← Chapters

ကျွမ်းကျင်မှု လမ်းစဉ်

Vol. 81 Ch. 1132

ကျွမ်းကျင်မှု လမ်းစဉ်

Vol. 81 Ch. 1132

ဝမ်ဝေ့၏ အကြည့်က တောင်ပိုင်းကုန်းမြေဆီ ရောက်ရှိလာသည်။ ထိုအရာက မူလဆေးလုံးတာအိုဂိုဏ်းဆီ ဦးတည်နေ၏။ အမြင်ရုပ်လွှာက ထိုနေရာမှ ထွက်ပေါ်လာသည်။ ပို၍ အရေးကြီးသည်က ဂိုဏ်းတစ်ခုလုံးသည် သတိတကြီးဖြင့် သူတို့၏ အစီအရင်အားလုံး အသက်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သေချာစောင့်ကြည့်လိုက်၏။

မိနစ်ပိုင်းခန့် ကြာမြင့်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာအထက် ဝေဟင်ထဲ တစ်စုံတစ်ခုပြောင်းလဲသွားကာ အစစ်အမှန် ကောင်းကင်တာအို၏ မျက်လုံး ပေါ်ထွက်လာခဲ့သည်။ ထိုမျက်လုံးက အရာအားလုံးကို လျစ်လျူရှုထားပြီး မူလဆေးလုံးတာအိုဂိုဏ်းအပေါ် အာရုံစိုက်ထားခဲ့သည်။ ထို့နောက် လူများစွာအား တုန်လှုပ်သွားစေမည့် ကိစ္စတစ်ခုကို ပြုလုပ်လာခဲ့သည်။ ထိုအရာက ကောင်းကင်အလိုဆန္ဒကို တစ်စုံတစ်ယောက်ထံ ထုတ်ပေးလိုက်ခြင်း ဖြစ်၏။

မူလဆေးလုံးတာအိုဂိုဏ်းမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ လေဟာနယ်ထဲ တင်ပျဥ်ခွေထိုင်ရင်း ကောင်းကင်အလိုဆန္ဒကို စုပ်ယူလိုက်သည်။

လော့ချန်ပဲ …

ဝမ်ဝေ့က အာရုံစိုက်ကာ ကြည့်လိုက်သည်။ သူက ဘာမှဝင်မပြောသလို ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိပေ။ သူက ဆက်လက်စောင့်ကြည့်နေ၏။ လော့ချန်၏ အရှိန်အဝါက သိသိသာသာ တိုးပွားလာသော်လည်း ဝမ်ဝေ့နှင့် တချို့လူများမှလွဲ၍ အားလုံးကို အံ့အားသင့်သွားစေသည်က သူသည် မဟာတာအိုအရင်းအမြစ် ၁၆ ရာခိုင်နှုန်းတွင် ရပ်တန့်သွားခဲ့သည်။

လူတချို့က ဤခေတ်ကာလတွင် ပထမဦးဆုံး ထာဝရဧကရာဇ် မဟုတ်သည့်သူ မွေးဖွားလာသည်ဟု တွေးထင်ခဲ့ကြသည်။ လူများစွာက ထိုသတင်းနှင့် ပတ်သက်ပြီး ဝမ်းနည်းနေစဥ် တခြားသူများကမူ ဤမျိုးဆက်က ဖြည်းဖြည်းချင်း မူမမှန်မှုတစ်ခုဖြစ်လာသည့်အတွက် စိတ်အေးသွားကြသည်။ ကျင့်ကြံသူအများစုက ဤမျိုးဆက်သည် စံနှုန်းအရမ်းမြင့်ပြီး အနာဂတ် ဧကရာဇ်များနှင့် ကောင်းကင်ဧကရာဇ်များအပေါ် သက်ရောက်မှု ရှိလာမည်ကို ခံစားမိနေကြသည်။

သို့သော်လည်း ဉာဏ်ကြီးသည့် လူတချို့ကမူ ကွဲပြားသည့် အရာတစ်ခုကို သတိထားမိသွား၏။ အစစ်အမှန် ကောင်းကင်တာအို မျက်လုံးက ရှိနေဆဲ ဖြစ်သည်။ ထင်ထားသည့်အတိုင်း ကောင်းကင်အထက်မှ ရွေရောင်ကုသိုလ် ကျဆင်းလာကာ လော့ချန်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ သူ့ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့၏။ သူက သူ့အနောက်ဘက်တွင် ပထမဦးဆုံး ရွှေရောင် ကြာပွင့် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားစဥ် ဒုတိယ ပန်းပွင့်ကို ပုံဖော်နိုင်ခဲ့သည်။ သူက တာအိုဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း ပြသနေ၏။ အကြည့်အားလုံးက သူ့ဆီ ရောက်နေပြီး နောက်ဆုံးပန်းပွင့် တစ်ဖြစ်လည်း တတိယပန်းပွင့်က စပုံပေါ်လာစဉ် လူတချို့က ပုံရိပ်တစ်ခု အလျှင်အမြန် ဖြစ်တည်လာသည်ကို မြင်တွေ့လိုက်ရသည့်အတွက် ထာဝရဧကရာဇ်တစ်ယောက် မွေးဖွားလာသည်ဟု ယုံကြည်သွားကြသည်။

ဝှစ်

လော့ချန်၏ ရွှေရောင်အရှိန်အဝါက တတိယပန်းပွင့် မဖွဲ့စည်းနိုင်ခင် ပျောက်ကွယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ထာဝရဧကရာဇ်နှင့်တူညီသည့် အားပြင်းပြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သို့သော် လူအများက ထိုအရာသည် ထာဝရဧကရာဇ် မဟုတ်ကြောင်း သိထားကြသည်။ သူတို့က အကြိမ်များစွာ မြင်တွေ့ဖူးသည့်အတွက် အမှတ်မှားမည် မဟုတ်ပေ။

ဤကမ္ဘာက အတုအယောင် ထာဝရဧကရာဇ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုအရာက အစစ်အမှန်လောက် မကောင်းသော်လည်း လူများစွာက ဤမျိုးဆက်သည် ဆက်တိုက် တိုးတက်နေဆဲ မဟုတ်သည်ကို မြင်သည့်အခါ ကျေနပ်သွားကြသည်။ ထိုစဥ် မူလဆေးလုံးတာအိုဂိုဏ်းရှိ လူများကမူ အနည်းငယ် စိတ်ပျက်နေကြ၏။ အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ သူတို့က မဟာဧကရာဇ်အသစ် တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ကြသည်။

“ငါက အတိမ်းအစောင်းမဲ့ ဆေးလုံးဧကရာဇ်ပဲ” လော့ချန်က ကြေညာလိုက်သည်။ သူ့အသံက ကမ္ဘာတဝှမ်း ပျံ့နှံ့သွားလေ၏။ ကမ္ဘာ့အသိုင်းအဝန်းတစ်ခုလုံး ကြောက်မက်ဖွယ် အမြင်ရုပ်လွှာတစ်ခု ထွက်ပေါ်လာကာ သူ့မွေးဖွားလာမှုကို ဂုဏ်ပြုနေကြသည်။ အစစ်အမှန် ကောင်းကင်တာအို မျက်လုံးက ပျောက်ကွယ်သွား၏။ လော့ချန်က ခုံရုံးဘက်ကို လှမ်းကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

“ဒါက ကျွမ်းကျင်မှု လမ်းစဉ်လား ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

…

ကမ္ဘာဦး ဟွင်သွမ်း

မီးတောက်ဧကရာဇ်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

အဲဒါဆိုတော့ ဒါက ပင်မအရင်းအမြစ် ဟွင်သွမ်း ကမ္ဘာတစ်ခုမှာ အလုပ်ဖြစ်တယ်ဆိုတဲ့ သဘောပဲ။ ဒီလိုဆိုရင် ငါဒီအချက်အလက်ကို ယုံလို့ရတယ်။ ငါသာ ပြိုင်ဘက်ကင်းအရည်အချင်းနဲ့ ဆေးလုံးကို ဖော်စပ်နိုင်သရွေ့ မဟာတာအိုစက်ယန္တရားက ငါ့ကို ထူးကဲသာလွန်မှုတစ်ပိုင်း လမ်းစဥ်နဲ့ ဆုချီးမြှင့်လာမှာပဲ …

ပတ်ဝန်းကျင်တစ်ခုလုံးက ပိုမို ပူပြင်းလာသည်။ ကံကောင်းစွာဖြင့် မီးတောက်ဧကရာဇ်က အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့၏။

အခု အကြံဉာဏ်တော့ ရထားပြီ။ ပြဿနာက ဘယ်လိုအကောင်ထည်ဖော်ရမလဲဆိုတာပဲ …

သူ့အဆင့်အနေအထားတွင် အရည်အချင်း တိုးတက်ဖို့က ပြောသလောက် မလွယ်ကူလှပေ။ လော့ချန်အတွက်မူ သူ့ကျင့်ကြံဆင့်နှင့် စွမ်းအင်ထက် ကျော်လွန်သွားစေနိုင်လောက်အောင် လမ်းညွှန်ပေးနိုင်သည့် ဆေးဖော်စပ်နည်း ရှိထားသည် မဟုတ်ပါလော။ ထို့ကြောင့် စက်ယန္တရားက သူ့ကို မသေမျိုးဖြစ်လာဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း မီးတောက်ဧကရာဇ်ကမူ ထိုသို့ပုံကြမ်း ရှိမထားပေ။

ကျင့်ကြံရေးခရီးလမ်းတွင် သူ့အနေဖြင့် ဆေးလုံးဖော်စပ်ရေး၌ အထွတ်အထိပ် ရောက်ရှိနေပြီဟု ပြောရပေမည်။ သူနှင့် ယှဥ်နိုင်သည့်သူက အနည်းငယ်သာ ရှိ၏။ သူတို့အားလုံးကလည်း တူညီသည့် ပြဿနာကို ရင်ဆိုင်နေရသည်။ သူတို့အားလုံးက ဆက်လက် မတိုးတက်နိုင်တော့ခြင်း ဖြစ်သည်။

ငါတို့တွေ အခြေခံကနေ ပြန်စတင်ရမည် …

မီးတောက်ဧကရာဇ်က တွေးလိုက်သည်။

အခြေခံအဆင့်မှ ဆေးလုံးဖော်စပ်ဖို့ အပိုင်းသုံးပိုင်း ခွဲထားတယ်။ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ဖို့၊ မီးတောက်ထိန်းချုပ်ဖို့နဲ့ ပေါင်းစည်းမှုပဲ။ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်တာမှာ ဆေးပင်တွေရဲ့ ဂုဏ်သတ္တိတွေနဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာကို နက်နက်နဲနဲ နားလည်နေဖို့လိုတယ်။

မီးတောက် ထိန်းချုပ်မှုကတော့ အဲဒီပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးတော့ ဆေးအာနိသင်တွေကို ကန့်သတ်ချက်အထိ ရောက်အောင် ဘယ်လိုသုံးရမလဲဆိုတာကို သိဖို့ပဲ။ ပေါင်းစည်းမှုမှာတော့ ကိုယ်ပိုင်လေ့လာတွေ့ရှိမှုတွေ ပါဝင်နေတယ်။ ဒါပေမဲ့ အံ့ဖွယ်သင်္ကေတတွေက အသုံးပြုထားတဲ့ စနစ်အပေါ် မှီခိုတာမျိုးလည်း ရှိနေနိုင်တယ်။ ဒါကို သိပြီးရင် ငါက ပြီးပြည့်စုံနေပြီးသားဖြစ်တဲ့အချိန်မှာ ဘယ်လိုတိုးတက်အောင် လုပ်နိုင်အုံးမှာလဲ …

မီးတောက်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။

ပြီးပြည့်စုံအောင်တဲ့လား။ တစ်ခါတုန်းက တစ်ယောက်က ပြောခဲ့ဖူးတယ်။ မဟာတာအိုကပဲ ပြီးပြည့်စုံတာတဲ့။ အဲဒါဆိုရင် ငါ့ရဲ့ အရည်အချင်းတွေက ပြီးပြည့်စုံတာနဲ့ အလှမ်းဝေးနေသေးတယ် …

သူ့အကြည့်များက ရုတ်တရက် တောက်ပလာသည်။

တကယ်လို့ ငါသာ ငါ့ရဲ့ အရည်အချင်းရဲ့ ဟာကွက်နဲ့ ပြစ်ချက်တွေကို ရှာနိုင်မည်ဆိုရင် ငါ့ရဲ့ လက်ရှိ ကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်မှာပဲ …

မီးတောက်ဧကရာဇ်က ပလ္လင်မှ ထရပ်လိုက်သည်။

ငါ အရင်ဆုံး တူညီတဲ့ စွမ်းဆောင်ရည်ရှိတဲ့ ပစ္စည်း ဒါမှမဟုတ် ငါ့ရဲ့ ဟာကွက်တွေအားလုံးကို မြင်နိုင်တဲ့ အားကောင်းတဲ့ မျက်လုံးမျိုး လိုအပ်တယ်။

သူက ထိုအကြောင်းကို တွေးမိသည့်အခါ မီးတောက်ဧကရာဇ်က သူ တွေ့နိုင်သည့်လူတစ်ယောက်ကို စဥ်းစားမိသွားသည်။ သူ့အနေဖြင့် သူ ရှာနေသည့်အရာကို တွေ့ဖို့အတွက် တခြားကမ္ဘာဆီ သွားရောက်ရမည်။

တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် အလုံးစုံသိမြင် ပကတိ ဘုံကျောင်းကို မေးရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး …

မီးတောက် ဧကရာဇ်က ထိုနည်းလမ်းကို အသုံးမပြုလိုပေ။ ထိုသူများက သူ့အစစ်အမှန် ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိသွားနိုင်၏။ ထို့အပြင် သူက ထိုဘုံကျောင်းသည် လူတစ်ယောက်၏ ယေဘုယျ ချမ်းသာကြွယ်ဝမှုပေါ် မူတည်၍ ကိစ္စများကို တွက်ချက်ပေးသည်ကို သဘောမကျပေ။ ထိုလောဘကြီးသည့်သူများက လူတစ်ယောက်တွင် ချမ်းသာကြွယ်ဝမှု မည်မျှရှိသလဲ ကောင်းကောင်းသိထားကြသည်။

အဲဒီအစား ဆေးလုံးအစည်းအဝေး ဆင့်ခေါ်တာကမှ ဟုတ်အုံးမယ် …

မီးတောက်ဧကရာဇ်က တွေးလိုက်သည်။ သူ့အဆင့်အတန်းနှင့် ကျယ်ပြောလှသည့် မိတ်ဆွေသူငယ်ချင်းများဖြင့် မြောက်မြားစွာသော ဆေးလုံးဖော်စပ်သူ စံပြများကို ဖိတ်ခေါ်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းကို သုံးသပ်သည်က အကောင်းဆုံး ဖြစ်ပေသည်။ သို့သော်လည်း ထိုအစည်းအဝေးက ဘယ်သူ့အရည်အချင်း ပိုမိုကောင်းမွန်လဲဟု ရန်ဖြစ်ရင်းနှင့်သာ အဆုံးသတ်သွားလေ့ ရှိသည်။

ငါက ဆေးလုံးတာအိုရာထူး ကိုင်ဆောင်ထားတဲ့ အရှင်ဆေးလုံးဝိဇ္ဇာကို မဖိတ်ခေါ်နိုင်သရွေ့တော့ မရဘူး …

မီးတောက်ဧကရာဇ်က ရွယ်တူများအကြား ပြောဆိုသည်ကို ဂရုမစိုက်ပေ။ ထိုနည်းလမ်း၏ တစ်ခုတည်းသော ဆိုးကျိုးက ထိုစီမံကိန်း ကြာရှည်မှုသာ ဖြစ်၏။ သူ့အနေဖြင့် ထိုအရာကို အသုံးမပြုလိုသည့် တကယ့်အကြောင်းအရင်းကမူ သူသည် ထူးကဲသာလွန်မှုလမ်းစဥ်ကို ရှာဖွေတွေ့ရှိဖို့ အခက်အခဲများစွာ ကျော်ဖြတ်ထားရလေရာ မည်သူနှင့်မှ မမျှဝေလိုပေ။

မီးတောက်တစ်ခုက မီးတောက်ဧကရာဇ်ကို လွှမ်းခြုံသွားကာ သူက ပျောက်ကွယ်သွားခဲ့သည်။ သူ့၏ စမ်းသပ်ချက်က အောင်မြင်သည့်အတွက် ဤနေရာတွင် ဆက်နေ၍ အကျိုးမရှိတော့ပေ။ အထူးသဖြင့် သူက လုပ်စရာအများကြီး ရှိနေသည့်အခါတွင် ဖြစ်၏။ ထူးကဲသာလွန်မှုလမ်းစဥ်က သူ့အတွက် ပွင့်လာပြီဖြစ်ရာ မီးတောက်ဧကရာဇ်က ကမ္ဘာဦးဟွင်သွမ်းဆီ သွားကာ ရည်မှန်းချက်ကို ဖြည့်ဆည်းရမည်။

ထိုကမ္ဘာရှိ သူများက အာဏာရှင်အောက်မှ လွတ်မြောက်သည့်အကြောင်း အောင်ပွဲခံရဲသည်ကိုပင် ဂရုမစိုက်တော့ပေ။

…

အသင်္ချေအင်ပါယာကမ္ဘာ

ဝမ်ဝေ့က လော့ချန် တာအိုသက်သေပြသည်ကို ကြည့်နေပြီး အတွေးနက်နေမိသည်။

သူက တစ်စုံတစ်ခုကို ခံစားမိ၍ ယန်းလီလင်း၏ ပုံရိပ်ကို ကြည့်လိုက်၏။

“ဘာဖြစ်လို့လဲ” သူမက အရာအားလုံးကို ကြည့်နေခဲ့သော်လည်း လော့ချန်က တာအိုကို ဘယ်လိုသက်သေပြခဲ့မှန်း စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ ဝမ်ဝေ့ တစ်ယောက်တည်းကသာ နက်ရှိုင်းသည့် လျို့ဝှက်ချက်များကို မြင်တွေ့ထားဟန်ပေါ်သည်။

“တာအိုသက်သေပြ ဆေးလုံးလေ” သူက ပြောလိုက်သည်။

“ဆေးလုံးက ဧကရာဇ်ဖြစ်အောင် လုပ်ပေးနိုင်တာလား။ ဒါနဲ့ သူ ဆေးလုံးသောက်တာကို မတွေ့လိုက်ပါဘူး။”

“သူက မိုးမြေရဲ့ လျို့ဝှက်စက်ယန္တရားကို အသက်သွင်းဖို့ အရည်အချင်း ပြနိုင်ခဲ့တာပေါ့။ အဲဒါကြောင့် ကောင်းကင်အလိုဆန္ဒ ချီးမြှင့်ခံရတာ”

“အဲဒီလိုက ဖြစ်နိုင်တယ်လား” ယန်းလီလင်းက မေးလိုက်သည်။ “ကောင်းကင်ရဲ့ အလိုဆန္ဒက အသင်္ချေဆေးလုံးကမ္ဘာပေါ်မှာ ဘယ်လိုအကဲဖြတ်ထားတယ်ဆိုတာကို ကြည့်ရင်တော့ အဓိပ္ပာယ်တော့ ရှိပါတယ်။ အဲဒီကမ္ဘာမှာ ဆေးဝါးပညာရှင်တွေကပဲ တာအိုကို သက်သေပြနိုင်တာလေ။ သူတို့ရဲ့ တိုက်ပွဲကလည်း ကောင်းကင်တာအိုက ဆုံးဖြတ်ပေးတဲ့ အရည်အချင်းပေါ်မှာ မူတည်နေတာ။”

“အဲဒီနည်းလမ်းကို အဆင့်မြှင့်ထားတဲ့ ပုံစံလို့ တွေးလိုက်ရင်လည်း ရပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်၏။

“ထူးကဲသာလွန်မှုလမ်းစဥ်ကို ပြောချင်တာလား”

“အတိအကျပဲ။ လော့ချန်က မီးတောက်ဧကရာဇ်ရဲ့ နယ်ရုပ်တစ်ရုပ်ကလွဲပြီး ဘာမှမဟုတ်ဘူး။ ကံကောင်းတာက မင်းအတွက် ဒီလမ်းစဥ်က ပိုပြီး သင့်တော်နိုင်တယ်။”

ယန်းလီလင်းက ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာမိသည်။

“ဒါနဲ့ တာအိုသက်သေပြဆေးလုံး ဖော်စပ်နည်းများ ရှိထားလို့လား။”

“မရှိသေးဘူး။ အဲဒါက မီးတောက်ဧကရာဇ်ရဲ့ ပိုင်ဆိုင်မှုဆိုတော့ မထိရဲဘူးလေ။”

“နှမြောစရာပဲ”

“အဲဒီလိုတော့လည်း မဟုတ်ပါဘူး။” ဝမ်ဝေ့က တည်ငြိမ်စွာပြောရင်း အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

“အခွင့်အရေးက မကြာခင် ရောက်လာလိမ့်မယ်။”

ယန်းလီလင်း၏ အကြည့်များက တောက်ပလာလေ၏။

“အစ်ကိုကြီး ရပြီးသွားရင် ပေးဖို့ မမေ့နဲ့နော်”

သူမက ပုံရိပ်ယောင်ကို ပြန်ရုတ်သိမ်းသွားသည်။ စက္ကန့် ၃၀ကြာပြီးသည့်နောက်တွင် ဝမ်ဝေ့က တစ်စုံတစ်ယောက်သည် သူနှင့် တွေ့ဆုံလိုကြောင်း အသိပေးချက်ကို လက်ခံရရှိလိုက်၏။

All Chapters