မွေးချင်း
Vol. 81 Ch. 1125
"ဒီကိစ္စကို တာဝန်ယူလိုက်။ တခြားပြောစရာ ရှိသေးလား" ဝမ်ဝေ့က မေးလိုက်သည်။
"အရှင် ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခုရှိပါတယ်" ဖုန်းဟွမ်က ညာဘက်နှစ်ခုံမြောက်တွင် ထိုင်နေရင်း မေးလိုက်သည်။
"ပြောပါ"
"ကျုပ်ရဲ့လုပ်ပိုင်ခွင့်ကို ရှေးဟောင်းစိတ်ဝိညာဉ်နယ်မြေ ထိန်းချုပ်ဖို့အတွက် ပြောင်းပေးလို့ရမလား"
"အမ်" ဝမ်ဝေ့က ချက်ချင်း အဖြေမပေးသေးဘဲ ဖုန်းဟွမ်က ဤသို့ အဘယ်ကြောင့် ပြောင်းလဲလိုသည်ကို နားလည်ထား၏။ သူက ဝိဇီယာရန ဗုဒ္ဓဘာသာသည် ပြဿနာမရှိတော့အောင်အထိ သေချာအောင် လုပ်လိုခြင်း ဖြစ်၏။ သို့သော်လည်း ကမ္ဘာတစ်ခုလုံးအပေါ် အကြွင်းမဲ့ထိန်းချုပ်ထားနိုင်သည့် လူတစ်ဦးကို သဘောကျကြမည် မဟုတ်ပေ။
"ကောင်းပြီလေ" ဝမ်ဝေ့က ပြောလိုက်သည်။
"ဒါပေမဲ့ ဝိဇီယာရန ဗုဒ္ဓဘာသာကို အဲ့ဒီ ကမ္ဘာ့ အသိုက်အဝန်းရဲ့ အလွှာနိမ့်မှာ ဖြန့်ဝေရမယ်"
"ကောင်းပါပြီ" ဖုန်းဝမ်က ထိုကိစ္စကို ဖုန်းဝမ်က များများစားစား အာရုံမစိုက်ဘဲ သူက လိုအပ်သည့် အဟန့်အတားများ ချမှတ် ပေးပြီးသည်နှင့် ဝိဇီယာရန ဗုဒ္ဓဘာသာက ဇင်၊ သန့်စင်ကုန်းမြေ သို့မဟုတ် တောက်ဇင် ဗုဒ္ဓဘာသာကဲ့သို့သော တခြားအဖွဲ့ခွဲတစ်ခု ဖြစ်လာခဲ့သည်။
" တခြား ပြောစရာရှိသေးလား"
"ငါ့မှာ ပြောစရာရှိတယ်" ဝမ်ဝေ့က မျောက်ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ကမ္ဘာက ပင်ကိုအနေအထား ပြန်လည်ပြောင်းသွားပြီလို့ ကြားတယ်။"
"ဟုတ်တယ်လေ"
"အဲ့ဒီနည်းလမ်းကို ရောင်းနိုင်မလား"
"ပင်ကိုချီ ပတ်ဝန်းကျင်က ရောင်းရမဲ့ စာရင်းထဲမှာ မပါဘူး။ ဒါပေမဲ့ မင်းရဲ့ သွေးမျိုးဆက် တိုးတက်မှုနည်းလမ်းကို ပေးမယ်ဆိုရင်တော့ ရောင်းပေးနိုင်တယ်"
"ထားလိုက်ပါတော့" ယဲ့တာ့ဖူက ပြန်ပြောလိုက်သည်။ အကယ်၍ သူသာ ကြိုးစားပါက မွေးရပ်မြေမှ လူအိုကြီးများ၏ အကူအညီဖြင့် ဖြေရှင်းနည်းကို စဉ်းစားနိုင်လိမ့်မည်။ အဆိုးဆုံးအခြေအနေအရ သူ့အနေဖြင့် အသင်္ချေအင်ပါယာကမ္ဘာဆီသာ သွားရောက်ကျင့်ကြံဖို့သာ လိုအပ်၏။ ထို ခွေးကောင်ဝမ်ဝေ့က သူ့ကို အချိန်ပိုနေသည့်အတွက် တန်ကြေးတစ်ခု ကောက်မည်မှန်း မှန်းဆမိသော်လည်း ထိုနည်းလမ်း ဝယ်ရသည့် တန်ဖိုးထက် များစွာဈေးချိုနေမည်သာ ဖြစ်သည်။
အစည်းအဝေးက ဆက်လက် ကျင်းပလိုက်ပြီး အများစုက အစောပိုင်း အကျိုးအမြတ်များကို ခွဲဝေခြင်း ဖြစ်သည်။ လူများက သူတို့၏ စွမ်းအား သို့မဟုတ် သူတို့မျိုးနွယ်၏ အခြေခံအုတ်မြစ်ကို တိုးတက်စေဖို့အတွက် စစ်မက်ရေးရာ အမှတ်များကို အသုံးပြုနေကြသည်။ ဝမ်ဝေ့က သိမ်းဆည်းထားသည့် ထာဝရဦးသျှောင် အလောင်းတစ်ချို့ကို ဝယ်ယူလိုက်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် ထာဝရဧကရာဇ်များက စကားစမြည်ပြောပြီးသည့်နောက်တွင် အားလုံးက ထွက်ခွာသွားကြ၏။ ရှုရှစ်က ဝမ်ဝေ့နှင့် စကားပြောလိုသည့်အတွက် နောက်တွင် နေခဲ့လေသည်။
"အခု တာအိုဆွေးနွေးမှုအတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခုပဲ"
"အခုက အချိန်ကောင်း မဟုတ်သေးဘူး" ဝမ်ဝေ့က ပြောလိုက်သည်။ သူကျင့်ကြံဆင့်က တမင်နှောင့်နှေးထားခြင်း ဖြစ်ကာ တာအိုဆွေးနွေးမှုက အလကား ဖြစ်သွားလိမ့်မည်။ သို့သော်လည်း သူက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရယူပြီး ကျင့်ကြံဆင့် တိုးမြှင့်ဖို့ ပြဿနာ မရှိတော့သည့်အခါမှ ပြီးပြည့်စုံသည့် အချိန်အခါတစ်ခု ဖြစ်လာလိမ့်မည်။
"နောက်တစ်ကြိမ် လုပ်ရင် ငါတို့ဆီမှာ လူအများကြီး ရှိတယ်ဆိုတော့ သက်ရောက်မှုအား ပိုကောင်းမှာပါ" ဝမ်ဝေ့က သူမကို ဖျောင်းဖျလိုက်သည်။"
"အဲလိုလည်း ကောင်းတာပါပဲ"
ဝမ်ဝေ့က အိပ်မက်လောကဆီမှ ထွက်လိုက်သည်။ သူ့တွင် လုပ်စရာအများကြီး ရှိနေသည့်အတွက် ဒိုင်မေးရှင်းအနိမ့်တွင် ရှိနိုင်သည့် အချိန်က သိပ်ကြာကြာနေနိုင်တော့မည် မဟုတ်ကြောင်း ခံစားမိလိုက်သည်။ သူက နောက်ဦးတည်ရာသည် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာရှိ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းဆီ ဖြစ်၏။ ဝမ်ဝေ့က ဧကရာဇ်ကျားသည် သူ့ကျွန်တစ်ယောက် ဖြစ်နေသည့်အတွက် ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
သူက တစ်ခါက အကောင်းဆုံးဂိုဏ်းကို ကြည့်လိုက်သည်။ ဤနေရာတွင် သက်ရှိအရိပ်အယောင် မခံစားမိတော့ပေ။ ထိုနေရာတွင် သက်ရှိဟူ၍ မရှိတော့ပေ။ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းထားသည့် ဧကရာဇ်ကျား၏ ရည်ရွယ်ချက်က မည်သူမှ မလွတ်မြောက်စေဖို့အတွက် ဖြစ်၏။ သူက စစ်ပွဲအတွင်း အပြင်ဘက်ရှိ လူတချို့ပြန်လည်ဆင့်ခေါ်ခဲ့ပြီး သုတ်သင်ပစ်ခဲ့သည်။
"ရောက်လာပြီပဲ" ဧကရာဇ်ကျားက သူတို့၏ ဧကရာဇ်အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းများနှင့် သူတို့၏ အခြေခံအုတ်မြစ်အဖြစ် ရှိနေသည့် လျှို့ဝှက်နယ်မြေများအပါအဝင် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ အရင်းအမြစ်များအားလုံးကို ထည့်ထားသည့် သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။ ဤသို့ အားကောင်းသည့် အင်အားစု၏ အုတ်မြစ်ကို စုပ်ယူပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းက နောက်ထပ် တစ်ဆင့် ခုန်တက်သွားလိမ့်မည်။ သူတို့အနေဖြင့် ထိုအရင်းအမြစ်တချို့ကို သုံးကာ အသင်္ချေအင်ပါယာကမ္ဘာ၏ မူလစနစ်ကို ပြုပြင်နိုင်သည်။
"ကျေးဇူးပါ"
"ဧကရာဇ်ကျားက ခေါင်းညိတ်ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။ ဤသည်က ကောင်းမွန်သည့်အချိန်တစ်ခု ဖြစ်ပေသည်။ သူက သူ့ကိုယ်ပိုင် လျှို့ဝှက်လုံခြုံရေးသေတ္တာကိုပါ ဖျက်ဆီးပစ်ပြီးသား ဖြစ်သည့်အတွက် ဝမ်ဝေ့အနေဖြင့် သမိုင်းကြောင်းမှ ဖယ်ရှားခြင်းဖြင့် နောက်ဆုံး လုပ်ဆောင်ချက် လုပ်ဖို့သာ လိုအပ်သည်။ ယခုမှစ၍ လူတစ်ချို့ကသာ ဧကရာဇ်ကျား၏ နာမည်ကို မှတ်မိနေလိမ့်မည်။
ဝမ်ဝေ့က စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ ယခင် ကြီးကျယ်ခမ်းနားလှသည့် အဆောက်အဦးများက ယခုအခါ သဲမှုန့်ဖြစ်သွားပြီး လေနှင့်အတူ လွင့်မြောသွားသည်။
အစီအရင်က အကောင်းတိုင်း ကျန်ရှိနေပြီး အပြင်ဘက်ရှိ လူများအား အထဲမှ အဖြစ်အပျက်များကို မသိနိုင်အောင် ကွယ်ထားလေ၏။ ထို့နောက် သူက အဝေးတစ်နေရာရှိ တောင်ထိပ်ဆီ ကူးသန်းလာလိုက်သည်။
"အရှင်" ထိုသူက ဦးညွတ်ကာ ပြောလိုက်သည်။
"ကောင်းပေါ်ချင်း … ငါက မင်းကို တာအိုသက်သေပြခွင့် ပေးမယ်လို့ အခွင့်အရေး ပေးမယ်လို့ ကတိပေးထားတယ်။ ငါက စကားကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး။ သိပ်မကြာခင် မင်းနဲ့အတူ ဒိုင်မေးရှင်းအမြင့်ကို တက်လှမ်းမဲ့ လူတချို့ရှိလာလိမ့်မယ်။ ဖျက်ဆီးခြင်း(၁)ကလည်း မင်းကို မင်း ပေးဆပ်ရမဲ့ တန်ကြေးအကြောင်း ပြောပြီးပြီလို့ ထင်တယ်။
"သူ ပြောပြီးသွားပါပြီ။ ကျုပ် စိတ်ထဲမထားပါဘူး"
"ကောင်းပြီ" ဝမ်ဝေ့က လက်ဝှေ့ပြီး သူ့ကို အမှတ်အသားပြားတစ်ခု ထုတ်ပေးလိုက်သည်။ ကောင်းပေါ်ချင်းက ထွက်မသွားခင် ဦးညွတ်ခဲ့၏။
ဝမ်ဝေ့က ထိုနေရာကို နောက်ဆုံးအကြိမ်အနေဖြင့် လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က ကံကြမ္မာတာအိုကို ကျင့်ကြံလိုသည့် လူအိုကြီးဆီ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက သူ့မိသားစုဝင်များ ညစာ စားပွဲပြင်ဆင်နေသည့် အိမ်သို့ ပြန်လာခဲ့လိုက်သည်။သူက မူလအရှင်ဆီ သိုလှောင်လက်စွပ်ကို ပို့ဆောင်ကာ ကိစ္စများကို ဖြေရှင်းခိုင်းခဲ့၏။
"လာလေ အစားအစာ အဆင်သင့်ဖြစ်ပြီ" ယုယန်က ပြောလိုက်စဉ် ဝမ်ဝေ့က အပြုံးဖြင့် လျှောက်လှမ်းလာလိုက်သည်။
"ကောင်လေး ငါ့တိုက်ပွဲကို မြင်ပြီးပြီလား" ဝမ်ချန်က မေးလိုက်သည်။
"မြင်ပြီးပါပြီ"
"ကျုပ် မမြင်ရသေးဘူး" ဝမ်ထျန်းက ပြောလိုက်သည်။
"ကျွန်မရောပဲ"
"မင်းတို့တွေ အဲဒီမှာရှိသင့်တာ … ငါက ဒီလို ထိုးချလိုက်ပြီးတော့.....”
အမြဲတမ်းလိုလို ဝမ်ဝေ့က သူ့မိသားစုနှင့်အတူ အချိန်ကုန်ဆုံးရသည်ကို သဘောကျလေသည်။
"ငါ့စကားကို နားထောင်နေရဲ့လား"
"အာ ကျွန်တော် နည်းနည်းစိတ်လွတ်သွားလို့ ဘာပြောလိုက်တာလဲ"
"ငါပြောတာ ယန်ခိုင်နဲ့ တိုက်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ငါထင်တယ်။ မင်းရော ဘယ်လိုထင်လဲ"
"အဲ့ဒါက ပြဿနာတော့ မဟုတ်ပါဘူး" ဝမ်ဝေ့က ပြောလိုက်သည်။ နေမင်းကိုးစင်းဧကရာဇ်က တာအိုကို သက်သေပြခဲ့သည်မှာ လွန်ခဲ့သည့် မျိုးဆက်သုံးခုခန့်က ဖြစ်၍ ဒိုင်မေးရှင်းအမြင့်ရှိ အချိန်စီးဆင်းမှုနှင့် ယှဉ်လျှင်ပင် သူ့အင်အားက များများစားစား တိုးတက်လာဦးမည် မဟုတ်ပေ။
"ဒါပေမဲ့ ဒီတိုက်ပွဲထဲက အတွေ့အကြုံတွေ အားလုံးကို စုပ်ယူဖို့ နောက်ဆုံးတစ်ကြိမ်အနေနဲ့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သင့်တယ်လို့ ထင်တယ်"
" ငါလည်း အဲလို စဉ်းစားနေတာပဲ" ဝမ်ချန်က ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိ၍ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
" ဘာဖြစ်လို့လဲ" ဝမ်ထျန်းက မေးလိုက်သည်။
"ချူးလော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ တက်လှမ်းသွားပြီ"
"ချူးလော့လား။ ကုရွှမ်ရဲ့ စစ်ဆေးမှုထဲမှာ မင်းရဲ့ ပြိုင်ဘက်ဆိုတဲ့သူလား"
"အင်း ဟုတ်တယ်" ဝမ်ဝေ့က အခြေအနေကို ရှင်းပြလိုက်သည်။
"ဒီလိုသိတတ်တဲ့ ကလေးလေးပဲ" ယုယန်က ပြောလိုက်သည်။
" အမေ့စကားရဲ့ နောက်ကွယ်မှာ ဘာလို့ လျှို့ဝှက်စကားတွေ ပါနေတယ်လို့ခံစားမိနေတာလဲ" ဝမ်ဝေ့က ပြောလိုက်သည်။
"မင်းက အတွေးလွန်နေတာပါ" ယုယန်က သူ့ကိုအကြည့်လေးတစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်က မသိတတ်ဘူးလို့ ပြောနေတာ မဟုတ်ဘူးလား။ ဒီလောကမှာ ကျွန်တော့ထက် သိတတ်တဲ့သူ ရှိပါဦးမလား" ဝမ်ဝေ့က စိတ်ထိခိုက်သလို ခံစားမိလိုက်သည်။
"တကယ်လို့ မင်းသာ သိတတ်တယ်ဆိုရင် အမေကို မြေးလေးးတွေ မွေးပြီးလောက်ပြီပေါ့" ယုယန်က ပြောလိုက်သည်။
"လာပြန်ပြီ။ ဒီစကားဝိုင်းက ရောက်လာမယ်လို့ ထင်နေပြီးသား"
"ဘာစကားဝိုင်းလဲ … မင်းနဲ့ ဟုန်အာနဲ့က ဆုံးဖြတ်ထားပြီးပြီဆိုတော့ ငါတို့ဘာမှ ပြောနေလို့လည်း အကျိုးမရှိပါဘူး"
ဝမ်ဝေ့က ဆွံ့အမိသွားသည်။ သူ့အမေက အငြိုးထားလိမ့်မည်ကို မည်သူကများ ထင်ထားမိမည်နည်း။
"ဘာလို့ မပြောတော့တာလဲ" ဝမ်ဝေ့က သူ့အဖေကို ပြောလိုက်သည်။
" အဖေ့ကို ဘာများပြောစေချင်တာလဲ။ အဖေက အမေ့ဘက်ကပဲ။ အဖေလည်း မြေးချီချင်တယ်။ ဓားရေးလမ်းစဥ်ကို ဆက်ခံမဲ့သူ တစ်ယောက်လောက်ပေါ့"
"အဖိုးကရော" ဝမ်ဝေ့က နောက်ဆုံးကောက်ရိုးမျှင်ကို ဆွဲကိုင်ကာ မေးလိုက်သည်။
" မြေးလေး မင်းက သေးကွေးပြီး ချစ်ဖို့မကောင်းတော့ဘူးဆိုတော့ ငါအလိုလိုက်ရမဲ့ ကလေးလေးပဲ လိုချင်တော့တယ်။" မုတ်ဆိတ်ဖြူကို သပ်ကာ ပြောလိုက်သည်။
မိသားစုတစ်ခုလုံး အနိုင်ကျင့်ခံနေရတဲ့အချိန် ဒါက အဖေ ခံစားနေရတဲ့ ခံစားချက်မျိုးလား။
ဝမ်ဝေ့က တွေးလိုက်မိသည်။
ငါဒီခံစားချက်ကို တော်တော် သဘောမကျဘူး......
“ကျွန်တော့ကို အာရုံစိုက်မဲ့အစား အမေတို့ကိုပဲ အာရုံစိုက်လိုက်ပါလား။ ကျွန်တော်ကို မွေးချင်း တစ်ယောက်လောက် မွေးပေးရင်ရော"
“အမေတို့က အဲဒီအတွက် အသက်ကြီးလွန်းနေပြီ။ သူက မင်းရဲ့ အရိပ်အာဝါသအောက်မှာ နေနေရမှာကို သိသိရက်နဲ့ ဒီကမ္ဘာထဲကို ကလေးခေါ်လာလို့ ဖြစ်ပါဦးမလား။ ဒီလိုကံကြမ္မာမျိုးတော့ မဖြစ်စေချင်ပါဘူး။
"မင်းအမေ ပြောတာ ဟုတ်တယ်။ တကယ်လို့ ငါတို့သာ မင်းရဲ့ မွေးချင်းကို မွေးပေးရမယ်ဆိုရင် ငါတို့က သူ့ကို ဘယ်လောက်ပဲ ကောင်းအောင် ပြုစုပျိုးထောင်ထောင် ဒီကမ္ဘာရဲ့ မျှော်လင့်ချက်နဲ့ အမီ လိုက်နေနိုင်မှာ မဟုတ်ဘူး" ဝမ်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အဲဒါက ဆိုးဝါးတဲ့ အကြောင်းပြချက်ပဲ။ ကျွန်တော်တို့က သူ့ကို ချစ်ပြီးတော့ မျှော်လင့်ချက်တွေ ပုံအောမထားရင် အဆင်ပြေမှာပါ" ဝမ်ဝေ့က ပြောလိုက်သည်။
"ပြီးတော့ သူတို့က မျှော်လင့်ချက်အတိုင်း နေနိုင်လား မနေနိုင်ဘူးလားဆိုတာကို မသိရသေးဘူးလေ"
ယုယန်က မျက်လုံးဝေ့ကာပြောလိုက်သည်။
“အဲ့ဒီကလေးအတွက် သာမန်နေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့ဘဝတစ်ခုလုံး သေမျိုးအနေနဲ့နေပြီးတော့ တခြားဟွင်သွမ်းကမ္ဘာမှာ နေခိုင်းဖို့ ဒါမှမဟုတ်ဘူးဆိုရင် ပြင်ပလောကနဲ့ အပြီးတိုင် အဆက်ဖြတ်ထားဖို့ပဲ။ အဲလိုမျိုးတော့ မလုပ်ချင်ဘူး။
" အဲ့ဒီအကြောင်းပြချက်ကြောင့် နောက်ထပ် ကလေးမမွေးတော့ဘူးပေါ့"
“ဝေးကွာလွန်းတဲ့အနာဂတ်မှာ မင်းက စာအုပ်ထဲမှာပဲ သိရတဲ့ ဒဏ္ဍာရီမျိုး ဖြစ်လာခဲ့ရင်တော့ အဲဒီအချိန်ကျမှ ကြိုးစားကြည့်တာပေါ့။ အခုအတွက်ကတော့ ထပ်မပြောတာ ကောင်းတယ်" ယုယန်က ပြောလိုက်သည်။