အရူးကြီးချူး
Vol. 43 Ch. 1128
"ဘာတွေဖြစ်နေတာလဲ..."
ဝမ်ဝေ့က ဘာကိုမှ အာရုံမခံမိစဉ် ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်လာခြင်း ဖြစ်၏။ အဆိုးဆုံးအနေအထားက သူ့အလိုလို အသိစိတ်သည် မည်သည့်အန္တရာယ်မှ သတိပေးနေခြင်း မရှိပေ။
သူက ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သော်လည်း ရန်သူကို မတွေ့ရပေ။ သို့သော်လည်း အခန်းတွင်းရှိ နေရာလွတ်ထဲ မူမမှန်မှုကို ခံစားမိ၏။ သူက သတိကြီးကြီးထားကာ ခုံရုံး၏ အစီအရင်များကို အသက်သွင်းလိုက်ပြီး ရောက်ရှိလာမဲ့ အရာအတွက် ပြင်ဆင်လိုက်သည်။ အာကာပြင်က ချိုးဖောက်ခံလိုက်ရသော်လည်း ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားသည်။
ထိုအခိုက်အတန့်တွင် ဝမ်ဝေ့က အာကာပြင်၏ အက်ကြောင်းအပြင်ဘက်တွင် ထူးဆန်းသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။
တစ်ယောက်ယောက် ရောက်လာတာလား...
သူ့မေးခွန်းက ချက်ချင်းဆိုသလို အဖြေရလိုက်သည်။
"ဘာလို့ ဒီနေရာက ပိတ်ထားတာလဲ။ စိတ်တိုစရာပဲ။"
ထိုအသံက အနည်းငယ် ပဲ့တင်သံပါသည့် အမျိုးသားတစ်ဦး၏ အသံ ဖြစ်၏။
" ကာဇွဒ် မီနွတ် ဒိုဒီ"
ထိုအမျိုးသားက ပုံမှန်နားထောင်သူများ နားမလည်လောက်သည့် စကားကို ပြောလိုက်ဟန်ပေါ်၏။ သို့သော် ဝမ်ဝေ့က သူသည် သေသေချာချာ ရွတ်ဖတ်သွားကြောင်း သတိထားမိလိုက်သည်။ သူက သူ့အသံကြိုး၏ တုန်ခါနှုန်း၊ ကြိမ်နှုန်းနှင့် လှိုင်းလျားအထိပါ ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည်။
လေဟာနယ်ထဲ ထူးဆန်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဝမ်ဝေ့ရှေ့ အာကာပြင်မုဒ်ပေါက် တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ပုံမှန်အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ပင်ပန်းနေသည့် မျက်ဝန်းများနှင့် ထွက်ပေါ်လာသည်။
"ဟုတ်ပြီ။ အလုပ်ဖြစ်တယ်။"
"ခင်ဗျားက ဘယ်သူလဲ" ဝမ်ဝေ့က မေးလိုက်သည်။ သူ့အန္တရာယ် ခံစားနှုန်းက ငြိမ်သက်နေသော်လည်း သူ သတိလက်လွတ်နေနိုင်သည့် အရိပ်အမြွက်တော့ မဟုတ်ပေ။
"မင်းဆီမှာ ငါ ပိုင်တဲ့အရာ တစ်ခုရှိတယ်"
"ခင်ဗျားကို ကျုပ် မသိဘူး"
"ဒါပေမဲ့ မင်းဆီမှာ ရှိတယ်။"
"တကယ်လို့ ကျုပ်ဆီမှာ ရှိရင် ကျုပ် မေးတောင် မေးမနေဘူး"
"မင်းက ငါ့ဆီက ဖုံးကွယ်နေတာ မဟုတ်သရွေ့ပေါ့" လူလတ်အရွယ် အမျိုးသားက ပြောလိုက်သည်။
"ကျုပ်က ဘာလို့ အဲလိုလုပ်ရမှာလဲ"
"လူတွေက မကြာခဏ ငါ့ဆီက ထွက်ပြေးကြတယ်လေ။ အကြောင်းအရင်းကို မသိရဘူး။ ကောင်းပြီလေ။ သူတို့က အကြွေးကို ပြန်မပေးချင်လို့ နေမှာပေါ့"
"ကျုပ်က ဘာအကြွေးမှ ..... ခဏလေး နေပါအုံး။ ခင်ဗျားက အရူးကြီးချုးလား"
"တွေ့လား။ မင်းက ငါ့ကို သိတယ်လို့ ပြောသားပဲ။ "
"ခင်ဗျားက ကိုယ့်ကိုယ်ကို မိတ်ဆက်သင့်တာပေါ့ ။ အဲ့ဒါဆိုရင် စကားဝိုင်းက ပိုပြီးတော့တောင် ချောမွေ့သွားအုံးမယ်။ "ဝမ်ဝေ့က ပြောလိုက်သည်။
ထိုသူ၏ ဇာတ်မြစ်ကို သိထားသော်လည်း သူက သတိလက်လွတ် မဖြစ်ရဲပေ။ သူက အရူးကြီးချူး၏ လေ့လာတွေ့ရှိချက်များမှလွဲ၍ သူ့အကြောင်း ဘာမှ မသိထားပေ။ ထို့ကြောင့် သူ့စိတ်ထဲ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် ဤအခြေအနေမှ မည်သို့ လွတ်မြောက်နိုင်မည်ကိုသာ စဉ်းစားကောက်ချက်ချနေ၏။
သူက တကယ်ကို ရူးနေတယ်ပဲထား။ အဲ့ဒါဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်က ပြဿနာရှိနေတာ နေမယ်။ ငါ့ရဲ့ ဝိညာဉ်တာအိုကို သုံးပြီးတော့ ငါစောစောလေးက တွေ့ကြုံခဲ့ရတဲ့ စစ်ဆေးမှုကို ပြန်လည်ဖန်တီးလို့ ရလောက်တယ်။ အဲဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဘူးဆိုရင် အထက်ဘုံတက်လှမ်းပြီး အချိန်ဆွဲပေးနိုင်လောက်တယ်...
"ငါက ငါ့ကိုယ်ငါ မိတ်မဆက်လိုက်ဘူးလား" အရူးကြီးချူးက နားမလည်နိုင်ဟန် ဖြစ်နေဟန် ပေါ်သည်။
"မိတ်မဆက်ဘူးလေ"
"အဲ့ဒါဆိုရင် မင်းက ငါ ဘယ်သူလဲဆိုတာ ဘယ်လိုလုပ် သိတာလဲ"
ဝမ်ဝေ့က ထိုသူနှင့် စကားပြောနေခြင်းက သွေးတိုးလာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းမိလိုက်သည်။
"ခင်ဗျားက ဘာလို့ ဒီရောက်လာတာလဲ"
"ငါပြောတဲ့အတိုင်း မင်းက ငါ ပိုင်ထားတဲ့ အရာတစ်ခုရှိနေတယ်"
"ခင်ဗျားရဲ့ အမွေအနှစ်အကြောင်း ပြောတာလား" ဝမ်ဝေ့က သတင်းအချက်အလက် ပါဝင်နေသည့် အဆောင်တစ်ခု ထုတ်ယူလိုက်သည်။
"ငါ သိပြီးသားဟာကို ဘာလို့များ လိုချင်အုံးမှာလဲ" အရူးကြီးချူးက သူ့ကို ငတုံးတစ်ယောက်လို ကြည့်ကာ ပြောလိုက်သည်။ ဝမ်ဝေ့က တစ်စုံတစ်ယောက်က သူ့ကို ဤသို့ကြည့်ဖူးသည်မှာ ပထမဆုံးဖြစ်သောကြောင့် သဘောမကျပေ။
"ငါပြောတာက ငါ့ရဲ့ လက်ရာနှင့် ပတ်သက်ပြီးတော့ မင်း ဘာလုပ်လိုက်တယ်ဆိုတာပဲ"
"ဒီ အခမ်းအနားကို ပြောတာလား"
"ဟုတ်တယ်။ ငါက ဟွင်သွမ်းစကြဝဠာထဲမှာ ဗဟုသုတတွေကို ဖြန့်ဝေလိုက်တာက လူတွေက ဆန်းသစ်ဖန်တီးပြီးတော့ ကျေးဇူးကြွေးပြန်ဆပ်ဖို့ပဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက် အဲ့လို လုပ်ခဲ့တာ ကြာတောင်ကြာခဲ့ပြီ။ " အရူးကြီးချူးက သက်ပြင်းချကာ ပြောလိုက်သည်။
"အဲ့လူတွေက ဘယ်လိုလုပ် အဲလောက်တောင် တုံးရတာတုံး။ ငါက သူတို့အတွက် အများကြီးတောင် လုပ်ပေးပြီးသွားပြီ။ သူတို့လုပ်ဖို့ လိုတာက ငါ လုပ်ပြီးသားအရာကို ဆင့်ကဲတိုးတက်အောင် လုပ်ဖို့ပဲ လိုတာ။ အဲဒါတောင် မလုပ်ခဲ့ဘူး။ သူတို့က ငါ့ရဲ့ လက်ရာကို ဖန်တီးဉာဏ် မရှိဘဲနဲ့ သုံးရင်သုံး ဒါမှမဟုတ်ရင် သူတို့လုပ်တဲ့အခါမှာ တကယ့်ကို တုံးအအ အရာတွေချည်းပဲ။ "
သူက ဝမ်ဝေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းလည်း တုံးအအ အရာတွေလုပ်ပြီး ငါ့ကို အလကား လာခိုင်းတာ မဟုတ်ဖို့ မျှော်လင့်တယ်။"
"ကိုယ်တိုင် ကြည့်လိုက်ပါ။"
ဝမ်ဝေ့က သူ့အခမ်းအနားအကြောင်းကို အဆောင်အဖြစ် ဖွဲ့စည်းပြီး သူ့ကို ပေးလိုက်သည်။
အရူးကြီးချူးက ပါဝင်အကြောင်းအရာများကို လေ့လာကြည့်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
"တည်ရှိမှုကို ဖြစ်ရပ်တစ်ခုအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေလိုက်တာလား။_ မင်းက အဲဒီကောင်လေး ကောင်ကင်ကျမ်းနှင့် ငါ့လက်ရာကို ပေါင်းစည်းလိုက်တာပဲ။ မဆိုးဘူး။ မဆိုးဘူး။"
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ယခု သူက ကောင်းကင်ကျမ်း စံပြသည် ဝိရောဓိအခမ်းအနား လုပ်ခဲ့ကြောင်း အတည်ပြုလိုက်နိုင်ပြီ ဖြစ်၏။ ထိုသူက သူ့ရန်သူ ဖြစ်နေလေသည်။
"ဒီအပေးအယူနဲ့ ပတ်သက်ပြီး ကျေနပ်တယ်။ ငါတို့ကြားက အကြွေးက ကြေပြီ"
အရူးကြီးချူးက အပြုံးနှင့် ပြောလိုက်စဉ် ဝမ်ဝေ့က သူတို့ကြားတွင် ရှိနေသည့် တင်းကြပ်သည့် ကံကြိုးမျှင် ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည်။ မျှမျှတတပြောရလျှင် ထိုသူ၏ အမွေအနှစ်က သူ့အခမ်းအနားထက် များစွာ အဖိုးတန်နေ၏။ သို့သော် ထိုသူက ဝမ်ဝေ့၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ကျေနပ်သည့်အတွက် ကျေးဇူးကြွေးကြေသွားခြင်း ဖြစ်သည်။
အဲဒါဆိုတော့ သူက ဒီလိုလူမျိုးလား...
ဝမ်ဝေ့က တွေးလိုက်မိသည်။
"ကောင်းပြီ။ တာ့တာ" အရူးကြီးချူးက တုံ့ဆိုင်းမနေဘဲ လှည့်ထွက်ဖို့ ပြင်လိုက်သည်။
"ခဏနေပါအုံး"
"တခြားတစ်ခု ရှိသေးလို့လား"
"ဒီပိတ်ဆို့ထားတဲ့ နေရာလွတ်ထဲကို ဘယ်လိုရောက်လာတာလဲဆိုတာကို ပြောပြလို့ရမလား" ဝမ်ဝေ့က သူသည် အစစ်အမှန်ကောင်းကင်တာအို၏ အတားအဆီးကို မည်သို့ချိုးဖောက်ခဲ့ကြောင်း အမှန်တကယ် သိချင်နေမိသည်။
"အဲဒီ သတင်းအချက်အလက်က အဖိုးတန်တယ်" အရူးကြီးချူးက ပုံမှန်အတိုင်း ပြောလိုက်သည်။
"အခမ်းအနားရဲ့ အတွေ့အကြုံအကြောင်းနဲ့ အလဲအလှယ် လုပ်ပါ့မယ်။ ဒီအချက်အလက်က ခင်ဗျားအတွက် ဒီအခမ်းအနားကို လုပ်ဖို့ ပိုပြီး လွယ်ကူစေမှာပဲ။ "
"အမ် … ကောင်းပြီလေ" အရူးကြီးချုးက ဆယ်စက္ကန့်မျှ စဉ်းစားပြီးသည့်နောက်တွင် သဘောတူလိုက်သည်။
ဝမ်ဝေ့က သူ့ကို သတင်းအချက်အလက် ပေးလိုက်စဉ် အရူးကြီးချူးက စတင်ရှင်းပြသည်။
"အဲ့ဒါက စည်းမျဉ်ချိုးဖောက်သူ မျိုးနွယ်ရဲ့ နည်းစနစ်တစ်ခုကို သုံးခဲ့တာ"
"ဘယ်လိုမျိုးနွယ်တုံး" ဝမ်ဝေ့က ထိုသက်ရှိကို တစ်ခါမှ မကြားဖူးပေ။
"စကြာဝဠာရဲ့ အစပိုင်း မျိုးရိုးဗီဇခေတ်တုန်းက မဟာတာအိုက ငယ်ရွယ်ပြီးတော့ မသိတတ်ခဲ့ဘူးလေ။ အဲ့ဒီ ဟွင်သွမ်းစကြဝဠာကို အုပ်ချုပ်နေစဉ်အတွင်း ကွဲပြားတဲ့ သက်ရှိတွေနဲ့ သတ္တဝါတွေကို စမ်းသပ်ကြည့်ခဲ့တယ်။ ရလဒ်က အရမ်းအားကောင်းတဲ့ သက်ရှိ ဒါမှမဟုတ်ဘူးဆိုရင် မျှချေမညီတဲ့ စွမ်းရည်တွေ ရှိထားတဲ့ သက်ရှိတွေကို ဖန်တီးထားခဲ့မိတာပဲ။
အဲဒါကြောင့် စည်းမျဉ်းချိုးဖောက်သူ မျိုးနွယ်ဆိုတာ ဖြစ်လာခဲ့တာ။ အဲဒီမျိူးနွယ်က စည်းမျဉ်းစည်းကမ်းတွေ၊ အတားအဆီးတွေ၊ ကန့်သတ်ချက်တွေနှင့် မိုးမြေရဲ့ အစီစဉ်ကျမှု - မကျမှုတွေကို လျစ်လျူရှုထားနိုင်တဲ့ မျိူနွယ်တစ်ခုပေါ့။"
"အဲ့ဒါက ကြောက်ဖို့ကောင်းတာပဲ" ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ အကယ်၍ သူသာ ဤသို့ စွမ်းရည်ရှိပါက သူ ထိန်းချုပ်မခံလိုသည့် အတွေးများဖြင့် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လောက်သည်။
မကောင်းဆိုးဝါး နတ်ဘုရားနဲ့ ဟွင်သွမ်းစကြဝဠာ နတ်ဆိုးတွေကို ချစ်မျက်ရှုလေးလို့ ထင်နေခဲ့တာ။ စည်းမျဉ်းချိုးဖောက်သူတွေနဲ့ အဲဒီခေတ်က သတ္တဝါတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်သေးဘူး...
ဝမ်ဝေ့က အားကျနေမိသည်။
"အဲ့ဒီသက်ရှိတွေရဲ့ ကံကြမ္မာက ဆိုးဝါးခဲ့လောက်တယ်မလား"
"အဲ့ဒါက သိသာတာပဲလေ။ အဲ့ဒီသက်ရှိတွေက အရမ်းကို အားကောင်းလွန်းပြီးတော့ တိုးတက်ဖို့ ဒါမှမဟုတ် ဆင့်ကဲပြောင်းလဲဖို့ ဆန္ဒလည်း မရှိကြဘူး။ အဲဒါက ဟွင်သွမ်းစကြဝဠာ တိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မဟာတာအိုအတွက်တော့ သတင်းဆိုးပေါ့။ အဲ့ဒါဆိုတော့ သူ့ရဲ့ ဖန်ဆင်းမှုအားလုံးကို ရှင်းထုတ်ပြီးတော့ အစကနေစခဲ့ရတာပဲ"
"အဲ့ဒါဆိုတော့ ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားတွေက မဟာတာအိုရဲ့ ဒုတိယကြိုးပမ်းမှုလို့ ဆိုလိုတာပေါ့။ အဲ့ဒါဆိုရင် သူတို့က ဘာဖြစ်သွားတာလဲ"
"အဲ့ဒါက နောက်ထပ် မေးခွန်းတစ်ခု ဖြစ်သွားပြီ။ အရူးကြီးချူးက ပြောလိုက်သည်။ ဝမ်ဝေ့က ထိုအရူးကြီးချုးထံ နောက်ထပ်တစ်ခု မမေးနိုင်သည့်အတွက် နှမျောနေမိသည်။
"ဒါပဲလား။ ငါသွားတော့မယ်"
"အဲ့ဒီနည်းစနစ်ကို လဲလှယ်လို့များ ရမလား"
"မဖြစ်နိုင်ဘူး"
"လာပါ။ ဈေးညှိနှိုင်းရအောင်ပါ။"
"မရဘူး။ မရဘူး။" အရူးကြီးချူးက ခေါင်းယမ်းလိုက်သည်။
"မျိုးရိုးဗီဇခေတ်တုန်းက သဲလွန်စတွေက ရှင်းထုတ်ခံလိုက်ရပြီ။ ငါက ဒီဟာကို ရဖို့ အတော်လေးကို ကြိုးပမ်းထားရတာ။ မင်းဆီမှာ အလဲအလှယ်လုပ်ဖို့ အဖိုးတန်တာ ရှိပ့ါမလားဘဲ။
"ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို တက်လှမ်းဖို့ အကြံအဉာဏ်ဆိုရင်ရော။"
"အကြံအဉာဏ်တဲ့လား" အရူးကြီးချူးက လှောင်ပြုံးကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ငါ့ဆီမှာ ရာနဲ့ ချီပြီးတော့ ရှိတယ်။ မင်းဆီမှာ တကယ့်နည်းလမ်း ရှိလို့လား"
"အဲ့ဒါတော့ မရှိသေးဘူး"
"မရှိရင် ငါ့အချိန်ကို ဖြုန်းမနေနဲ့။" အရူးကြီးချူးက လာရာလမ်းအတိုင်း ပြန်ထွက်သွားခဲ့သည်။ ထိုနည်းစနစ်က သူ့အသက်ကို များစွာ ကယ်တင်ပေးခဲ့လေရာ အကြံအဉာဏ်တစ်ခုအတွက် တခြားသူများနှင့် အလဲအလှယ်လုပ်ဖို့ မည်သို့ တုံးအမည်နည်း။ တကယ့် နည်းလမ်းအစစ်အမှန်ဆိုပါက အလဲအလှယ်လုပ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ဝမ်ဝေ့က ထိုသူ ပျောက်ကွယ်သွားသည်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။ သူက သမိုင်းမတင်မီ ကမ္ဘာနှင့် ပတ်သက်ပြီး ဗဟုသုတများနှင့် လဲလှယ်ဖို့ အပေးအယူ မလုပ်နိုင်ပေ။ ယခင် စီးပွားရေးသမား တစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက်က မရောင်းလိုခြင်း သို့မဟုတ် မညှိနှိုင်းလိုသည့်အခါ ကောင်းကောင်းသိလေသည်။
နှမျောစရာပဲ...
သူက တွေးလိုက်မိပြီးသည့်နောက်တွင် ရွတ်ဖတ်ကြည့်လိုက်သည်။
" ကာဇွဒ် မီနွတ် ဒိုဒီ"
ဘာမှဖြစ်မလာခဲ့ပေ။ သူက သူ မှတ်မိသည့် ကြိမ်နှုန်းနှင့် လှိုင်းအလျားအတိုင်း အတုခိုးဖို့ ကြိုးစားခဲ့သော်လည်း အခြေအနေက အတူတူသာ ဖြစ်၏။
"ထင်ထားတဲ့အတိုင်း စကားတွေကို သေချာမှတ်မိရုံနဲ့ အသုံးမဝင်ဘူးပဲ။" ထိုမန္တန်က နည်းစနစ်တစ်ခုလုံး၏ အစိတ်အပိုင်း အသေးသေးလောက်မျှသာ ဖြစ်လောက်သည်။ အရူးကြီးချူးက လူသိရှင်ကြား ထုတ်ဖော်ဖို့ ပြဿနာမရှိခြင်း ဖြစ်၏။
သူ့အကြောင်းကို ထားလိုက်ပါတော့ ...
ထိုစကားဝိုင်းက ဟွင်သွမ်းစကြဝဠာ၏ သတင်းအချက်အလက်နှင့် ပတ်သက်ပြီး များစွာ သိလိုက်ရသည်။ ပို၍ သိသည်က သူ့ရန်သူကို သိလိုက်ရပြီဖြစ်၍ ကြိုတင်ပြင်ဆင်ထားနိုင်ပြီ ဖြစ်သည်။
အခုနောက်ထပ် လုပ်ရမဲ့ ကိစ္စက ငါရဲ့ တာအို ခန္ဓာပဲ။ အဲဒါမှ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရနိုင်မှာ...
ဝမ်ဝေ့က တွေးလိုက်သည်။
အခု အဖိုးက နေမင်းကိုးစင်းနဲ့ တိုက်ပွဲအတွက် တိုက်ခိုက်ရတော့မဲ့ အချိန်ပဲ...
သူက သူ့လူအိုကြီးအပေါ် ယုံကြည်ချက်ရှိရာ တိုက်ပွဲအကြောင်း များစွာစိုးရိမ်ခြင်း မရှိသော်လည်း ထိုသူက ဒိုင်မေးရှင်း အမြင့်တွင် အချိန်တိုမျှ နေခဲ့ရသည့် အကြောင်းကို နည်းနည်း ပူပင်နေမိသည်။
ဘာမှ မမှားဖို့တော့ မျှော်လင့်ပါတယ်...