အနိမ့်ခံ မင်းသား၊ သွေးနဂါးနယ်မြေ
Vol. 1 Ch. 1
အင်္သချေကမ္ဘာကြီး ဤကမ္ဘာကြီးသည် စွမ်းအားကြီးမားသောသားရဲများနဲ့ နဂါး၊ကျားဖြု၊မီးငှက်၊လိပ်နက်၊ဖီးနှစ်၊မြေခွေး၊ကျိုးရှန်း၊ယူနီကွန်း၊စတဲ့ဒဏ္ဍာရီလာသားရဲ့တွေ အပြင် စွမ်းအားကြီးမားသောလူသားကျင့်ကြံသူများလဲရှိသည်။
အင်္သချေတိုက်ကြီးကို အပိုင်းနှစ်ပိုင်းခွဲခြားထားပီးတော့အရှေပိုင်းနဲအနောက်ပိုင်းဆိုပြီးတော့ရှိသည်။အရှေပိုင်းတွင်လူသားကျင့်ကြံသူတွေ နေထိုင်ကာအနောက်ပိုင်းတွင်သားရဲတွေ နေထိုင်ကြသည်။
အင်္သချေကမ္ဘာကြီးရှိအနောက်ဘက်ပိုင်းဒေသရှိ အဇူရာစီရင်စုရှိ မိုးပြာနဂါးအင်ပါယာတွင် ကြီးမားသောနဂါးရုပ်တုကြီးများရှိသော ခမ်းနားပြီး ရွှေရောင်တောက်ပသောအလင်းရောင်များထွက်သောခန်းမကြီးတစ်ခုရှိသည်။
ထိုအခန်းထဲတွင် အသက်၁၈ နှစ်ရွယ် ငယ်ရွယ်သော်လည်းရင့်ကျက်သည့်အသွင်ပြင် ရှိသော လူငယ်လေးတစ်ယောက်က စွမ်းအားကျင့်ကြံနေရင်း အလိုမကျမူကြောင့်စိတ်ရူပ်ထွေးမူတွေ က သူမျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။သက်ပြင်းချသံနဲ အတူတူ ထိူလူငယ်လေးက မျက်လုံးဖွင့်လာပြီး နောက်ဆုံးတော့လည်း သားရဲသခင်အဆင့်ကို မတက်နိုင်သေးဘူးပဲ ငါပထမဆင့်သားရဲ့အဆင့်၁၀ အထွတ်ထိပ်မှာမှာပိတ်မိနေတာ တစ်နှစ်တောင်ရှိသွားပြီပဲထိုလူငယ်လေးကခပ်တိုးတိုးဖြင့်ရေရွတ်လိုက်သည်။
{သာရဲတေရဲ့ စွမ်းအင်ဆင့်တွေ ကို }
ပထမဆင့် သားရဲ
သားရဲသခင်
မြေကမ္ဘာ သားရဲ
ကောင်းကင်သားရဲ
သားရဲဘုရင့်
သားရဲဧကရာဇ်
သားရဲအင်ပါယာ
အရှင်သခင်သားရဲ
နတ်ဘုရားသားရဲ
အင်မော်တယ်သားရဲ
တိုဖြစ်ပြီး အဆင့် တစ်ခုကိုအဆင့် သေး ၁၀ ခုခွဲထားကာ အဆင့်သေး ၁ ခုကို အဆင့်နိမ့် ၊အလယ်လတ်၊ပြီးပြည့်စုံ၊အထွတ်ထိပ် ဆိုပြီးခွဲထားခဲ့သည်။
ထိုလူငယ်လေးကတော့ မိုးပြာအင်ပါယာရဲ့ အနိမ်ခံမင်းသားလေး လုံထန်ပင် ဖြစ်သည် ။မိခင်ဖြစ်သူကအစေခံဖြစ်သဖြင့် သွေးမျိုးဆက်နိမ့်ကြ သည်ဟုဆိုကာ သူဖခင်ဖြစ်သူနဂါးဘုရင်ကြီးနဲ တစ်ခြားညီကို မောင်နှမများကလဲ
သူကိုအထင်သေးကြသည်။
"ဒေါက် " ဒေါက် "
ထိုအချိန်တွင် သူအခန်းတံခါးကို ခေါက်သံကြားလိုက်ရသည်။
"ဝင်ခဲ့ပါ"
သူရဲ အနားမှာအမြဲရှိပေးခဲသော အထိန်းတော် အစေခံအိုကြီးက ဖေး ဆိုသူကဝင်လာကာ ။
"မင်းသားလေး ဘုရင်ကြီးကဆင့်ခေါ်လိုက်ပါတယ် "
"လုံထန်လဲ ခေါင်းညိတ်ကာ သွားကြရအောင်ဟုပြောလိုက်သည်"
ဒီအသက်ရွယ်ထိ နဂါးဘုရင်ကြီးမှာ သူကို ဆင့်ခေါ်ဖူးတာအခုကြိမ်နဲ့ မှ နှစ်ကြိမ်သာ ရှိသည် ပထမတစ်ခါက သူပါရမီ စမ်းသက်ချိန်တုန်းက တစ်ကြိမ် သူပါရမီက အလယ်
လတ်သာဖြစ်သည့်အတွက် အဲဒီအချိန်ထဲက ထပ်ပြီးတော သူဖခင်နဲ မတွေခဲရတော့ချေ။
လုံထန့်လဲ သူအထိန်းတော်အစေခံအိုကြီးဖေးနဲ အတူတူဘုရင်ကြီးစံမြန်းရာနန်းတော်ကြီးရှိရာသို့ဦးတည်ပီးသွားလိုက်သည်။
အခန်းမရှေတွင် သက်ဝင်လှစွာ ထွင်းထုထားသောမိုးပြာရောင် နဂါးကြီးနှစ်ကောင်ကကောင်းကင်ပေါ်သို့ပျံတက်တော့မည်ကလား ရှိနေသော နန်းဆောင်ခန်းမကြီး ရှေသို့ရောက်လာခဲသည်။
လုံထန့်လည်း အထဲသို့ဝင်လိုက် ပြီးနောက် သူနောက်ကလိုက်ပါလာသော အထန်းတော် ဖေးက အပြင်ဘက်မှာတွင်ရပ်ကာ ကျန်ရစ်ခဲသည်။
ဒီခန်းမက အဆင့်မြင့်ပြီး မြင်မြတ်သော တော်ဝင်မိသားစုများသာဝင်ခွင့်ရှိသည်ဟု ရှေးဘုရင်တွေ အဆက်ဆက်ကချမှတ်ထားသော စည်းကမ်းများကြောင့်ဖြစ်သည်။
လုံထန့်လဲ အထဲဝင်ပြီးနောက်မှာ ရွှေရောင် တောက်ပနေသောပုလ္လင်ကြီးထက်တွင် မြင့်မြတ်ကာ တော်ဝင်ဆန်သော အော်ရာကို အတိုင်းသား ထုတ်လွတ်ထားကာ ထိုင်နေသော အသက် ၅၀ လောက်အရွယ်ရှိသော လူကို ဉီးညွတ်၍ နှတ်ဆက်လိုက်သည်။
"ခမည်းတော်က နှတ်ဆက်ပါတယ်"
ထိုလူက တော် မိုးပြာနဂါး အင်ပါယာရဲ့ မိုးပြာနဂါးဘုရင့်သာဖြစ်သည် ။
နဂါးဘုရင်က လုံထန်ကို ကြည်ကာ မင်းအဆင့်မတက်သေးဘူးလား အခုထိ ပထမဆင့် သားရဲ့ အဆင့် ၁၀ အထွတ်ထိပ်မှာ ပိတ်မိနေတုန်းပဲမင်းရဲ့ညီကိုမောင်နှမတွေ ဆိုရင်သားရဲသခင် အဆင့်အထွတ်ထိပ်အဆင့်ကိုတောင် ရောက်နေကြပြီ။
နဂါးဘုရင်က ထိုသို့ပြောပီး နောက် စိတ်ပျက်သောလေသံဖြင့် ထားလိုက်တော့ မင်းကို ဒီကို ခေါ်လိုက်တာက မင်းကိုနဂါးစစ်သည် တစ်သောင်းနဲ သွေးနဂါးနယ်မြေကို ချီးမြင့်အုပ်ချုပ်ခိုင်းမလို့ပဲ ။ ဒါမင်းကို ချီးမြင့်တယ်လိုသဘောထားပါ မနက်ဖြင့်ကစတင်ပြီး အင်ပါယာက ထွက်ခွာဖို့ ပြင်တော့။
လုံထန့်လဲ သူဖခင်ဖြစ်သူက သူကိုဒီလို့မျိုးနဲ သူကိုနှင်ထုတ်မယ်လို့မထင်ချေ။
လုံထန့်လဲ သူလက်သဲတွေ လက်သီးထဲ စိုက်ဝင်သွားသည့်အထိလက်သီးကို ဆုပ်လိုက်ပီး သူရင်ထဲကဒေါသတွေ အပြင်မထွက်အောင် ထိန်းသိမ်းကာ နဂါးဘုရင်ကိုကြည်ပြီး
အခုလို ချီးမြင့်တာ ကျေးဇူးတင်ပါတယ် ခမည်းတော်။
နဂါးဘုရင်ကလက်ကို ဝှေရမ်းကာ တံဆိပ်တစ်ခု ပစ်ပေးလိုက်သည် ။
လုံထန့်လဲ သူလက်ထဲကတံဆိပ်ကို ကြည့်လိုက်ချိန်တွင် နဂါးစစ်သည် တစ်သောင်းကို အမိန်ပေးခွင့် တံဆိပ်မှန်းသိလိုက်သည်။ နဂါးစစ်သည်တေက မိုးပြာနဂါးအင်ပါယာ
ရဲ့အဆင့်မြင့် စစ်သည်တွေ ဖြစ်ပြီး စစ်သူကြီးတွေ က ကောင်းကင်သားရဲ့ အဆင့်တွေဖြစ်ပြီး အောက်ဆုံးဆင့်တပ်သားကတောင် သားရဲ့သခင်ဆင့်မှာရှိသည်လိုကြားဖူးသည်။
လုံထန့်လည်း အဆိုးထဲက အကောင်းလို့ တွေးကာ ထိုခန်းမထဲမှာ ထွက်လာခဲလိုက်တော့သည် အင်ပါယာမှာနေပီးညီကိုမောင်နှမတေနဲ ဖခင်ဖြစ်သူနိမ့်တာခံရမည်အစား တစ်ခြားနေရာမှာ အေးအေးဆေးဆေး နေတာ ပို ကောင်းသေးတယ်ဟုသာ တွေးလိုက်တော့သည်။
အပြင် ဘက်တွင် စောင့်နေသော် အထိန်းတော်အစေခံအိုကြီးဖေးက လုံထန့် မျက်နှာကောင်းတာကို မြင့်တော့မေးသင့်မမေးသင့် စဉ်းစားနေရင်း လမ်းလျှောက်လာကာလုံထန့် ရဲ့ နန်းဆောင်သို့ပြန် ရောက်လာခဲသည်။
လုံထန့် အစေခံအိုကြီး ဖေးကို ကြည့်ကာ အဘိုး ဖေး သွေးနဂါး နယ်မြေ အကြောင်းသိလား ဖေးကခေါင်းညိတ်ကာသွေးနဂါးနယ်မြေက မိုးပြာနဂါး အင်ပါယာရဲ့ နယ်စပ်အရင်က သွေးနဂါးအင်ပါယာတည်ရှိခဲတဲ့ နေရာပဲ မိုးပြာ
အင်ပါယာရဲ့ စစ်ဖြစ်ပီးနောက်ဆုံးမှာ စစ်ရှံးပီးအားလုံးအသက်ခံလိုက်ရကာ မိုးပြာနဂါးအင်ပါယာရဲ့ နယ်မြေဖြစ်လာတာပဲ။
"အဘိုးကြီးဖေးက" သိချင်စိတ်ဖြင့် မင်းသားလေးကဘာလိုမေးတာလဲ။လုံထန့်လဲ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်သည်ဖေးကထိတ်လန့်သွားဟန်ဖြင့် သွေးနဂါးနယ်မြေက မိုးပြာနဂါးအင်ပါယာရဲ့ ပိုင်နက်ဖြစ်တယ် ဆိုပေမဲ့ တစ်ကယ်ကြမ်းတမ်းတဲ့ နယ်မြေပဲ မီးနဂါး အင်ပါယာ ရဲ့နယ်စပ်နဲလဲထိစပ်နေတော့ အချိန်မရွှေး စစ်ပွဲတေ ထဖြစ်နိုင်တယ် ။
ဘုရင်ကြီးက မင်းသားလေးကို ဒီလို နေရာကို လွတ်မယ်လို့မတွေးထားခဲဖူးဖူး ဘူး ဖေးကစိတ်မကောင်းဟန်ဖြင့်လုံထန့်ကိုကြည့်ကာ ပြောလိုက်သည် လုံထန့် ငယ်လေးထဲ
ဖေးကစောင့်ကြည့်မူနဲ ကြီးပြင်းလာဖြစ်သဖြင့် လုံထန့်မောင်နှမတေကြားနဲ ဖခင် ဘုရင့်ကြီးရဲ့ အနိမ့်ခံရတာကိုသိပေမဲ့ အခုလိုမျိုး နယ်စပ်ကို ကိုယ်အုပ်ချုပ်ခွင့် ပေးပီးသေတွင်းထဲ ပို့မယ်လို့ သူလဲမထင်ခဲမိချေ။
လုံထန့်က ခေါင်းကို ရမ်းက အဘိုးဖေးလဲ ကျန်ခဲလိုရပါတယ် ။ကျွန်တော်က မနက်ဖြန်မှ ဒီကနေ စပြီး သွေးနဂါးနယ်မြေကို ထွက်ခွာတော့မှာ ဖေးက တုံဆိုင်းမနေပဲ ဒီအစေခံအိုကြီးက မင်းသားလေးအနားမှာနေခဲတာကြာပါပီအခုလဲ မင်းသားလေးနောက်ကိုပဲ လိုက်မှာပါ။
ထိုမှာသာ လုံထန့်လဲ စိတ်သက်သာရာရသွားခဲသည် နောက်ဆုံးအထိသူအနားတွင် ရှိပေးမဲ့သူတစ်ယောက်လောက်တော့ရှိသေးဆိုတာ ကိုသိလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် အဘိုးဖေး"
"မလိုပါဘူးအရှင့်သား" ဒီအစေခံအိုကြီးက အမြဲတန်း မင်းသားလေးကိုပဲခစားမှာပါ။
လုံထန့်လဲ သူလက်ထဲက တံဆိပ်ကို အထိန်းတော် ဖေးကိုပေးကာ နဂါးစစ်သည် တစ် သောင်းကို သွားစစ်ကြည့်ခိုင်းလိုက်သည်။
အဆုံးတွင် ဖေးသည် ဘုရင်ဆင့်သားရဲတစ်ကောင်ဖြစ်သည်။သူအနားတွင် သူယုံကြည့်ရပီး စွမ်းအားကြီးသူလူတစ်ယောက်ရှိသည်အတွက် လုံထန့်လဲ စိတ်သက်သာရာရသွားခဲသည်။