← Chapters

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများ

Vol. 68 Ch. 941

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများ

Vol. 68 Ch. 941

ဝူပိုင်ကျိုးနှင့် တိုက်ခိုက်သူက အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ဝူပိုင်ကျိုးထက် အသက် အနည်းငယ် ပိုကြီးပုံ ပေါ်သည့်တိုင် သူ့နည်းသူ့ဟန်ဖြင့် လှပသည့် မိန်းကလေး တစ်ယောက် ဖြစ်၏။ သူမက လှပသည့် မျက်နှာနှင့် ချွန်ထက်သည့် နားရွက်တို့ကို ယခင်ကလို မြူနှင်း မျက်နှာဖုံး တစ်ခုနှင့် ဖုံးကွယ်ထားခြင်း မရှိတော့ချေ။ ဂုဏ်ယူစွာပင် ထုတ်ဖော် ပြသထား၏။ သူမက အခြားသူ မဟုတ်... အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ သူတော်စင်ဟောင်း တစ်ဖြစ်လည်း ချင်းရိုင်ပင် ဖြစ်လေသည်။

ခန္ဓာကိုယ်မှ ယှက်ဖြာ ထွက်ပေါ်နေသည့် လောက စွမ်းအင်များ အရ ချင်းရိုင်မှာ လောကသခင် အဆင့်ကို တက်လှမ်းသွားကြောင်း သိသာလှပေသည်။ ဝူပိုင်ကျိုး၏ အော်ရာမှာလည်း သူမနှင့် ကွာခြားခြင်း မရှိလှချေ။ မိန်းကလေးမှာ လောကသခင် အဆင့်ကို မရောက်သေးသည့်တိုင် ဝေ့ဝူယင် ပေးအပ်ခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် လောကနယ်မြေ တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပေသည်။

ချင်းရိုင်က နဖူးထက်ရှိ ချွေးစများကို သုတ်ကာ ဝူပိုင်ကျိုးကို ကြည့်လိုက်၏။

“မဟာ မင်းသမီးက လောကနယ်မြေကို ထိပ်တန်း အဆင့်ရောက်အောင် အသုံးချနိုင်တာပဲ... လောကသခင် အဆင့်ကို မရောက်သေးတာတောင် ဒီလောက် အစွမ်းထက်နေပြီ”

ဝူပိုင်ကျိုးက အနည်းငယ် ပြုံးလိုက်၏။

“လွန်ခဲ့တဲ့ လေးလအတွင်း အားလုံးနဲ့ အပြင်းအထန် လေ့ကျင့်ခဲ့တဲ့ အကျိုးပါပဲ... အဓိကကတော့ ဝေ့ဝူယင်ကြောင့် ပေါ့လေ”

“ဟုတ်တယ်... သူ့ကြောင့်...”

သူတို့ နှစ်ယောက် ပြိုင်တူပင် လက်ချောင်းများ၌ စွပ်ထားသည့် လက်စွပ်များကို ငုံ့ကြည့်လိုက်မိသည်။ ဝေ့ဝူယင်၏ အော်ရာမှာ ထိုလက်စွပ်၌ ရှိနေကာ သူတို့ ဘယ်နေရာသွားသွား နောက်မှ လိုက်ပါနေပေသည်။ ထိုလူငယ်နှင့် သူတို့ မတွေ့ခဲ့ရတာ ရှစ်နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ကျင့်ကြံခြင်း ရင်းမြစ် ပြတ်လပ်သွားခဲ့သည်ဟု မရှိခဲ့။

သူမတို့ လက်ရှိ နေထိုင်နေသည့် ထိပ်တန်း အဆင့် ကျင့်ကြံခြင်း ကုန်းမြေသည်ပင် ဝေ့ဝူယင် ချီးမြှင့်ထားသည့် ဆုလာဘ်ဟု ဆိုသည်။ မဟာ ဧကရာဇ် ဝူယုနှင့် ရွှေရောင် အသက်နန်းတော် တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်းတို့မှာ ထာဝရ ဂြိုဟ်သစ်ကို ရောက်ရှိလာကာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း တစ်ခုလုံးကို ဤနေရာသို့ ရွှေ့ပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

ချင်းရိုင်က ခေါင်းစဉ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။

“အခု မဟာ မင်းသမီးရဲ့ ကျင့်ကြံခြင်း အခြေခံက လောကသခင် အဆင့် ကပ်ဘေးကို ကျော်ဖြတ်ဖို့ လုံလောက်တာထက်တောင် ပိုနေပြီ... ဘာလို့ ကပ်ဘေးကို မဆင့်ခေါ်ရသေးတာလဲ”

မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ဝူပိုင်ကျိုး ရောက်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သည်။ ထိုနှစ်များ အတွင်း အမျိုးမျိုးသော ရင်းမြစ်များ၏ အကူအညီနှင့် အတူ သူမ၏ ကျင့်ကြံခြင်း အခြေခံ ခိုင်မာမှုက လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။

ဝူပိုင်ကျိုးက လက်ထဲရှိ လှံကို တစ်ချက် လှည့်ကာ အလေးချိန်ကို ခံစားလိုက်၏။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။

“အဲဒါလည်း သူ့ကြောင့်ပါပဲ...”

ကျင့်ကြံရာ၌ အလောသုံးဆယ် မလုပ်သင့်ကြောင်း ဝေ့ဝူယင် ပြောတာကို ဝူပိုင်ကျိုး အမြဲ ကြားဖူးသည်။ သူမက ချင်းရိုင် မဟုတ်ချေ။ အသက်အရွယ်အားဖြင့် အလွန်ပင် ငယ်ရွယ်သေးကာ အဆုံးမဲ့ အလားအလာများကို ပိုင်ဆိုင်ထားသည်။

ထို့အပြင်... လောကသခင် အဆင့်မှာ အခြား ကြယ်တာရာ အမြုတေ အဆင့်များနှင့် မတူချေ။ ကြယ်တာရာ အမြုတေ အလွှာကြီး တစ်ခုလုံး၏ အုတ်မြစ်ကို ဆုံးဖြတ်ပေးမည့် အဆင့် ဖြစ်သည်။ ဝေ့ဝူယင်ကိုယ်တိုင်က ပြီးပြည့်စုံပြီဟု အတည်ပြုပေးပြီးမှသာ နောက်တစ်ဆင့်ကို သူမ တက်လှမ်းချင်သည်။

ဝှစ်...

“ရည်ရွယ်ချက်ကောင်းပဲ... ဟဟ”

ရုတ်တရက်... ရယ်မောသံနှင့် အတူ ပုံရိပ် တစ်ခုမှာ အပေါ်မှ ဆင်းသက်လာခဲ့၏။ သူက အသက်လတ် အရွယ် လူကြီး တစ်ယောက် ဖြစ်ကာ ချောမော ခန့်ညားသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထား၏။ တဒင်္ဂ အတွင်းမှာပင် သူက ဝူပိုင်ကျိုးတို့ နှစ်ယောက် ရှေ့ကို ရောက်ရှိလာခဲ့သည်။

“မဟာ ဧကရာဇ်...”

ချင်းရိုင်က ချက်ချင်းပင် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ ဝူယုက မိန်းကလေးကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။

“အခု ငါက မဟာ ဧကရာဇ် မဟုတ်တော့ဘူး... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ရဲ့ စစ်သည် တစ်ယောက် ဖြစ်နေပြီ... အာရုဏ်ဦး စစ်သည်တော်ယုလို့ ခေါ်ချင်ခေါ်... မဟုတ်လည်း ဝူပိုင်ကျိုး ခေါ်သလို ဘိုးဘိုးကြီးယုလို့ ခေါ်ပေါ့”

“အာရုဏ်ဦး စစ်သည်တော်ယု...”

ချင်းရိုင် မဝံ့မရဲဖြင့် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ဝူပိုင်ကျိုးလိုတော့ သူမ လိုက်၍ မခေါ်ရဲပါချေ။ ထိုမိန်းကလေးမှာ အစောကြီးတည်းက ဝူမျိုးရိုး ဖြစ်သည့် အပြင် မဟာ ဧကရာဇ် သွေးမျိုးဆက်ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့ဖြစ်လေရာ သူမ အနေဖြင့် ဘိုးဘိုးကြီးယုဟု ခေါ်သည်က သင့်တော်ပေသည်။

ဝူပိုင်ကျိုးကလည်း လက်နှစ်ဖက်ကို ယှက်ကာ ဝူယုကို အရိုအသေ ပေးလိုက်၏။

“ပြီးခဲ့တဲ့ လေးလ အတွင်း ဒီလိုနေရာမျိုးမှာ ကျင့်ကြံနိုင်အောင် ကူညီပေးတဲ့ အတွက် ဘိုးဘိုးကြီးယုကို ကျေးဇူးတင်ပါတယ်... ဒါနဲ့ ဝေ့ဝူယင်ရာ အဆင်ပြေရဲ့လား... ဘိုးဘိုးကြီးယုက ကျွန်မတို့ကို ကျင့်ကြံဖို့ သက်သက် ဒီနေရာကို ခေါ်လာခဲ့တယ်လို့တော့ မထင်ဘူး”

ဝူယုက အယာအယာ ပြုံးလိုက်သည်။

“သခင်လေးက မင်းတို့ရဲ့ လုံခြုံရေးကို စိတ်ပူလို့ပါ... ငါကတော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တဲ့ သဘောပေါ့လေ... စိတ်မပူပါနဲ့... နောက်နှစ်လလောက် နေရင် မင်းတို့ကို ပြန်ပို့မှာပါ... မဟာ ရှန့်ထို ညီလာခံ မစခင်လောက်ပေါ့... ဒါနဲ့ အဲ့နေ့ကျ မင်း ငါနဲ့ အဲဒီလို လိုက်ခဲ့ဦး... အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ကိုယ်စားပြုပြီး ရွေးချယ်ခံ တစ်ယောက် အနေနဲ့လေ”

ဝူပိုင်ကျိုးက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဝေ့ဝူယင်က သူတို့ လုံခြုံရေးကို စိတ်ပူသည်လော။ ထာဝရ အစည်းအရုံးကြောင့်လော။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက ခေါင်းညိတ်လိုက်သည်။

“လိုက်ခဲ့ပါမယ်...”

မဟာမြေကြီး ရှန့်ထို ညီလာခံမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ဟူသည့် နာမည်ကို ကျော်ကြားအောင် လုပ်ပေးနိုင်သည့် အခွင့်အရေးကောင်း တစ်ခုဟု သူမ ခံစားရသည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ နိမ့်ကျသည့် နေရာတစ်ခုမှ လာသော်လည်း ပါရမီ အရာတွင် မကင်းမဲ့ကြောင်း သူမ သက်သေပြလိုသည်။

“ကောင်းတယ်...”

ဝူယုက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတုန်းက သူက ထာဝရ ကြယ်တာရာ နယ်မြေ၏ လူကြီး မျိုးဆက် တစ်ခုကို လွှမ်းမိုးခဲ့သည်။ ဤသည်ကတော့ ဝူပိုင်ကျိုး အလှည့် ဖြစ်သည်။ ထိုဧကရီငယ်လေးမှာ အဆုံးမဲ့ ကောင်းကင်တွင် မည်သည့် အဆင့် တစ်ခု အထိ တက်လှမ်းနိုင်မည်ကို သူ တွေ့လိုနေပြီ ဖြစ်သည်။

ဝူယု၊ ဝူပိုင်ကျိုးနှင့် ချင်းရိုင်တို့မှာ ရောက်တတ်ရာရာများကို ဆက်လက် ပြောဆို နေကြ၏။ အထူးသဖြင့် ဝူယုက သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံများကို ပြန်လည် မျှဝေနေခြင်းပင် ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီးသည့် ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက်ထံမှ အတွေ့အကြုံများကို နားထောင်ရခြင်းမှာ သူတို့လို ကျင့်ကြံသူလေးများ အတွက် အလွန် အကျိုးရှိပေသည်။

မိနစ် အနည်းငယ် ကြာပြီးနောက် နောက်ထပ် ပုံရိပ် တစ်ခုမှာလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ သူက လူအိုကြီး တစ်‌ယောက် ဖြစ်ကာ မီးခိုးနှင့် ရွှေ‌ရောင် ရောနှောထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ နှုတ်ခမ်းထက်တွင်တော့ နှစ်လိုဖွယ် အပြုံးတစ်ခု ရှိနေကာ စီပွားရေး သမား တစ်ယောက် အငွေ့အသက်များကို သယ်ဆောင်ထား၏။

ထိုလူအိုကြီးမှာ မာ့ကျန်းမှ လွဲ၍ မည်သူ ဖြစ်နိုင်လိမ့်မည်နည်း။

ဝူယု၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ မာ့ကျန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အစမရှိ၊ အဆုံးမရှိ ‌မေးလိုက်၏။

“အခုလား...”

မာ့ကျန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မိန်းကလေး နှစ်ယောက်ကို တစ်ချက် ကြည့်ကာ ပြုံးပြလိုက်၏။

ဝှစ်... ဝှစ်...

မြေကြီး ရှန့်ထို နှစ်ယောက်မှာ ထိုနေရာတွင် ဆက်နေခြင်း မရှိကြတော့ချေ။ ဝူပိုင်ကျိုးနှင့် ချင်းရိုင်တို့၏ အကြည့်များ အောက်တွင်ပင် သူတို့က ကောင်းကင်ကို ပျံတက်ကာ ထိုနေရာမှ ထွက်ခွာ သွားခဲ့ကြတော့၏။

စက္ကန့် အနည်းငယ် အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ လောက ညီမျှခြင်းလ၏ အစွန်အဖျား တစ်နေရာသို့ ရောက်ရှိ သွားခဲ့ကြ၏။ ဝူယုက မာ့ကျန်းကို အနည်းငယ် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်၏။ ဝူယု ဘာမေးမည်ကို သိသည့် အလား မာ့ကျန်းက တည်ငြိမ်စွာ အဖြေပေးလိုက်သည်။

“အားလုံး အဆင်သင့် ဖြစ်ပြီ...”

ဝူယုက ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက အကြွင်းမဲ့ စည်စိမ် နယ်မြေ အတွင်းရှိ ဂြိုဟ်သုံးခု၏ အလယ် ဆုံမှတ်နေရာကို လှမ်းကြည့် လိုက်သည်။

“ကောင်းတယ်... ခင်ဗျားရဲ့ အစီအစဉ်ကြောင့် ဒီလေးလ အတွင်း သူ တစ်ခုခု ဖြစ်သွားရင် အကျိုးဆက်ကို ခင်ဗျား သိတယ်နော်”

မာ့ကျန်းက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျုပ်သိပါတယ်...”

ရွှယ်ရီဖေးမှာ အလွန် အရေးကြီးပေသည်။ သူမက ဝေ့ဝူယင်၏ နှလုံးသား အတွင်း၌ နက်ရှိုင်းစွာ ရှိနေသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ သူမသာ တစ်ခုခု ဖြစ်သွားပါက...မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို သူ ခန့်မှန်းနိုင်ပေသည်။

“ငါပိုင်ဆိုင်တဲ့ဟာတွေကို ပြန်ယူဖို့ အချိန်ကျပြီ...”

မာ့ကျန်း၏ မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်များနှင့် တလက်လက် တောက်ပလာခဲ့တော့၏။

***

All Chapters