ကုန်သွယ်ရေး
Vol. 81 Ch. 1129
ဝမ်ဝေ့က အပြင်ဘက်တွင် စက္ကန့်ပိုင်းမျှသာ ကုန်ဆုံးသေးသော်လည်း ခုံရုံး၏ တိုးတက်မှုကို စစ်ဆေးကြည့်လိုက်သည်။ သူက စစ်ဆေးမှုအတွင်း ယွမ်ခေတ်ကာလများစွာ တွေ့ကြုံခံစားခဲ့ရသည့်အတွက် မစစ်ဆေးကြည့်ဘဲ မနေနိုင်တော့ပေ။ ဘာမှအပြောင်းအလဲ မရှိခဲ့သော်လည်း သူ့အနေဖြင့် နောက်အဓိကဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်ဆင်ထားဖို့ လိုအပ်နေသည်။
အခုတော့ စောပါသေးတယ်…
သူက တွေးမိလိုက်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်သွားခဲ့သည်။ ယခင်နှစ် ၂၀၀၀ အတွင်း သူ့စွမ်အားက နဂါးဇာမဏီ ၄ဆင့်မြောက်သို့ ရောက်ရှိခဲ့သော်လည်း သူ့စမ်းသပ်ချက်ကမူ ၉၅၃ ခု အထိသာ ရောက်ရှိခဲ့သည်။ သူက အခမ်းအနားဖြင့် အလုပ်ရှုပ်နေခဲ့မိ၏။
တည်ရှိမှုအခမ်းအနားကို ပြင်ဆင်ဖို့အတွက် သူက တခြားသော အခမ်းအနားများကို လေ့ကျင့်မှုအနေဖြင့် အသုံးပြုခဲ့ရသည်။ ထိုကြောင့် သူက အချိန်များစွာ ဖြုန်းတီးခဲ့ရသည့်အတွက် ကျင့်ကြံရေးကို များစွာ အာရုံမစိုက်နိုင်ခဲ့ပေ။ သူက အချိန်မြင့်တင်ရေးအစီအရင်ကို အသက်သွင်းလိုက်ပြီး စတင်ကျင့်ကြံလိုက်၏။
တာအိုအသစ်တစ်ခုချင်းစီဖြင့် သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့ကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။ တစ်ရက်ကျ သူသည် မဖျက်စီးနိုင်သော ဂုဏ်ပုဒ်ကို ရယူနိုင်လိမ့်မည်။ ဝမ်ဝေ့က နဂါးဇာမဏီ ၅ဆင့်မြောက်အထိရောက်အောင် ကျင့်ကြံခဲ့ပြီး စမ်းသပ်ချက်ကို ၁၂၆၇ခုမျှ အောင်မြင်ခဲ့သည်။ ထိုအရာက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ လိုအပ်သည့် သုံးပုံတစ်ပုံမျှသာ ရှိသေး၏။
ထင်တားသည့်အတိုင်း သူ့ခွန်အားဂိတ်ပေါက်တွင် သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် အပြောင်းအလဲ အသေးအဖွဲ့လေးကို ခံစားမိလိုက်၏။ ထိုအရာက ပိုမို ရှေးကျမြင့်မြတ်ကာ လျှို့ဝှက်ဆန်းကြယ်မှု ပိုတိုးလာသည်။
ငါအခု ခွန်အားဂိတ်ပေါက်ကို ဖွင့်နိုင်လောက်ပြီ။ ဒါပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်က ပေါက်ထွက်သွားလိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ၁၀ ဆင့်မြောက်ကို မရောက်သေးဘဲ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ခြင်းက အသက်ရှင် ဖို့အခွင့်အရေးမရှိဘဲ အပြီးတိုင် သေဆုံးသွားနိုင်ချေ ရှိသည်။
ဝမ်ဝေ့က လက်သီးဆုပ်ပြီး သူ့သွေးကြောများထဲတွင် စီးဆင်းနေသည့် စွမ်းအားများကို ခံစားလိုက်သည်။ ယခု သူက သူ့ခန္ဓာကိုယ်သက်သက်ဖြင့် ၅ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ကြောက်စရာအကောင်းဆုံး အပိုင်းက သူ့လက်ရှိခုခံကာကွယ်မှု ဖြစ်၏။ တာအိုအများစုက သူ့အတွက် အသုံးမဝင်တော့ပေ။ သူက ထိုတာအိုများ ကျင့်ကြံထားသည့် ထာဝရဧကရာဇ်များရှေ့တွင် ရပ်ကာ သူတို့ကို တိုက်ခိုက်ခွင့်ပြုထားလျှင်ပင် အသုံးမဝင် ဖြစ်လိမ့်မည်။
ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ငါ့ရဲ့တည်ရှိမှုအပေါ်မှာ သက်ရောက်မှုရှိနေတာပဲ…
သူက ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကိုစစ်ဆေးရင်း သုံးသပ်လိုက်သည်။
တကယ်လို့ ငါ့ရဲ့တာအိုကျင့်ကြံဆင့်က ထာဝရဆိုတဲ့ ဂုဏ်သတ္တိကို တည်ရှိမှုထဲမှာ ထည့်ပေါင်းလိုက်တာဆိုရင် ဒီလမ်းစဉ်ကကျတော့ မဖျက်ဆီးနိုင်တဲ့ဂုဏ်သတ္တိကို ထည့်ပေါင်းပေးလိုက်တာပဲ။ ဒါပေမဲ့ အသေးအဖွဲ အပြောင်းအလဲလေးတော့ ရှိတယ်။ ငါက ဒီအကူးအပြောင်းအတွက် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ စောင့်ရမယ်…
ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။ သူက ဒိုင်မေးရှင့်အနိမ့်တွင် သူ့ကို ကိုးကွယ်နေသည့် ယုံကြည်မှုစွမ်းအားများစွာကို ခံစားမိလိုက်၏။ အကယ်၍ သူသာ နတ်ဘုရားလမ်းစဉ် သို့မဟုတ် ဝိညာဉ်လမ်းစဉ်ကို လျှောက်လှမ်းပါက သူ စုဆောင်းသည့် ယုံကြည်မှုစွမ်းအားများက အံ့မခန်း ဖြစ်နေလိမ့်မည်။
သူက ကိစ္စများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရလဒ်ကို ကျေနပ်နေမိ၏။ နောက်ထပ် နှစ် ၁၀၀၀၀ ကုန်ဆုံးသွားခဲ့သော်လည်း ချဲ့ထွင်မှုက အရှိန်အဟုန် တိုးမြင့်လာခဲ့သည်။ သူတို့က ကုန်သွယ်ရေးဗဟိုချက်၏ ပိုင်နက်ကမ္ဘာ ၇၀၀ကျော်ကို လွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့သော်လည်း ကမ္ဘာ့အသိုက်အဝန်း ၂၀၀ ကျန်ရှိနေသေးသည်။ ဥက္ကဌ ထျန်းဝမ်ယန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်သူများကို ပေါင်းထည့်လိုက်ပါက ၃၀၀ ဖြစ်၏။
စိတ်ဝင်စားစရာကောင်းလှစွာဖြင့် ဤအရာက ကောင်းကင်ဧကရာဇ်ခေတ်ကာလ၏ ကန့်သတ်ချက် မဟုတ်သေးပေ။ ကြီးကြပ်ရေးမှူးနှင့် ဓားအရှင်တို့က ကုန်သွယ်ရေးဗဟိုချက်၏ လွှမ်းမိုးမှု မရှိသည့် ကမ္ဘာ့ဒါဇင်ချီကို ဖျောင်းဖျကာ တိုက်ခိုက်စရာ မလိုဘဲ ပူးပေါင်းဖို့ လုပ်ဆောင်နိုင်ခဲ့သည်။ ဝမ်ဝေ့ လက်ခံရရှိသည့် သတင်းဆိုးတစ်ခုကမူ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များသည် အသူရာချောက်နက်မှ တိတ်တဆိတ် လွှမ်းမိုးခံထားရသည့် ကမ္ဘာများစွာကို တွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုအရာက အရှေ့ကြာဂိုဏ်းတွင် တွေ့ရှိခဲ့သည့်အရာနှင့် အတူတူသာ ဖြစ်သည်။
သူတို့ကို ထိုဂိုဏ်းများအား ဖျက်ဆီးပစ်ဖို့ တာဝန်ပေးထားသော်လည်း တချို့တစ်ဝက် အောင်မြင်ပြီးသည့်နောက်တွင် သူတို့က ပုန်းအောင်းသွားကြသည်။
ဝမ်ဝေ့က အချိန်ဖြုန်းမနေဘဲ ထိုတည်နေရာများကို တွက်ချက်ကြည့်လိုက်၏။ သို့သော် ၁၀ စက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင် အမည်အသိစွမ်းအားတစ်ခုက သူ့ကို တားဆီးလာခဲ့သည်။ သူက ဝမ်ကျူထံ သတင်းအချက်အလက် ပို့ကာ အတွေးနက်နေမိသည်။
မင်းတို့လူတွေက အာရုံခံတဲ့နည်းလမ်းတွေ အကုန်လုံးကို ဖယ်ရှားကောင်းဖယ်ရှားနိုင်လိမ့်မယ်။ ဒါပေမဲ့ မိုးမြေက အခြေခံသဘောတရားအရ ငြင်းပယ်နေတဲ့ အရှိန်အဝါကိုတော့ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ ဟွင်သွမ်းစကြဝဠာအပြင်ဘက်ရှိ ကတ်သုလူ သို့မဟုတ် သက်တမ်းရင့် နတ်ဘုရားများကို မိုးမြေက ငြင်းဆန်ကြောင်း ယုံကြည်ထားသည်။ ထို့ကြောင့် သူ လုပ်ဖို့လိုအပ်သည်က ထိုအရာကို နောက်ယောင်ခံဖို့ ဖြစ်၏။ ထိုအဖွဲ့ခွဲများက သူတို့ကိုယ်သူတို့ အပြည့်အဝ ဖုံးကွယ်နိုင်မည် မဟုတ်သည့်အတွက် ရိုးရှင်းလှသည်။
အဲဒီအရှိန်အဝါကို နောက်ယောင်ခံမဲ့ အစီအရင်ကို ဖန်တီးဖို့က ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစံမံကိန်းက အချိန်ကြာနိုင်တယ်။ ငါ အများကြီး အာရုံမစိုက်ချင်ဘူး…
ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တွင် သူက ကြာကြာ နေနိုင်တော့မည် မဟုတ်ကြောင်း သိနေသည်။ သိပ်မကြာခင် သူ့အဓိကရည်မှန်းချက်နဲ့ ရည်ရွယ်ချက်အားလုံးကို ပြီးမြောက်ရမည် ဖြစ်၏။ အကြောင်းအရင်းမှာ အစစ်အမှန်ကောင်းကင်တာအိုက သူ့တည်ရှိမှုကို စတင်ငြင်းပယ်နေလေပြီ။ ထို့ကြောင့် သူအနေဖြင့် လုပ်ဖို့ လိုအပ်သည့်အရာများကို အရှိန်မြင့်တင်ဖို့ လိုအပ်နေသည်။
တကယ်တော့ သူသာလျှင် မကသေးဘဲ အသင်္ချေအင်ပါယာကမ္ဘာရှိ ထာဝရဧကရာဇ်အများစုကလည်း တူညီစွာ ခံစားနေရသည်။ သူတို့၏ စွမ်းအားက ၆ဆတိုက်ခိုက်ရေးအဆင့်သို့ ချဉ်းကပ်လာပြီဖြစ်ရာ သူတို့သာ အဆင့်မြင့်မြင့် တက်လှမ်းလိုပါက အခြေခံအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်လာသည်။ သူတို့က ဒိုင်မေးရှင်းအမြင့်တွင် အားကောင်းသည့် အကြီးအကဲများ၏ ကာကွယ်မှုအောက် လုပ်ဆောင်သည်က အကောင်းဆုံး ဖြစ်မှန်း နားလည်ထားကြသည်။
ဝမ်ဝေ့က လက်ဖျောက်တီးလိုက်သည့်အခါ အဆောင်သန့်စင်နေသည့် ထုံရို့ပင်း၏ ပုံရိပ်က သူ့ရှေ့ ပေါ်ထွက်လာသည်။
“ဝမ်ဝေ့လား … ကျစ် ဒီလိုမျိုးလူတွေကို ဘယ်လိုဆင့်ခေါ်လို့ ရပါ့မလဲ။ မူလိန်နဲ့ကျွန်မသာ … အဟင်း ဘာဖြစ်ဖြစ် လေးစာသမှုလေးတော့ ပြဦး”
“ငါသာ မင်းတို့ကို ကြည့်ချင်တယ်ဆိုရင် ဘယ်သူမှ သတိထားမိမှာတောင် မဟုတ်ဘူး။ အဲဒါကြောင့် စိုးရိမ်မနေနဲ့” သူကပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။
“ရှင်က အဲ့လိုလူစားမျိုးမှန်းမသိခဲ့ဘူး” ထုံရို့ပင်းက ထိုသူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ငါက ရှုပ်ထွေးတဲ့သူ။ ငါ လုပ်ချင်တာကို ငါပဲသိတယ်” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။ ထုံရို့ပင်းက ဆွံ့အနေမိ၏။
ထူဆန်းသည့်အရာက ထိုသူက ရုတ်တရက် ထိုအကျင့်မျိုး ဖြစ်ပေါ်လာလျှင်ပင် သူမက အံ့ဩလိမ့်မည် မဟုတ်ပေ။ ထိုအတွေးက သူမကို ထိတ်လန့်သွားစေ၏။ သူမက စိတ်ထဲမှ ကြောက်မက်ဖွယ်အတွေးကို ဖယ်ရှားလိုက်သည်။
“ရှင်က ဘာလိုချင်လို့လဲ”
“အသူရာချောက်နက်သွေးရဲ့ ထူးကဲတဲ့ အရှိန်အဝါကို နောက်ယောင်ခံပေးဖို့ အဆောင် လုပ်စေချင်တယ်”
“အဲဒါ ဘာလို့လိုတာတုန်း”
“မထိန်းချုပ်နိုင်တဲ့ အပြောင်းအလဲတစ်ချို့ကို ဖယ်ရှားဖို့လေ” ဝမ်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။ သူတွက်ဆထားမှုအရ အသူရာချောက်နက်နှင့် ရင်ဆိုင်ပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရဖို့ သိပ်ကြာတော့မည် မဟုတ်ပေ။ သို့သော်လည်းသူက သူ သတိကြီးသည့် သဘာဝအရ ထိုအဖွဲ့များကို ဖယ်ရှားပစ်လိုသည်။
“ကောင်းပြီလေ။ ဒါနဲ့ ကျွန်မက အဲဒါကို အချိန်အတော်ကြာတဲ့အထိ ပြန်မထိဘူးလို့ ဆုံးဖြတ်ထားတာ”
“ကောင်းပြီလေ။ အဲဒါကို င့ါဆီ ပေးလိုက်။ ငါ တခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်မယ်”
ထုံရို့ပင်းက သူ့ကို စိုက်ကြည့်လိုက်သည်။
“အပေးအယူလုပ်ရမဲ့ သဘောတရားကို နားမလည်ဘူးလား။ အကျိုးအမြတ်တွေ အလဲအလှယ် လုပ်ရမယ်လေ။ ဒါက ရှင့်ရဲ့ ဆောင်ပုဒ် မဟုတ်ဘူးလား” သူအမအနေဖြင့် သူက သူမကို ဤသို့စွန့်ပစ်သွားလိမ့်မည်ဟု မထင်မှတ်ထားပေ။
“လူတစ်ယောက်ကို အပြန်အလှန် လုပ်ပေးစရာမလိုဘဲနဲ့ ကူညီပေးတာက ဆက်ဆံရေးကောင်းမွန်ဖို့ ဆိုတာကို နားလည်ထားသင့်တယ်”
ထုံရို့ပင်းက ဒုတိယအကြိမ် ဆွံ့အမိသွားသည်။
“ကောင်းပြီ။ ရှင် နိုင်တယ်။ ကျွန်မ မြန်မြန်လုပ်ထားလိုက်မယ်”
သူမက ထပ်ပြီး အချိန်မပေးဘဲ ပုံရိပ်ယောင်ကို အဆုံးသတ်လိုက်သည်။
ကောင်မလေး မင်းက ငါ့ကို စကားအနိုင်ပိုင်းဖို့ ငယ်ပါသေးတယ်…
ဝမ်ဝေ့က စိတ်အခြေအနေကောင်းစွာဖြင့် ကုန်သွယ်ရေးဗဟိုချက်၏ ကုန်းမြေကို လှမ်းကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ကုန်းမြေက ပျောက်ကွယ်သွားပြီး အိမ်မက်လောကဖြင့် ပေါင်းစည်းသွားသည်။ ထို့နောက် အွန်လိုင်းပေါ်ရှိသည့်သူများရော မရှိသည့်သူများပါ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
“ချစ်ခင်လေးစားရပါသော အိမ်မက်လောက အသုံးပြုသူများ … အခုအဓိက အဆင့်မြင့်တင်မှု အကြီးကြီးရှိ လာပါလိမ့်မယ်။ အရင် ကုန်သွယ်ရေးဗဟိုချက်က ပေးအပ်ထားတဲ့ ဝန်ဆောင်မှုတွေအားလုံးကို အိမ်မက်လောကကနေတစ်ဆင့် ရယူနိုင်ပါတော့မယ်။ ကျေးဇူးတင်ပါတယ်။ သာယာတဲ့ နေ့လေးတစ်ရက် ဖြစ်ပါစေ။
ထိုအရာက လူတချို့ကို နားလည်စေဖို့အတွက် အချိန်ယူခဲ့ရသည်။ သို့သော် ဉာဏ်ကောင်းသည့်သူများကမူ ချက်ချင်းသဘောပေါက်ကာ ပျော်ရွှင်သွားကြသည်။ အိမ်မက်လောကကို ဆက်သွယ်ရေးနှင့် လေ့ကျင့်မှုပုံစံအဖြစ် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း အရင်းအမြစ်များနှင့် ပတ်သက်သည့်အခါ ကုန်သွယ်ရေးဗဟိုချက်ကို အဓိကအဖြစ် အသုံးပြုနေရဆဲ ဖြစ်၏။
လူများစွာက အိမ်မက်လောကအတွင်း အပေးအယူ အလဲအလှယ်များ လုပ်ဆောင်နိုင်သော်လည်း ကုန်သွယ်ရေးဗဟိုချက်၏ ကုန်းမြေဆီ လာရောက်ခြင်း သို့မဟုတ် သူတို့ လိုအပ်သည့် အရင်းအမြစ်များကို ပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ဖို့ လိုအပ်၏။ သူတို့က ကျင့်စဉ်၊ နည်းစနစ် သို့မဟုတ် သတင်းအချက်အလက်များကို မရောင်းချလိုသရွေ့ ဖြစ်သည်။
သို့သော် ကိစ္စများက ယခုအခါ ကွဲပြားသွားပြီ ဖြစ်၏။ အရင်းအမြစ်များကို ကမ္ဘာ့အသိုက်အဝန်းများတစ်လျှောက် ချက်ချင်း ပို့ဆောင်နိုင်ကာ အိမ်မက်လောကက ကာကွယ်ရေးကြားခံနယ်အဖြစ် ဆောင်ရွက်ပေးလိမ့်မည်။ ထို့အပြင် အိမ်မက်ဒင်္ဂါးပြားစနစ်က ကုန်သွယ်ရေးဗဟိုချက်တွင် သုံးသည့် ငွေကြေးထက် ပိုမိုကောင်းမွန်လေ၏။ ဆိုလိုသည်မှာ အပေးအယူလုပ်ဖို့အတွက် ပိုမိုလွယ်ကူလာခဲ့သည်။
အနှစ်ချုပ်အားဖြင့် ဒိုင်မေးရှင်းအနိမ့်သည် အရင်းအမြစ် ဖြန့်ဝေဖို့အတွက် လွတ်လပ်ကာ လွယ်ကူသည့် ခေတ်ကာလတစ်ခုသို့ ဝင်ရောက်သွားတော့မည် ဖြစ်သည်။ လူများစွာ တွေးထားကြသည့် ရွှေရောင်ခေတ်ကာလက အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါးဖြစ်လာခဲ့သည်။
နောက်တစ်ဆင့်က ခရီးသွားလာရေးကို မြင့်တင်ရမဲ့အချိန်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
စစ်ပွဲ၏ ဆိုးကျိုးတစ်ခုက ယခင်ကုန်သွယ်ရေးဗဟိုချက်၏ ကမ္ဘာများနှင့် ဝမ်ဝေ့ဘက်ကြားမှ အမုန်းတရား ဖြစ်၏။ သူ့အနေနှင့် ဖြောင်းဖျဖို့ရာအတွက် အချိန်များစွာ လိုအပ်နေသေးသည်။ ထို့ကြောင့် ထိုသူများကို အိမ်မက်လောကကို အသုံးပြုပြီး တခြားကမ္ဘာအသိုက်အဝန်းများဆီ သွားခွင့်ပေးထားသည်က အကြံကောင်း မဟုတ်ပေ။