အခြေအနေ
Vol. 81 Ch. 1134
ကြမ္မာအသစ်တဲ့လား…
ဝမ်ဝေ့က ထိုအချစ်ငှက် နှစ်ကောင် ပလ္လင်အခန်းမှ ထွက်သွားသည်ကို ကြည့်ရင်း တွေးမိလ်ုက်သည်။ သူတို့နှစ်ဦးကို ဒိုင်မေးရှင်းအမြင့်တွင် မည်သည့်ကံကြမ္မာ စောင့်မျှော်နေမည်ကိုမသိပေ။ သို့သော်လည်း မွေးရပ်မြေတူသည့်သူအနေဖြင့် ဒိုင်မေးရှင်းအမြင့်ရှိ နိုင်ငံရေးအခြေအနေနှင့် အာဏာပိုင်ဆိုင်ရာ အခြေအနေများကို သတိပေးဖို့ လိုအပ်၏။
သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ တာအိုသက်သေပြ ဆေးလုံးဖော်စပ်နည်းကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူ့လက်ရှိအဆင့်အရ ဆေးလုံးက သူ့အတွက် ဘာမှမဟုတ်ပေ။ အကယ်၍ ထိုအရာကို ဖော်စပ်နိုင်လျှင်ပင် ကောင်းကင်အလိုဆန္ဒ ရရှိမည် မဟုတ်ပေ။ ထိုအစား သူသည် ကျင့်ကြံဆင့်ကို အနည်းငယ်မျှ တိုးတက်အောင် ကူညီပေးနိုင်သည့် ခန္ဓာကိုယ်၏ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့ကို စုစည်းနိုင်သော ဆေးလုံးကောင်းကို ဖော်စပ်နိုင်လိမ့်မည်။
သို့သော်လည်း သေမျိုးများက ဤဆေးလုံးကို ဖော်စပ်ခဲ့ပါက ယန်းလီလင်းက တာအိုဆေးလုံးကို ဖော်စပ်သလိုမျိုး သူတို့သည် ဧကရာဇ်အဆင့် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်လိမ့်မည်။
သူက သူ့ဘာသာသူလျှော့တွက်လွန်းနေတာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ လော့ချန်က ဤဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည့်အချက်က ဆေးဝါးပါရမီကို ပြသနေခြင်း ဖြစ်သည်။ ယန်းလီလင်းအပြင် အသင်္ချေအင်ပါယာကမ္ဘာရှိ မည်သူကမှ ဤဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်ပေ။ ဒိုင်မေးရှင်းအနိမ့်ရှိ လူငါးယောက်လောက်ကသာ ထိုပါရမီမျိုးကို ထုတ်ပြနိုင်လိမ့်မည်။
ဆေးဖော်စပ်နည်းက ဝမ်ဝေ့အတွက် အရေးမပါဘဲ ထိုနောက်ကွယ်မှ အတွေးအခေါ်ကိုသာ အာရုံစိုက်ထားလိုက်သည်။
ကျွမ်းကျင်မှုလမ်းစဉ်ကလည်း တာအိုအပေါ် သက်ရောက်မှုရှိတာလား…
သူ့ဂမ္ဘီရက ဤမေးခွန်းအတွက် အသုံးမဝင်ခဲ့ပေ။ ထို့ကြောင့် သူက သူ ရှိထားသည့် သတင်းအချက်အလက်များကို ကောက်ချက်ချကာ တွက်ကြည့်လိုက်ရသည်။ အဖြေက မဆုံးဖြတ်နိုင်သည့် ကဏ္ဍအတွင်း ကျရောက်နေလေ၏။
တကယ်လို့ ဒီနည်းလမ်းကသာ တာအိုအားလုံးအတွက် အလုပ်ဖြစ်တယ်ဆိုရင် ငါ့ရဲ့အစွမ်းထိန်းချုပ်ရေးပညာရပ်က အစစ်အမှန်ကောင်းကင်တာအိုနဲ့ တူညီတဲ့အဆင့် ရောက်လာတာနဲ့ ငါက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်သွားမှာပေါ့။ အဲဒါက အလုပ်ဖြစ်ပါ့မလား…
အဲဆိုတော့ တာအိုတွေအားလုံးအပေါ်မှာ သက်ရောက်မှုရှိတာ မဟုတ်ဘဲနဲ့ သိုင်းပညာ ဒါမှမဟုတ် ဓားရေးပညာရပ်လိုမျိုး အတတ်ပညာရပ်ပေါ်မှာပဲ သက်ရောက်မှုရှိတာ ဖြစ်နေနိုင်တယ်…
ထိုတာအိုနှစ်ခုက ကျွမ်းကျင်အတတ်ပညာတာအိုများကဲ့သို့ ကျွမ်းကျင်မှုကဏ္ဍအောက်တွင် ရောက်ရှိနေသည်။
တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ သူ့အစီအစဉ်က အဖေ၊ လီလင်း၊ ချိုက်စုန့်နဲ့ ကျင်းမုန့်ယောင်တို့အတွက်တော့ အလုပ်ဖြစ်လောက်တယ်…
ဝမ်ဝေ့က ကျွမ်းကျင်မှုလမ်းစဉ်ကိုခေါ်ဆိုသည့် အရာက လူသားဧကရာဇ်၏ ရာထူးသုံးခု လမ်းစဉ် သို့မဟုတ် ဖုန်းဟွမ်၏ စိတ်ဝိညာဉ်လေ့ကျင့်ရေး လမ်းစဉ်တို့ဖြင့် တူညီသည့်အတွက် စိတ်လှုပ်ရှားခြင်း မရှိပေ။
အဓိကအချက်က ထိုအတွေးများကို အကောင်အထည် ဖော်ဖို့သာ ဖြစ်၏။
ငါ့အတွက် အသင့်တော်ဆုံးလမ်းစဉ်ကို ရှာဖို့လိုတယ်…
ဝမ်ဝေ့က လက်ကိုဝှေ့ကာ ဆေးဖော်စပ်နည်းကို ယန်းလီလင်းဆီ ပို့ဆောင်လိုက်သည်။ သူမ၏ လက်ရှိအနေအထားက ဆေးလုံးကို အလွယ်တကူ ဖော်စပ်နိုင်သော်လည်း ထိုအရာမှ သင်ယူနိုင်သည့် အရာများစွာ ရှိနေသေး၏။
ဝမ်ဝေ့က ကမ္ဘာကို စစ်ဆေးကြည့်လိုက်သည်။ သူ သိပ္ပံနှင့်နည်းပညာကမ္ဘာကို အသုံးပြုပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရရှိဖို့ ကြိုးစားခဲ့သည့် ဒုတိယအကြိမ်အတွင်း နှစ် ၅၀၀၀ကျော်ကြာ ကုန်ဆုံးသွားခဲ့သည်။ ခုံရုံး၏ ချဲ့ထွင်မှုက အချိန်တိုအတွင်း ကမ္ဘ့ာအသိုက်အဝန်း ၉၅၃ ခု ကို လွှမ်းမိုးထားနိုင်၏။
သူ ပျောက်ကွယ်နေမှုကြောင့် အိမ်မက်လောကက ပြည်တွင်းရေးရာဌာနနှင့် သုံ့လီဖန်းတို့၏ ဦးဆောင်မှုအောက်တွင် အဆင့်မြင့်တင်မှု အသေးစား ရှိလာခဲ့သည်။ သူတို့က ကမ္ဘာ့အသိုက်အဝန်းကြား သွားလာဖို့ကို စတင်စမ်းသပ်နေပြီ ဖြစ်၏။ စစ်ပွဲခန်းမနှင့် တခြားသောထာဝရဧကရာဇ်များကလည်း ဝမ်ဝေ့ သီးသန့်ကျင့်ကြံနေသည်ကို စောင့်ဆိုင်းရင်း ယခင်ဥက္ကဌဟောင်း ထျန်းဝမ်ယန်၏ တန်ပြန်တိုက်ခိုက်မှုများအတွက် ပြင်ဆင်နေကြသည်။ ထို့ကြောင့် ဝမ်ဝေ့က ခုံရုံးအစည်းအဝေးကို မဆင့်ခေါ်ဘဲ အမိန့်သာ ပို့လိုက်၏။
ထျန်းဝမ်ယန်က ခုခံဖို့ မဟာမိတ်များစုစည်းဖို့ ကြိုးစားခဲ့သော်လည်း သူက မြုပ်နေသည့် သင်္ဘောတစ်စင်းအလား ဖြစ်၏။ အရိုးသားဆုံးပြောရလျှင် ဝမ်ဝေ့က သူသည် သူ့လူများကို စွန့်ပစ်ကာ သူ့အသက်ကို ကယ်တင်ဖို့ ကြိုးစားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ထိုသူက အဘယ်ကြောင့် မဆက်သွယ်လဲ မသိသေးပေ။
မာနကြောင့်လား ဒါမှမဟုတ် မျှော်လင့်ချက်ကြောင့်လား…
ဝမ်ဝေ့က တွေးလိုက်မိသည်။ မျှော်လင့်ချက်က အားကောင်းသည့် စိတ်ခံစားချက်တစ်မျိုးဖြစ်ကာ မျက်စိမှားစေနိုင်သည်။
သူက လက်တွေ့ဆန်တဲ့သူလို့ ထင်ထားခဲ့တာ…
သူက ခေါင်းအသာယမ်းပြီး တခြားတစ်ခုကိုသာ အာရုံစိုက်လိုက်သည်။
သူ့နယ်ရုပ် ရွှေရောင်နတ်ဘုရားက ကမ္ဘာ့အသိုက်အဝန်း ၁၀၀ကျော်ကို လွှမ်းမိုးပြီးပြီဖြစ်ကာ သူ့အပြုအမူကို တချို့သော သူများက သတိထားမိကြပြီ ဖြစ်၏။
စစ်တုရင်ခုံကိုတော့ ခင်းကျင်းပြီးသွားပြီ။ အခု မထိန်းချုပ်နိုင်တဲ့ အပြောင်းအလဲတွေကို ရှင်းထုတ်ပစ်ဖို့ စွမ်းအားကို ရဖို့ပဲ လိုတော့တယ်…
သူက ကောင်းကင်ကို မော့ကြည့်လိုက်၏။ ဤနေရာ ပြီးဆုံးသွားသည်နှင့် သူက နောက်ထပ်တိုက်ပွဲကွင်းပြင်ဆီ သွားရမည်။ သူ့ဘဝထဲ တွေ့ကြုံခဲ့သည့်ထက် ပိုမိုရက်စက်ကာ ကြီးကျယ်လိမ့်မည်။ သို့သော်လည်း သူက အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။
ဝမ်ဝေ့က ဝမ်ချီကိုဆင့်ခေါ်လိုက်သည်။ သူ ပထမတစ်ကြိမ် ကျင့်ကြံရေး မဝင်ရောက်ခင် ထိုသူအား ထိုကောင်းကင်ရွေးချယ်ခံများကို ပို့ဆောင်ဖို့ တာဝန်ပေးခဲ့သည့်အတွက် သူ ပြန်ရောက်နေ သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“ဂိုဏ်းချုပ်”
“ထပါ”
“ဟုတ်ကဲ့”
“ခရီးက ဘယ်လိုလဲ”
“ဒီမှာပါ”
ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို ယူလိုက်သည်။
“ထင်ထားတာထက် ပိုကောင်းနေတာပဲ”
သူက ဒိုင်မေးရှင်းအနိမ့်မှ တတိယအသုတ်ကို ပို့ဆောင်ခဲ့သည်။ သူ့အနေဖြင့် အရေအတွက်ကြောင့် ဆုလာဘ်များလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ မျှော်လင့်ထားသည်ထက် ပိုနေခဲ့သည်။
“ထာဝရဧကရာဇ် လေးယောက်နဲ့ အတုအယောင် ထာဝရဧကရာဇ် ငါးယောက် ရှိလာပါတယ်”
“အဲလိုကိုး။ ကောင်းပေါ်ချင်းကရော ဘယ်လိုလဲ”
“အစစ်အမှန် ထာဝရဧကရာဇ်ပါ”
“တိထျန်းက အမြင်ကောင်းကောင်းရှိတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“တခြား ပြောစရာရှိသေးလား”
“ကျွန်တော်တို့ရဲ့ အဆင့် (၁၀) လူသားမကောင်းဆိုးဝါး နတ်ဘုရား သွေးမျိုးဆက်ပိုင်ဆိုင်ထားသူ တချို့လည်း ကျုပ်နဲ့အတူ တက်လှမ်းခဲ့ပါတယ်။ ဂိုဏ်းက သူတို့ကို လက်ခံထားပြီးပါပြီ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ဂိုဏ်းကို အားနည်းသွားစေသည်ကို သဘောမကျသော်လည်း လက်ရှိအခြေအနေတွင် ထိုအရာက အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။
“နောက်ထပ် ပြဿနာရှိသေးလား”
“မရှိပါဘူး။ အထက်ဂိုဏ်းကလည်း ကျုပ်တို့ရဲ့ တည်ရှိမှုကို သိပြီးတော့ ရောက်လာတာကို စောင့်နေကြတဲ့ပုံပါပဲ”
ဝမ်ဝေ့က အံ့အားသင့်ခြင်းမရှိပေ။
“ပြီးတော့ သူတို့က အရှင်ရောက်ရှိလာမှာကို အတော်လေး စိတ်လှုပ်ရှားနေတဲ့ပုံပါပဲ” ဝမ်ချီက ချီးကျူးဖို့ မမေ့လျော့ပေ။
ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။
“အဲလိုလား”
“ဒါနဲ့ ဧကရီဝူဆီ အနှောင့်အယှက်သင်္ကေတ ပို့ဖို့ ရည်ရွယ်ထားပေမဲ့ အကြီးအကဲချုပ်ယန်းက အသုံးပြုနေတုန်းဆိုတော့ အချိန်ရွေ့ထားလိုက်ရပါတယ်”
“ကိစ္စမရှိဘူး။ စစ်ပွဲအတွင်း တခြားတိုးတက်မှုတွေရော ရှိသေးလား” ဝမ်ဝေ့ကပြောလိုက်သည်။
“တော်လှန်ရေးခေါင်းဆောင်က ပျောက်ကွယ်သွားတဲ့ပုံပဲ။ ဒါပေမဲ့ သူတို့ရဲ့ တပ်ဖွဲ့အပေါ်တော့ သက်ရောက်မှု မရှိဘူး။ သူတို့က ပိုပြီးတော့တောင် တက်ကြွလာကြသေးတယ်။ အထူးသဖြင့် လမင်းတွေ ပေါ်ထွက်မလာတာ နည်းနည်းတော့ကြာသွားခဲ့ပြီလေ”
“သူက ပျောက်သွားတာလား”
“ဟုတ်ပါတယ်။ ကောလဟာလတွေအရ သူ့ဆီမှာ တစ်စုံတစ်ခု ဖြစ်ပျက်သွားတာ ဒါမှမဟုတ်ဘူးဆိုရင် စံပြအဆင့်ကို တိတ်တဆိတ် တက်လှမ်းနေတာလို့ ပြောနေကြတယ်”
“နောက်တစ်ခု ဖြစ်ဖို့ များတယ်” ဝမ်ဝေ့က ကောင်းကင်ဘုံအရှင်ကျိမင်သည် ဉာဏ်များသည့်သူ ဖြစ်ကြောင်း သိလေသည်။ ထိုသူက အမှောင်ထဲတွင် နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၍ အလင်းထဲတွင် မည်သို့နေထိုင်ရမှန်း သူကိုယ်တိုင်ပင် မသိလောက်တော့ပေ။ သူက မည်သူ့ကိုမှ မယုံသလို မည်သူကမှလည်း သူ ဘယ်သူမှန်း မသိကြပေ။ အထူးသဖြင့် သူကိုယ်တိုင်ပင် အပါအဝင် ဖြစ်၏။
“တော်လှန်ရေးထဲမှာ ယေဘုယျ စာရင်းကောက်တဲ့ အခြေအနေတွေတော့ ရှိသေးတယ်။ ကြည့်ရတာ လူတချို့က ကောလဟာလတချို့ကို ဖြန့်ပြီးတော့ အာဏာသိမ်းချင်တဲ့ပုံပါပဲ”
“အဲဒါက ပုံမှန်ပါပဲ။ အားလုံးရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးတာနဲ့ သူတို့တွေက အသီးသီး ကွဲထွက်သွားမှာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ဒါနဲ့ ဒါက မှားတော့မမှားပါဘူး”
သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက တက်လှမ်းပြီးသည့်နောက်တွင် တော်လှန်ရေးကို မည်သို့အသုံးပြုရမည်ကို အပြည့်အဝ မဆုံးဖြတ်ရသေးပေ။
ထိုစဉ် သူက ထိုသူများသည် လိုအပ်လာသည့်အခါ စွန့်ပစ်နိုင်သည့် နယ်ရုပ်လား သို့မဟုတ် ယုံကြည်ရသည့် အပေါင်းအပါလား ဆုံးဖြတ်ရဦးမည် ဖြစ်၏။
“တခြားသူတွေကရော ဘာသတင်းကြားသေးလဲ”
“သိပ်များများစားစားတော့ မရှိပါဘူး။ သူတို့က လှုပ်ရှားနေကြတယ်ဆိုတာ သိပေမဲ့ တော်လှန်ရေးဘက်က လျှို့ဝှက်ချက်အနေနဲ့ သတင်းတွေကို ဝှက်ထားတယ်”
“အင်း သိပ်တော့မဆိုးပါဘူး။ ခင်ဗျားရဲ့ ကြိုးစားမှုအတွက် ကျေးဇူးပါ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
“မဟုတ်တာ ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ” ဝမ်ချီက ဤစီစဉ်မှုနဲ့ ပတ်သက်ပြီး အကြောင်းအရင်းများစွာကြောင့် ကျေနပ်နေမိသည်။ အဓိကအကြောင်းအရင်းက သူသည် ဂိုဏ်းချုပ်နှင့် ပတ်သက်ရ၍ ဖြစ်၏။ ထိုသို့သော ရိုးရှင်းသည့် အပြုအမူက တခြားသော ဘိုးဘေးများကြား သူ့အဆင့်အတန်းကို မြင့်တင်နိုင်ရာ သူ လက်ခံရရှိသည့် အရင်းအမြစ်များကလည်း များပြားလာခဲ့သည်။ ထိုအရာက ဤခရီးစဉ်များအတွက် ပေးချေသည့် တန်ကြေးကိုပင် ထည့်မတွက်ရသေးပေ။
ဝမ်ချီ ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က မိနစ်ပိုင်းကြာ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။ သူက ထွက်သွားရမည်ဖြစ်သော်လည်း အရင်ဆုံး လုပ်စရာတချို့ ကျန်နေသေးသည်။ ပထမဦးစွာသူက စိတ်ဆန္ဒလေ့ကျင့်ရေး နည်းလမ်းကို ဖန်တီးပြီး စိတ်ဆန္ဒသတ္ထုလုံးကို ဖန်တီးခဲ့ရမည်။
သူ ဖန်တီးခဲ့သည့် လျှို့ဝှက်နယ်မြေက ကမ္ဘာဦးဟွင်သွမ်းအတွင်း သူ့အတွေ့အကြုံများအပေါ် မူတည်နေ၏။ စမ်းသပ်ချက်၏ အဓိကအတွေးအခေါ်က ဒုတိယမြောက် မျှော်နန်းဆောင် စစ်ဆေးမှု၏ အဆင့်မြင့်ပုံစံဟုမှတ်ယူနိုင်သည့် အထီးကျန်မှု ဖြစ်ပေသည်။ ဂိုဏ်းရှိ မည်သူမဆို ထိုစစ်ဆေးမှုကို အသုံးပြုနိုင်သော်လည်း သတ္ထုလုံးကမူ ရွေးချယ်ခံသူများအတွက်သာ ထိန်းသိမ်းထားလိမ့်မည်။
ထိုအရာ ပြီးဆုံးသွားသည်နှင့် ဝမ်ဝေ့က အထွေထွေသောင်းပြောင်းအရှင်ကို အလယ်ပိုင်းကုန်သွယ်ရေးကမ္ဘာမှ အစီအရင်များကို ဂိုဏ်း၏ ဒုတိယမြောက်နှင့် လျှို့ဝှက်အစီအရင်အဖြစ် ခင်းကျင်းဖို့ ကူညီပေးရမည်။
နောက်ကိစ္စက သူ့မိသားစုကို သွားတွေ့ဖို့ ဖြစ်၏။ အထူးသဖြင့် သူ့အမေနှင့်အဖေ ဖြစ်သည်။ သူ့အဘိုးက သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေဆဲ ဖြစ်၏။ ဝမ်ထျန်းက နဝမအုတ်မြစ်ကို တည်ဆောက်ပြီးသွားပြီဖြစ်ကာ သေမျိုးဧကရာဇ် ဖြစ်ဖို့ ကြိုးစားနေသည်။ စိတ်စွမ်းအားအသစ် နည်းလမ်းဖြင့် ဝမ်ဝေ့က သူ့အဖေ၏ ထူးခြားမှုများကို သဘောကျမိသည်။ သို့သော်လည်း သူ့အဖေက ဒုတိယမြောက် အတိုင်းအတာမဲ့ ဧကရာဇ် ဖြစ်လာနိုင်မလား မသိရသေးပေ။ သူက အရာအားလုံးကို ပြင်ဆင်ပြီးသည်နှင့် အဆုံးအစွန်ပင်လယ်ဆီ ဦးတည်လိုက်သည်။