← Chapters

တည်ရှိမှုအခမ်းအနား

Vol. 81 Ch. 1126

တည်ရှိမှုအခမ်းအနား

Vol. 81 Ch. 1126

ညစာစားပွဲက ရက်ပိုင်းကြာမြင့်ခဲ့ပြီး အားလုံးကထွက်ခွာသွားကြသည်။ ယုယန်က ယခင်အတိုင်း နောက်မျိုးဆက်အချိန် စောင့်ဆိုင်းဖို့ သိုသိုသိပ်သိပ် အနေအထားသို့ ဝင်ရောက်သွားခဲ့ကာ ဝမ်ထျန်းကမူ ဓားရေးကမ္ဘာအတွင်း နဝမအဆုံးစွန်အုတ်မြစ်ကို ဆက်လက် တည်ဆောက်နေသည်။ ဝမ်ချန်က နေမင်းကိုးစင်းနှင့် တိုက်ပွဲပြင်ဆင်ဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့၏။

ဝမ်ဝေ့က ခုံရုံးဆီ ပြန်သွားတော့မည်ဆဲဆဲတွင် ဓားအရှင်က တွေ့ဆုံဖို့ တောင်းဆိုသည့်အတွက် သူက ဆင့်ခေါ်လိုက်သည်။

“အဆင်ပြေရဲ့လား” သူမ၏ ဖြူဖျော့နေသော မျက်နှာကို မြင်တွေ့ပြီးသည့်နောက်တွင် မေးလိုက်၏။

“အဆင်ပြေပါတယ်။ ဆေးသောက်ထားပြီးတော့ လနည်းနည်းလောက်ကြာရင် အဆင်ပြေသွားမှာပါ” သူမက ရှင်းပြလိုက်သည်။

“ကောင်းပြီလေ။ ဒါနဲ့ ဘာလို့ တွေ့ချင်တာလဲ”

“နောက်ထပ် တာဝန်ချပေးစရာ ရှိဦးမလားဆိုတာ သိချင်လို့ပါ” သူမက ဝမ်ကျူနှင့် အနီးကပ် တွဲလုပ်ပြီး ကုန်သွယ်ရေးဗဟိုချက်ကို တာဝန်ယူပေးခဲ့သည်။ သို့သော် ယခုတွင် ထိုကိစ္စက သူမကို မလိုအပ်တော့ပေ။ ကုန်သွယ်ရေးဗဟိုချက်ကို အပြည့်အဝ ထိန်းချုပ်ပြီးသွားပြီ ဖြစ်၏။

“အခုတော့ မလိုသေးဘူး။ ကောင်းကောင်းအနားယူသင့်တယ်”

“ကိစ္စမရှိပါဘူး။ ဒီလိုမျိုး ရည်ရွယ်ချက်ရှိပြီး စိတ်ဓာတ်တက်ကြွနေမှု မရှိဖြစ်တာ အတော်လေးကို ကြာလှပြီ။ အဲဆိုတော့ အနားမယူချင်သေးဘူး”

“အင်း သိပြီ” ဝမ့်ဝေ့က သူမသည် မူလအရှင်လိုမျိုး ငြိမ်ငြိမ်လေးနေရတာကို ကြိုက်တဲ့သူမဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ထဲ တောက်လောင်နေသည့် မီးစတစ်ခု ရှိနေဟန်ပေါ်သည်။

“အင်း အဲဆိုရင် ကြီးကြပ်ရေးမှူးနဲ့ ကုန်သွယ်ရေးကမ္ဘာ့အသိုက်အဝန်းမဟုတ်တဲ့အထဲ မဟာမိတ် ပိုချဲ့ထွင်ဖို့ကိစ္စကို ကူညီပေးရင်ရော။ ဓားအရှင်သာ သူ့ဘေးမှာ ရှိတယ်ဆိုရင် အဲ့ကိစ္စတွေက ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်”

“ကောင်းပြီလေ” မူလဓားအရှင်က ပြောလိုက်သည်။

သူမက ဦးညွှတ်ပြီးသည့်နောက်တွက် ပျောက်ကွယ်သွား၏။ ဝမ်ဝေ့က ချက်ချင်း ထွက်မသွားသေးဘဲ သူသဘောကျရသည့် ဘိုးဘေးကို သွားရောက်တွေ့ဆုံခဲ့၏။ ဝမ်ဝူချန်နှင့် တစ်ရက်တာ စကားစမြည်ပြောပြီးသည့်နောက်တွင် သူက ခုံရုံးဆီ ပြန်သွားလိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်က ဝမ်ကျူသည် သူ့ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

“တစ်ခုခုများ ဖြစ်လို့လား”

“ကျွန်မတို့ရဲ့ လူတွေက သစ္စာဖောက်တစ်ယောက်ကို ဖမ်းမိခဲ့တယ်”

“အိုး”

“အရင်က ဖြစ်ခဲ့သလိုမျိုး ကြောက်ဖို့ကောင်းတဲ့ အတားအဆီးတစ်ခု အသက်ဝင်လာခဲ့တယ်။ အဲဒါကြောင့် လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတချို့ ဆုံးရှုံးသွားခဲ့ရတယ်”

“သူတို့ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြည့်ပြီးသွားပြီလား”

“ကြိုးစားကြည့်ပြီးသွားပေမဲ့ အသုံးမဝင်ဘူး။ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် အသက်သွင်းလို့ရမယ် မထင်ဘူး။ အဲဒီအတားအဆီးတွေက ဂိုဏ်းချုပ်ကို ပစ်မှတ်ထားနေတာလို့ ထင်တယ်”

“ကောင်းပြီ‌လေ။ မင်းက ဒီသတင်းကြောင့်ပဲ ရောက်လာတာတော့ မဟုတ်လောက်ဘူး။ တခြား ဘာဖြစ်ခဲ့သေးလို့လဲ”

ဝမ်ကျူက သူ့စွမ်းအားမှ ဖွဲ့စည်းထားသည့် သတ္ထုလုံးထဲတွင် စာရွက်တစ်ရွက် ပါဝင်နေသည်ကို ပြသလိုက်သည်။

“သူလျှိုတစ်ယောက်က အငွေ့ပျံမသွားခင် ဒီစာရွက်ကို ထုတ်ခဲ့တာ”

ဝမ်ဝေ့က ထိုသတ္ထုလုံးကို ကိုင်ပြီးသည့်နောက်တွင် အာရုံခံသည့် စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်သည်။ သူက ဘာမှကို မတွေ့ပေ။ ထို့ကြောင့် ထိုစာရွက်သည် ဘေးကင်းလား ဒါမှမဟုတ် အထဲရှိစွမ်းရည်က သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်လား မသိရပေ။

“မင်း သွားလို့ရပြီ”

“ဂို‌ဏ်းချုပ်”

“စိုးရိမ်မနေနဲ့”

ဝမ်ကျူက ဦးညွှတ်ကာ ထွက်ခွာသွား၏။ ဝမ်ဝေ့က ခုံရုံး၏ အစီအရင်အားလုံးကို အသက်သွင်းကာ မူမမှန်မှုရှိလာသည်နှင့် ထွက်ပြေးဖို့ ပြင်ဆင်ထားသည်။ ထိုအခါမှ သူက စာရွက်၏ ပါဝင်အကြောင်းအရာကို ဖတ်ရှုလိုက်၏။

ရွေးချယ်ခံရသူ…

ဒီသတင်းစကားကိုရေးလိုက်တာက အဲဒီလူတွေရဲ့ အပြူအမူတွေက ငါနဲ့မသက်ဆိုင်ဘူးဆိုတာကို ပြောပြချင်လို့ပဲ။ ငါ့လူတွေကို ဒိုင်မေးရှင်းအနိမ့်ဆီ စေလွှတ်လိုက်တာက သူတို့တွေက ငါ့ကို အတင်းဖိအားပေးလို့။ မင်းက ဒီခေတ်ကာလကို အဆုံးသတ်ဖို့ ကံကြမ္မာဖန်လာတယ်ဆိုတာကို သိတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာ မရှိဘူး။ ငါတို့‌တွေ တစ်ရက်ကျရင် လရောင်အောက်မှာ စကားဝိုင်းဖွဲ့ပြီး အတူတူသေရည်သောက်သုံးဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဒီကိစ္စကို သဘောမကျရင် ဒါမှမဟုတ် ငါရဲ့ တောင်းပန်ချက်ကို လက်မခံချင်ဘူးဆိုရင် မင်းနဲ့ဝေးဝေးနေပေးပါ့မယ်”

ကပ်ဘေးစံပြဆီမှ ….

ဝမ်ဝေ့က ဆွံ့အမိသွားသည်။

ဒီကပ်ဘေးစံပြက လူတစ်မျိုးပဲ။

ဤသည်က သူ ထိုသူ့ကို ပြောနိုင်သည့် စကားတစ်ခွန်းသာ ဖြစ်၏။ တချို့က ဒိုင်မေးရှင်းအနိမ့်ဆီ ဤမျိုးဆက်၏ အစောပိုင်းခေတ်ကာလတွင် ဆင်းသက်လာကြသည်။ ထို့ကြောင့် သူသည် အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ကို မပိတ်ဆို့ခင် ထိုမှတ်စုကို ပို့ဆောင်လိုက်ခြင်း မဟုတ်ပေ။ သူက တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါ ကြိုတင်ပြင်ဆင်ထားသည့် နည်းလမ်းအနေဖြင့် ရှောင်ရှားခဲ့ခြင်း ဖြစ်၏။ ဤသို့သော သတိထားမှုမျိုးနှင့် ပြင်ဆင်မှုမျိုးက ဝမ်ဝေ့ကို အမှန်တကယ် ဆွံ့အသွားစေသည်။

ဒါက ဒီလူက အတော်လေးကို ဉာဏ်ကောင်းတယ်ဆိုတာကို ပြသနေတာပဲ…

လူတချို့ကသာ ရှစ်ယောက်မြောက် လမင်းအကြောင်း သိထားကြသည်။ သို့သော် ကပ်ဘေးစံပြက ဤခေတ်ကာလကို အဆုံးဖြတ်ပေးမည့်သူသည် ထိုအရာကို ကောက်ချက်ချနိုင်လိမ့်မည်ဟု ယုံကြည်ထားဟန်ပေါ်၏။

ဝမ်ဝေ့က ထိုအမျိုးသားနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များကို ထပ်မံ အဆင့်မြင့်လိုက်သည်။ ထို့နောက်သူက ဇစ်မြစ်သစ်သီးထံ အာဟာရများကို ပို့ဆောင်လိုက်သည်။ ထို့နောက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့၏။ ကုန်သွယ်ရေးဗဟိုချက်၏ အရင်းအမြစ်များဖြင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ပြဿနာမရှိပေ။ သို့သော် သူ့အဓိကဦးစားပေးက တည်ရှိမှုအခမ်းအနား ဖြစ်၏။ ထိုဖြစ်စဉ်က အပြင်ဘက်တွင် နှစ်၂၀၀၀၀မျှ ကြာမြင့်နိုင်သည်။ သို့သော် သူက နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။

သူက အပြင်ဘက်ကို အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ ချဲ့ထွင်မှုက အတော်လေး အဆင်ပြေချောမွေ့နေသည်။ သူတို့က ကမ္ဘာ့အသိုက်အဝန်းရာကျော်ကို လွှမ်းမိုးထားပြီး အားကောင်းနေဆဲ ဖြစ်၏။ ဤအချိန်အတိုအတွင်း ဝမ်ဝေ့က ကုသိုလ်၊ ယုံကြည်မှု၊ အိပ်မက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားအမြောက်အများကို စုဆောင်းထားနိုင်ခဲ့သည်။ သို့သော် ဤသည်က ရေခဲတောင်ထိပ်ဖျားမျှသာ ရှိနေသေးသည်။

ဝမ်ဝေ့က အခန်းတွင်းရှိ မှော်စာဝိုင်းကို အာရုံစိုက်ကာပြောလိုက်သည်။

“စကြတာပေါ့”

သူက အလယ်တွင်ထိုင်ကာ မျက်လုံးအသာမှိတ်ထားလိုက်သည်။ စက်ဝန်းမှ သင်္ကေတတချို့ မျောလွှင့်လာသည်။ ထိုအရာက အားအကောင်းဆုံးဂိုဏ်းဟူ၍ ဖြစ်၏။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ ထူးဆန်းသည့် အငွေ့အသက်များက ကျင့်ကြံရေးအခန်းအတွင်း ရောက်ရှိလာသည်။

ဝမ်ဝေ့၏ စိတ်ဝိညာဉ်က အမည်မသိ အနက်နှင့်အဖြူ နေရာလွတ်ဆီ‌ ရောက်ရှိသွားလေသည်။

ကောင်းကင်တာအို မှတ်တမ်းပဲ…

သူက တွေးလိုက်မိသည်။ ထိုနေရာတွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ဗဟုသုတနှင့် အမှန်တရားအားလုံး ကိန်းအောင်းနေသည်။ ဝမ်ဝေ့က အချိန်ဖြုန်းမနေဘဲ ကောင်းကင်ဧကရာဇ်‌ ခေတ်ကာလဟု ဘာသာပြန်လို့ရသည့် သင်္ကေတတစ်ခုကို အလျှင်အမြန် ရေးထိုးလိုက်၏။ သူ့စိတ်ဝိညာဉ်က သင်္ကေတပေါ် အမှတ်အသား ချန်ခဲ့လိုက်သည်နှင့် သူ့ခန္ဓာနှင့် ဝိညာဉ်တို့က ကွယ်ပျောက်သွားသည်။ သူက သေဆုံးသွားခြင်း မဟုတ်ဘဲ သူ့တည်ရှိမှုအနေအထားတစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်၏။ ယခုအခါ သူက ပုံစံများစွာ ရှိနေပြီး သူ့မှတ်ဉာဏ်၊ သူ့နာမည်၊ သူ့သမိုင်းကြောင်းနှင့် ကံကြမ္မာသက်ရောက်မှုများကပင် သူ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

ထို့နောက် ဝမ်ဝေ့က သူ့တည်ရှိမှုသည် ကောင်းကင်ဧကရာဇ်‌ ခေတ်ကာလ သင်္ကေတဖြင့် ပေါင်းစည်းလာသည်ကို ခံစားမိလိုက်သည်။ သူ့စိတ်က တုန်ယင်သွားပြီး သူကိုယ်တိုင်သည် မျက်နှာမရှိသလို လိင်အမျိုးအစားလည်း မရှိသည့် အဖြူရောင်ပုံရိပ်များစွာရှိနေသည့် အခန်းအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ အရာအားလုံးက အဆင်ပြေနေသည်။ ထို့ကြောင့် ဝမ်ဝေ့က အခြေအနေကို သုံးသပ်ဖို့ရာ အာရုံစိုက်ထားလိုက်၏။

ဒါက ကောင်းကင်ဧကရာဇ်ခေတ်ကာလရဲ့ အဆုံးမဲ့ ဖြစ်နိုင်ချေရဲ့ ရုပ်ပိုင်းဆိုင်ရာ သဏ္ဍာန်ပြမှုလား…

သူက အခြေအနေကို နားလည်လိုက်သည်။ သူက တည်ရှိမှုကို ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ဖြတ်သန်းမည့် ခေတ်ကာလတစ်ခုလုံးတွင် ပါဝင်စေလိုသည့်အတွက် ထိုခေတ်ကာလ၏ အလေးချိန်ကို သယ်ပိုးရမည် ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် သူက ထိုခေတ်ကာလတွင် မွေးဖွားလာသည့် ဧကရာဇ်တိုင်း၏ အပြုအမူများ၊ သူတို့နှင့် ဆက်နွယ်နေသည့် ကံကြိုးများ သို့မဟုတ် သူတို့အပြုအမူ၏ ရလာဒ်တို့ အားလုံးကို ထိပ်တိုင်ရင်ဆိုင်ရမည်ဖြစ်ကာ နောက်ဆုံးအနေဖြင့် သူသည် ခေတ်ကာလတွင် ဖြစ်ပျက်လာမည့် ဖြစ်ရပ်၏ အလေးချိန်ကိုလည်း သယ်ပိုးရထားမည်။ ထိုအရာထဲတွင် တစ်စုံတစ်ယောက်က ကျောက်တုံးတစ်ခုကို ကန်လိုက်ခြင်းကဲ့သို့ အရေးမပါသည့်အရာပင် အပါအဝင် ဖြစ်၏။

ငါ နားလည်သွားပြီ…

အာဏာကို လိုချင်ရင် သရဖူရဲ့ အလေးချိန်ကို သယ်ပိုးထားရမယ်ဆိုတဲ့ အဓိပ္ပာယ်အတိုင်းပဲ။ ငါကလည်း ငါ့ခေတ်ကာလရဲ့ သမိုင်းကြောင်းရဲ့ အလေးချိန်ကို သယ်ပိုးထားရမယ်။ တကယ်လို့ ‌ဒါကို ငါရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေချင်တယ်ဆိုရင်တော့ လုပ်ရမှာပဲ…

ဤတိုက်ပွဲ၏ သဘာဝက ဝိညာဉ်စွမ်းအားနှင့် စိတ်ဆန္ဒတို့ ဖြစ်ကာ သူ့အကြီးမားဆုံး အရေးသာမှုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုပုံရိပ်များဆီ ပြေးသွားကာ မရပ်မနား တိုက်ခိုက်လိုက်၏။ ထိုတိုက်ပွဲက ဝမ်ဝေ့အတွက် အရေးမပါလှသော်လည်း တိုက်ခိုက်နေရသည့်အချိန်က အိမ်မက်ဆိုးသဖွယ် ဖြစ်၏။ သူက သူ့ခေတ်ကာလ၏ ဖြစ်နိုင်ချေတိုင်းနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည်။

ထိုတိုက်ပွဲက အဆုံးမဲ့ဖြစ်နေပြီး အချိန်မည်မျှကုန်ဆုံးသွားသည်ကို သဘောပေါက်လိုက်မိဟန်ပေါ်သည်။ ဝမ်ဝေ့က ဤသည်မှာ ဖြစ်ရပ်၏ တစ်စိတ်တစ်ပိုင်းလား သို့မဟုတ် သူ့ဦးနှောက်က အဆုံးမဲ့ တိုက်ခိုက်နေရမှု‌ကြောင့် ရူးသွပ်မသွားအောင် တားဆီးထားမှုတစ်ခုလား မသိရပေ။ သို့သော် သူက သတိထားမိလိုက်သည်။ အကယ်၍ သူ့မယိုင်လဲတတ်သည့် အသိစိတ်စွမ်းအားကြောင့် မဟုတ်လျှင် လက်လျှော့လောက်ပြီးပြီ ဖြစ်၏။ သို့သော် ခိုင်မာသည့် စိတ်ဆန္ဒဖြင့်ပင် သူ့စိတ်ဝိညာဥ်က ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။

သူက ယွမ်ခေတ်ကာလ ၁၀၀၀၀ ကျော် တိုက်ခိုက်သည်ဟု ခံစားရပြီးသည့်နောက်တွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူက မရပ်နားခဲ့ပေ။ သူ့စိတ်ဝိညာဉ်က ယွမ်ခေတ်ကာလ ၁၀၀၀၀ ကြာပြီးသည့်နောက်တွင် လက်လျှော့သွားခဲ့သော်လည်း တိုက်ပွဲက ယွမ်ခေတ်ကာလ ၁၀၃.၄သန်း အတိအကျကြာပြီးသည့်နောက်တွင်ပင် အဆုံးသတ်မသွားသေးပေ။ အခြားနည်းဖြင့် ပြောရလျှင် သူက စိတ်စွမ်းအားပေါ် မှီခို၍ နောက်ဆုံးသောဖြစ်နိုင်ချေအထိ တိုက်ခိုက်နေခြင်း ဖြစ်၏။

ဝမ်ဝေ့၏ စိတ်ဝိညာဉ်က မြေပြင်ပေါ်တွင် ထိုင်ကာ မောပန်းနေလေသည်။ သူ ကယခုတွင် နှစ်သန်းချီကြာ အိပ်စက်လိုမိ၏။ သူ့အတွက် နှမြောဖို့ကောင်းလှသည်က ထိုအရာက မပြီးဆုံးသေးပေ။ ထိုနေရာလွတ်အတွင်း မျက်လုံးတစ်လုံး ပေါ်ထွက်လာသည်။

အစစ်အမှန် ကောင်းကင်တာအို

အစစ်အမှန်ကောင်းကင် တာအိုက သူနဲ့ အချိန်မဖြုန်းဘဲ လှုပ်ရှားလိုက်၏။ ထိုအရာက သူသည် ရွေးချယ်ခံခေတ်ကာက သားတော် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂရုမစိုက်ပေ။ ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်သည် သေမျိုးတစ်ယောက်က မိုးကောင်းကင်တစ်ခုလုံးကို ထမ်းဆောင်ထားရသလိုမျိုး ဖိအားကို ခံစားမိလိုက်သည်။ သူက ထိုသို့လုပ်ဆောင်ဖို့အတွက် စိတ်စွမ်းအားကို မှီခိုထားရ၏။

ကျစ်…

သူက ခုခံနေရင်း အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

All Chapters