← Chapters

မဖြစ်နိုင်ဘူး

Vol. 81 Ch. 1131

မဖြစ်နိုင်ဘူး

Vol. 81 Ch. 1131

အရာအားလုံး ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကိစ္စများကို ဆက်လက် လုပ်ဆောင်လိုက်သည်။ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် သိပ္ပံနှင့် နည်းပညာ ကမ္ဘာဆီ ဝင်ရောက်ခဲ့၏။ ကမ္ဘာက သူနောက်ဆုံးအကြိမ်ဝင်ရောက်ခဲ့သည်ထက် များစွာပြောင်းလဲသွားခဲ့သည်။ သူ သိထားသည့်သူများအားလုံးက သေဆုံးသွားကြပြီ ဖြစ်၏။

သူက ကမ္ဘာကို ဒိုင်မေးရှင်းအလွှာများစွာ ခွဲထားခဲ့သည်။ တစ်လွှာချင်းဆီက ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်နိုင်ခြေ များစွာ ရှိနေသည့် ကွဲပြားသော လူမှုအဖွဲ့အစည်းများ ပါရှိသည်။ ဝမ်ဝေ့က စောင့်ကြည့်သူများရှိသည့် အမြင့်ဆုံးအလွှာဆီ ဦးတည်လိုက်၏။ ထိုအရာက ထိုလူမှုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားပြီး စောင့်ကြည့်ဖို့ တာဝန်‌ပေးကာ ဖန်တီးထားသည့် မသေမျိုး မျိုးနွယ်တစ်ခု ဖြစ်ပေသည်။ ထိုစောင့်ကြည့်သူများတွင် ဤစကြဝဠာ၏ သတင်းအချက်အလက်၊ သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း ပါဝင်သည့် စာကြည့်တိုက် ရှိသည်။

ဝမ်ဝေ့က သတင်းအချက်အလက်ကို သုံးသပ်၍ မျက်မှောင်ကြုတ်လိုက်၏။ သူက ကမ္ဘာမြေ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် အစပြုခဲ့သည့်အတွက် ရလဒ်နှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။ အလွှာများစွာတွင် ကွဲပြားသည့် လူသားမျိုးနွယ်များစွာက လွှမ်းမိုးသည့် မျိုးစိတ် ဖြစ်လာကြသည်။

ထို့နောက် ထိုမျိုးစိတ်များသည် ကြယ်စင်စုကို သိမ်းပိုက်ပြီး စကြဝဠာကို ဖြန့်ကျက်ကာ တခြားသော ဒိုင်မေးရှင်းအလွှာများကို စူးစမ်းဖို့အတွက် ကွမ်တန်နည်းပညာကို ဖန်တီးကြပြီး အဆင့်မြင့် လူမှုအဖွဲ့အစည်းများဖြင့် ထိပ်တိုက်ရင်ဆိုင်ကြသည်။ ဝမ်ဝေ့က သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို သဘောကျမိသော်လည်း တခြားသော ကဏ္ဍများကမူ သိပ်ကျေနပ်ဖွယ်မရှိပေ။

အနုပညာ၊ ဘာသာရေး၊ အတွေးအခေါ်နှင့် ယဉ်ကျေးမှုတို့က ကမ္ဘာမြေနှင့် ယှဉ်လိုက်လျှင် အတော်လေး တသတ်မတ်တည်း ဖြစ်နေသည်။

တကယ်ကို ပျင်းစရာကောင်းတယ်...

ဝမ်ဝေ့က လူမှုအဖွဲ့အစည်း ဇက်၈၉၇ စာအုပ်ကို ဖတ်ကာ တွေးလိုက်သည်။ ထိုကမ္ဘာများကို ဖန်တီးရသည့် သူ့ရည်ရွယ်ချက်တစ်ခုက သူ့ကို လှုံ့ဆော်မှူပေးနိုင်ဖို့ ဖြစ်၏။ မည်သည့်လူမှုအဖွဲ့အစည်းကမှ ထိုအရာကို မလုပ်ဆောင်နိုင်ခဲ့ပေ။ ကမ္ဘာမြေမှာ ဖွံ့ဖြိုးတိုးတက်လာသည့် အရာများသာမကဘဲ စကြဝဠာရှိ တခြားသော ဂြိုလ်များ ဖွံ့ဖြိုးတိုးတက်လာမှုလည်း အပါအဝင် ဖြစ်သည်။

ဒါပေမဲ့ ဒါက ကမ္ဘာမြေရဲ့ သဘာဝက ထူးကဲတယ်ဆိုတာကို ပြသနေတာပဲ။ ဒီလူမှုအဖွဲ့အစည်းတွေက ဒီတသတ်မတ်တည်း အတွေးအခေါ်တွေကို ဒီလို တသတ်မတ်တည်း ဖွံ့ဖြိုးတိုးတက်လာကြတယ်...

ဝမ်ဝေ့က ကောက်ချက်ချကာ သက်ပြင်းချလိုက်သည်။

ဒီကမ္ဘာက ကျရှုံးမှုပဲ။ အဲဒါဆိုတော့ အစကနေပြန်စတင်ရမယ်...

သူက တွေးလိုက်မိသည်။

သတင်းကောင်းက ကွမ်တန်နယ်ပယ်က ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ပြီးပြည့်စုံနေတာပဲ...

ဤကမ္ဘာရှိ အပြောင်းအလဲများကို သုံးသပ်ပြီး ကွမ်တန်နယ်ပယ်လေ့လာမှုကို စောင့်ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကိစ္စများစွာကို သင်ယူခဲ့ရသည်။ အရေးကြီးဆုံးအချက်က ကွမ်တန်နယ်ပယ်သည် ဟွင်သွမ်းစကြဝဠာ၏ နောက်ထပ်ပုံစံတစ်မျိုး ဖြစ်၏။ ထိုအရာက မဟာတာအို ပြယုဂ်ဖြစ်ကာ အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်း အစရှိသည့် ကဏ္ဍများလည်း ပါရှိသည်။

ငါ့အတွက်တော့ ဒါက သတင်းကောင်းပဲ။ ဒါပေမဲ့ မဟာတာအိုနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခုကို ဖန်တီးခဲ့မိပြီထင်တယ်။ ဒါက ငါ့ကို ဆန့်ကျင်လာရင် ဘယ်လိုလုပ်ရမလဲ...

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့တွင် ရှိနေသည့် တစ်ခုတည်းသော အာမခံချက်က သူ့ထံ တစ်စုံတစ်ခု ဖြစ်ပျက်လာပါက ဤကမ္ဘာရှိ ဟုန်ကျွင်း၏ ကာကွယ်မှုသည် ပြိုလဲသွားမည်ဖြစ်ကာ ကွမ်တန်စိတ်ဆန္ဒသည် မဟာတာအိုနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။ ကွမ်တန်စိတ်ဆန္ဒက အနိုင်ရဖို့ အခွင့်အရေး မရှိပေ။ အကြောင်းအရင်းမှာ ထိုအရာ၏ အနှစ်သာရက မဟာတာအိုနှင့် နီးကပ်နေသော်လည်း စွမ်းအားကမူ မိုင်များစွာ ကွာဟနေသေး၏။

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက နတ်ဘုရားဖန်တီးခြင်း ကစားနေခဲ့ပြီး သူ့ကိုပင် ကျော်လွန်သွားသည့်အရာကို ဖန်တီးခဲ့သည်။

ထားလိုက်ပါတော့။ ဒီအရာတွေက ဖြစ်ချင်သလို ဖြစ်လာမှာပဲ...

ကွမ်တန်စိတ်ဆန္ဒက မဟာတာအိုနှင့် တူညီသည့် အပြုအမူမျိုးရှိသော်လည်း စကြဝဠာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မဆက်နွယ်သည့်အတွက် ကွဲပြားနေသည်။ ထိုအရာက သက်ရှိဂိုဏ်းဆီက ကိုယ်စားပြုသည့် ဖြစ်နိုင်ချေများစွာကို စုပ်ယူခြင်းဖြင့် ကိုယ့်ဘာသာပြီးပြည့်စုံအောင် ပြင်ဆင်ဖို့သာ ဂရုစိုက်နေသည်။ ထိုသက်ရှိများက ကွမ်တန်နယ်ပယ်ကို ရှုပ်ထွေးအောင် လုပ်လျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ ဝမ်ဝေ့က သက်ရှိများသည် ထိုအဆင့်အနေအထားထိ မရောက်နိုင်ကြောင်း သိထား၏။

သူက စောင့်ကြည့်သူများကို လူအုပ်ကြီး ငရဲ၏ သွေးကို သေချာသည့် လူမှုအဖွဲ့အစည်းများဆီ ဖြန့်ဝေကာ လေ့လာကြည့်ဖို့ တာဝန်ပေးခဲ့ဖူးသည်။ ထို့ကြောင့် မည်သည့်သက်ရှိကမှ ကောင်းကင်ဘုံအဆင့် ကျော်လွန်ခြင်း မရှိသေးပေ။ ထိုအရာက နည်းပညာအတွက်လည်း အတူတူသာ ဖြစ်၏။

ဝမ်ဝေ့က ကျင့်ကြံရေးအတွက် ကွမ်တန်နယ်ပယ်ထဲ ဝင်ရောက်လိုက်သည်။ နှစ်များစွာ သုံးသပ်ပြီးသည့်နောက်တွင် သူ့အား တားမြစ်တိုက်ခိုက်‌ရေးအဆင့်သို့ မဝင်ရောက်နိုင်အောင် တားဆီးထားသည့် အရာနှစ်ခုရှိနေကြောင်း သဘောပေါက်ခဲ့၏။

ပထမတစ်ခုက မိုးမြေ၏ ကန့်သတ်ချက် သို့မဟုတ် မဟာတာအို ဖြစ်ပေသည်။ သူ့အခြေခံအုတ်မြစ် သို့မဟုတ် ခန္ဓာကိုယ်က မဟာတာအို အားဖြည့်မှုကို တောင့်မခံနိုင်ပေ။

ဒီကမ္ဘာမှာ နေပြီးတော့ ငါက မဟာတာအိုရဲ့ အတားအဆီးတွေကို အနိမ့်ဆုံးရောက်အောင် ဖယ်ရှားပစ်နိုင်တယ်...

ဝမ်ဝေ့က တွေးလိုက်သည်။

အဲ့ဒါဆိုတော့ နောက်တစ်ဆင့်က ငါ့ရဲ့ အခြေခံအုတ်မြစ်ကို မြင့်အောင်လုပ်ဖို့ပဲ။ တာအိုခန္ဓာက လူတစ်ယောက်ရဲ့ တာအို အုတ်မြစ်ကို သဏ္ဍာန်ပြောင်းမှု ဒါမှမဟုတ် ကိုယ်စားပြုမှု တစ်ခုပဲ။ အဲ့ဒါရဲ့ အခြေခံအနှစ်သာရက သဘောတရား ဘယ်လောက်ပါဝင်နေလဲဆိုတာပဲ။

ဧကရာဇ်တစ်ယောက်၏ တာအိုခန္ဓာက သူ့ကျင့်ကြံရေး(စည်းမျဉ်းနားလည်မှု)၊ ဝိညာဉ်၊ ခန္ဓာကိုယ်ခွန်အား၊ တာအိုနှလုံးသားနှင့် ပါဝင်နေသည့် စွမ်းအားအားလုံးကို ပေါင်းစည်းထားမှု ဖြစ်၏။ ဧကရာဇ်တစ်ယောက်က ကောင်းကင်အလိုဆန္ဒကို စုက်ယူပြီး စွမ်းအင်သက်ရှိအဖြစ် ပြောင်းလဲပြီးသည့်နောက်တွင် အယူအဆ သဘောတရား သက်ရှိအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အဲ့ဒါဆိုတော့ အစီအစဉ်က ရိုးရှင်းပြီးတော့ အယူအဆ သဘောတရားတွေက်ု ပိုပြီးတော့ စုပ်ယူဖို့ပဲ...

ဝမ်ဝေ့က တွေးလိုက်သည်။

တကယ်လို့ ဒီအစီအစဉ်သာ လုပ်ဖြစ်မယ်ဆိုရင် ငါ့ရဲ့ တာအိုခန္ဓာကို မြင့်မားတဲ့အဆင့်ရောက်အောင် ပြောင်းလဲဖို့လည်း လွယ်ကူလိမ့်မယ်။ ငါ့ရဲ့ အခြေခံအုတ်မြစ်က ဒဿမသာလွန်အုတ်မြစ်ဆိုတော့ အယူအဆသဘောတရားတွေ ပါဝင်ဖို့ တောင်ခံနိုင်ချေ ပိုများတယ်...

အစပိုင်း အစီစဉ်အပြီးတွင် ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ထိုနည်းလမ်းကို စမ်းသပ်ကြည့်လိုက်သည်။ သူက ကွမ်တန်နယ်ပယ်မှ အလင်းပျောက်များစွာကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ထဲ သဘောတရားများစွာအဖြစ် ပေါင်းစည်းခဲ့သည်။ သူက ထိုကံကြမ္မာ သဘောတရားများသည် လျှို့ဝှက်အရာများ ပါဝင်နေသလားဟု အရင်စစ်ဆေးကြည့်ခဲ့ရ၏။ သူက ဤနေရာမှ ထွက်သွားသည်နှင့် မဟာတာအိုသည် သူ့ခန္ဓာကိုယ်အတွင်း တစ်စုံတစ်ခုရှိနေသည်ကို အာရုံခံမိပြီး ဟွင်သွမ်းစကြဝဠာအတွင်း ကျူးကျော်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း သိထားသည့်အတွက် များစွာစိုးရိမ်ခြင်း မရှိပေ။

ဒါက အလုပ်ဖြစ်တယ်...

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက စုပ်ယူနှုန်းကို အရှိန်မြှင့်တင်လိုက်၏။ စက္ကန့်ပိုင်းနှင့်အမျှ သူသည် တာအို ခန္ဓာပြောင်းလဲမှုကို ခံစားမိလာသည်။

မဟာတာအို အရင်းအမြစ်၏ နားလည်နိုင်စွမ်းက သူ့ခန္ဓာကိုယ်၏ သဘောတရားကို တိုးမြှင့်ပေးနေသည်။ သို့သော်လည်း ခန္ဓာကိုယ်က ရေပုံးတစ်ပုံးလိုဖြစ်ကာ တစ်စုံတစ်ယောက်က ရေကို လောင်းထည့်ပေးနေသည့် ဖြစ်စဉ်လိုမျိုး ဖြစ်၏။ ထိုစဉ် တာအိုခန္ဓာကိုယ် အဆင့်မြှင့်ခြင်းက ရေပုံးအား ကြီးမားသည့် ရေကန် သို့မဟုတ် ပင်လယ်နှင့် အစားထိုးလိုက်သလိုမျိုးဖြစ်ကာ ရေများကို ပိုမို ပါဝင်လာစေလိမ့်မည်။ ထိုအရာက ရိုးရှင်းလွန်း၍ ပိုမိုရှုပ်ထွေးသည့် အတွေးအခေါ်ဖြစ်နေသော်လည်း ယေဘုယျ ကျ၏။

အခု ရပ်လိုက်ရအောင်...

ဝမ်ဝေ့က နောက်တစ်ခုရောက်သည်နှင့် ရပ်တန့်လိုက်သည်။ သူက ဤနေရာမှ ထွက်သွားပြီး မဟာတာအိုက သူ့တိုးတက်မှုကို စစ်ဆေးကြည့်မလား သိချင်နေမိသည်။ ထို့ကြောင့် သူက အတွေးတစ်ချက်ဖြင့် ကမ္ဘာအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

ဝမ်ဝေ့က ခုံရုံးဆီ ရောက်ရှိသည်နှင့် ငြီးတွားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ ကြောက်မယ်ဖွယ် နာကျင်မှုက တိုက်စားနေလေ၏။ ထို့နောက် သူက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မီးခိုးရောင် အငွေ့အသက်ကို ကြည့်လိုက်သည်။

ဒါက ငါလက်ခံလိုက်တဲ့ အယူအဆ သဘောတရားတွေလား...

သူတို့နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေတာလား...

သူက အဖြစ်အပျက်ကို စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"မဖြစ်နိုင်တာ"

နာကျင်မှု အဆုံးသတ်သွားသည်နှင့် ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာ ကမ္ဘာထံ ထပ်မံ ဝင်ရောက်လိုက်သည်။ သူက ဒုတိယကမ္ဘာကို ဖန်တီးကာ အချိန်မြှင့်တင်ရေးကို အသုံးပြုပြီး ကြီးထွားစေလိုက်သည်။ သူက ဤကမ္ဘာအသစ်၏ ကွမ်တန်နယ်ပယ်ကို မူလတစ်ခုလိုမျိုး ပြန်လည်ဖန်တီးခဲ့သော်လည်း ယခုတစ်ခေါက်က ပိုမိုသေးငယ်ကာ အားပျော့ပေသည်။ မည်သည်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စွမ်း မရှိသည့် ကွန်ပြူတာ လုပ်ဆောင်ချက်တစ်ခုမျှသာ ဖြစ်၏။

ထိုဖြစ်စဉ်က အချိန်တစ်ခု ယူခဲ့သော်လည်း ပြီးမြောက်မသွားသည့်အခါ ဝမ်ဝေ့က ဒုတိယအကြိမ် ကံကြမ္မာ အယူအဆ သဘောတရားများကို စုပ်ယူလိုက်ပြီး အသင်္ချေအင်ပါယာ ကမ္ဘာဆီ ပြန်လည်ရောက်ရှိလာသည်။ သို့သော် တူညီသည့်အရာက ထပ်မံ ဖြစ်ပျက်လာခဲ့သည်။

သူက မလုံမလဲဖြင့် ပြုံးလိုက်မိသည်။

မူလကွမ်တန်နယ်ပယ်က မှားယွင်းနေတာတော့ မဟုတ်ဘူး။ မဟာတာအိုက ငါတားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ဖို့ ဒီနည်းလမ်းကို သုံးတာကို လက်မခံနိုင်တာပဲ ဖြစ်ရမယ်...

သူက သိပ္ပံနှင့် နည်းပညာ ကမ္ဘာကို အသုံးပြုပြီး ဒဿမသာလွန်အုတ်မြစ်ကို ရယူပြီးသည့်နောက်တွင် အဘယ့်ကြောင့် အကျိုးဆက်မရှိလဲဟု ကိုယ့်ဘာသာကို မေးခွန်းထုတ်ခဲ့သည်။

ကြည့်ရသည်မှာ သူ မှားနေဟန်ပေါ်၏။ တစ်စုံတစ်ခုက ဖြစ်ပျက်ခဲ့သော်လည်း သူ့အနေဖြင့် မသိလိုက်ခြင်းသာ ဖြစ်ရမည်။

သိပ္ပံနှင့် နည်းပညာ ကမ္ဘာရဲ့ တန်ဖိုးက အတော်လေး လျော့ကျသွားပြီ...

ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်မိသည်။ သူက ထိုမဟာတာအိုဖြင့်ပင် စကားရည်လုချင်လာမိသည်။

စိတ်ငြိမ်ငြိမ်ထား စိတ်ငြိမ်ငြိမ်ထား ဒီလို အနန္တတန်ခိုးရှင်မျိုးကို ဒေါသနဲ့ ပြောနေလို့ အလကားပဲ...

ဒီကမ္ဘာက တခြားအရာတွေထက် အဖိုးတန်ပါသေးတယ်...

ပုံမှန်သဘောတရားအရ မဟာတာအိုသည် ပုရွတ်ဆိတ်တစ်ကောင်က နာမည်ရှိနေသည်ကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် သူ့အနာဂတ်ကိုယ်နှင့် မတည့်ကြောင်း ခန့်မှန်းမိလေ၏။ ထိုအရာ၏ အပြုအမူက သူ့အပေါ် သဘောထားသေးသိမ်မှုကို ပြဖို့ လုံလောက်နေ‌ပြီ ဖြစ်သည်။

သူ့ဘဝက နဂိုတည်းက ခက်ခဲနေပြီဖြစ်ရာ ပိုခက်ခဲအောင် လုပ်ဖို့ မလိုအပ်တော့ပေ။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။

အခု ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက အလင်းမဲ့အမှန်တရားပဲ...

သူက လူတစ်ယောက်၏ ဆောင်ပုဒ်တစ်ခုကို အမှတ်ရသွားလေ၏။

"မင်းရဲ့ ကျရှုံးမှုမှာ ဆက်နေနေလို့ မရဘူး။ ဒါက မင်းဆီ ဘာယူဆောင်လာမှာလဲ "

ထိုစဉ် သူက အဝေးတစ်နေရာရှိ အမြင်ရုပ်လွှာကို ခံစားမိလိုက်သည်။

"ဒီတစ်ခေါက် ဘာဖြစ်တာလဲ"

All Chapters