← Chapters

အချစ်စစ် အချစ်မှန်

Vol. 81 Ch. 1133

အချစ်စစ် အချစ်မှန်

Vol. 81 Ch. 1133

ဝမ်ဝေ့က ရောက်လာသည့် ဧည့်သည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့လိုက်ပြီး ထိုလူ ဦးညွတ်လာမည်ကို တားဆီးလိုက်သည်။

“ဆရာလို့ ခေါ်စေချင်လား ဒါမှမဟုတ် ဂိုဏ်းချုပ်လို့ ခေါ်စေချင်လား။”

“ကျုပ် မခံယူရဲပါဘူး။” ယဲ့လောင်က အလျင်အမြန် ပြောလိုက်သည်။

“အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက တစ်ခါတုန်းက ကျုပ်ဆရာ ဖြစ်ခဲ့ဖူးပြီးတော့ ကောင်းကောင်းဆက်ဆံပေးခဲ့တယ်လေ။ တကယ်လို့ ခင်ဗျားသာ အလိုရှိတယ်ဆိုရင် အဲဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်ကျက်သရေနဲ့ အဆင့်အတန်းကို ပေးနိုင်တယ်။”

ယဲ့လောင်က ပြောလိုက်သည်။

“အရှင်ရဲ့ ကြင်နာမှုနဲ့ စိတ်သဘောထား ကြီးမားမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် ငြင်းဆန်ပါရစေ။”

“ဘာလို့များလဲ”

“အရှင့်ရဲ့ ဆရာဖြစ်ဖို့ ကံအလေးချိန်ကို ခံနိုင်မှာ မဟုတ်လောက်ဘူး။” ယဲ့လောင်က အလေးအနက် ပြောလိုက်သည်။

“အဲဒါတော့လည်း ဟုတ်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်ပြီး စကားလမ်းကြောင်း လွဲကာ ပြောလိုက်သည်။

“ဒါနဲ့ ဘာလို့များ ရောက်လာတာလဲ”

“ကျုပ်ရဲ့ တုံးအအ တပည့်ကိုယ်စား လာရောက်နှုတ်ဆက်တာပါ”

“ဘာလို့ သူက ကိုယ်တိုင် မလာရတာလဲ”

“သူ တာအိုသက်သေပြခဲ့တော့ ရှုပ်ထွေးမှုလေးတချို့ရှိနေလို့ ကျုပ်ကို ကိုယ်စားလွှတ်လိုက်တာပါ။ ဒီဆေးဖော်စပ်နည်းကို ပေးခိုင်းလိုက်ပါတယ်”

ဝမ်ဝေ့က ယဲ့လောင် လက်ထဲမှ အဆောင်ကို ကြည့်ကာ မယူလိုက်ပေ။

“သူက အခုထာဝရအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီပဲလေ။ အဲလိုအဆင့်မျိုး ပြုမူသင့်တယ်။ လာပြီး နှုတ်ဆက်ချင်တယ်ဆိုရင် ကိုယ်တိုင်လာဖို့ပြောလိုက်”

“ဒါက …”

“သူကို ကာကွယ်ပေးနေတာက အကူအညီ မဖြစ်ဘူး။ ဒီလိုအားနည်းတဲ့ တာအိုနှလုံးကြောင့် သူက အစစ်အမှန် ထာဝရဧကရာဇ် ဖြစ်မလာနိုင်တာပဲ။ ကျုပ်က တခြားအကြောင်းပြချက် လက်ခံမှာ မဟုတ်ဘူးလို့ သွားပြောလိုက်”

“ဟုတ်ကဲ့ပါ” ယဲ့လောင်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ သူက ဦးညွတ်လိုက်၏။ ဤတစ်ကြိမ် ဝမ်ဝေ့က မတားဆီးခဲ့ပေ။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လော့ချန်က သူ့ဇနီး လန်လင်းနှင့်အတူ အခန်းအတွင်း ရောက်ရှိလာသည်။ သူတို့က ဦးညွတ်ကာ ပြောလိုက်၏။

“ကောင်းကင်ဧကရာဇ် အရှင့်ကို ဂါဝရပြုပါတယ်။”

“သက်သက်သာသာနေကြပါ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

လော့ချန်က သူ့ဇနီးဖြစ်သူကို ကြည့်လိုက်သည်။ သူမက ခေါင်းညိတ်သည်ကို မြင်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“ကျုပ်ရဲ့ ကျေးဇူးတင်မှုကို ပြဖို့ လက်ဆောင်လာပြီး ပေးတာပါ”

“ကျေးဇူးတင်တာတဲ့လား။ မင်းရဲ့ ပင်ကိုယ်ပါရမီအကြောင်း ပြောနေတာဆိုရင် ငါ့ကို ဘာမှကျေးဇူးတင်နေစရာ မလိုဘူး။”

“မဟုတ်ပါဘူး။” လော့ချန်က ပြောလိုက်သည်။

“အရှင်လည်း သိတဲ့အတိုင်း ကျုပ်က မီးတောက်ဧကရာဇ်ဆီက အမွေအနှစ်ကို လက်ခံရခဲ့တယ်။”

“ဟုတ်တယ်လေ။ တာအိုသက်သေပြဆေးလုံး”

လော့ချန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီးသည့်နောက် သူ့ရှေ့တွင် ရှိနေသည့်သူက အရာအားလုံးကို သိသည်မှာ ပုံမှန်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

“ဟုတ်ပါတယ်။ အဲဒီဟာပါ။ ကျုပ်အနေနဲ့ အရှင့်ရဲ့ ကမ္ဘာအနှံ့ ချဲ့ထွင်ရေး အောင်မြင်မှုတွေကြောင့်သာ မဟုတ်ရင် ဒီဆေးဖော်စပ်နည်းအတွက် ပါဝင်ပစ္စည်းတွေကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။”

“အို ငါ သိပြီ” ဝမ်ဝေ့က ထိုလူသည် အဘယ့်ကြောင့် ကျေးဇူးတင်နေမှန်း နားလည်သွားခဲ့၏။ ထိုဆေးဖော်စပ်နည်းက ဝိညာဥ်ဆေးပင်များ ပေါင်းစည်းရေးနှင့် နားလည်ရေးတွင် အလွန်ထူးကဲသည့် အရည်အချင်းမျိုး ရှိရပေမည်။ ဒိုင်မေးရှင်းအနိမ့်၏ သုံးပုံတစ်ပုံမှ အရင်းအမြစ်များ မရှိဘဲ လော့ချန်က သူ့ဘဝတစ်လျှောက်လုံး ဆေးလုံးအတွက် ပါဝင်ပစ္စည်းများကို လိုက်လံရှာရင်းဖြင့်သာ အချိန်ကုန်ဆုံးရလိမ့်မည်။

“ကျေးဇူးတင်မှုကို ပြဖို့ ဒီဆေးဖော်နည်းကို လာပြီးတော့ ပေးတာပါ” လော့ချန်က တာအိုသက်သေပြဆေးလုံး ဖော်စပ်နည်းပါသည့် အဆောင်ကို ပေးလိုက်၏။ ဝမ်ဝေ့က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ သူက လော့ချန်သည် စိတ်လိုလက်ရ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သိလေသည်။ တာအိုသက်သေပြဆေးလုံးက ကုသိုလ်သက်သေပြနည်းလမ်းနှင့် အတူတူဖြစ်ပြီး မူလဆေးလုံးတာအိုဂိုဏ်းလိုမျိုး အင်အားစုက ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ဝမ်ဝေ့၏ အုပ်ချုပ်မှုအောက်တွင် မည်သူက ဘာမှလုပ်ကြမည် မဟုတ်သော်လည်း နောက်မျိုးဆက်ပိုင်းအတွင်း တစ်စုံတစ်ယောက်က စိတ်ဝင်စားလာနိုင်သည်။

မူလဆေးလုံးတာအိုဂိုဏ်းက ခြောက်ယောက်မြောက် ဧကရာဇ်ကို ပြုစုပျိုးထောင်ထားနိုင်သော်လည်း တိုက်ခိုက်ရေး အားမကောင်းသည့် ဆေးဖော်စပ်ရေးဂိုဏ်းသာ ဖြစ်၏။ ထို့ကြောင့် အကောင်းဆုံး အပြုအမူက တာအိုအခွင့်အလမ်းဂိုဏ်းဆီ ပေးကာ သူတို့၏ ကာကွယ်မှုကို တောင်းခံခြင်း ဖြစ်သည်။

ဟုတ်တာပေါ့။ လော့ချန်ရဲ့ အပြုအမူနောက်ကွယ်က အဓိက အကြောင်းအရင်းက သူ့ဂိုဏ်းအတွက်တင် မကသေးဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့လည်း ပါတယ်။ သူက ငါ့ကို ကြောက်နေသေးတဲ့ပုံပဲ …

“ဒါနဲ့ ငါ့အပေါ်မှာရှိတဲ့ ထူးထူးဆန်းဆန်း စိတ်သဘောထားက ဘာများလဲ”

“ဟင် … ” လော့ချန်က မေးလိုက်သည်။

“မင်းက ဒီနေ့လို အောင်မြင်ခဲ့တာတွေ အကုန်လုံးက ငါ့ကြောင့်ဆိုပြီးတော့ ယုံကြည်ပြီး ကိုယ့်ကိုယ်ကို အထင်သေးနေခဲ့တဲ့ပုံပဲ။ ဘာလဲ ငါက တစ်ရက်ကျရင် မင်းရဲ့ ဘဝကို လာအပိုင်သိမ်းသွားပြီးတော့ မင်းနဂိုအနေအထားကို ပြန်လည်ပြောင်းပစ်မှာကို ကြောက်နေတာလား။”

အခန်းက တိတ်ဆိတ်သွားခဲ့ပြီးသည့်နောက်တွင် လော့ချန်က ခေါင်းငုံ့ထားလိုက်သည်။ သူ့လက်များက အဆောင်ကို ပေးနေဆဲသာ ဖြစ်၏။

“ဟုတ်ပြီလေ။ တစ်ခုခုတော့ပြောအုံး။”

“အကျိုးအကြောင်းသင့်အောင် စဥ်းစားကြည့်ရင် ကျုပ်ရဲ့ အောင်မြင်မှုက အရှင်နဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မတွေးဘဲနဲ့ မနေနိုင်ဘူး။”

“မီးတောက်ဧကရာဇ်က မင်းကို သူ့အမွေအနှစ် ပေးလိုက်တာ။ ငါ့ကို မဟုတ်ဘူး။ အဲဒါက တစ်ခုခု သိသာတယ် မဟုတ်ဘူးလား။”

“ကျုပ်က ကြိုးကိုင်ဖို့ ပိုလွယ်နေတဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေရုံပါပဲ”

“မင်းက ထင်သလောက်တော့ မတုံးဘူးပဲ။” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အားလုံးက တစ်စုံတစ်ယောက်ရဲ့ နယ်ရုပ် ဖြစ်နေကြတာပဲ။ အဲဒါက ငါ့အတွက်လည်း အတူတူပဲ။”

လော့ချန်က ထိုစကားများကြောင့် အံ့အားသင့်သွားကာ ခန္ဓာကိုယ်ပင် ခပ်မတ်မတ် ဖြစ်သွားမိသည်။

“ပြောစမ်းပါအုံး။ မင်းရဲ့ စီနီယာအစ်မက ပိုကောင်းတဲ့သူကို ရဖို့ မင်းကို စွန့်ပစ်သွားမယ်လို့ ထင်နေတာလား။”

“ဘယ်ဟုတ်ပါ့မလဲ” လော့ချန်က တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။

“တကယ်လား။ အဲဒါဆိုရင် မင်းက မင်းလိုလူမျိုးထက် သူမက ပိုကောင်းတဲ့သူမျိုးနဲ့ ထိုက်တန်တယ်လို့ ခံစားမိတယ်ဆိုတာကရော”

“ယောက်ျားက အဲဒီလိုပဲ စဥ်းစားနေတာလား။”

“မဟုတ်ပါဘူး။ ကိုယ် … ”

“မလိမ်နဲ့”

လော့ချန်က ခေတ္တမျှ ရပ်တန့်လိုက်သည်။

“မင်းလိုမျိုး လှပပြီး ကြင်နာတတ်တဲ့သူမျိုးက တစ်ကမ္ဘာလုံးရဖို့ ထိုက်တန်တယ်လို့ ထင်တယ်။ ကံဆိုးတာက အရှင့်လိုလူမျိုးကပဲ အဲဒါကို မင်းကို ပေးနိုင်လိမ့်မယ်။”

“ဒါပေမဲ့ ကျွန်မက တစ်ကမ္ဘာလုံးကို လိုမှ မလိုချင်တာ။ ရှင့်ကိုပဲ လိုချင်တာ” လန်လင်းက ပုံမှန်အေးအေးဆေးဆေး နေတတ်သည့် သဘောထားနှင့် ကွဲလွဲစွာ ရဲရဲတင်းတင်း ကြေညာလိုက်သည်။

“ဒါပေမဲ့ … ”

“ဒါပေမဲ့ဆိုတာ မရှိဘူး။ ဒီဘဝမှာ ကျွန်မက ရှင့်အပိုင်ပဲ။” လန်လင်းက သူ့လက်ကို ကိုင်ကာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများက ယခင်ထက် ပိုမိုတည်ငြိမ်နေလေ၏။

“ကိုယ် … ”

“မင်း ကြည့်နေရတာ တုံ့ဆိုင်းနေတဲ့ပုံပဲ။ ငါ ကူညီပေးမယ်။” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ သူက လက်ကို မြှောက်ကာ ရွှေရောင်စာချုပ်ကို ထုတ်ဖော်လိုက်သည်။

“ဒါက မဟာတာအိုကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ အမြင့်ဆုံးစာချုပ်ပဲ။ လန်လင်း … မင်း ဒါကို လက်မှတ်ထိုးမယ်ဆိုရင် မင်းက ငါ့အမျိုးသမီး ဖြစ်လာပြီးတော့ ကမ္ဘာကို ရလိမ့်မယ်။

မင်းက ဆေးလုံး ဖော်စပ်ရတာကို သဘောကျတယ်မလား။ ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က ဆေးဖော်စပ်နည်းတွေ အားလုံးကို စုစည်းပြီးတော့ မင်းကို ပေးမယ်။ ကမ္ဘာမှာ အကြီးကျယ်ဆုံး ဝိညာဥ်ဆေးဥယျာဥ်ကိုလည်း ဆောက်လုပ်ပေးမယ်။ မင်းက တာအိုကို သက်သေပြရုံတင်မကဘဲနဲ့ မသေမျိုးဘဝကို ရယူပြီး ထာဝရလမ်းစဥ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်။

မလုံလောက်သေးဘူးလား။ အဲဒီလိုဆိုရင် ငါတို့က ကမ္ဘာမှာ မြင်တွေ့ဖူးသမျှထဲ အကြီးကျယ်ဆုံး တာအိုလက်တွဲဖော် အခမ်းအနားကို ကျင်းပနိုင်တယ်။ ဧကရာဇ်တွေနဲ့ တကယ့်အထွတ်အထိပ် သက်ရှိတွေအကုန်လုံးက လာပြီး တက်ရောက်ကြလိမ့်မယ်။ ငါတို့ရဲ့ အခမ်းအနားမှာ အချိန်မြစ်ကြောင်းကို ဖြတ်ပြီးတော့ ဝိဇ္ဇာတွေကိုလည်း ဖိတ်ခေါ်နိုင်တယ်။

ငါတို့က အခမ်းအနားကို တက်ရောက်ဖို့ တကယ့်ဇာမနီနဲ့ နဂါးကိုလည်း စီးနင်းနိုင်တယ်။ နေမင်း လမင်းတို့ကိုလည်း ငါတို့ရဲ့ ပေါင်းစည်းမှုအတွက် ၃၃ နှစ်ကြာအောင် ဂုဏ်ပြုချီးမြှောက်အောင် ပြောလို့လည်း ရတယ်။ ပိုပြီးကောင်းတာက မဟာတာအိုရဲ့ အသံနဲ့ ငါတို့ကို ကောင်းချီးပေးအောင်လည်း လုပ်နိုင်တယ်။

မသေမျိုးအစောင့်တွေ စောင့်ကြပ်တဲ့ နန်းဆောင်တစ်ခုကိုလည်း ဆောက်လုပ်ပေးနိုင်တယ်။ အဲဒီလိုဆိုတော့ ဘယ်လိုပြောအုံးမလဲ။ မင်းနာမည်ကို ရေးထိုးလိုက်ရုံပဲ။ ငါက စကားကို တည်မှာ။”

“ကျွန်မ ငြင်းပါ့မယ်” လန်လင်းက တုံ့ဆိုင်းခြင်းမရှိသည့်အတွက် လော့ချန်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ သူက အမျိုးသားတစ်ယောက် ဖြစ်သော်လည်း ယာယီ စိတ်ယိုင်သွားခဲ့မိ၏။ အမျိုးသမီးများက ထိုကမ်းလှမ်းမှုကို အလွယ်တကူ ငြင်းဆန်နိုင်လိမ့််မည်ဟု မထင်ပေ။

“မင်းက သူမရဲ့ ချစ်ခြင်းမေတ္တာအတွက် သက်သေထပ်ပြီး လိုသေးတာလား။”

“မလိုတော့ပါဘူး။” အကယ်၍ သူသာ ထပ်မံတုံ့ဆိုင်းနေပါက လော့ချန်သည် ဤကမ္ဘာ၌ အကြီးမားဆုံး အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်။

“ကောင်းပြီ။ မင်းက တခြားအမျိုးသားတွေ အားကျရလောက်တဲ့ အမျိုးသမီးကောင်းကို ပိုင်ဆိုင်ထားတာပဲ။ မင်းရဲ့ဘဝကို ငါ့အရိပ်အောက်မှာ နေပြီး သူမကို နောင်တရအောင် မလုပ်နဲ့။” ဝမ်ဝေ့က အကြံပေးလိုက်သည်။

“ကျုပ် မလုပ်ပါဘူး။”

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် လက်ဝှေ့လိုက်ပြီး လော့ချန်၏ လက်ထဲမှ အဆောင်က ပျံသန်းထွက်လာသည်။

“မင်းရဲ့ လက်ဆောင်က အဖိုးတန်တယ်ဆိုတော့ အလကားတော့ မယူဘူး။”

သူ့ရှေ့တွင် အနက်ရောင်နှင့် အဖြူရောင် သလင်းကျောက်တစ်ခု ထွက်ပေါ်လာသည်။

“ဒီသလင်းကျောက်က မင်းတို့ရဲ့ ယင်ယန်အချစ်ပန်းပွင့်ကို ဧကရာဇ်အဆင့်ရောက်အောင် တိုးမြှင့်ပေးဖို့ ယင်ယန်စွမ်းအင် အလုံအလောက်ပါတယ်။ ပိုပြီးအရေးကြီးတာက ဒီဟာက လန်လင်းက မင်းနဲ့ စွမ်းအားတူအဆင့်ကို ရောက်နိုင်အောင် တိုးမြှင့်ပေးနိုင်ဖို့ သေချာဖန်တီးထားတာ။”

ဧကရာဇ်အဆင့် ယင်ယန်အချစ်ပန်းပွင့်က လန်လင်းအား တာအိုသက်သေပြဖို့ ခွင့်ပြုပေးနိုင်သော်လည်း လော့ချန်နှင့် တူညီသည့် အဆင့်ကို ရောက်လိမ့်မည်ဟု အာမခံချက်မရှိပေ။ အတားအဆီး၊ အဟန့်အတားများအရ သူမသည် သူ့ထက် ပိုမိုအားမကောင်းနိုင်ပေ။

“ကျေးဇူးပါ” လော့ချန်က ပြောလိုက်ပြီး ချက်ချင်းစုပ်ယူလိုက်သည်။ သူတို့၏ အချစ်က လေးနက်လှသည့်အတွက် ယင်ယန်အချစ်ပန်းပွင့်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ဧကရာဇ်အဆင့်ရောက်အောင် ပြုစုပျိုးထောင်ဖို့ရာအတွက်က နောက်ထပ် ခက်ခဲမှုတစ်ခု ဖြစ်၏။ ထိုအရာက ကြာမြင့်နိုင်သလို သူ့စီနီယာအစ်မ၏ အသက်ရှင်မှုနှင့် ဘေးကင်းမှုကိုလည်း အမြဲစိုးရိမ်နေခဲ့မိသည်။

“မင်းကို ကုသိုလ်ရမှတ်လည်း ပေးမယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“အဲဒါက နည်းနည်းလေး များမသွားဘူးလား။” လော့ချန်က မေးလိုက်၏။

“မဟုတ်ဘူး။ ဒါက မျှတပါတယ်။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အရာအားလုံးအပြင် တာအိုအခွင့်အလမ်းဂိုဏ်းက မင်းတို့ရဲ့ ဂိုဏ်းရဲ့ ဘေးကင်းမှုကို အာမခံပေးပြီး ဒီနည်းလမ်းရဲ့ အသုံးပြုခွင့်ကိုလည်း ပေးမယ်။”

“အရှင့်ကို ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိဘူး”

“အနာဂတ်အတွက် အစီအစဥ် ရှိထားပြီလား။”

လော့ချန်က ခေတ္တမျှ တုံ့ဆိုင်းသွားမိသည်။

“ဒီကကိစ္စတွေ အဆုံးသတ်သွားတာနဲ့ တက်လှမ်းဖို့ ပြင်ဆင်ထားပါတယ်”

“အဲဲဒီလောက်တောင် မြန်ဆန်တယ်တဲ့လား။ ငါ့ဆီက ထွက်ပြေးနေတာတော့ မဟုတ်ဘူးမလား”

“အစကတော့ အဲဒီလိုဖြစ်ရင်ဖြစ်ပေမယ့် အခုတော့ အဲဒီလို မဟုတ်ပါဘူး။” သူက အနည်းငယ် မျက်နှာပူစွာ ပြန်ဖြေလိုက်သည်။

“အဲဒါဆို ဘာကြောင့်လဲ”

“ဒိုင်မေးရှင်းအမြင့်မှာ ကံကြမ္မာအသစ် စောင့်ဆိုင်းနေတယ်ဆိုတဲ့ ခံစားချက် ရလာလို့ပါ”

All Chapters