← Chapters

ရောက်ရှိလာခြင်း

Vol. 68 Ch. 945

ရောက်ရှိလာခြင်း

Vol. 68 Ch. 945

မိန်းကလေးရှောင်...

လှပသည့် ရွှေအိုရောင် ဆံပင်များနှင့် မိန်းကလေးရှောင်မှာ ရှောင်ရှီပင် ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၌ ရှောင်ရှီဆိုသည့် နာမည်ကို မသိသူ မရှိချေ။ သူမက ကြယ်ကွင်းပြင်၏ ထိပ်တန်း ဗိသုကာ ပညာရှင် သုံးယောက် အနက် တစ်ယောက် ဖြစ်ကာ ယုမျိုးနွယ်မှ ယုရီလန်း၊ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှ ဝိညာဉ်ဖန်တီးခြင်း ရှန့်ထိုတို့နှင့် နှိုင်းယှဉ်နိုင်သူ ဖြစ်သည်။

သူမက ကောင်းကင် သင်္ဘောများစွာ၏ မူယင်း ဖန်တီးသူ ဖြစ်ကာ အင်ပါယာ မျိုးနွယ် ကောင်းကင် ဖျက်ဆီးသူ သင်္ဘောများ တည်ဆောက်ရာတွင်လည်း များစွာ ကူညီခဲ့သူ ဖြစ်သည်။ သူမ၏ ‌အောင်မြင်မှုများက ထိုမျှနှင့် ရပ်တန့်ခြင်း မရှိခဲ့ချေ။ လောကနယ်မြေ ရှစ်ဆယ့်တစ်ခုကို ဆက်သွယ်ထားသည့် လမ်းများ အပါအဝင် အကြွင်းမဲ့ စည်းစိမ်၏ ဝင်္ကပါ ဖွဲ့စည်းပုံ တစ်ခုလုံးကိုပါ တည်ဆောက်ခဲ့သူ ဖြစ်သည်။

“ဆိုတော့ ရှင်က ရင်းနှီးမြှုပ်နှံချင်တာပေါ့... ဟုတ်လား...”

‌ရှောင်ရှီက ရှန်းကျီးကျိကို ကြည့်ကာ တိုက်ရိုက်ပင် မေးလိုက်၏။

“အမှန်ပါပဲ...”

သူက ဖြေလိုက်သည်။

“ဒီကိစ္စက အတော်လေး အန္တရာယ်များလိမ့်မယ်...”

ရွှေယုက ပြောလိုက်၏။

“ကျုပ် သိပါတယ်...”

ရှန်းကျီးကျိမှာ ယုံကြည်ချက် အပြည့် ရှိနေသေးဆဲ ဖြစ်သည်။ ထိုရင်းနှီး မြှုပ်နှံမှုက တန်ဖိုး ကြီးမားသည့်တိုင် ရေရှည်တွင် အကျိုးအမြတ်များစွာ ရရှိနိုင်သည်ဟု သူ ယုံကြည်သည်။ ဤတွင် သူတို့ အဓိက ရင်းနှီးမြှုပ်နှံမည့် အရာက အာရုဏ်ဦး နေမီးတောက် ဆေးညွှန်း မဟုတ်ချေ။ ရွှယ်ရီဖေးသာ ဖြစ်သည်။

ထိုမိန်းကလေးမှာ အဂ္ဂိရတ် ရှန့်ထို ဖြစ်လာနိုင်သည့် ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းလို တန်ဖိုးကြီး ပစ္စည်းမျိုးကိုပင် ပေးအပ်ထားခြင်းအား ထောက်ချင့်ရပါက ရွှယ်ရီဖေး အပေါ် ဝေ့ဝူယင်၏ တန်ဖိုးထားမှုမှာ မသေးလှချေ။ နောင်အခါတွင် ရွှယ်ရီဖေးထံမှ တစ်ဆင့် ဝေ့ဝူယင်ထံမှ အကူအညီများကို သွယ်ဝိုက်သော နည်းဖြင့် သူတို့ ရရှိလာနိုင်ပေသည်။ ထိုအရာက တိုက်ရိုက် စွက်ဖက်မှုမျိုး မဟုတ်လေရာ ရွှေရောင် အသက်နန်းတော်၏ နာမည် ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်စရာ မလိုပါချေ။

သူတို့ အုပ်စုမှာ ထိုကိစ္စနှင့် ပတ်သက်၍ တစ်နာရီခန့် ကြာအောင် ဆက်လက် ဆွေးနွေးနေကြ၏။ အများစုကတော့ ရှန်းကျီးကျိ၏ အကြံပေးချက် အတိုင်း လိုက်နာရန် စိတ်ပါနေကြပြီ ဖြစ်သည်။

“ကျုပ်ကတော့ ပိုပြီး ညှိနှိုင်းသင့်သေးတယ်လို့ ထင်တယ်... အာရုဏ်ဦး နေမီးတောက် ဆေးညွှန်း အပြင် အခြား အကျိုးအမြတ် တစ်ချို့လည်း ရွှယ်ရီဖေးဆီကနေ ရနိုင်သေးတယ်”

‌ရွှေယုက အကြံပေးလိုက်၏။ ဝေ့ဝူယင်ထံ၌ အခြား ဆေးညွှန်းများလည်း ရှိနိုင်သေးသည်ဟု သူ ထင်မြင် ယူဆမိသည်။ ထိုအရာများကိုပါ ရွှယ်ရီဖေးထံမှ ညှစ်ထုတ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။

“အမှန်ပဲ... ဒါက ကျုပ်တို့ ကြိုးစားသင့်တဲ့ အချက်တစ်ချက်ပဲ”

ရှန်းကျီးကျိက သဘောတူလိုက်၏။ သို့သော်လည်း ထိုအခိုက်တွင်ပင် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဘန်မာ့က ပထမဆုံး အကြိမ် အဖြစ် စကားပြောလိုက်လေသည်။

“နဂါး မင်းသမီးလေးရွှယ်မှာ အဲဒီ ဆေးညွှန်း ရှိတယ်ဆိုတာရော သေချာရဲ့လား...”

သူ့အတွေးက ရိုးရှင်းပေသည်။ အကယ်၍ ရွှယ်ရီဖေး၌ ဆေးညွှန်း ရှိမနေလျှင် မည်သို့ လုပ်မည်နည်း။ သူမက ဝေ့ဝူယင်ထံမှ တောင်းပေးမည်ဟု အာမခံသည်ပဲ ထားဦး။ ဝေ့ဝူယင်က မပေးလျှင်ရော။

သူတို့ အနေဖြင့် ထိုကိစ္စကို ဝေ့ဝူယင်နှင့်သာ အရင် ဆွေးနွေးသင့်ပေသည်။ ရွှယ်ရီဖေးနှင့် မဟုတ်ချေ။ အကယ်၍ ဝေ့ဝူယင် နေရာတွင် သူ ဆိုပါက ထိုကဲ့သို့ တန်ဖိုးကြီးသည့် ပစ္စည်းမျိုးကို ကိုယ်လုပ်တော် တစ်ယောက်ထံ ပေးထားလိမ့်မည် မဟုတ်ချေ။ သူမက ဝေ့ဝူယင်၏ တရားဝင် ဇနီးမယားပင် မဟုတ်ချေ။

ထို့အပြင်... ရွှယ်ရီဖေးက အဂ္ဂိရတ် ပညာရှင် တစ်ယောက်ပင် မဟုတ်ချေ။ အဘယ်ကြောင့် သူမက ထိုကဲ့သို့ ပစ္စည်းမျိုးကို လိုအပ်မည်နည်း။ အဘယ်ကြောင့် ဆောင်ထားရမည်နည်း။

“…”

ရှောင်ရှီက ဘန်မာ့ကို တစ်ချက် လှည့်ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းထက်၌ လှပသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“မိန်းကလေးရွှယ်မှာ ဆေးညွှန်းရှိလို့ပေါ့... ဒီကမ်းလှမ်းမှုကို သူ့ဘက်က လုပ်ခဲ့တာပဲ မလား...”

ရွှေကောင်စီဝင် လူကြီး တစ်ယောက်က ပြောလိုက်သည်။ ထိုဂျူနီယာလေးမှာ အတော်တုံးလှသည်။ သူတို့ကို လိမ်လို့ ရွှယ်ရီဖေးက ဘာရမည်နည်း။ အခြား ရွှေကောင်စီဝင် များမှာလည်း အလားတူပင် တွေးနေခဲ့ကြ၏။ ဘန်မာ့၏ မေးခွန်းက အတော်လေး အဆင်အခြင်မဲ့သည်ဟု စိတ်ထဲမှ မှတ်ချက်ချ လိုက်မိကြသည်။

“သူ့ဆီမှာ ရှိပါတယ်... အဲဒီနည်းလမ်းကို သူ့ပိုင်ဆိုင်မှုတွေထဲမှာ တွေ့ဖူးတယ်”

ရှန်းကျီးကျိက တည်ငြိမ်စွာပင် အဖြေပေးလိုက်၏။ ဤသို့ဆိုလျှင် သူက ထိုဆေးညွှန်းကို အဘယ်ကြောင့် ယူမထားခဲ့သနည်း။ အဖြေက ရှင်းလင်းပေသည်။ သူတို့က နာမည် တစ်လုံးနှင့် နေသည့် စီးပွားရေး သမားများ ဖြစ်သည်။ နာမည်ပျက်မည့် ကိစ္စမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ချေ။

ရွှေယုက ခေါင်းညိတ်လိုက်၏။

“ဒါဆို ကျုပ်တို့ ညှစ်ထုတ်လို့ ရနိုင်မယ် အခြား အကျိုးအမြတ်တွေကို ဆက်ပြီး ဆွေးနွေး ရအောင်...”

ဘုန်း...

ထိုအခိုက်တွင်ပင် အခန်း တစ်ခုလုံးမှာ ငလျင်လှုပ်သလို တုန်ရီ ယိမ်းထိုး သွားခဲ့၏။ ရွှေယု၊ ရှောင်ရှီ၊ ရှန်းကျီးကျိ၊ ပိုင်ကျန်းနှင့် ပထမ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးတို့မှ လွဲ၍ ကျန်လူအားလုံးမှာ ထိုင်ခုံများမှ ထိတ်လန့်တကြား ထရပ် လိုက်မိ၏။ သူတို့၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် တောက်ပသွားကာ လျှို့ဝှက် အော်ရာက အကာအကွယ် အလွှာ တစ်ခု သဖွယ် ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။

“ဘာဖြစ်တာလဲ...”

ရွှေကောင်စီဝင် လူကြီး တစ်ယောက်က မေးလိုက်၏။

“ငါတို့ တိုက်ခိုက်ခံနေရတာလား...”

အခြားတစ်ယောက်ကလည်း အော်ဟစ်လိုက်သည်။ ရှန်းကျီးကျိ၏ မျက်လုံးများကတော့ ဒေါင်လိုက် ကွေးညွှတ်သွားသည်။

“ခြောက်မြှောင့်ကြယ်... ဘာလို့ လက်မလျှော့သေးတာလဲ...”

သူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ရင်း ကောင်းကင်ကို လှမ်းကြည့်လိုက်၏။ မကြာခင် သူတို့ အားလုံး အစက်အပျောက် တစ်ခုကို သတိထားမိလိုက်လေသည်။

လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း ခြေခံဖြင့် ခြောက်မြှောင့်ကြယ်ထက်၌ ပါလာသည့် ပုံရိပ်လေးခုကိုပင် သူတို့ ရှင်းလင်းစွာ တွေ့မြင် နေရ၏။ ဦးဆောင်လာသည့် ပုဂ္ဂိုလ်က အိုမင်း ရင့်ရော်နေသည့် မျက်လုံးများနှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံသူ တစ်‌‌ယောက် ဖြစ်သည်။ သူက သူတို့ ဘယ်တော့မှ မမေ့နိုင်သည့် ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။

မာ့ကျန်း...

မာ့ကျန်းမှာ တည်ငြိမ်သည့် အပြုံးတစ်ခုနှင့် အတူ ဆွေးနွေးဝိုင်း ရှိသည့် နေရာကို လှမ်ကြည့် နေခဲ့၏။ ရှန်းကျီးကျိ၏ ဘေးနားရှိ ထိုင်ခုံမှာ အလွတ် ဖြစ်နေဆဲ ဖြစ်ကာ မည်သူမှ သိမ်းပိုက်ထားခြင်း မရှိသေးချေ။ ၎င်းက ပိုင်ရှင်ကို စောင့်မျှော်နေသည့် အလား ထင်မှတ်ရ၏။

မာ့ကျန်း၏ မျက်လုံးများကို ရင်ဆိုင်မိသည်နှင့် ‌ရွှေကောင်စီဝင် လူကြီးများမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သို့သော်လည်း မာ့ကျန်းက သူတို့ကို ဂရုစိုက်ခြင်း မရှိချေ။ ရှန်းကျီးကျိထံသို့ ရောက်မှသာ သူ့ အကြည့်များက ရပ်တန့် သွားသည်။

“လက်လျှော့ရမယ် ဟုတ်လား... ငါက ငါပိုင်တာကို ပြန်လာယူတာ ကျိကလေး...”

အားလုံးမှာ မာ့ကျန်းကို စိုက်ကြည့် နေခဲ့ကြ၏။ ရွှေရောင် အသက်နန်းတော်၏ ထိုတတိယ အုပ်ချုပ်ရေးမှူးဟောင်းမှာ ကြီးကျယ် ခမ်းနားသည့် ကုန်သည်ကြီး တစ်ယောက်နှင့် တူသလို ဗဟုသတ ကြွယ်ဝသည့် ပညာရှိကြီး တစ်ယောက်နှင့်လည်း ဆင်တူပေသည်။ မျက်လုံးများက အိုမင်း ရင့်ရော် နေသည့်တိုင် သူ၏ နှုတ်ခမ်းထက်တွင်တော့ ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ မြင်ရုံဖြင့်ပင် လူတိုင်း အထင်ကြီးနိုင်သည့် အသွင်အပြင်မျိုးကို သူက ပိုင်ဆိုင်ထားသည်။

ရွှေကောင်စီဝင် လူကြီး အများအပြားမှာ မာ့ကျန်း၏ ထွက်ပေါ်လာမှုကြောင့် တုန်လှုပ် နေကြသည့်တိုင် ရွှေယု၊ ရှောင်ရှီတို့ ကဲ့သို့ လူအချို့မှာတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့နှစ်ယောက် ကဲ့သို့ပင် တည်ငြိမ်နေသည့် အခြား တစ်ယောက် ရှိနေပေသေးသည်။

စွန်းလီ...

စွန်းလီမှာ အသက်လတ် မိန်းမကြီး အသွင်ရှိကာ ကြယ်တာရာ နားကပ်များနှင့် ပုလဲ လည်ဆွဲတို့ကို ဆင်မြန်းထား၏။ သူမက ရွှေရောင် အသက်နန်းတော်၏ ဒုတိယမြောက် မြေကြီးရှန့်ထို ဖြစ်သလို ပထမ ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပေသည်။ ထို့အပြင်... သူမက ရွှေရောင် အသက်နန်းတော်၏ မူလ တည်ထောင်သူ လေးဦးအနက် တစ်ဦးလည်း ဖြစ်ပေသည်။

ခြောက်မြှောင့်ကြယ်ထက်ရှိ မာ့ကျန်းကို လှမ်းကြည့်ရင်း စွန်းလီ၏ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေခဲ့၏။

“ရဲတင်းလိုက်တာ...”

ပြင်းထန်ကာ အင်အားကြီးမားသည့် အသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ အခန်းက တဟုန်းဟုန်း တုန်ရီသွားကာ လေမုန်တိုင်းများ ပင်လျှင် ပေါက်ကွဲ တိုက်ခတ် သွား၏။ အားလုံး၏ အင်္ကျီများက တဖျပ်ဖျပ် လွင့်ခါသွားသည်။

ထိုအသံက လျှို့ဝှက်လှိုင်းများ အဖြစ် မာ့ကျန်းထံသို့ ဦးတည်ကာ ဝင်‌ရောက်သွားခြင်းပင် ဖြစ်သည်။

“ဟမ့်...”

အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ်တစ်ခုက မာ့ကျန်း၏ ညာဘက်၌ ထွက်ပေါ်လာကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ အသံလှိုင်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။

“ရိုင်းစိုင်းလိုက်တာ... ဒါက ခြင်္သေ့ရောင်စဉ် ရွှေဘုရင် ဦးစီးတဲ့ ရွှေရောင် အသက်နန်းတော်ရဲ့ တုန့်ပြန်တဲ့ ပုံစံလား...”

ဝင်ရောက် နှောက်ယှက်လိုက်သူက မာ့ဆုကျင်း၏ မိခင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူမက တော်ဝင်ဆန်ကာ တည်ငြိမ်သည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းသည့် လုပ်ရပ်များကို သိမြင်သည့်တိုင် သူမက ဂရုမစိုက်ပုံ ရ၏။

“ဟုန်ရန်လျဲ့လန်... ဒါက ဘာသဘောလဲ... နင်တို့ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေက ရွှေရောင် အသက်နန်းတော်ကို စိန်ခေါ်လိုက်တာလား...”

အသံလှိုင်း တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်သည့် ပုဂ္ဂိုလ်က သုန်မှုန်သည့် အမူအရာနှင့် ပြောလိုက်၏။ သူက အသက်လတ် အရွယ် ယောက်ျား တစ်ယောက် ဖြစ်ကာ ကတုံးကို ပြောင်ပြောင်၊ မုတ်ဆိတ် ပါးသိုင်းမွေးများနှင့် ဖြစ်သည်။ အလွန် အင်အားကြီးသည့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အော်ရာက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေ၏။ သူက ဒုတိယ ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူး တစ်ဖြစ်လည်း ရင်ကျိယန်ရှီပင် ဖြစ်လေသည်။

“ဟမ့်...”

မာ့ဆုကျင်း၏ မိခင် တစ်ဖြစ်လည်း ဟုန်ယုန်လျဲ့လန်က အေးစက်စက် နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်၏။ သူမက ရင်ကျိယန်ရှီကို အလျင်း ဂရုစိုက်ခြင်း မရှိပေ။

သူမ၏ တုန့်ပြန်မှုက ရင်ကျိယန်ရှီကို ဒေါသထွက် သွားစေခဲ့၏။ သူက အော်ရာက ပိုမို ပြင်းထန်လာခဲ့ကာ တိုက်ခိုက်ရန်ပင် ခြိမ်းခြောက်လာခဲ့သည်။

ဟုန်ယုလျဲ့လန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် လောက်ဖြင့် သူမလို မြေကြီးရှန့်ထို အဆင့်ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ရဲသည်လော။ သူမသာ ဆန္ဒ ရှိပါက ရွှေရောင် အသက်နန်းတော်က သူ့အသက်ကို ကာကွယ်ပေးနိုင်မည်ဟု ထင်နေသည်လော။

သူမက မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တတိယမြောက် အင်အားအကြီးဆုံး ကြယ်တာရာ နယ်မြေ ဖြစ်သည့် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေကို ကိုယ်စားပြုနေသူ ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်မှာ အထင်ကြီးစရာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့်တိုင် ထိုအရာက သင်ခန်းစာ ပေး၍ မရဟု မဆိုလိုချေ။

“တော်လောက်ပြီ...”

ရှန်းကျီးကျိက တည်ငြိမ်စွာပင် ဖျန်ဖြေလိုက်၏။ ယင်ကျိရန်ရှီမှာ နှာခေါင်းတစ်ချက် ရှုံ့ကာ ပြန်လည် ထိုင်လိုက်သည်။ သို့သော်လည်း သူက မာ့ကျန်းကိုတော့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။

***

All Chapters