ပြီးပြည့်စုံသည့် အနာဂတ်
Vol. 81 Ch. 1124
"ကျင့်ကြံရေးက ကမ္ဘာ့အသိုက်အဝန်းကိုးရာကျော်မှာ အောင်မြင်ခဲ့ပါတယ်" ဝမ်ကျူက တင်ပြလိုက်သည်။
"ကျန်နေတဲ့ တစ်ရာကရော"
"ကိစ္စတွေက ထင်ထားသလို ဖြစ်မလာခဲ့ဘူး။"
"ထျန်းဝေယန်ရဲ့ လက်ချက်လား"
"ဟုတ်ပါတယ်။ သူက အလျင်အမြန် လှုပ်ရှားပြီးတော့ ကျန်ရှိနေတဲ့ ကမ္ဘာ့အသိုက်အဝန်းတွေကို စုစည်းခဲ့ပြီး နောက်ဆုံးထွက်သက်ကို ဆုပ်ကိုင်ထားတယ်လေ။ သူတို့တွေက အားနည်းတယ်ဆိုတော့ အခု အများကြီး အာရုံစိုက်ဖို့တော့ လိုမယ်မထင်ဘူး"
"ကောင်းပြီလေ။ ဒါပေမဲ့ သူက ဒီစစ်ပွဲကြောင့် လွှမ်းမိုးမှုမခံရတဲ့ တစ်ခြား ကမ္ဘာ့အသိုက်အဝန်းတွေနဲ့ မဟာမိတ် ဖွဲ့နိုင်မလားဆိုတာတော့ သေချာ စောင့်ကြည့်ထား"
ဤဖြစ်ရပ်က ကြီးမားလှသော်လည်း ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအနက် သုံးပုံတစ်ပုံကိုသာ သက်ရောက်မှုရှိပြီး ကျန်ရှိနေသည့် ကမ္ဘာ့ အသိုက်အဝန်း နှစ်ထောင်ကျော်ကို ချန်ထားခဲ့သည်။
"အဲ့ဒီအတွက် တာဝန်ချထားပေးပြီးပါပြီ"
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
"အဲ့ဒါဆိုရင် သိမ်းပိုက်ထားတဲ့ ကမ္ဘာ့အသိုက်အဝန်းရဲ့ အလွှာနိမ့်တွေကရော ဘာတွေဖြစ်နေလဲ"
"လူဦးရေ ပြတ်လပ်နေတော့ ကုန်သွယ်ရေးအတွက် ဗဟိုချက်အတွက် ရှားပါးအရင်းအမြစ်တွေကို ထုတ်ပေးနိုင်တဲ့ တကယ့် အဖိုးတန် ကမ္ဘာတွေကိုပဲ ကျူးကျော်ရပါသေးတယ်" ဝမ်ကျူက ရှင်းပြလိုက်သည်။
"အရာအားလုံး ဖြေရှင်းပြီးတာနဲ့ ဒီနေရာရဲ့ ချဲ့ထွင်မှုကို အာရုံစိုက်မယ်”
"ဂိုဏ်းချုပ်ရဲ့ ချဲ့ထွင်မှုက အဲ့ဒီနေရာတင် မကဘဲ ဒိုင်မေးရှင်းတစ်ခုလုံးကိုလား"
"မင်းရဲ့ ချဲ့ထွင်မှုက အဲ့ဒီနေရာတင် မကသေးဘဲနဲ့ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး ပါဝင်လာလိမ့်မယ်။ မင်းအနေနဲ့ နေရာတိုင်းကို သေချာစောင့်ကြည့်ပြီးတော့ လူတွေကိုလည်း သေချာရွေးချယ်ဖို့ လိုတယ်။"
ဝမ်ကျူက ထိုချဲ့ထွင်မှုသည် မရိုးရှင်းကြောင်း သတိပြုမိလိုက်သည်။ သူမ၏ ဂိုဏ်းချုပ်က သတင်းစုစည်းရေး အဖွဲ့အကြီးကြီးကို လိုချင်နေလေသည်။ ကုန်သွယ်ရေး ဗဟိုချက်က ဒိုင်မေးရှင်းအနိမ့်တွင် အကြီးမားဆုံးအာဏာ ဆုပ်ကိုင်ထားပြီး သူတို့ကို အနိုင်ယူပြီးသည့်နောက်တွင် မည်သူကမှ သူ့ဂိုဏ်းချုပ်၏ တိုးတက်လာမှုကို ခုခံနိုင်မည် မဟုတ်ပေ။
တခြားနည်းဖြင့် ပြောရလျှင် ကံကြမ္မာရိပ်တပ်ဖွဲ့ဝင်များ၏ ကဏ္ဍက ပျောက်ကွယ်သွားသင့်ပြီး တာအို အခွင့်အလမ်းဂိုဏ်းအတွက် မျက်လုံးသဖွယ် ဖြစ်လာကာ ကောင်းကင်ဧကရာဇ်၏ ခေတ်ကာလနှင့် အာဏာကို ထိန်းသိမ်းထားပေးသင့်သည်။ သို့သော်လည်း ယခုတွင် သူမက ကွဲပြားသော အရာတစ်ခုကို ခံစားမိနေသည်။
"အချိန်ကျလာတဲ့အခါ သိလာလိမ့်မယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ကျွန်မ နားလည်ပါပြီ"
"တခြားတစ်ခု ရှိသေးလား"
"ဒါက ဂိုဏ်းချုပ်အတွက်ပါ" ဝမ်ကျူက အဆောင်များကို ပေးလိုက်သည်။
"ဒါက ကုန်သွယ်ရေး အုပ်ချုပ်သူတွေရဲ့ အမှတ်အသားပြားပါ။ ဒါတွေက ဌာနချုပ်ကို တတ်နိုင်သမျှ မြန်မြန် ထိန်းချုပ်ထားခွင့်ပြုပါလိမ့်မယ်။”
ထိုလူများက ဌာနချုပ်အား ဥက္ကဌထံ အုပ်ချုပ်ခွင့် အပြည့်အဝ ပေးလိမ့်မည် မဟုတ်ပေ။ သူတို့က အာဏာကို ခွဲဝေကာ လိုအပ်လာသည့်အခါ ကန့်သတ်နိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့ကြသည်။
"ကောင်းပြီ" ဝမ်ဝေ့က ပြုံးကာပြောလိုက်၏။
"နောက်ဆုံးအနေနဲ့ လက်သီးသူတော်စင် ဧကရာဇ်ကို ဘယ်လိုလုပ်မှာလဲ" ဝမ်ဝေ့က ဌာနချုပ်ကို ဆုပ်ကိုင်နိုင်သည်နှင့် သူ့မသေနိုင်စွမ်းအားက ပျောက်ကွယ်သွားမည် ဖြစ်သည်။
"သူ့ကို ငါတို့လူ ဖြစ်အောင် ကြိုစားကြည့်။ အဲဒါမှ မရဘူးဆိုရင်တော့ သူ့ဝိညာဉ်ကို သတင်းအချက်အလက် ရှာဖွေပြီးတော့ အရင်းအမြစ်အဖြစ် ပြောင်းလဲလိုက်တော့။"
"ဟုတ်ကဲ့ပါ"
"တခြားပြောစရာ ရှိသေးလား"
"မရှိတော့ပါဘူး"
ဝမ်ဝေ့က သူမကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် အဆောင်များကို အသက်သွင်းလိုက်သည်။ ထိုအရာများက လေထဲတွင် စက်ဝိုင်းပုံစံဖြင့် မျောလွင့်နေသည်။ သူတို့က လည်ပတ်နေပြီးသည့်နောက်တွင် အလင်းတန်းအဖြစ် ပြောင်းလဲကာ မြေကြီးအတွင်း ပေါင်းစည်းသွားသည်။ ဝမ်ဝေ့က ဤအရာမှ ကုန်းမြေကြီးနှင့် ဆက်နွယ်မှုကို ခံစားမိလိုက်သည့်အခါ ချက်ချင်း ပြုံးလိုက်မိသည်။
သူတို့သာ ဒီစွမ်းအားကို တောင့်ခံနိုင်တယ်ဆိုရင် ဆယ်ဆတိုက်ခိုက်ရေးနဲ့ ယဉ်နိုင်တဲ့ စွမ်းအားကို အသုံးပြုနိုင်လိမ့်မယ်...
သူက သူ့အမှတ်အသားပြားကို ထိုအစီအရင်ပေါ် ချထားလိုက်ပြီး အပြည့်အဝ ထိန်းချုပ်လိုက်သည်။ ထိုအရာ အောင်မြင်သွားသည်နှင့် သူသည် ကောင်းကင်ကို လက်ညိုးထိုးကာ ဤကုန်းမြေနှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်များစွာကို ဆွဲထုတ်လိုက်သည်။
ဝမ်ဝေ့က ကြိုးမျှင်အများစုကို ဖြတ်ထုတ်ပစ်လိုက်သည်။ ယခုမှစ၍ ကုန်သွယ်ရေး ဗဟိုချက်၏ ဌာနချုပ်သည် အားကောင်းသည့် လက်နက်တစ်ခုဖြစ်ကြောင်း ချန်းထုံလိုလူမျိုးမှလွဲ၍ မည်သူမှ သိကြတော့မည် မဟုတ်ပေ။ သိထားသူအားလုံးက သူတို့၏ မှတ်ဉာဏ် ရှင်းထုတ်ခံရမည် ဖြစ်သည်။
ဝမ်ဝေ့၏ နောက်ခြေလှမ်းက ဌာနချုပ်၏ ကုန်းမြေကို ရွှေ့ကာ မူလလေဟာနယ်သားရဲအဖြစ် ပြောင်းလဲပြီး သူ့လက်ဖဝါးပေါ် ကစားစရာသဖွယ် ကျုံ့လာစေလိုက်သည်။
"အခု မင်းက ငရဲခုံရုံးရဲ့ ဌာနချုပ် ဖြစ်လာလိမ့်မယ်" ဝမ်ဝေ့က ပြောလိုက်သည်။ သူကထိုကုန်းမြေကို အသင်္ချေအင်ပါယာကမ္ဘာ သို့မဟုတ် တာအို အခွင့်အလမ်းဂိုဏ်းအတွက် ထားရှိဖို့ စီစဉ်မထားဘဲ ငရဲခုံရုံးအတွက် ကြိုတင်စီစဉ်ထားခဲ့သည်။ ထိုသူများက သူ့ခေတ်ကာလအတွက် ခြိမ်းခြောက်မှု အဖြစ် မြင်ဖို့ လိုအပ်သည်။ မဟုတ်ပါက အစစ်အမှန်ကောင်းကင်တာအိုသည် သူတို့အတွက် မျှော်လင့်ချက် ကင်းမဲ့ပြီဟု ထင်ကာ ဤခေတ်ကာလ၏ မျှချေညီစက်ယန္တရားအတွက် တခြားအရာကို ရွေးချယ်သွားနိုင်သည်။ ထို့ကြောင့် သူက အားကောင်းသည့် လက်နက်ကို ပေးအပ်လိုက်ခြင်း ဖြစ်၏။
"ငါ့ရဲ့ အပြုအမူတွေက နောက်အနာဂတ်မှာ ပြန်ပြီးတော့ သက်ရောက်မှု ရှိမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အခုတော့ အကောင်းဆုံးရွေးချယ်မှုပဲ" ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် အိပ်မက်လောကမှ တစ်ဆင့် မဟာမိတ်အားလုံးကို အစည်းအဝေး ဖိတ်ကြားလွှာ ပို့လိုက်သည်။ ယခု တိုက်ပွဲအပြီး ဖြေရှင်းဖို့ အချိန်ကျရောက်လာပြီ ဖြစ်၏။
အစည်းအဝေးခန်းမက ယခင် ခုံရုံးခန်းမနှင့် ကွဲပြားလှသည်။ ဝမ်ဝေ့က ထိပ်ဆုံးရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သို့သော် တစ်ယောက်ထဲသာ မကပေ။ သူက သူ့ဘယ်နှင့် ညာတွင် တခြားသူများ ထိုင်ဖို့ ပလ္လင်များစွာ ဖန်တီးပေးထား၏။ သူ့မဟာမိတ်များကို လေးစားသမှုအနေနှင့် ဖန်တီးပေးထားခြင်း ဖြစ်သည်။ ကျိလန်ဖန်းနှင့် ဒေါသလိုလူမျိုးက သူနှင့် ညီတူညီမျှဖြစ်ပြီး ကောင်းကင်ဧကရာဇ် ရာထူးကို ဆုပ်ကိုင်ထားသူများ ဖြစ်၏။ ထို့ကြောင့် သူတို့ကို တခြားသော ခုံရုံးရှိသူများကဲ့သို့ မတ်တပ်ရပ်စေသည်က မလေးစားရာ ကျပေသည်။ ဝမ်ဝေ့အနေနှင့် သူတို့က စိတ်ထဲထားမည် မဟုတ်သလို ဘာမှမပြောရဲမှန်း သိထားသော်လည်း ဤသို့ ပြင်ဆင်ပေးထားခြင်း ဖြစ်၏။
သူက သူ့ခုံရုံးနှင့် ပလ္လင်များစွာကို ဖန်တီးပေးထားပြီး ထာဝရပုဂ္ဂိုလ်အဆင့် အားလုံးပင် ထိုင်စရာ ရကြသည်။ သို့သော်လည်း ကျန်ရှိနေသည့် မသေမျိုးနှင့် သေမျိုး ကျင့်ကြံသူများကမူ ပုံမှန်အတိုင်း မတ်တတ်ရပ်နေရသည်။
အားလုံး ပေါ်ထွက်လာဖို့ သိပ်မကြာမြင့်ခဲ့ပေ။ ဝမ်ဝေ့က ထိုင်ခုံများကို ကြိုတင်ဦးပေးထားခြင်း မရှိသလို လူများ၏ နာမည်များကိုလည်း မှတ်ပေးထားခြင်း မရှိပေ။ အရင်ရောက်သည့် သူက အရင် ရွေးချယ်နိုင်သည်။ သိပ်မကြာခင် အားလုံးက အစည်းအဝေးအတွက် ပေါ်ထွက်လာကြသည်။ လူအများရှေ့တွင် စကားပြောဆက်ဆံလေ့မရှိသည့် ဒေါသပင် ပါဝင်လာ၏။
သူက ဖြစ်နိုင်ချေရှိသည့် အနာဂတ်ကို လတ်တလောလေးက မြင်တွေ့ထားသည့်အတွက် စိတ်နှလုံးသား အပြောင်းအလဲ ဖြစ်နေမိသည်။ နောက်အနာဂတ်တွင် သူ့ခေတ်ကာလကို ဖျက်ဆီးဖို့ တာဝန်ရှိသူများက သူနှင့် မိစ္ဆာမျိုးနွယ်၏ မဟာမိတ်အကြောင်းကို အကြောင်းပြချက်အနေနှင့် အသုံးပြုကြလိမ့်မည်။ သူတို့က သက်သေအခိုင်အမာ မရှိသလို မိစ္ဆာလက်သစ် တွေလည်း တခြားကမ္ဘာ့အသိုက်အဝန်းတွေနှင့် ဆက်နွယ်ထားပြီး အကောင်းဘက်မှ အပြောင်းအလဲ ရှိနေသည်ကိုပင် ဂရုမစိုက်ကြပေ။
စိတ်ဝင်စားစရာကောင်းသည့်အချက်က ငရဲခုံရုံး၏ ခေါင်းဆောင်တစ်ဦးသည် သူ့ဧကရာဇ်ခေတ်ကာလကို အဆုံးသတ်ဖို့ ဖြစ်လာခြင်း ဖြစ်သည်။ တခြားနည်းဖြင့် ပြောရလျှင် ဝမ်ဝေ့၏ ကိုယ်ပိုင်ဖန်တီးမှုက ကုန်ဆုံးရက်ထက် အမှန်တကယ် ကျော်လွန်သွားခဲ့သော်လည်း ထိုအရာကပင် ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
အမှန်တရားကို သိပြီးသည့်နောက်တွင် ဝမ်ဝေ့က ဒေါသနှင့် ဆက်ဆံရေးကို ဖုံးကွယ်ထားသည်မှာ အကျိုးမရှိကြောင်း ဆုံးဖြတ်လိုက်သည်။ ပို၍ကောင်းသည်က သူ့အပြုအမူများသည် ယခုအခါ အသင်္ချေ အင်ပါယာ ကမ္ဘာတွင် ငရဲခုံရုံး၏ မြင့်တက်လာမှုအတွင်း မိစ္ဆာလက်သစ်မျိုးနွယ်ကဲ့သို့ အားကောင်းသည့် မဟာမိတ်မျိုး ရှိထားသည်ကို သိခွင့်ပေးလိုက်သည်။
ပြီးပြည့်စုံသည့် အနာဂတ်အတွက်မူ ထိုအရာက အကြွင်းမဲ့ မဟုတ်ပေ။ သူသာ ထိုအချိန်မတိုင်ခင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရယူနိုင်သရွေ့ အစစ်အမှန်ကောင်းကင်တာအိုက ကျရှုံးအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဒေါသက ဝမ်ဝေ့ကို ကြည့်ပြီး သူမကို အဘယ့်ကြောင့် လူသိရှင်ကြား တွေ့ရသလဲဟု စဉ်းစားနေသည်။ သို့သော်လည်း သူမက မေးခွန်း မမေးပေ။ သူ့တွင် အကြောင်းပြချက်ရှိနေမည်မှန်း သိနေ၏။ ထိုသူသည် အမြဲတမ်း တွက်ချက်၍ ပြုမူသည့်အတွက် အမှားအယွင်း လုပ်မိသည်ဟု မထင်ပေ။
အစည်းအဝေးခန်းမက တိတ်ဆိတ်နေပြီး အားလုံးက စတင်ဖို့ စောင့်စားနေကြသည်။ သို့သော်လည်း ယဲ့တာ့ဖူ ပေါ်ထွက်လာသည်နှင့် သူက တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။
“ဝမ်ဝေ့ ကောင်လေး ငါ မင်းစီစဉ်ထားတာကို သဘောကျတယ်။ ဒါပေမဲ့ ငါ့မိန်းမအတွက် ထိုင်ခုံလေး လုပ်ပေးပါအုံး။ "
ဝမ်ဝေ့က သူ့ကို မျက်လုံးဝေ့ကာ ကြည့်လိုက်သည်။
"မရဘူး"
"ဘာလို့လဲ"
"သူမက မင်း ယုံကြည်မှုကို ရထားတယ်ဆိုပေမဲ့ ငါ့ယုံကြည်မှုကို မရသေးဘူး"
ယဲ့တာ့ဖူက သက်ပြင်းချကာ ထိုင်ခုံပေါ် ဝင်ထိုင်လိုက်သည်။
"မင်း အဲလိုလုပ်နေတဲ့အခါ သဘောမကျဘူး"
"အားလုံးပဲ ကြိုဆိုပါတယ်" ဝမ်ဝေ့က မျောက်ကို လျစ်လျူရှုထားပြီး ပြောလိုက်သည်။
“ အရာအားလုံးကို မစတင်ခင် မင်းတို့ရဲ့ အသက်နဲ့ ငါ့ကို ယုံကြည်ပေးထားတာကို ကျေးဇူးတငပါတယ်။ စကားနဲ့ ဖော်မပြနိုင်လောက်အောင်ကို ကျေးဇူးတင်ပါတယ်။ "
ဝမ်ဝေ့က နှစ်စက္ကန့်လောက် ရပ်တန့်ပြီးသည့်နောက်တွင် ပြောလိုက်သည်။ သူက သူ့စကားများကို ထိုသူတို့အား အစစ်အမှန် ဟုတ်လား မဟုတ်လား တွေးတောနေဖို့ အချိန်မပေးပေ။ ပြောရလျှင် သူတို့အများစုက စစ်ပွဲအတွင်း ပါဝင်လာသည်မှာ သူ့အပေါ် ယုံကြည်မှုကြောင့် မဟုတ်ဘဲ အကြောက်တရားကြောင့်သာ ဖြစ်၏။
"ငါတို့တွေ ဒုက္ခတွေ့ခဲ့ရတယ်။ အခုငါတို့ရဲ့ စစ်ဆေးချက်တွေ စမ်းသပ်ချက်တွေအတွက် အကျိူးမြတ် ရိတ်သိမ်းရမဲ့ အချိန်ပဲ။ " ဝမ်ဝေ့က လက်မြောက်ကာ ဒိုင်မေးရှင်းအနိမ့်၏ သုံးဖက်မြင် မြေပုံကို ထုတ်ဖော်လိုက်သည်။
"လက်ရှိ ဒိုင်မေးရှင်းရဲ့ သုံးပုံတစ်ပုံလောက်က အားနည်းသွားပြီး တခြားကမ္ဘာတွေကလည်း ဧကရာဇ် ဒါမှမဟုတ် တခြားကာကွယ်သူ မရှိတဲ့ ကမ္ဘာတွေ ရှိတယ်။ အဲ့ဒါက ငါတို့အတွက် အခွင့်အရေးပဲ။ ဒီဟာကို အသုံးပြုပြီးတော့ ငါတို့ရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်ရမယ်။ "
လူများက ထိုမြေပုံကို အာရုံစူးစိုက်ကာ ကြည့်လိုက်ကြသည်။ လူများစွာက တံတွေးမျိုမချမိအောင် ထိန်းသိမ်းနေရသည်။
"ဒီချဲ့ထွင်မှုနှင့် မင်းတို့အကျိုးအတွက် မင်းတို့တာဝန်ယူရမဲ့ အပိုင်းတွေကို လုပ်ပိုင်ခွင့် ခွဲထားတယ်" ဝမ်ဝေ့က လက်ဖျောက်တီးလိုက်ပြီး အားလုံးထံ သတင်းအချက်အလက်ကို ပို့လိုက်သည်။
“ဒီလုပ်ပိုင်ခွင့်မှာ ချဲ့ထွင်မှုအတွက် စည်းမျဉ်းစည်းကမ်းတွေ ပါဝင်နေတယ်။ အဓိကကတော့ အဲ့ဒီကမ္ဘာက ရယူနိုင်တဲ့ အရင်းအမြစ်တွေကို သူတို့အပြုအမူရဲ့ ပြစ်ဒဏ်အနေနဲ့ သိမ်းပိုက်မယ်။ ဒါပေမဲ့ အငြိုးတရား ဒါမှမဟုတ် အမုန်းတရားကြောင့် စိတ်လွတ်တိုက်ခိုက်တာတော့ မလိုချင်ဘူး။ မင်းတို့တွေ မေးစရာ ရှိသေးလား"
"ကျွန်မမှာ တစ်ခု ရှိတယ်။ ကျွန်မတို့တွေရဲ့ တပ်ဖွဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မတို့ဆီမှာ စစ်မက်ရေးရာ ဆုလာဘ်အတွက် အဓိပ္ပါယ်မရှိဘူး။ "
"ငါတို့ရဲ့ လူတွေကို အသက်ပြန်သွင်းဖို့ စီစဉ်မထားဘူးလား။ "ဝမ်ဝေ့က မေးလိုက်သည်။
"အဲလိုလုပ်လိုက်။ ငါတို့လူတွေမှာတင် ရပ်တန့်မနေနဲ့။ ရန်သူတပ်သားတွေကိုလည်း အသက်သွင်းပြီး အလောင်းကောင် အဖြစ် ပြောင်းလဲပြီးတော့ အလောင်းကောင်တွေကို ရုပ်သေးရုပ်အဖြစ် ထားလိုက်။ ပြီးတော့ တပ်သားတွေအတွက် ဆင့်ခေါ်ရေးနည်းလမ်းတွေ သုံးပြီးတော့ သူတို့ကို အသက်ပြန်သွင်းရာမှာ ကူညီပေးနိုင်မဲ့ ကုန်သွယ်ရေးဗဟိုချက်ဆီက အရင်းအမြစ်တချို့ကို သုံးနိုင်တယ်။ သေမျိုးလူအဖွဲ့အစည်းကိုတော့ ကမ္ဘာငယ်နှင့် မသေမျိုးကမ္ဘာတွေအတွက်သာ ယူလိုက်ကြတော့။ "
ဝမ်ဝေ့က ရပ်တန့်ကာ တစ်စုံတစ်ခုကို တွေးမိသွားဟန်နှင့် ပြောလိုက်သည်။
"ဒါနဲ့ အလောင်းကောင်နည်းလမ်းတွေမှာ ဝိညာဉ်ပါတဲ့ အလောင်းကောင် နည်းလမ်းတွေကို မသုံးနဲ့။ ငါတို့တွေက သံသရာအပေါ် အနှောက်အယှက် မဖြစ်စေချင်ဘူး”
"ကောင်းပါပြီ" ရှုရှစ်က ခေါင်းညိတ်လိုက်သည်။