← Chapters

နဂါးပတ်တောင်တွင် ဖမ်းဆီးခြင်း

Vol. 007 Ch. 683

နဂါးပတ်တောင်တွင် ဖမ်းဆီးခြင်း

Vol. 007 Ch. 683

လျူချန်း၊ ရှီတန်ခိုးရှင် ထျန်ရှင်းနှင့် ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက နန်းတော်ထဲကို ဝင်လာကြသည်။ တစ်ဖက်အုပ်စုက နန်းတော်ထဲကို ရိုင်းစိုင်းသည့်ပုံစံဖြင့် ဝင်လာသည့်တိုင် ယွီပြည်နယ်တွင် ရှန့်ထိုပိုင်ဆိုင်ခြင်းက မြေရိုင်းပြည်နယ်ထက် မြင့်မားသည့် အဆင့်အတန်းကို ဖော်ပြနေရာ မည်သို့မှ မတတ်နိုင်ဘဲ ဂုဏ်သရေရှိ ဧည့်သည်များအဖြစ် လက်ခံရပေတော့သည်။

“ခင်ဗျားတို့က မြေရိုင်းပြည်နယ်ကို ဘာလို့ လာခဲ့ကြတာလဲ…” လျူချန်းက မေးသည်။

“နန်းတော်သခင်လျူ… ပြီးခဲ့တဲ့ ရက်ပိုင်းက ကျူးကော့မိသားစုမှာ ဖြစ်ခဲ့တာကို ခင်ဗျား ကြားမိမှာပေါ့… ကျူးကော့မိသားစု ခေါင်းဆောင်ကလည်း တော်ဝင်ကျဲနန်းတော် လက်ထွက်ဖြစ်တယ် ဆိုတာ ကျုပ်ကြားတယ်… ခင်ဗျားက ဒီကိစ္စကို ကူညီ ဖြေရှင်းပေးစေ လိုပါတယ်…” ကျန်းရှာက ပြောသည်။

“မင်းက ဂူတုံးလျိုကို ဆိုလိုတာလား…” လျူချန်းက မေးသည်း။

“အမှန်ပဲ…” ကျန်းရှာက ခေါင်းညိတ်သည်… “လွန်ခဲ့တဲ့တစ်နှစ်က ရှန့်ထိုအကြွင်းအကျန် တစ်ခုကို ကျုပ်တွေ့တယ်… လျှို့ဝှက်နေရာ တချို့က အန္တရာယ်လည်း များတယ်… ဒါကြောင့် ကျုပ်က ရှီတန်ခိုးရှင်တွေ အများကြီးကို ဒီခရီးအတွက် ဖိတ်ခေါ်ခဲ့တယ်… အများစုက ယွီပြည်နယ် နာမည်ကျော်ကလန်က လူတွေပဲ… ဂူတုံးလျိုက ထက်မြက်တဲ့ လူတစ်ယောက် ဆိုတာကို ကျုပ်က သတိထားမိတာကြောင့် သူ့ကို ဒီခရီးမှာ လိုက်ပါဖို့ ဖိတ်ခေါ်ခဲ့တယ်… အကြွင်းအကျန် နယ်မြေမှာ ရတနာတစ်ခုခုကို ရရှိခဲ့ရင် လက်ဝယ်ရတဲ့လူ ပိုင်ဆိုင်မယ် ဆိုတာကိုလည်း ကြိုပြီး သဘောတူညီ ထားကြတယ်… ဒါပေမဲ့ ကျုပ်က လူတစ်ယောက်ရဲ့ လောဘကို လျှော့တွက်မိခဲ့တယ်… ဂူတုံးလျိုက ကျုပ်တွေ့ခဲ့တဲ့ ရတနာကို လုယက်ခဲ့တဲ့အပြင် တခြား ရှီတန်ခိုးရှင်တွေကိုလည်း သွေးဆောင် ဖြားယောင်းပြီးတော့ ထောင်ချောက်အတွင်းကို သက်ဆင်းစေတယ်… ဒါကြောင့် ခရီးကို လိုက်ပါခဲ့တဲ့ တခြား ရှီတန်ခိုးရှင်တွေ အားလုံး သေဆုံးခဲ့ရတယ်… ယွီပြည်နယ်က အင်အားကြီး ကလန်တွေအားလုံးက သူလုပ်ခဲ့တဲ့ မကောင်းမှုအတွက် အလိုရှိနေကြတယ်… ယွီပြည်နယ်ကလည်း သူတို့တွေရဲ့ ဒေါသတွေကို ပြေပျောက်စေဖို့ ဂူတုံးလျိုကို ဖမ်းဆီး အပြစ်ဒဏ်ပေးဖို့ လိုအပ်တယ်…”

“သူ့ကို လူကောင်းလို့ သတ်မှတ်ပြီး ဒီခရီးမှာ ခေါ်ခဲ့ပေမဲ့ ဒီလောက် ယုတ်မာရက် စက်မယ်လို့ ကျုပ်တို့ မထင်ထားခဲ့ဘူးလေ… သူက ရတနာကို ခိုးယူပြီးတော့ သူ့အဖော်တွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်… ဒါကြောင့် သူက သူခိုးယူခဲ့တဲ့ ရတနာကို ပြန်ပေးမယ် ဆိုရင်တောင်မှ ကျုပ်တို့က သူ့ကို ခွင့်မလွှတ်နိုင်ဘူး… ဒါကိုလည်း ကျူးကော့မိသားစုမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ…”

ကျန်းရှာက ဆက်လက် ရှင်းပြသည်… “ကျုပ်ဦးလေးနဲ့ ဂျူနီယာတို့က ဒီကိစ္စကို ဖြေရှင်းဖို့ ဒီနေရာအထိတောင် ရောက်လာခဲ့ပြီးပြီ… တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ… တကယ်လို့ တော်ဝင်ကျဲ နန်းတော်ကသာ ဂူတုံးလျိုကို ဖမ်းဆီးဖို့ ကူညီပေးမယ်ဆိုရင် ဒါက ပိုပြီး လွယ်ကူမှာပဲ…”

လျူချန်းက ကျန်းရှာ၏ စကားကိုကြားကာ မည်သို့မှ ထူးခြားသော အမူအရာ မပြသပေ။ သူ့တစ်သက်လုံးတွင် လျူချန်းက သင်ယူခဲ့ရသော အရာတစ်ခု ရှိပေသည်။ ထိုအရာကား တစ်ဖက်တည်း၏ စကားကို ဘယ်တော့မှ ယုံကြည်ခြင်း မရှိရန်ဖြစ်၏။

ကျန်းရှာ၏စကားက အမှန်တရား ဖြစ်သည့်တိုင် ရှန်းရှာက ထိုမျှပြောရုံဖြင့် သူက မယုံပေ။ ဂူတုံးလျိုက ပိုင်လွေလီနှင့် ပတ်သက်သော ကိစ္စတွင် အမှန် ဆန့်ကျင်ဘက်၌ ရှိခဲ့သော်လည်း ထိုတိုက်ပွဲအရ ဂူတုံးလျို၏ ကိုယ်ကျင့်တရားက ထိုမျှ မဆိုးဟု သူမြင်ခဲ့သည်။

“လျူချန်း… ခင်ဗျား ဘယ်လိုထင်လဲ…” ခွန်ယိုက လျူချန်း ဘာမှ မပြောသည်ကို မြင်လျှင် ထပ်မေးသည်။

“ခင်ဗျား ဆိုလိုတာက ဂူတုံးလျိုနဲ့ ကျူးကော့မင်းယွီတို့ လက်ထပ်ပွဲနေ့ ဖြစ်လိမ့်မယ်… ဒါကြောင့် အခုဂူတုံးလျို ကျူးကော့ချန်းဖန်ရဲ့ သမက်ဖြစ်နေပြီ… ကျူးကော့ချန်းဖန်က အမှန်ပဲ တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်ဟောင်း တစ်ယောက်ပဲ… ဒါပေမဲ့ ဒီအကြောင်းပြချက်ကြောင့် ကျူးကော့ချန်းဖန်ရဲ့ သမက်ကို ဖမ်းဆီးမယ် ဆိုတာက ကျုပ်တို့အတွက် ဂုဏ်ယူစရာ ကိစ္စတော့ မဟုတ်ဘူး…” လျူချန်းက ဆက်ပြောသည်… “ဒီကိစ္စမှာ တောင်ဝင်ကျဲ နန်းတော်က ဝင်ပါဖို့ မသင့်တော်ဘူး…”

ထိုနေ့ကတည်းက ဂူတုံးလျိုအပေါ် ကျူးကော့ချန်းဖန်၏ သဘောထားအား အားလုံးက တွေ့မြင်ပြီး ဖြစ်သည်။ လျူချန်းက ထိုအတွက် ဒေါသထွက်သည့်တိုင် ကိစ္စနှစ်ခုကို ကွဲကွဲပြားပြား မြင်ရန် လိုပေသည်။ သူ၏ ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် သူများကိစ္စတွင် ပါဝင်စွက်ဖက်ရန် မသင့်တော်ပေ။

ကျိရှမ်းကမ်းပါးက ဂူတုံးလျိုကို သူတို့ တစ်ဖက်သတ် စွပ်စွဲချက်ဖြင့် ခေါ်ဆောင်ခြင်းကို ကျူးကော့မိသားစုက သေချာပေါက် လက်ခံမည် မဟုတ်သလို အာခီမီမြို့စား ယူစီကပင် ထိုသို့ လုပ်ဆောင်ခြင်းကို ကန့်ကွက်ခဲ့သည်။ ကျိရှမ်းကမ်းပါးက ယွီပြည်နယ်၏ တော်ဝင်မြေ ဖြစ်သည့်တိုင် ကျူးကော့မိသားစုကို လာရောက်၍ အထက်စီးမှ ဆက်ဆံခြင်းကို သူတို့က လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သည်ကိစ္စတွင် တော်ဝင်ကျဲနန်းတော်က ဝင်ပါပါက မြေရိုင်းပြည်နယ် တစ်ခုလုံးက တော်ဝင်ကျဲ နန်းတော်ကို လက်ညှိုးထိုးကြပေမည်။

“ဒီလို အကြောင်းပြချက်တွေကြောင့် ဂူတုံးလျိုက ကျူးကော့မိသားစုမှာ ဆက်ရှိနေနိုင်ရင် သူက နောက်ပိုင်း ပိုဆိုးဝါးတဲ့ကိစ္စတွေ လုပ်ဆောင်မှာပဲ…” ကျန်းရှာက ဆက်ပြောသည်။

လျူချန်းက လက်ဝှေ့ယမ်းကာ ပြောသည်… “ခွန်ယို… ကျုပ်က ခင်ဗျားတို့ အားလုံးကို ယွီပြည်နယ် တော်ဝင်မြေက လာတဲ့လူတွေဖြစ်လို့ ဂုဏ်သရေရှိ ဧည့်သည်တွေအဖြစ် ဆက်ဆံတယ်… ဒါပေမဲ့ တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်က ကိစ္စတွေကို ဝင်မစွက်ဖက်ဘူး…”

“ကျုပ်နားလည်ပြီ…” ခွန်ယိုက ပြောသည်… “ဒါဆိုလည်း ကျုပ်တို့က ခင်ဗျားတို့ကို အတင်း မတိုက်တွန်းတော့ဘူး… ကျုပ်တို့ဘာသာပဲ ဖြေရှင်းတော့မယ်…” ခွန်ယိုက ဆက်ပြောသည်… “အားလုံး သွားရအောင်…” ထို့နောက်တွင် ကျိရှမ်းကမ်းပါးမှ လူများက လျူချန်းတို့အား နှုတ်ဆက်ခြင်းပင် မပြုတော့ဘဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံသန်း ထွက်ခွာ သွားကြတော့သည်။

လျူချန်းနှင့် ထျန်ရှင်းတို့က ထွက်ခွာသွားသော အုပ်စုကို ကြည့်ကာ မသက်မသာ ခံစားနေကြရသည်။ ခွန်ယိုကား ရှန့်ထို အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီး၏။ ရှီအဆင့်၉တွင်ရှိသော ခွန်ယို၏စွမ်းရည်ကို လျူချန်းက ကိုယ်တိုင် မြင်ဖူးပေသည်။ အကယ်၍ ကျူးကော့ချန်းဖန်ကသာ ဂူတုံးလျိုကို ထုတ်မပေးပါက အကျိုးဆက်က ကောင်းမွန်မည် မဟုတ်ပေ။

“ကျူးကော့မိသားစုကတော့ ပြဿနာကြီး တက်ပြီပဲ…” ထျန်ရှင်းက ပြောသည်။

“ကျူးကော့မိသားစုက ကျိရှမ်းကမ်းပါးရဲ့ တောင်းဆိုမှုကို ငြင်းပယ်ရဲရင်တော့ သူတို့က ဒီပြဿနာကို သေချာပေါက် ရင်ဆိုင်ရဖို့ရှိတယ်… ကျိရှမ်းကမ်းပါးက သူတို့ရဲ့ နောက်ခံအင်အားကို ဘယ်လို အသုံးပြုရမယ်ဆိုတာ ကောင်းကောင်း သိသားပဲ…” လျူချန်းက ပြောသည်။ ကျိရှမ်းကမ်းပါး၏ တကယ့်စွမ်းရည်က သူတို့၏ ရှန့်ထိုတန်ခိုးရှင်ထံတွင် ရှိပေသည်။

မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး မွေးဖွားရန် အမှန်တကယ် လိုအပ်နေပြီ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်တွင် ရှန့်ထိုတစ်ပါး ရှိပါက ခွန်ယိုတို့အုပ်စု ဤမျှ ရဲတင်းမည် မဟုတ်ပေ။

တခြားတစ်ဖက်တွင် ကျန်းရှာတို့အုပ်စုက နန်းတော်မှ ထွက်ခွာလာကြပြီး ဖြစ်သည်။ ကျန်းရှာက သဘောမကျဟန်ဖြင့် ပြောသည်… “မြေရိုင်းပြည်နယ်က ဒီလောက် နိမ့်ကျနေတာတောင်မှ လျူချန်းက ပူးပေါင်းလိုစိတ် မရှိဘူးဆိုတာ တကယ် အံ့အားသင့်စရာပဲ… ဦးလေး ရောက်လာတာတောင်မှ သူတို့က မျက်နှာသာ မပေးချင်ဘူး…”

“ဒါက ပုံမှန်ပါပဲ… တော်ဝင်မြေတိုင်းက ကိုယ်ပိုင် မာနရှိကြတာပဲ… သူတို့ တုံ့ပြန်တာက ငါတို့ မှန်းထားတဲ့အတိုင်းပါပဲ…” ခွန်ယိုက ပြောသည်။

“သူတို့ ဒီလို ပြောမယ်ဆိုတာ ဦးလေးက သိရက်နဲ့ ဘာလို့ သွားခဲ့သေးတာလဲ…” ကျန်းရှာက မေးသည်။

“ကျူးကော့ချန်းဖန်က တော်ဝင်ကျဲနန်းတော်က တပည့်ဟောင်း ဖြစ်ပြီးတော့ မြေရိုင်း ပြည်နယ်ထဲကပဲ… ငါတို့က သူတို့ မသက်ဆိုင်တဲ့ကိစ္စမှာ ဝင်မပါနိုင်အောင်တော့ လုပ်ဖို့လိုတယ်…” ခွန်ယိုက ရှင်းပြသည်။ အကယ်၍ တော်ဝင်ကျဲနန်းတော်ကသာ ဤကိစ္စတွင် ပါဝင်ပတ်သက်ပါက ကိစ္စများက ရှုပ်ထွေး လာနိုင်ပေသည်။

“ဦးလေးက ရှီအဆင့် ထိပ်သီးတစ်ယောက်ပဲ… ဘာလို့ မြေရိုင်း ပြည်နယ်လိုနေရာက လူတွေကို ခေါင်းထဲ ထည့်နေရတာလဲ…” ကျန်းရှာက မေးသည်။

“မြေရိုင်းပြည်နယ်က တကယ်ပဲ အရင်လို မဟုတ်တော့ဘူး… ဒါပေမဲ့ ရှန့်ထို အမွေအနှစ်တွေတော့ ရှိနေတုန်းပဲ… ဒါက မင်းထင်သလို မရိုးရှင်းဘူး…” ခွန်ယိုက ရှင်းပြသည်။ တော်ဝင်မြေက တော်ဝင် အမွေအနှစ်များကို ပိုင်ဆိုင်ပေသည်။ ကျိရှမ်းကမ်းပါးတွင် ရှန့်ထိုရှိရာ ထိုအရာများကို ရှန့်ထိုက ထိန်းချုပ်ပေသည်။

“ကျွန်​တော် နားလည်ပြီ…” ကျန်းရှာက ခေါင်းညိတ်သည်။ သူတို့အုပ်စုက ကျုံးကျိုးနယ် နဂါးပတ်တောင်သို့ တိုက်ရိုက် ဦးတည်ကာ ပျံသန်း သွားကြသည်။

***

မြေရိုင်းပြည်နယ်တွင် ကိစ္စရပ်များစွာ ဆက်တိုက် ဖြစ်ပျက်နေသည်။ ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့အား စေ့စပ်ရန် ကြိုးစားခြင်းမှစကာ ယခု ယွီပြည်နယ်မှ လူများ ရောက်လာခြင်းတို့ အထိပင်ဖြစ်သည်။ ရီဖူရှင်းအပေါ် လုပ်ကြံရန် ကြိုးစားခြင်း၊ ရွှေလူဝံများက ထိုက်ဟန်တောင်မှ ဆင်းကာ နန်ကလန်ကို ဖျက်ဆီးခြင်း၊ တိမ်ဖြူမြို့ကို သွားရောက် တိုက်ခိုက်ခြင်းတို့က မြေရိုင်းပြည်နယ် တစ်ခုလုံးကို လှုပ်ခတ်စေခဲ့၏။

လက်ရှိ အခြေအနေအရ မြေရိုင်းပြည်နယ်၌​ အလွန်ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု အားလုံးက ခံစားမိနေကြသည်။ သို့သော်လည်း ဘာဖြစ်မည်ကိုမူကား မည်သူကမှ အတိအကျ မခန့်မှန်းနိုင်ကြပေ။

ကျူးကော့ချန်းဖန်ကား ထိုပြဿနာများကို လက်တွေ့ ကြုံနေရသူဖြစ်ရာ ဤသို့သော ပြဿနာများက ဆက်လက် ကြီးထွားလာမည်ကို သိထားသည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းက သူ၏လျှို့ဝှက်ချက်ကို သူ့အား ပြသခဲ့ကတည်းက မြေရိုင်းပြည်နယ်တွင် ငြိမ်းချမ်းသော နေ့ရက်များ ကုန်ဆုံးခဲ့ပြီကို သိသည်။ ထိုသို့သော ပါရမီရှင် ပေါ်ပေါက်လာပါက နောက်မှ ပိုမိုကြီးမားသော မုန်တိုင်းများ လိုက်ပါ လာတတ်ပေသည်။ ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက မကြာမီ ပြန်လာကြမည် ကိုလည်း သူသိထားသည်။

ကျူးကော့ချန်းဖန်က လေပြင်းဆောင်တွင် ကျင့်ကြံနေစဉ်မှာပင် ရုတ်တရက် မျက်လုံးကို ဖွင့်ကာ အဝေးကို ကြည့်လိုက်သည်။ ရောက်လာသင့်သော အရာများကား ရောက်လာပြီ ဖြစ်သည်။

လူတစ်စုက နဂါးပတ်တောင်ကို ရောက်လာကြသည်။ ချက်ချင်းပင် အလွန်ကြီးမားသော ဖိအားက တောင်တစ်ခုလုံးကို ကျဆင်းလာ၏။ ရွှမ်းဝူတစ်မြို့လုံးက ထိုဖိအားကို ခံစားကြရသည်။ သူတို့အားလုံးက နဂါးပတ်တောင်ကို လှမ်းကြည့် ကြသည်တွင် လေထဲမှ ရောက်ရှိလာသော လူစုကို မြင်ကြသည်။ ကျူးကော့ မိသားစုဝင်များ အားလုံးကလည်း ရောက်ရှိလာသော လူစုကို ကြည့်ကြသည်။

ဂူတုံးလျိုက သူ၏လေ့ကျင့်မှုကို ရပ်လိုက်ကာ ကောင်းကင်ကို ကြည့်သည်။

ရောက်လာသင့်သည်က ရောက်လာပြီ ဖြစ်သည်။ ထိုနေ့က ရှီတန်ခိုးရှင်များ အားလုံးကို ကျန်းရှာက သတ်ဖြတ်ခဲ့ကာ သူကား နောက်ဆုံး အသက်ရှင် ကျန်ရစ်သူဖြစ်သည်။ ကျန်းရှာက သူ့အားလည်း အသက်ရှင်ခွင့်ပေးမည် မဟုတ်သည်ကို သူက သေသေချာချာ နားလည်ထား၏။

ကျိရှမ်းကမ်းပါးကား ယွီပြည်နယ်၏ တော်ဝင်မြေဖြစ်ကာ ထိုနေရာမှ သားတော်က ကလန်များစွာ၏ ပါရမီရှင်များကို သတ်ဖြတ်ခဲ့ခြင်းအား လူအများက သိသွားပါက ကျိရှမ်းကမ်းပါး၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ပေတော့မည်။ သူက ဂူတုံးလျိုကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။

ထို့ကြောင့်လည်း ဂူတုံးလျိုက ထိုကိစ္စအား အများကို ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။ ကျန်းရှာ တစ်ယောက်တည်းက ထိုနာမည်ဆိုးတွင်ခြင်းတွင် ပြဿနာ သိပ်မရှိသော်လည်း ကျန်းရှာကား ကျိရှမ်းကမ်းပါး၏ သားတော်ဖြစ်သည်။ ကျိရှမ်းကမ်းပါးက ထိုသို့သော နာမည်ပျက်ခြင်းမျိုးကို သည်းခံမည် မဟုတ်ပေ။

ကျူးကော့မင်းယွီက သူ့ဘေးကို ရောက်လာကာ ပြောသည်… “ဒါကို သိပ်မစိုးရိမ်နဲ့… အဖေက နင့်ကို လက်ခံခဲ့မှတော့ သူ့မှာလည်း ဖြေရှင်းဖို့ နည်းလမ်းရှိမှာပဲ…”

“ပြောတာက လွယ်တယ်…” ဂူတုံးလျိုက ပြန်ပြောသည်။ မကြာမီ ကျူးကော့ချန်းဖန်ကို လေထဲတွင် တွေ့ကြရသည်။

“ငါ အဖေ့နောက်ကို လိုက်သွားမယ်… မင်းက ဒီမှာပဲ နေခဲ့…” ဂူတုံးလျိုက ပြောကာ လေထဲကို ခုန်တက်သွားသည်။ ကျူးကော့မင်းယွီက ပြုံးကာ သူ့နောက်မှ လိုက်ပါသွားသည်။ မည်သို့ဆိုစေ ယခုကား သူတို့က အတူတူဖြစ်နေကြပြီ ဖြစ်သည်။ အဆိုးအကောင်းများကို သူမတို့က အတူတူ ခံယူရပေမည်။

ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က လေထဲမှ ကျူးကော့ချန်းဖန်၏ နောက်ကို ရောက်လာကြသည်။ ကျန်းရှာက ဂူတုံးလျိုကို လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်သည်။

“ကျူးကော့ချန်းဖန်…” ခွန်ယိုက ကျူးကော့ချန်းဖန်ကို ကြည့်ကာပြောသည်… “ငါတို့ တွေ့ဖူးတယ်မလား…”

“မှန်တယ်…” ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်။ သူတို့ တွေ့ဖူးသည့် အချိန်ကား ဆယ်နှစ်ခန့် ကြာခဲ့ပြီဖြစ်သည်။

“ငါအပိုမပြောတော့ဘူး… ဂူတုံးလျိုက ကျိရှမ်းကမ်းပါး သားတော်ဆီက ရတနာကို ခိုးယူသွားပြီး လူတွေ အများကြီး သတ်သွားတယ်… အခု ငါက သူ့ကို ခေါ်သွားမယ်…” ခွန်ယိုက တည့်တိုးပြောသည်။

“ဂူတုံးလျိုက ဒီကိစ္စကို ပြောတာ ငါကြားပြီးပြီ… ရှန့်ထို အကြွင်းအကျန် နယ်မြေမှာ လူတိုင်းက ကိုယ်ရတာကို ကိုယ်ယူလို့ရတယ်… ရတနာက ဂူတုံးလျိုလက်ထဲကို ရောက်လာမှတော့ အဲဒါက သူ့အပိုင်ပဲ… ရှီတန်ခိုးရှင်တွေကတော့… သူတို့က လျှို့ဝှက်နေရာရဲ့ ထောင်ချောက်ထဲကို ကျပြီး သေသွားမှတော့ ဒါက သူတို့ရဲ့ ကံကြမ္မာပဲ…” ကျူးကော့ချန်းဖန်က ပြောသည်။ သူက ဂူတုံးလျိုပြောပြထား၍ အမှန်တရားကို သိထားသည့်တိုင် အမှန်အတိုင်းပြော၍ မရပေ။ သူက အမှန်အတိုင်းပြောသည့်တိုင် ကျိရှမ်းကမ်းပါးက သေချာပေါက် ငြင်းဆန်ပေမည်။

***

All Chapters