလဲဆိုသည့်အပေါ် တောင်းပန်နေခြင်း ဖြစ်၏။ ချုးလော့က သူ့စွမ်းအားကို ရယူပြီး တိုက်ခိုက်လာသည့်အချိန် သူမက ဝမ်ဝေ့၏ အဆောင်ကို အသက်သွင်းပြီး သူ့အင်အားကို ရယူဖို့ အခွင်းအရေး မရှိခဲ့ပေ။

"ကိစ္စမရှိပါဘူး" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ချုးလော့က ထူးကဲသည့် ပါရမီရှင် တစ်ယောက်ဖြစ်နေပြီး သူနှင့် ရင်ဆိုင်သည့်အခါ မထင်မှတ်ထားသည့် မတော်တဆမှုမျိုး ဖြစ်လာတတ်၍ သူမကို အပြစ်တင်မည် မဟုတ်ပေ။

"အခု ဘယ်လိုလဲ"

"အခုတော့ ကိစ္စတွေ ရှင်းရတော့မဲ့ အချိန်ပဲ " ဝမ်ဝေ့က လေဟာနယ်ထဲ ဆောင့်ဆွဲသည့် ဟန်ပန်လုပ်ကာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးကို ဆင့်ခေါ်လိုက်သည်။ ထိုသူက အနက်ရောင် နှလုံးသား ဧကရာဇ်ဖြစ်ပြီး ကုန်သွယ်ရေး ဗဟိုချက်၏ အကြွင်းမဲ့ လက်နက်လည်း ဖြစ်ပေသည်။

သူက အလားအလာကြေးမုံကို အသုံးပြုကာ ထိပ်သီး ၆ဆ စွမ်းအားနှင့် ၇ဆ နီးပါး တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိနိုင်ပြီး မဟာတာအို အုတ်မြစ်ဆေးလုံးကို သုံးစွဲနိုင်သည်။ နောက်တစ်ဆင့်က ချုးလော့နှင့် တူညီသည့် အဆောင်ကို အသုံးပြုပြီး ဆယ်ဆ တိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိကာ ဝမ်ဝေ့နှင့် တိုက်ခိုက်ဖို့ ဖြစ်၏။ နှမြောစရာ ကောင်းလှစွာဖြင့် သူ့အနေနှင့် အခွင့်မရေး မရခဲ့ပေ။ ထိုသူက မဟာတာအို အုတ်မြစ်ဆေးလုံးကို မသောက်နိုင်ခင် ဝမ်ဝေ့က သူ့ကို သုတ်သင်ပစ်လိုက်၏။ သူက ပတ်ဝန်းကျင်နှင့် ဆက်နွှယ်ဖို့၊ အော်ခေါ်ဖို့ သို့မဟုတ် တစ်ခြားတစ်ခု လုပ်ဖို့ အခွင့်အရေး မရလိုက်ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်၏။

All Chapters