← Chapters

မရဏကမ္ဘာ

Vol. 81 Ch. 1123

မရဏကမ္ဘာ

Vol. 81 Ch. 1123

ဝမ်ဝေ့ထွက်ခွာသွားပြီးသည့်နောက်တွင် ရှုရှစ်က ကြယ်တာရာသားရဲကမ္ဘာ တိုက်ပွဲကွင်းပြင်ဆီသွားကာ ထွက်ပေါ်လာခဲ့သည်။ သူမက ကျိလန်ဖန်း၏ ပိတ်လှောင်ခံထားရမှုကို သွားရောက်ကူညီကာ ဖယ်ရှားပေးခဲ့ပြီး လေဟာနယ်ကြေးမုံဧကရာဇ်ကို သတ်ပစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထို့နောက် နှစ်ဦးသားက စတင်သတ်ဖြတ်ကြသည်။

သူတို့ကိစ္စများပြီးနောက် သိပ်မကြာခင် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များ၏ အပြုအမှုအကြောင်း သတင်းက တိုက်ပွဲကွင်းပြင်ဆီ ရောက်ရှိလာကာ လူများစွာကို အံ့အားသင့်သွားစေသည်။ အသက်ရှင်နေသည့် အင်အားကြီးပုဂ္ဂိုလ်များက အတွေးတစ်ခုသာ တစ်ခုသာ တွေးမိကြသည်။ သူတို့က မွေးရပ်မြေဆီ ပြန်ကာ သူတို့၏ မျိုးနွယ် သို့မဟုတ် အုတ်မြစ်ကို ကာကွယ်ဖို့ ဖြစ်၏။ ထို့ကြောင့် ထိုသူများက တိုက်ပွဲကွင်းပြင်မှ အလျင်စလို စတင်ထွက်ခွာသွားကြ၍ အရာအားလုံးက ဖရိုဖရဲ ဖြစ်သွားရသည်။

တန့်ချင်းက အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုသူများက တိုက်ပွဲကွင်းပြင်ထက် မွေးရပ်မြေကို ပိုမိုဂရုစိုက်ကြသည်။ အထူးသဖြင့် သူတို့အများစုက လက်အောက်ငယ်သားထက် မဟာမိတ် ဖြစ်နေကြသည် မဟုတ်ပါလော။

ထျဲ့ကန်နှင့် စစ်ပွဲခန်းမက ထိုအခွင့်အရေးကို အလွတ်မပေးဘဲ ကျန်ရှိနေသည့် တပ်ဖွဲ့များကို တိုက်ခိုက်ဖို့ အမိန့်ပေးလာသည်။ ဝမ်ဝေ့ဘက်ရှိ အင်အားကြီးပုဂ္ဂိုလ်များက စိတ်ဓာတ်ကျစွာဖြင့် နောက်ဆုတ်နေသည့်သူများကို စတင်သတ်ဖြတ်နေကြသည်။

…

ကုန်သွယ်ရေးဗဟိုချက် ဌာနချုပ်

ဝမ်ဝေ့က အရာအားလုံးကို တည်ငြိမ်စွာကြည့်နေရင်း ကိုယ်ပျောက်အဖွဲ့တစ်ဖွဲ့ကို အာရုံစိုက်ထားလေသည်။ သူတို့က သတင်းကို ပထမဦးဆုံး လက်ခံရရှိထားသူများဖြစ်၍ ထိုစစ်ပွဲနောက်ကွယ်မှ ဇာတ်ကွက်ကို ခံစားမိသည့်အခါ အလျင်အမြန် နောက်ဆုတ်‌လေကြသည်။

အခုအချိန်ကျပြီ…

ဝမ်ဝေ့က တွေးလိုက်မိပြီး ကောင်းကင်ဘုံအဆင့်ကို ယာယီရောက်ရှိစေနိုင်သည့် ပုံရိပ်ယောင်ဆေးလုံးကို သောက်သုံးလိုက်သည်။ ထို့နောက် သူက အလောင်းရောင်းဝယ်ရေးဂိုဏ်းမှ သူများနောက် စတင်လိုက်ပါသွားသည်။ ထိုဖြစ်စဉ်က သူ ထင်ထားသလိုမျိုး လွယ်ကူနေခဲ့၏။

ထိုသူများက အဖက်ဖက်သို့ ပြန့်ကျဲသွားပြီး တစ်ယောက်ချင်းစီက တကယ့်ဌာနချုပ်များဆီ ဦးတည်သွားကြသည်။ ထို့အပြင် ထိုတည်ကြက်အများစုက ကွဲပြားသည့် ကမ္ဘာ့အသိုင်းအဝိုင်း၊ အဆုံးအစွန် နေရာ၊ သီးခြားလျှို့ဝှက်ထားသည့် ဒိုင်မေးရှင်းတို့အတွင်း တည်ရှိလေသည်။

ဝမ်ဝေ့က သူတို့လမ်းကြောင်း ပျောက်သွားစဉ် ဂမ္ဘီရ တွက်ချက်ကြည့်ခဲ့ရ၍ အကြိမ်ရေနည်းပါး ရှာဖွေတွေ့ရှိခံရလုနီးပါး ဖြစ်သွားခဲ့သည်။ အလောင်းရောင်းဝယ်ရေးဂိုဏ်းတွင် မရဏစွမ်းအားကို အသုံးပြုသည့် ကြောက်မက်ဖွယ် ဂမ္ဘီရဆန့်ကျင်စွမ်းရည် ရှိထားသည်။ သို့သော်လည်း ထိုအရာက ထိုသူများ သို့မဟုတ် သူတို့၏ တည်ထောင်သူ မရဏအရှင်ပင် ထည့်မတွက်မိသည့် အမှားအယွင်းတစ်ခု ရှိနေသည်။

မရဏအရှင်က သူ့ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ဖုံးကွယ်ဖို့ မည်မျှပင် ကောင်းမွန်စွာလုပ်ဆောင်စေကာမူ လူသားများက အသုံးပြုနေသည့် အချက်ကို မပြောင်းလဲနိုင်ပေ။ ပြောရလျှင် သိထားကြသည့်အတိုင်း လူသားများက ဟာကွက် ရှိကြ၏။ ဝမ်‌ဝေ့က ထိုသဘောတရားကို သူ့အရေးသာချက်အနေဖြင့် အသုံးပြုကာ စိတ်ရှည်လက်ရှည်ဖြင့် သေချာရှာဖွေခဲ့သည်။ သူ့အပြုအမူများက မကြာခင် ကောင်းကျိုးရလာခဲ့၏။ ထိုသို့လိုက်ပါနေစဉ်အတွင်း သူက အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ လျှို့ဝှက်အလွှာအများစုကို တွေ့ရှိခဲ့ရပြီးသည့်နောက် တကယ့်အစစ်အမှန် နေရာကို တွေ့ရှိလိုက်ရသည်။

“ဒါက ဘာလဲ” ဝမ်ဝေ့က အာရုံစိုက်ကာ ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းက သေချာဖုံးကွယ်ထားသည့် ဒိုင်မေးရှင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအရာကို ရှာဖွေပြီးသည့်နောက်တွင် အတော်လေးကို အံ့အားသင့်သွားမိ၏။ ထိုဒိုင်မေးရှင်းက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအထက်ပင် ကြီးမားကာ ကျယ်ပြောနေသည်။

ဝမ်ဝေ့က သူ ဝင်ရောက်လိုက်ပါက ချက်ချင်းသတိထားခံရမည်ဖြစ်ကြောင်းသိသည့်အတွက် သိပ်တော့ မသေချာပေ။

အဆိုးဆုံးအနေအထားဆိုရင် ငါ အသတ်ခံနိုင်ရနိုင်တယ်…

သူ့အန္တရာယ်ခံစားနှုန်းက အလိုလိုအသက်ဝင်လာကာ အထဲဝင်မသွားခဲ့ပေ။

ငါ ဝင်သွားပြီးတော့ အဲနေရာမှာ သောင်းကြမ်းလိုက်ရင် မရဏအရှင် ထွက်လာမှာလား။ မဟုတ်သေးဘူး မရဏအရှင်က မပြီးမပြတ် အခြေအနေမှာ ရှိနေသေးတာ။ သူက အသက်ပြန်ရှင်လာတယ်ဆိုရင်တောင် အစစ်အမှန်‌ ကောင်းကင်တာအိုက သူ့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေးမှာမဟုတ်ဘူး…

တကယ်လို့ သူက ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်ကို ရယူထားနိုင်တယ်ဆိုရင်တောင် မေတ္တယျနဲ့ အန္တိမသဟဇာတတို့က ဒီနေရာကို သူ့ကို ဝင်ရောက်စွက်ဖက်ခွင့်ပေးမှာ မဟုတ်ဘူး…

ထိုအရာက ဆိုလိုသည်မှာ အန္တရာယ်အရင်းအမြစ်သည် တခြားတစ်ခုဖြစ်ကြောင်း ဆိုလိုနေ၏။ ပြောရလျှင် ထိုကမ္ဘာရှိ ကြောက်မက်ဖွယ် မရဏစွမ်းအား ပမာဏအမြောက်အများကြောင့် ဖြစ်နေနိုင်သည်။ အလောင်းရောင်းဝယ်ရေးဂိုဏ်းက ခတ်ကာလများစွာတိုင် ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံး တစ်လျှောက်မှ စစ်ပွဲနှင့်ပဋိပက္ခများမှ ထိုစွမ်းအားကို စုဆောင်းခဲ့ခြင်းဖြစ်ပြီး ဤကမ္ဘာအတွင်း ဖွဲ့စည်းထားခြင်း ဖြစ်ရမည်။

သူတို့က ဘာလို့ဒီလောက်အများကြီးလိုတာလဲ။ ဒါက မရဏအပေါ် သူတို့ရဲ့ ကိုးကွယ်ရေးဂိုဏ်းလိုမျိုးလား…

ဝမ်ဝေ့က ထိုအရာကို မယုံပေ။ သူ့အလိုလိုသိစိတ်က ဤနေရာတွင် လှည့်ကွက်တစ်ချို့ရှိနေကြောင်း ခံစားမိနေသည်။

မရဏချီက မရဏအခမ်းအနားအတွက် အဓိက သော့ချက် ဖြစ်နေနိုင်တယ်။

ဟုန်အာ ပြောဖူးတာကတော့ သူတို့တွေက အခမ်းအနားကို ဆန့်ကျင်ဖို့ ကာကွယ်ရေး ချန်ထားခဲ့တယ်တဲ့။ အဲဆို‌တော့ ကိစ္စတွေက ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ…

သူမက မရဏအရှင်က အစစ်အမှန်ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက် ဒါမှမဟုတ် နယ်နိမိတ်ကို ကျော်လွန်နိုင်တဲ့ နည်းလမ်းတွေ သိတယ်လို့လဲ ပြောဖူးတယ်။ သူက အစီအရင်နားမှာ နည်းလမ်းတွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ…

မဟုတ်သေးဘူး ဒီဖြစ်နိုင်ချေက ငါ ထင်ထားသလောက် မနည်းလောက်ဘူး။ အကြွင်းမဲ့တားမြစ်ချက်ပါ ပါဝင်နေနိုင်တယ်…

ဝမ်ဝေ့က တွေးလိုက်မိပြီး သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ မရဏအရှင်က အကျိုးအမြတ်တချို့ရဖို့ ထူးကဲသာလွန်မှုလမ်းစဉ်ကို လျှောက်လမ်းသွားသည်ဟု ယူဆထားပါက စံပြများ ချန်ထားခဲ့သည့် ကာကွယ်ရေးဝန်းကျင်တွင် နည်းလမ်းရှာဖို့ သူ့အတွက် ဖြစ်နိုင်‌လောက်သည်။

အခု ဒိုင်မေးရှင်းအမြင့်က အားနည်းနေတာဆိုတော့ ဒီနည်းလမ်းတွေကို တစ်ယောက်ယောက် စောင့်ကြည့်နေလားဆိုတာကို ဘယ်သူကသိမှာလဲ။ အဲဒီကပ်ပါးတွေက မဖျက်ဆီးပစ်တာကို ယူဆလိုက်တယ်ဆိုရင် ဒီပဟေဠိရဲ့နောက်ဆုံးအစိတ်အပိုင်းက မေတ္တယျနဲ့ အန္တိမသဟဇာတတို့ပဲ။

သဘောတရားအရပြောရမယ်ဆိုရင် သူတို့က ဒီကိစ္စကိုဖြစ်လာခွင့်ပေးမှာ မဟုတ်ဘူး။ ဒီတည်ရှိမှုနောက်ကွယ်က ရှုပ်ထွေးမှုကို သိနေရက်နဲ့ မရဏကမ္ဘာကို ဘာလို့မဖြေရှင်းခဲ့တာပါလိမ့်…

အန္တိမသဟဇာတက အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာဖျက်ဆီးခံရသည်ကို မလိုချင်ဆုံးသူ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုသို့သိသာလှသည့် ခြိမ်းခြောက်မှုမျိုး သို့မဟုတ် အပြောင်းအလဲမျိုးကို ဖယ်ရှားပစ်လိုသည်က အဓိပ္ပာယ်ရှိ၏။

မေတ္တယျကလည်း သူ့ကိုတားဆီးသင့်တဲ့သူပဲ။ ဒါပေမဲ့ ဘာလို့လဲ။ သူမက ဟန်ဆောင်နေတဲ့သူလား ဒါမှမဟုတ်ဘူးဆိုရင် မျက်နှာနှစ်မျိုးနဲ့ စိတ်ထဲမှာတော့ မကောင်းကြံစည်နေတဲ့သူလား…

ဝမ်ဝေ့က သူမျက်နှာလိုက်မှုကို ဖယ်ရှားပြီး သေချာစဉ်းစားကြည့်လိုက်သည်။

အဖြစ်နိုင်ဆုံးက သူတို့တွေက ဒီကမ္ဘာကို မဖျက်စီးပစ်တာက မရဏအရှင်ကို မျှားခေါ်ရအောင်လို့ပဲ။ ဒါမှမဟုတ်ဘူးဆိုရင် ဒီမရဏကမ္ဘာထဲမှာ တစ်ခုခုအဖိုးတန်တာ ရှိနေနိုင်တယ်။ အဲ့ဆို တော့သူတို့က ဘယ်သူမှမ‌ရအောင် တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်နေကြတာပဲ…

ဝမ်ဝေ့က မရဏကမ္ဘာကို ကြည့်ရင်း အတွေးနက်နေမိသည်။ အကယ်၍ သူသာ ယခင်က သူတို့၏ ချီကံကောင်းမှုကို လောဘတက်မိ၍ အလောင်းရောင်းဝယ်ရေးဂိုဏ်းကို ဖျက်ဆီးလိုပါက ယခုတွင်မူ အဆုံးမဲ့ တက်လှမ်းခြင်းကမ္ဘာနဲ့ သူ့မိတ်ဆွေနှင့် ဂိုဏ်း တည်ရှိရာ ဒိုင်မေးရှင်းအနိမ့်အတွက် မည်မျှပင် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း သိလာမိသည်။

ထို့ကြောင့် သူတို့ကို မည်သို့ပင်ဖြစ်စေကာမူ ဖယ်ရှားပစ်ရမည်။

အခုတော့ အချိန်မကျသေးဘူး…

သူ့အနေဖြင့် ပြဿနာမရှိစေရန် အစစ်အမှန်ကောင်းကင်ဘုံအဆင့်ကို ရရှိပြီးသည့်အထိ စောင့်လိုက်ရမည်။ ထိုသို့ဆိုလျှင် မရဏအရှင်က တားဆီးဖို့ကြိုးစားပါက သူ့နည်းလမ်းသည် ကန့်သတ်ခံရမည်ဖြစ်ကာ နေမင်းတို့နှင့် အစစ်အမှန်ကောင်းကင်တာအိုနှင့်ပင် ရင်ဆိုင်နိုင်ရချေ ရှိသည်။

ဝမ်ဝေ့က တိတ်တဆိတ်ဖြင့် ဌာနချုပ်ဆီ ပြန်လည်ရောက်ရှိလာသည်။ စစ်ပွဲက ပြီးဆုံးတော့မည်ဖြစ်သော်လည်း သူ့စိတ်က ထိုအပေါ်မရှိပေ။

“လူကြီးမင်းချန်းထုံ ကျုပ်တို့ စကားပြောလို့ရမလား” ဝမ်ဝေ့က ရေရွတ်လိုက်စဉ် ချန်းထုံက သူ့အနားတွင်ပေါ်ထွက်လာခဲ့သည်။

“မင်း မြင်ခဲ့ပြီလား”

“ကျုပ် မြင်ပါတယ်။ ခင်ဗျား သိထားတာကို ပြောပြလို့များရမလား” ဝမ်ဝေ့က ခေါင်းညိတ်ကာမေးလိုက်သည်။

“ငါလဲ များများစားစားတော့ မသိဘူး ငါ သေသွားပြီးသွားတဲ့နောက်မှာ ပိုပြီး‌ဘေးကင်းတဲ့ ဒိုင်မေးရှင်းအနိမ့်ဆီ ရောက်လာပြီးတော့ ကံကောင်း မှုနဲ့ ကုသိုလ်ကို စုဆောင်းပြီး ကိုယ့်ကိုကိုယ်အသက်ပြန်သွင်းဖို့ ကြံစည်ထားတာ။ မရဏကမ္ဘာကို သထိထားမိပြီးတော့ စစ်‌ဆေးကြည့်တဲ့အခါမှာ မရဏချီနဲ့ ပြည်နှက်နေတဲ့ကမ္ဘာတစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်လေ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဆိုတော့ ဒါက ကျုပ်က အတွေးလွန်နေပြီးတော့ ဒီကမ္ဘာက မရဏချီ ပြည့်နှက်နေတဲ့ သာမန်ကမ္ဘာတစ်ခုလို့ ပြောချင်တာလား”

“မဟုတ်ဘူး ဘယ်ဟုတ်ပါ့မလဲ” ချန်းထုံကပြောလိုက်သည်။

“အကြွင်းမဲ့ တားမြစ်ချက်အပြီးမှာ ငါက အဲ့ဒီဟာကို စုံစမ်းကြည့်ဖို့ အတွေးတစ်ခုရလာပြီးတော့ စစ်ဆေးကြည့်ခဲ့တယ်” ချန်းထုံက ရပ်တန့်ကာပြောလိုက်သည်။

“အဲဒါနဲ့ အဲ့ဒီကမ္ဘာမှာ တစ်ခုခုကို အာရုံခံမိခဲ့ပေမဲ့ ဘာမှန်းမသိရဘူး”

“ခင်ဗျားတောင် မသိဘူးလား။ ဒါမှမဟုတ် ခင်ဗျားက အဲ့တာကိုသတိမထားမိတာလား။ ဒါမှမဟုတ်ဘူးဆိုရင်…”

“ငါ့မှတ်ဉာဏ်တွေက ရှင်းထုတ်ခံလိုက်ရတာ” ချန်းထုံက ရှင်းပြလိုက်သည်။

“ထူးဆန်းတာပဲ” ထိုစကားများက မရဏအရှင်သည် အကြွင်းမဲ့ တားမြစ်ချက်အပြီး ပြောင်းလဲသွားခြင်း သို့မဟုတ် တိုးတက်လာခြင်း အတွေးကို တွေးမိသွားစေသည်။

“ဒါပေမဲ့ မရဏအရှင်က အဲ့လောက်တောင် စွမ်းဆောင်နိုင်တယ်လား။ ခင်ဗျားက အဆုံးစွန်မဲ့ စံပြတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ ထိပ်သီးစံပြတစ်ယောက်လေ။ ဘယ်လိုလုပ် အလွယ်တကူ မှတ်ဉာဏ်ကို ရှင်းပစ်ခံရပါ့မလဲ”

“မဟုတ်သေးဘူး။ ဖြစ်စဉ်က အတော်လေးထူးဆန်းတယ်။ သူ့ရဲ့ စွမ်းအားက ငါ့ကိုကျော်လွန်နေရုံ သက်သက်ကြောင့်တော့ မဟုတ်ဘူး”

“ခင်ဗျား ပြောတာ အကျိုးအကြောင်းသင့်တယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်ပြီး ချန်းထုံ၏ ရှင်းပြချက်သည် ထိုသူက သူ့မာနကို ကာကွယ်ဖို့ ကြည့်ကောင်းအောင် ပြောနေခြင်းဖြစ်ကြောင်း မှတ်ယူလိုက်သည်။

“ဒါနဲ့ ကျုပ် မေးခွန်းကို ဖြေပေးတာ ကျေးဇူးပါပဲ”

“မင်းက အဲဒါကို ဖျက်ဆီးပစ်တာလား”

“အဲလို ကြံစည်ထားတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မင်း ဂရုစိုက်သင့်တယ် ငါက မရဏအရှင်ကို နှစ်ကြိမ်ပဲတွေ့ဖူးပေမဲ့ သူက အမြဲတမ်းကြက်သီးထစရာကောင်းတယ်”

“ကျုပ် ဂရုစိုက်ပါ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်ပြီး ချန်းထုံ‌ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။

ဒီလူက မရိုးရှင်းဘူး…

သူ သိထားသလောက် မပြီးမပြတ် အခြေအနေတွေ ရှိနေသည့်သူများက သက်ရှိလောကနှင့် အလွယ်တကူ လွတ်လပ်စွာ ဆက်ဆံနိုင်ခြင်း မရှိပေ။ ထိုစဉ် ချန်းထုံက သူသည် သေခြင်းနဲ့ရှင်ခြင်းကြားရှိ တည်ရှိမှုတစ်ခုအစား အစစ်အမှန်ခန္ဓာကိုယ်၏ ပုံရိပ်ယောင်အလား ပြုမူနေလေ၏။

“ဂိုဏ်းချုပ်” ဝမ်ကျူက အခန်းအတွင်းပေါ်ထွက်လာလေ၏။

“စစ်ဆင်ရေးက ဘယ်လိုလဲ”

All Chapters