← Chapters

လုပ်ဆောင်ခြင်း

Vol. 81 Ch. 1122

လုပ်ဆောင်ခြင်း

Vol. 81 Ch. 1122

ဝမ်ဝေ့က တိုက်ပွဲကွင်းပြင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက လူအများအား သူ့တည်ရှိမှု သတိမထားမိအောင် ကြိုတင်ကာကွယ်မှု တချို့ပြုလုပ်ထားခဲ့သော်လည်း နှလုံးသားနက် ဧကရာဇ်၏ သေဆုံးမှုကို အရင်ထဲက သတိထားမိလောက်ပြီဖြစ်၏။ သူက စကားတချို့ကို ပြောလိုက်သည်။

"မင်းတို့ဆီမှာ ကံကြမ္မာရဲ့ ကောင်းချီး ရှိတယ်။"

သူ့ရိုးရှင်းလှသည့် စကားများက ဒိုင်မေးရှင်းအနိမ့်တစ်ခုကို ဖုံးလွှမ်းသွားပြီး စွမ်းအားတစ်ခု ထုတ်လွှင့်လာခဲ့သည်။ ထို့နောက် သူ့အင်အားစုဘက်မှ အသက်ရှင်သူ အားလုံးက ရုတ်တရက် ယုံကြည်ချက်ရှိလာသည်ကို ခံစားမိလိုက်ပြီး သူတို့က မည်သည့်အခြေအနေတွင် ရှိနေစေကာမူ နောက်ဆုံးအနိုင်ရရှိသူ ဖြစ်မည်မှန်း သိလိုက်ကြသည်။ သိပ်မကြာခင် ထိုယုံကြည်ချက်က သူတို့၏ အနိုင်ရရှိမှုကို ရယူမည့် အင်အားအဖြစ် ပြောင်းလဲသွားတော့သည်။

ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ရှုရှစ်ကို ကြည့်လိုက်သည်။

"မင်းက ဒီမှာဆက်နေမှာလား။ အိမ်ပြန်မှာလား။"

"ကျွန်မ တိုက်နိုင်ပါသေးတယ်။"

"အဲ့ဒါဆိုရင် ကြယ်တာရာသားရဲ တိုက်ပွဲ ကွင်းပြင်ဆီကို သွားပြီး ကူညီပေးလိုက်ပါ။ "

ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ကုန်သွယ်ရေးဗဟိုချက်၏ ဌာနချုပ်ဆီ ရောက်ရှိလာသည်။ သူက ပိတ်ကားချပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။

"အခု မင်းလှု ပ်ရှားရမဲ့အချိန်ပဲ။"

"ဟုတ်ကဲ့ပါ အရှင်" ဝမ်ကျူက ပြောလိုက်သည်။

…………………

အလယ်ပိုင်း ကုန်သွယ်ရေးကမ္ဘာ

ကုန်သွယ်ရေးဗဟိုချက်သည် ဒိုင်မေးရှင်း အနိမ့်အပေါ် လွှမ်းမိုးထားနိုင်သည့် အာဏာရှိခြင်း၏ အရေးပါမှုကို သိထားကြလေသည်။ ထို့ကြောင့် သူတို့က တခြားကမ္ဘာများကို ကျူးကျော်ကာ သူတို့၏ လေ့ကျင့်ရေးကွင်းပြင်အဖြစ် ပြောင်းလဲပစ်ကြ၏။ ကုန်သွယ်ရေးဗဟိုချက်၏ အထက်ပိုင်းက ဤကမ္ဘာ၏ ၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့ကြသည်။

သူတို့က ထိုအင်အားစုများကို ရည်ရွယ်ချက် တစ်ခုအဖြစ်သာ အသုံးပြုခဲ့ကြသည်။ သူတို့၏ စည်းမျဉ်းစည်းကမ်းများအတွက် အားကောင်းသည့် နောက်လိုက်ကို လေ့ကျင့်ပေးဖို့ ပါရမီထူးကဲသူများကို ဦးနှောက်ဆေးခြင်း ဖြစ်သည်။

လက်သီးသူတော်စင် ဧကရာဇ်က မျက်မှောင်ကြုတ်လျှက် ရှိသည်။ သူ အိမ်ပြန်ရောက်လာစဉ်တည်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိ၏။ သူ မည်မျှပင် ကြိုးစားစေကာမူ ထိုခံစားချက်ကို မရပ်တန့်နိုင်ခဲ့ပေ။

ငါ ဝိရောဓိဖြစ်နေတာလား ဒီနေရာမှာတော့ ဘေးကင်းလောက်ပါတယ်...

လက်သီးသူတော်စင်က တွေးလိုက်သည်။ သူက ဤနေရာကို မည်မျှကာကွယ်ပေးထားကြောင်း သိထားပြီး ဝမ်ဝေ့ ပေါ်ထွက်လာလျှင်ပင် အားကောင်းသည့် အစီအရင်များစွာက ကမ္ဘာကို ကာကွယ်ထားသည့်အတွက် ထိုသူ့အနေနှင့် အလွယ်တကူ လွှမ်းမိုးလို့ရမည် မဟုတ်ပေ။ အကယ်၍ ကုန်သွယ်ရေးဗဟိုချက်၏ ဌာနချုပ်က သူတို့၏ အကောင်းဆုံး တိုက်ခိုက်ရေးလက်နက်ဖြစ်နေပါက ဤကမ္ဘာသည် သူတို့၏ ခုခံမှုအကောင်းဆုံးနေရာ တစ်ခု ဖြစ်၏။

ကုန်သွယ်ရေး ဗဟိုချက်က ဤကမ္ဘာတွင် သူတို့အတွက် အားကောင်းသည့် ဧကရာဇ်များ မွေးထုတ်ပေးနိုင်ရန်အတွက် လေ့ကျင့်ရေးကွင်းများ ထားရှိ‌ခဲ့သည်။ မျှခြေညီ စက်ယန္တရားနှင့် အခြားအချက်များကြောင့် သူတို့သည် ဤမျိုးဆက် မတိုင်ခင်ထိ ထာဝရဧကရာဇ်များကို မမွေးထုတ်နိုင်ခဲ့ပေ။ သို့သော် သူတို့ မွေးထုတ်ထားသည့် အတုယောင် ထာဝရဧကရာဇ်များက အမြောက်အမြား ဖြစ်၏။

ဤကမ္ဘာ၏ သမိုင်းကြောင်းတွင် ထာဝရ ဧကရာဇ်သည် မျိုးဆက်ရာချီ ဆက်တိုက် ပေါ်ထွက်လာသည့် အခိုက်အတန့် အချိန်အခါပင် ရှိခဲ့ဖူးသည်။ ထိုလူအားလုံးက ကမ္ဘာတစ်ဝှမ်း ကာကွယ်ရေးအစီအစဉ်ကို ချန်ထားခဲ့လေ့ ရှိ၏။ သို့သော် ထိုသို့ဆိုလျှင်ပင် လုံခြုံမှု အပြည့်အဝ မပေးနိုင်သေးပေ။

မျှခြေညီ စက်ယန္တရားနှင့် ရင်ဆိုင်ဖို့အတွက် ကုန်သွယ်ရေးဗဟိုချက်က သူတို့၏ ပါရမီရှင်များကို တခြားကောင်းကင်အလိုဆန္ဒ ကမ္ဘာဆီ သွားကာ ဒေသခံအမှတ်အသားကို ရယူခိုင်းပြီး သူတို့၏ မွေးရပ်ဆီ ပြန်လာခွင့်ပြုထားသည်။ သူတို့က တခြားကမ္ဘာမှ ပါရမီရှင်များကို ထောက်ပံ့ပေးလေ့ရှိပြီး တာအိုကို သက်သေပြပြီးသည့်နောက် သူတို့ကို ပြန်လည်ကူညီပေးရန် ကတိစကား တောင်းခံခဲ့သည်။

ထို့ကြောင့် အလယ်ပိုင်းကုန်သွယ်ရေးကမ္ဘာက ဒိုင်မေးရှင်းအနိမ့်တွင် အားအကောင်းဆုံး ကောင်ကင်အလိုဆန္ဒကမ္ဘာ ဖြစ်ကြောင်း သံသယ ဖြစ်ဖို့ မလိုပေ။

ငါ စိတ်ငြိမ်ငြိမ်ထားရမယ်။ ဒီနေရာက ဘေးကင်းတယ်...

လက်သီးသူတော်စင်က အသက်ပြင်းပြင်းရှုကာ ဖိအားကို ဖြေလျော့လိုက်သည်။ သို့သော်လည်း သူက ဆယ်စက္ကန့်အတွင်း လေဟာနယ်ထဲမှ ရောက်ရှိလာသည့် အဆောင်ကို လက်ခံရရှိလိုက်၏။ သူက အထဲရှိ သတင်းအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားခဲ့သည်။ နှလုံးသားနက်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခြင်း ဖြစ်၏။

သူက ကျင့်ကြံနေရာမှ ထရပ်လိုက်ပြီး အစည်းအဝေးခန်းဆီ ပြေးသွားလိုက်သည်။

လက်သီး သူတော်စင်က တစ်စုံတစ်ခုကို ခံစားမိခဲ့ပြီး ကမ္ဘာအထက် ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ သူက ရွှေရောင်တောက်ပနေသည့် ဒိုင်းကာကို မြင်သည့်အခါမှ စိတ်အေးသွားမိ၏။ သူ ယခင်ခံစားခဲ့ရသည့် ထိပ်ထိတ်ပျာပျာ ဖြစ်မှုကလည်း လျော့ပါးသွားခဲ့သည်။ သူက အစည်းအဝေးခန်းမဆီ ရောက်ရှိလာခဲ့၏။ သူ ရောက်ရှိလာသည်နှင့် အားလုံးက အရိုအသေ ပေးလိုက်ကြသည်။

လက်သီးသူတော်စင် ဇကရာဇ်ကို သူတို့၏ နယ်ရုပ်အဖြစ် လေ့ကျင့်ပေးထားသော်လည်း သူက ထာဝရ ဧကရာဇ် ဖြစ်ကာ လေးစားမှုနှင့် ထိုက်တန်သည့် အချက်ကို မပြောင်းလဲနိုင်ပေ။ ထို့အပြင် နှလုံးသားနက် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူတို့သိထားသည့် လူများထဲ ရာနှုန်းပြည့် သစ္စာရှိပြီး အားအကောင်းဆုံးသူက သူသာလျှင် ဖြစ်၏။

လက်သီးသူတော်စင် ဧကရာဇ်က အကြီးအကဲများကို ခေါင်းညိတ်ကာ နေရာတွင် ဝင်ထိုင်လိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် သူတို့အများစုကို သိလေ၏။ သူတို့က ကုန်သွယ်ရေးဗဟိုချက်၏ အစစ်အမှန်အုပ်ချုပ်သူများ ဖြစ်ကြသည်။

"ထျန်းဝေယန်က ဘယ်မှာလဲ" အကြီးအကဲတစ်ဦးက မေးလိုက်သည်။

"သူက အရင် အစည်းအဝေး အဆုံးသတ်ကတည်းက အိမ်ပြန်သွားတယ်လေ။"

"အိမ်ပြန်တာတဲ့လား ။ဒီလိုအခြေအနေမျိုးမှာ ဘာမှမဖြစ်အောင် ဒီဌာနချုပ်မှာပဲ ဆက်နေသင့်တာ မဟုတ်လား" ဥက္ကဌအနေဖြင့် သူက အရေးပေါ်အနေအထားတွင် ကုန်းမြေ၏ စွမ်းအားကို အသက်သွင်းဖို့ လိုအပ်သည်။

"မွေးရပ်မြေမှာ အရေးပေါ် ကိစ္စရှိတယ်လို့တော့ ပြောသွားတာပဲ။ ဒါပေမဲ့ လက်တလော အခြေအနေအရ သူက ငါတို့ထက် အရင် မူမမှန်မှုကို ခံစားမိခဲ့တာ ဖြစ်နိုင်တယ်။"

"အဲ့ဒီခွေးကောင်ကို အစတည်းက ပြန်မရွေးသင့်ဘူးဆိုတာ သိပြီးသား။ သူက ဉာဏ်ကောင်းပေမဲ့ ငကြောက်တစ်ကောင်ပဲ"

"မဟုတ်သေးဘူး။ ကိစ္စတွေက အဲ့လိုတော့ မဟုတ်ဘူး။ သူက ဘာလို့ ဒီနေရာဆီ နောက်ဆုတ်မလာရတာလဲ။ ဒီနေရာထက် ဘေးကင်းတဲ့ နေရာရှိနေတယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် သူက ငါတို့ မသိတဲ့ အရာတစ်ခုခုကို သိထားလို့လား"

"တစ်ခုခုမှားသွားရင် ဒီနေရာက အရင်ဆုံး တိုက်ခိုက်ခံရမယ်ဆိုတာကို သိထားလို့နေမှာပေါ့"

အားလုံးက စကားပြောသည့်သူ့ကို ကြည့်လိုက်သည့်အခါ ထိုအရာက သူတို့ မမှတ်မိသည့် အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်နေလေ၏။ သူတို့က ခေါင်းဆောင်းပုံရိပ်တစ်ခု အခန်းအတွင်း ရပ်နေသည်ကို မြင်သည့်အခါ အမူအရာ ပြောင်းလဲသွားကြသည်။ သူတို့က သူမသည် မည်မျှကြာကြာရှိနေကြောင်းနှင့် ထာဝရဧကရာဇ်ပုဂ္ဂိုလ်များက သူမကို အာရုံမခံမိသည့် အချက်ကို စဉ်းစားနေကြသည်။

လက်သီးသူတော်စင်နှင့် တခြားသူများက တုံ့ပြန်လိုသော်လည်း အရိပ်လက်တံများက သူတို့၏ အရိပ်များနှင့် ဆက်သွယ်ကာ မလှုပ်ရှားနိုင်အောင် လုပ်ဆောင်ထားသည်ကို တွေ့လိုက်ရ၏။ သူတို့က စွမ်းအားကို လှုံ့ဆော်ကာ ခုခံဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

"ရှင်တို့ရဲ့ ကြမ္မာက ကုန်ခမ်းသွားပြီ" ဝမ်ကျူက ကြေညာလိုက်၏။

"ကျွန်မသခင် ကောင်းကင်ဧကရာဇ်ရဲ့ ခေတ်ကာလက ရှင်တို့ရဲ့ ပြာပုံကနေ မြင့်တက်လာမှာကတော့ နှမြောစရာပဲ။ "

သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ယမ်းလိုက်သည်။ ထိုသူများက အခြေအနေကို နားလည်ကာ နောက်ဆုတ်ဖို့ ညဏ်ရှိပါက ဤကိစ္စရပ်များ ဖြစ်လာဖို့ရာ မလိုအပ်ပေ။

"ငါတို့ရဲ့ ခုခံကာကွယ်မှုကို ဘယ်လိုကျော်ဖြတ်ဝင်ရောက်လာတာလဲ" လက်သီးသူတော်စင်က အံကြိတ်ကာ မေးလိုက်သည်။

"ကျော်ဖြတ်လာတာတဲ့လား ။ ကျွန်မက ဒီမှာ အမြဲတမ်း ရှိနေတဲ့ဟာကို ဘာလို့ အဲ့လိုများ လုပ်ရမှာလဲ"

"မင်းက ဒါတွေအားလုံးကို စီစဉ်ထားခဲ့တာလား"

"ဟုတ်တယ်။ ဟိုးကတည်းကပဲ" ဝမ်ကျူက ပြောလိုက်သည်။ အလယ်ပိုင်းကုန်သွယ်ရေးကမ္ဘာသည် သေချာကာကွယ်ထားသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ တကယ်တော့ ကမ္ဘာ့အသိုက်အဝန်းတချို့ကသာ ထိုအရာ၏ တည်ရှိမှုကို သိရှိကြပြီး ကြားရုံမျှသာ ကြားဖူးသည့် လူများကမူ ဒဏ္ဍာရီအဖြစ် မှတ်ယူကြသည်။ သို့သော်လည်း ထိုဒဏ္ဍာရီကို ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုဒဏ္ဍာရီနေရာကို ရှာဖွေဖို့ အမိန့်ပေးခဲ့သည်။ ထိုအရာက ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်တွေအတွက် ပင်မ တာဝန်တစ်ခု ဖြစ်လာခဲ့၏။

"ငါတို့ကို ဘာလုပ်မှာလဲ" လက်သီးသူတော်စင်က မေးလိုက်ပြီး သူ့ကိုယ်သူ သတ်သေကာ တခြားနေရာတွင် လွတ်မြောက်နိုင်မလားဟု စဉ်းစားနေသည်။

သို့သော်လည်း ဝမ်ကျူက သူမကို ဘာမှမပြောဘဲ လက်ဝေ့လိုက်ပြီးသည့်နောက်တွင် အခန်းအတွင်း အဆောင်များစွာ ပေါ်ထွက်လာသည်။ သူတို့က ကုန်သွယ်ရေးဗဟိုချက်၏ တစ်ဦးချင်းစီကို ရွေးချယ်ပြီး သူတို့၏ နဖူးကို ထောက်ကာ ကံကြမ္မာကြိုးမျှင်ကို ဖော်ထုတ်လိုက်ကြသည်။ ထို့နောက် ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်တွေက ထူးထူးဆန်းဆန်း မီးခိုးရောင် ပိုးကောင်ကို ထုတ်လာသည်။ ထိုအရာက ကံကြမ္မာကြိုးမျှင်ဆီ တွယ်ကပ်သွားကာ ပေါင်းစည်းသွားလေ၏။ ထိုရလဒ်က သူတို့သည် သူတို့ရွေးချယ်ထားသည့် လူများအဖြစ် ပြောင်းလဲသွားကာ သူတို့ ကံကြမ္မာ အပါအဝင် အရာအားလုံးကို လက်ခံလိုက်ရသည်။

"မင်း" လက်သီးသူတော်စင်က ထိုလူများသည် ဘာလုပ်နေကြောင်း သဘောပေါက်သွားခဲ့၏။ သို့သော်လည်း မည်သူကမျှ အာရုံမစိုက်ကြပေ။ ကံကြမ္မာရိပ်တပ်ဖွဲ့ဝင်က လူတချို့ကိုသာ ရွေးချယ်ခဲ့ပြီး ကျန်လူများကို သုတ်သင်ပစ်ခဲ့သည်။ ဝမ်ကျူက ထာဝရဦးသျှောင်များကို သုတ်သင်ပစ်ဖို့ တုံဆိုင်းမနေသလို အလောင်းများကို သူမ၏သခင်အတွက် သိမ်းဆည်းထားလိုက်သည်။

ထို့နောက် သူမက လက်သီးသူတော်စင်ကို စည်းပိတ်ပြီးသည့်နောက် အတုအယောင် ထာဝရ ဧကရာဇ်များကို သတ်ဖြတ်လိုက်သည်။

"ဒီကမ္ဘာရဲ့ ကာကွယ်ရေး အစီအရင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဘယ်သူ သိလဲ" သူမက မေးလိုက်စဉ် အစောင့်တချို့က လက်မြှောက်လာခဲ့သည်။

"ဒါကို သေသေချာချာ ထိန်းချုပ်ပြီးတော့ အိမ်ပြန်ဖို့ ပြင်ကြ။ "

သူမက အမိန့်ပေးပြီးသည့်နောက်တွင် ဝမ်ကျူက ဤစစ်ဆင်ရေးကို သုံးသပ်လိုက်သည်။ ထိုစစ်ဆင်ရေးက အလယ်ပိုင်းကုန်သွယ်ရေး ကမ္ဘာတွင် သာ ဖြစ်နေခြင်း မဟုတ်ပေ။ ကုန်သွယ်ရေး ဗဟိုချက် ထိန်းချုပ်ထားသည့် ကမ္ဘာ့အသိုက်အဝန်းတစ်ထောင်တွင် ကံကြမ္မာရိပ်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်ကာ အစားထိုးခြင်းကို ခံနေရသည်။ ထိုစစ်ဆင်ရေးက ပထမဆုံးမဟုတ်ဘဲ တိထျန်း၏ အိပ်စက်သူများအပေါ် ရင်ဆိုင်ခဲ့သည့် စစ်ဆင်ရေးနှင့် တူညီပြီး ပိုမို ကြီးမားလာခြင်းသာ ဖြစ်၏။

သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် အောင်မြင်ဖို့ လူအင်အားများစွာ လိုအပ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက ကုန်သွယ်ရေးဗဟိုချက်နှင့် သူ့ဝိညာဉ်ကွန်ယက် စွမ်းရည်ကို အသုံးပြုကာ အဖွဲ့သားများစွာကို စုစည်းခဲ့သည်။

ဝမ်ကျူက ထိုစစ်ဆင်ရေးကို သုံးသပ်နေ၏။ သူမက ဒိုင်မေးရှင်း အနိမ့်မှတစ်ဆင့် သတင်းအချက်အလက်များစွာကို လက်ခံလိုက်ရပြီး အခြေအနေအလိုက် တုံ့ပြန်နေသည်။ တချို့သော ကိစ္စရပ်များတွင် သူမက ဘာမှမမှားယွင်းစေဖို့အတွက် ကိုယ်တိုင် သွားရောက်ကြည့်ရှုလေ့ ရှိ၏။

ဝမ်ဝေ့က ထိုအရာများ ချောမွေ့နေသည်ကို ကြည့်၍ ပြုံးလိုက်မိသည်။ သူ့အနေနှင့် ကုန်သွယ်ရေးဗဟိုချက်၏ အင်အားနှင့် စည်းမျည်းများကို ဖျက်ဆီးဖို့ လွယ်ကူသော်လည်း နောက်ပိုင်းတွင် မည်သို့ ဖြစ်မည်နည်း။

ဤမျှ ကြီးမားလှသည့် အဖွဲ့အစည်းကို ပြဿနာမရှိဘဲ မြန်မြန် ထိန်းချုပ်နိုင်မည်နည်း။

သူက မလုပ်နိုင်ပေ။ ထို့ကြောင့် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သူတို့ကို အထဲမှာ ထိန်းချုပ်လိုက်ခြင်း ဖြစ်၏။ ဤနည်းဖြင့် သူက သူတို့၏ အုတ်မြစ်အများစုကို ထိန်းသိမ်းလိုက်နိုင်သည်။ သူ့လွှမ်းမိုးမှုအတွက် ခုခံမှုကိုလည်း လျှော့ချနိုင်လိမ့်မည်။

သို့သော်လည်း ထိုအစီအစဉ်တွင် ပြဿနာတစ်ခု ရှိနေလေ၏။

ကုန်သွယ်ရေးဗဟိုချက်၏ ကြီးမားသည့် စစ်မက်စွမ်းအား ဖြစ်သည်။ ဝမ်ဝေ့က တိုက်ရိုက်ရင်ဆိုင်လျှင် မည်မျှ ဆုံးရှုံးမည်ဖြစ်ကြောင်း သိထားလေ၏။ လက်ရှိတိုက်ပွဲကပင် အခြေအနေ ဆိုးဝါးနေပြီဖြစ်သော်လည်း ထိုအရာက ပို၍ပင် ဆိုးဝါးသွားနိုင်သည်။

ထိုအရာသည် သူ့အနေဖြင့် လွှမ်းမိုးမှုကြီးလွန်းသည့် သူ့ စွမ်းအားကို ထုတ်မသုံးလိုသရွေ့ဖြစ်၏။

သူက နောက်ထပ် နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့သည်။ သူက ဤစစ်ပွဲကို အသုံးပြုကာ သူတို့ကို မျှားခေါ်ပြီး သူတို့အင်အားစု အများအပြား ပြန့်ကျဲသွားသည့်အချိန်မှ သူ့စိတ်တိုင်းကျ ဝင်ရောက် ကျူးကျော်နိုင်လိမ့်မည်။

ရည်ရွယ်ချက်တစ်ခုတော့ ပြီးမြောက်သွားပြီ။ ဒုတိယမြောက်တစ်ခုအတွက် အချိန်ပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။

All Chapters