← Chapters

ရွှေရောင်နယ်ရုပ်

Vol. 81 Ch. 1130

ရွှေရောင်နယ်ရုပ်

Vol. 81 Ch. 1130

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

ငါ ဒီအသူရာချောက်နက်ကို အခွင့်ကောင်း ယူလို့ရနိုင်တယ်...

သူ့အစီအစဉ်က ရိုးရှင်းလှသည်။ ထိုသူများကို အသုံးပြုကာ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး၏ ရန်သူဖြစ်လာစေဖို့ ဖြစ်၏။

သူက ဒိုင်မေးရှင်းအနိမ့်ကို ဖျက်ဆီးကာ လွှမ်းမိုးဖို့ ရည်ရွယ်ချက်ရှိထားသည့် ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ဖန်တီးရမည်။ ထို့နောက် သူက ကယ်တင်သူ သူရဲကောင်း အဖြစ် ပေါ်ထွက်လာမည် ဖြစ်သည်။ ထိုအရာက သူ့အနေဖြင့် အဆုံးမဲ့ လေဟာနယ်၏ ကျန်လေးပုံသုံးပုံကို အုပ်စိုးဖို့ ပိုမို လွယ်ကူသွားစေမည်။

ဒီအစီအစဉ်ရဲ့ ကောင်းကျိုးက ကောင်းကင်ဧကရာဇ် ခေတ်ကာလကို ဖြန့်ဝေနှုန်းကို မြှင့်တင်နိုင်လိမ့်မယ်...

ဝမ်ဝေ့က တွေးလိုက်သည်။

အဲဒါက ကမ္ဘာ့အသိုက်အဝန်းတွေ စုစည်းပြီးတော့ ငါ့ရဲ့ ချဲ့ထွင်မှုကို တားဆီးတာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်...

ကုန်သွယ်ရေးဗဟိုချက်လိုမျိုး အရွယ်အစားရှိသည့် အုပ်စု သို့မဟုတ် မဟာမိတ်ဆိုတာ ပေါ်ထွက်လာဖို့ မဖြစ်သင့်ပေ။ ထိုအရာက ခြိမ်းခြောက်မှု မရှိသရွေ့ဖြစ်၏။ နှမျောစရာကောင်းလှစွာဖြင့် ဒိုင်မေးရှင်း အနိမ့်တစ်ခုလုံး၏ လက်ရှိခြိမ်းခြောက်မှု အန္တရာယ်က ဝမ်ဝေ့ကိုယ်တိုင် ဖြစ်နေလေသည်။ ထို့ကြောင့် သူသာ နောက်ထပ် စစ်ပွဲတစ်ခုကို မစတင်လိုသရွေ့ ထိုသူများ၏ အာရုံကို လွှဲပြောင်းပေးနိုင်မည့် ရန်သူကို ဖန်တီးပေးသည်က အကောင်းဆုံး ဖြစ်၏။

ဒီအစီအစဉ်က ရိုးရှင်းပြီးတော့ ဖန်တလဲလဲထပ်နေပေမဲ့ အသုံးဝင်လောက်တယ်...

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။

ဒါပေမဲ့ ဆိုးကျိုးတွေကရော …

သူ့အနေဖြင့် အချိန်အတော်ကြာ မစဉ်းစားခဲ့ပေ။

အစစ်အမှန်ကောင်းကင်တာအိုအနေနဲ့ ငါက အသူရာချောက်နက်ရဲ့ အာဏာ ချဲ့ထွင်ခွင့်ပေးတာကို ကျေနပ်မှာတော့ မဟုတ်ဘူး။ ဒီလမ်းစဉ်ကို ရွေးချယ်လိုက်ရင် ငါ့အပေါ်ငြင်းဆန်လာမှုက ပိုပြီးတော့ ပြင်းထန်လောက်တယ်...

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

ဒီလိုဆိုရင် ဒီအလုပ်ကို အသူရာချောက်နက်နဲ့ မသက်ဆိုင်တဲ့ တခြားတစ်ယောက်ကို အပ်လိုက်ရမှာပေါ့...

သူက ထိုအကြောင်းကို တွေးမိလေလေ ပိုမိုကျေနပ်လာလေလေ ဖြစ်၏။ ထိုအရာက သူ့အား နောက်ဆုံးသော ကံရာထူး ဖြစ်သော လူသားဧကရာဇ်ရာထူးကို ရယူခွင့်ပြုထားလိမ့်မည်။

ငါက ယင်ကျန်းလိုမျိုး တူညီတဲ့ လမ်းစဉ်ကို မလျှောက်ဘူးဆိုပေမဲ့ ရာထူးသုံးခုလုံးကို ရထားတာက အတော်လေးကို ကောင်းတာပဲ...

ထိုရန်သူများက ဒိုင်မေးရှင်း အနိမ့်တွင် မရယူနိုင်သရွေ့ အဓိပ္ပာယ်ရှိမည် မဟုတ်မှန်း မှန်းဆမိသော်လည်း ဒိုင်မေးရှင်း အနိမ့်တွင် ရှိနေသည့်အရာများကမူ ဒိုင်မေးရှင်းအမြင့်အတွက် သော့ချက် ဖြစ်လာနိုင်သည်။

ပြီးတော့ ငါဒီအခွင့်အရေးကို သုံးပြီးတော့ ငရဲခုံရုံးအတွက် နောက်ခံဇာတ်ကြောင်းကိုလည်း ဖန်တီးလို့ရတယ်။ ဟုတ်တယ်။ ပထမမျိုးဆက် ငရဲအရှင်က ငါ့ကို မုန်းတီးနေတဲ့ ဒီစစ်ပွဲက အသက်ရှင်ကျန်သူတစ်ဦးပဲ။ ငါ လုပ်ခဲ့သမျှ အရာအားလုံးကို အဆုံးသတ်ဖြစ်ဖို့ ဘဝကို မြှုပ်နှံထားခဲ့တဲ့သူ...

သူ့အစီအစဉ်က ကျောက်တုံးတစ်တုံးဖြင့် ငှက်များစွာကို ပစ်နိုင်လိမ့်မည်။

ဝမ်ဝေ့က သူ့အစီအစဉ်ကို ချက်ချင်း အကောင်အထည်‌ဖော်လိုက်၏။ ပထမအဆင့်က ကုန်သွယ်ရေးဗဟိုချက်၏ ယခင်ကုန်းမြေကို သန့်စင်ဖို့ ဖြစ်သည်။ ဝမ်ဝေ့ ရွေးချယ်လိုက်သည့်သူက ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး ပေးနိုင်ရမည်။ မဟုတ်ပါက သူ့အနေဖြင့် နောက်ဆုံးသော အခိုက်အတန့်တွင် သူရဲကောင်းဝင်လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက စွမ်းအား သို့မဟုတ် အင်အားကို ပေးဖို့ လိုအပ်သည်။ သို့သော် သူနှင့် ဆက်နွယ်နေမည် မဟုတ်ပေ။

ထိုအချက်အလက်များဖြင့် သူက အကောင်းဆုံးအရာ တစ်ခုဖြစ်သည့် ဗဟိုချက်၏ ကုန်းမြေကို ရွေးချယ်လိုက်သည်။ သူက သူ့ရွေးချယ်ခံ နယ်ရုပ်အား ထိုအရာ၏ စွမ်းအားကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးထားသည်။ ချုးလော့ကဲ့သို့ အဆောင်များကို ယာယီအသုံးပြုဖို့ မဟုတ်ဘဲ ဝမ်ဝေ့က ထိုကုန်းမြေနှင့် ဆက်နွယ်နေသည့် ချပ်ဝတ်ကို ဖန်တီးပေးထားခြင်း ဖြစ်၏။ ထိုအခါမှ နယ်ရုပ်က စွမ်းအားကို စိတ်ကြိုက် ထုတ်သုံးနိုင်လိမ့်မည်။

သူ ပြီးဆုံးသွားသည့်အခါ သူက ချပ်ဝတ်ကို ကျေနပ်စွာ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

စွမ်းအားက အရာအားလုံးမဟုတ်သေးဘူးဆိုတော့ အဲ့ဒီလူက တစ်ယောက်ယောက်ရဲ့ ကြံစည်မှုကို ခံရပြီး ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်မခံရအောင် လုပ်ပေးရအုံးမယ်....

သူက ထိုချပ်ဝတ်ထဲ သူ့စိတ်ဝိညာဉ်အမှုန်တစ်ခု ထည့်သွင်းလိုက်သည်ပြီး ရွေးချယ်ခံနယ်ရုပ်ကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွားရုံသာမက လှည့်ကွက်များမှလည်း ကာကွယ်ပေးလိမ့်မည်။

အခု လူ ရွေးချယ်ရမဲ့ အလှည့်ပဲ...

ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ဆင်းကြည့်ပြီး မည်သူက ထိုကိစ္စအတွက် သင့်တော်လဲဟု ရှာဖွေလိုက်သည်။

သူက ပြီးပြည့်စုံပေမဲ့ နည်းနည်းလေး ဉာဏ်များသလိုပဲ။ သူကတော့ သိပ်ပြီးစိတ်ဓာတ်ပြင်းပြမှု မရှိဘူး။ သူက မိန်းမလိုက်စားလွန်းတယ်။ သူကကျတော့ အားနည်းချက်တွေ များလွန်းတယ်။ အာ ခဏ … ဒါက ကံကြမ္မာများလား။ သူက ပြီးပြည့်စုံနေတယ်။

သူ့အကြည့်က အတော်လေး အလှမ်းကွာလှသည့် နတ်ဘုရားအိပ်မက်ကမ္ဘာဟု ခေါ်ဆိုသည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာက ကောင်းကင်ဗိမာန်ကမ္ဘာ၏ ကျင့်ကြံး‌ရေးစနစ် အစပြုခဲ့သည့် နေရာလည်း ဖြစ်ပေသည်။

စွမ်းအားကြီး နတ်ဘုရားတစ်ပါးက နတ်ဘုရားဗိမာန်ကမ္ဘာဆီ ရောက်ရှိလာပြီး ကျင့်ကြံရေးစနစ်ကို ဖြန့်ဝေခဲ့ဖူးသည်။

ဝမ်ဝေ့က ခြေလှမ်းတစ်လှမ်းဖြင့် သူ့ဦးတည်ရာကို ရောက်ရှိသွားသည်။ သူက ကြည်လင်နေသည့် ကောင်းကင်နှင့်အတူ သာမာန်ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။ တစ်ကမ္ဘာလုံး၏ အရှိန်အဝါက ငြိမ်းချမ်းကာ အေးဆေးနေ၏။ လူများက ပျော်ရွှင်နေကြသည်။ သူတို့က ရည်မှန်းချက်၊ လမ်းညွှန်မှု ၊မျှော်လင့်ချက်တို့ အပြည့်ဖြင့် နေထိုင်နေရသလိုမျိုး ဖြစ်နေ၏။

ချွမ် ချွမ် ချွမ်

‌ခေါင်းလောင်းက သုံးကြိမ် မြည်လာသည့် အသံက ကုန်းမြေအနှံ့ ပျံ့နှံ့နေ၏။ ထို့နောက် သေမျိုးမှ ကျင့်ကြံသူအထိ၊ နတ်ဆိုးနှင့် ပင်လယ်မျိုးနွယ်များမှ အပင်သက်ရှိများအထိ သက်ရှိအားလုံးက လုပ်လက်စကို ရပ်တန့်ပြီး ဒူးထောက်ကာ ထိုနေရာ၏ တစ်ပါးတည်းသော နတ်ဘုရားဖြစ်သည့် ရွှေရောင်နတ်ဘုရားကို စတင် ပူဇော်ပသလိုက်ကြသည်။

(ရွှေရောင်နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေ …တစ်ပါးတည်းသော နတ်ဘုရား။ မိုးမြေရဲ့ အထက်မှာ ရပ်တည်ပြီး အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ တည်ရှိတဲ့ တစ်ပါးတည်းသောသူ၊ သေခြင်းနဲ့ ရှင်ခြင်း အုပ်ချုပ်သူ...)

ထိုရွတ်ဖတ်သံများက ကမ္ဘာအနှံ့ပျံ့နှံ့လာသည့်အတွက် ဝမ်ဝေ့က ကောင်းကင်အထက် ရွှေရောင်ကြိုးမျှင်များစွာ ပေါ်ထွက်လာသည်ကို ကြည့်နေလိုက်သည်။

ဒီလူက အတော်လေးကို ဉာဏ်များပြီးတော့ ကံကောင်းတာပဲ...

သူက မှတ်ချက်ပေးလိုက်သည်။ ရွှေရောင်နတ်ဘုရားက ခေတ်ကာလကောင်းတွင် နေထိုင်နေရသည်။ ဤကမ္ဘာက ခေတ်ကာလအသစ်သို့ ဝင်ရောက်သွားရုံသာမက ယခင်စစ်ပွဲက ဤကမ္ဘာရှိ အစစ်အမှန်နတ်ဘုရား သို့မဟုတ် မသေမျိုးအဆင့် ပုဂ္ဂိုလ် ကိုးဆယ်ရာခိုင်နှုန်းကျော်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် သူထိပ်သီးပါရမီဖြင့် ဤမျိုးဆက်၏ ကောင်းကင်နတ်ဘုရား (မဟာဧကရာဇ်) ဖြစ်လာခဲ့သည်။ ထိုသူက ပုံမှန်နတ်ဘုရားမဟုတ်ဘဲ ရှေးဦးကောင်းကင်နတ်ဘုရား ( ထာဝရဧကရာဇ် ) ဖြစ်နေခဲ့သည်။

ထို့နောက် သူက ကျန်ရှိနေသည့် နတ်ဘုရားအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော်လည်း ဤသည်က ဝမ်ဝေ့၏ အာရုံကို ဖမ်းစားလိုက်ခြင်း မဟုတ်ပေ။ ဝမ်ဝေ့က လူတိုင်း၏ ဝိညာဉ်ထဲတွင် ရှိနေသည့် ရွှေရောင် ပိုးကောင်တစ်ကောင်ကို သတိထားမိလိုက်၍ ဖြစ်သည်။

ယုံကြည်မှု ကပ်ပါးပိုးကောင်...

ထိုပိုးကောင်ကို တစ်စုံတစ်ယောက်ထဲ ထည့်သွင်းလိုက်သည်နှင့် သူတို့က ယုံကြည်မှု အမြောက်အမြားထောက်ပံ့ပေးနိုင်သည့် ကိုးကွယ်ယုံကြည်သူများ ဖြစ်သွားကြလိမ့်မည်။ ထိုအရာအပြင် သူတို့က သူတို့၏ ဦးနှောက်တွက်ချက်ရေးကို လှုံ့ဆော်နိုင်၏။ တခြားနည်းဖြင့် ပြောရလျှင် ရွှေရောင်နတ်ဘုရားက ကျင့်ကြံဖို့ရာ ယုံကြည်မှုစွမ်းအားနှင့် အားကောင်းသည့် ဦးနှောက်စွမ်းအားတို့ကို အသုံးပြုနိုင်သည်။

သူ့ကျင့်ကြံနှုန်းက ငါ့ရဲ့ အနာဂတ် ဗုဒ္ဓကိုယ် သုံးဆယ့်ခြောက်ခုလောက်နဲ့ အတူတူပဲ...

ဝမ်ဝေ့၏ မြင်ကွင်းက ထိုကမ္ဘာ့အနိမ့်အလွှာတစ်ခုကို ရောက်ရှိသွားလေ၏။

သူက အလွှာအနိမ့်ကို မျက်စိကျနေပြီဘဲ။ တကယ်လို့ သူသာ အဲ့ဒီကမ္ဘာ့အသိုက်အဝန်းကို လွှမ်းမိုးနိုင်ရင် သူ့ရဲ့ စွမ်းအားနှင့် ကျင့်ကြံဆင့်က နောက်တစ်ဆင့်ကို ရောက်ရှိသွားလိမ့်မယ်။

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာခဲ့သည်။ ထိုသူက အင်မတန် ရည်မှန်းချက် ကြီးမားလှ၏။ ဆိုလိုသည်မှာ သူ့အနေဖြင့် အဆုံးမဲ့ လေဟာနယ်တစ်ခုလုံးကို သိမ်းပိုက်စေဖို့ လွှမ်းမိုးမှုများစွာ မလိုအပ်ပေ။ သူသာ စွမ်းအားရှိလာသရွေ့ အစွယ် ဖြဲပြလာလိမ့်မည်။

သူ့ရဲ့ လွှမ်းမိုးမှု စတင်တာနဲ့ သူက ကပ်ပါးထည့်သွင်းဖို့ လူဦးရေ လိုအပ်တာဆိုတော့ သေဆုံးမှုကို တတ်နိုင်သမျှ မြန်မြန် လျှော့ချမှာပဲ။ အဲ့ဒါဆိုတော့ ငါသူ့ကို အနိုင်ပိုင်းလိုက်တာနဲ့ တိုက်ပွဲကြီးကြောင့် သေဆုံးမဲ့ လူဦးရေအပေါ် ထိခိုက်မှာကို မပူတော့ဘူး။ သူက တကယ့်ကို ပြီးပြည့်စုံတဲ့ ရွေးချယ်ခံတစ်ယောက်ပဲ...

ဝမ်ဝေ့က ပြုံးလိုက်ပြီး ကိစ္စများကို လှုပ်ရှားလိုက်သည်။ သူက ရွှေရောင်နတ်ဘုရား ကျူးကျော်ထားသည့် မဟာကမ္ဘာတစ်ခုအတွင်း လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးကာ ကုန်းမြေနှင့် ချပ်ဝတ်ကို ထားရှိခဲ့သည်။ ထို့နောက် သူက ရွေရောင်နတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်ကို သွားရောက်ကြည့်ခဲ့၏။

ရွှေရောင်ဆံပင်၊ ရွှေရောင်မျက်လုံး၊ အသားဖြူဖြူ၊ ရွှေရောင်ချပ်ဝတ် ။ တကယ်လို့ သေချာတဲ့ သွင်ပြင်သာမရှိရင် သူ့ကို အနောက်တိုင်းသားလို့ မှတ်တော့မလို့ ...

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်ပြီးသည့်နောက်တွင် ထိုသူ၏ စိတ်ထဲမှ ဧကရာဇ်ကျမ်းကို ကြည့်ရှုလိုက်သည်။ သူက ယန်းလီလင်းလိုမျိုး အစစ်အမှန် စိတ်ဖတ်ရေး စွမ်းရည် မရှိပေ။ ထို့ကြောင့် သူ့အနေနှင့် တွေ့ရှိမသွားအောင် သတိထားဖို့ လိုအပ်၏။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအား ကွာဟချက်နှင့် ဝိညာဉ်အပေါ် နားလည်နိုင်စွမ်း ကွာဟချက်တို့ကြောင့် ဖြစ်စဉ်က အတော်လေး လွယ်ကူလှသည်။ ယုံကြည်မှုစွမ်းအင်အားလုံးက ရွှေရောင်နတ်ဘုရားအား ထူးကဲသည့် အာရုံခံစားနှုန်းကို ပေးအပ်ထားသည့်အတွက် ဝမ်ဝေ့အနေနှင့် သတိထားဖို့ လိုအပ်နေဆဲ ဖြစ်သည်။

အစစ်အမှန် ရွှေရောင်လမ်းစဉ်တဲ့လား...

ဒီလူက အတော်လေးကို အတ္တကြီးတာပဲ။ ကဲ … ယုံကြည်မှု ကပ်ပါးကျမ်းလို့ပဲ ခေါ်‌တာပေါ့...

သူ လိုသမျှ ရှိပြီးသည့်နောက်တွင် သူက ရွှေရောင်နတ်ဘုရား၏ စာကြည့်တိုက်ထဲ တိတ်တဆိတ် ဝင်ရောက်ကာ ဤကမ္ဘာ၏ ကျင့်ကြံရေး နည်းစနစ်အားလုံးကို ယူဆောင်ပြီးသည့်နောက် ထွက်ခွာသွားခဲ့သည်။

အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိဖို့ရာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်မသွားခဲ့ပေ။ သူက နယ်ရုပ်သည် အစောပိုင်း အဆင့်များတွင် မထင်မှတ်ထားသည့်အရာ မလုပ်ဆောင်စေဖို့ သေချာစောင့်ကြည့်နေရင်းဖြင့် သူက ယူလာသည့် နည်းစနစ်အသစ်များကို ဖတ်ရှုကြည့်လိုက်သည်။

အစပိုင်းတွင် ကိစ္စများက ချောမွေ့နေခဲ့သည်။ တစ်စုံတစ်ယောက်က ချပ်ဝတ်ကို တွေ့ရှိကာ ရွှေရောင်နတ်ဘုရားထံ သွားရောက်ဆက်သခဲ့သည်။ ထိုအရာကို စမ်းသပ်ကြည့်ပြီးသည့်နောက်တွင် သူ့ကို မယုံနိုင်လောက်ဖွယ် စွမ်းအား ချီးမြှင့်လာသည်ကို ခံစားမိလိုက်ပြီး ရွှေရောင်နတ်ဘုရားက သူ့တွင် ရည်ရွယ်ချက်တစ်ခု ရှိလာသည်ကို ခံစားမိလိုက်သည်။

ဝမ်ဝေ့နှင့် နီးကပ်လောက်သည့် အကြွင်းမဲ့ စွမ်းအားဖြင့် သူက သူ့ကမ္ဘာ့အသိုက်အဝန်းရှိ ကမ္ဘာအားလုံးကို ဖိနှိပ်ပြီး ကပ်ပါးများကို ထည့်သွင်းခဲ့သည်။ ထို့နောက် သက်ရှိ ထရီလီယံပေါင်းများစွာက သူ့ကို စတင် ကိုးကွယ်လာကြ၏။

သူက တောက်တောက်ပပ ပြုံးလိုက်သည်။ သို့သော် သူက ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ တစ်မိနစ်အတွင်း ထိုသူက သူနှင့် အနီးကပ်ဆုံး ကမ္ဘာ့အသိုက်အဝန်း ဆယ်ခုကျော်ကို တူညီစွာ လုပ်ဆောင်ခဲ့ပြီး ထိုကမ္ဘာများမှ ဧကရာဇ်များကို ဖမ်းယူခဲ့သည်။

"ကျစ် ဒီအရူးကတော့" ဝမ်ဝေ့က ထိုသူသည် ရပ်တန့်မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့ပြီးသည့်နာက် ရေရွတ်လိုက်မိသည်။ တစ်စုံတစ်ယောက်က ထိုသူ့အား လှည့်ဖျားလာနိုင်သည့် အခြေအနေအတွက် သိုသိုသိပ်သိပ် နေဖို့ရာ စိတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးခဲ့သည်။

အာဏာက လူကို ပျက်ဆီးစေတာပဲ...

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

All Chapters