ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်
Vol. 1 Ch. 3
-----
ကျယ်ပြန့်လှသောကောင်းကင်ကြီးရဲ့အောက်တွင်အဝေးကသာကြည့်လိုက်မယ်ဆိုပါက၊မှိန်ပြပြလေးနဲ့ တစ်ရိပ်ရိပ်သွားနေသော လှေပျံများ ၁၀ စီးကိုတွေရနိုင်သည်။ ထိုလှေပျံများထဲရှိလှေပျံတစ်စီးရဲ့ အခန်းထဲတွင် လုံထန်တစ်ယောက်သူရဲ့ အရှေမှာ ရှိနေသော မှန်ဘောင် ဇယားကွက်က အချက်လက်တွေ ကို စစ်ဆေးကြည့်နေခဲသည်။
ဘယ်လိုပဲကြည်ကြည့် ဘယ်လိုပဲ စစ်ဆေးဆေး ဒီအရာကသူအတွက်ထူးဆန်းလှသည်။
လုံထန်လဲ စောစောကပြောခဲတဲ့ လက်ဆောင်ထုပ် သုံးခုဆိုတာကို သတိရသွားမိသည်။
"သူစိတ်ထဲမှနေ၍ လက်ဆောင်ထုပ်ကိုဖွင့်ပါလို့ ပြောလိုက်သည်။"
"ဒင်"
{ကိုးရောင်ခြယ် ဒြပ်စင်နဂါးကျင့်စဉ်}--- ရရှိပါသည်။
"ဒင်"
{အဆင့်မြင့်အဆင့် နဂါးလက်သည်းကုပ်ချက်}---ရရှိပါသည်။
"ဒင်"
{ဒြပ်စင်နဂါးနတ်ဘုရားရဲ့ သွေးအစီနှစ်တစ်စက်ကို}---ရရှိပါသည်။
"{သင်ယူပါမည်လား}"{ ထုတ်ယူမည်လား}
လုံထန့်လဲသူမျက်စိအရှေကပေါ်လာသောအရာတေကိုယုံကြည့်နိုင်ခြင်းမရှိသေးပဲ အိပ်မက်တစ်ခုလိုသာထင်မြင်နေပြီး သူပေါင်ကို အားပြင်းပြင်းနဲရိုက်ချလိုက်သည်။
ဖြန်း။
"အား"
"နာတယ်ဟ"
{ဒါဆိုဒါက အိပ်မက်မဟုတ်ဘူးပေါ့}
{ဒါတွေ နဲဆိုရင် ငါမကြာမီအချိန်မှာလက်စားချေနိုင်တော့မယ်} ---- မိုးပြာနဂါးအင်ပါယာ ငါပြန်လာတာစောင့်နေစမ်းပါ။
"သူစိတ်ထဲမှနေ၍ "---သင်ယူမယ်လို့ပြောလိုက်သည်။
"ဒင်"
{ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ် }--- ဆိုပြီးသူရဲ့ခေါင်းထဲသို့ ရွှေရောင်အလင်းတန်းတွေ ဝင်ရောက်လာခဲသည်။များပြားလွန်းလှသောအချက်လက်များကြောင့် သူရဲ့ခေါင်းတောင်ပေါက်ကွဲတော့မလားခံစားလိုက်ရသည်။အချက်လက်များကိုကြည့်ပြီး ဒီကျင့်စဉ်ရဲ့ အစွမ်းကိုသိရှိသွားပြီးနောက် ပိုလိုတောင်အံဩသွားရသည်။
ဒီကျင့်စဉ်ကိုကျင့်ကြံပါက ကိုးရောင်ခြယ်နဂါးနှလုံးသားကို ဖြစ်ပေါ်စေပြီး အောင်မြင်သွားပါက ကိုးရောင်ချယ်ဒြပ်စင်နဂါးတစ်ကောင်ဖြစ်လာပြီး ဒြပ်စင်စွမ်းအင်အမျိုးမျိုးကိုထိန်းချုပ်နိုင်မည်ကျင့်စဉ်ဖြစ်သည်။
"အစွမ်းထက်လွန်းတယ် "
{နဂါးလက်သည်းကုပ်ချက်ကို ပါသင်ယူမယ်}
"ဒင်"
ရွှေရောင်အလင်းတန်းက သူရဲခေါင်းထဲသို့ဝင်ရောက်လာပြန်သည်။ ဒီတစ်ခါတော့ပထမတစ်ခါတုန်းကလိုမျိုး နာကျင်ခြင်းမရှိတောချေ။
"နဂါးလက်သည်းကုပ်ချက်"
သူမိုးပြာနဂါးအင်ပါယာမှာတုန်းကသူကျင့်ခဲတဲ့ အဆင့်နိမ်နဂါးကုပ်ချက်ထက် အဖျက်စွမ်းအားက ၁၀ ဆတောင်ပိုမိုပြင်းထန်နေ ခဲ့သည်။
"နောက်ဆုံးတစ်ခုကိုလဲ " ထုတ်ယူမည်လို့ ပြောလိုက်သည်။
"ဒင်"
လုံထန်ရဲ့ မျက်နှာအရှေတွင် အရောင်ကိုးရောင်ပါဝင်သောသွေးတစ်စက်က လေထဲတွင်လွင့်မျောခဲသည်။ ထိုသွေးစက်ကိုထုတ်လိုက်ချိန် တွင်အပြင်ဘက်ရှိ နဂါးစစ်သည်တေနဲ "ဘုရင်ဆင့် နဂါးအိုကြီး ဖေး "တောင်မှ ဒူးထောက်ကြသွားခဲပြီး သူတိုကိုယ်လုံးပေါ်တွင် ကျောက်တောင်ကြီးဖြင့်ဖိထားခံရသလို့ ဖြစ်သွားခဲသည်။
ထိုအရာတွေ ကို လုံထန် တစ်ယောက်သတိမထားမိခဲချေ။
ထိုနဂါးသွေးစက်ကို စစ်ဆေးကြည့်သောလဲ ဘာမှထူးခြားမူကိုမှ မတွေရချေ။အတွက်ကြောင့် သူပါးစပ်ကိုဟ ကာတစ်ခါထဲမြို့ချလိုက်သည်။
သွေးအစီနှစ်က ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် လုံထန့်ရဲ့ တစ်ကိုယ်လုံးကို မီးပူပူ ထဲကို ထည့်ပြီး လောင်ကျွမ်းခံနေရသလို့ မျိုးခံစားနေရသည်။ သူကိုယ်တွင်းထဲက သွေးကြောတေမှန်သမျှ ပျက်စီးကုန်တာကိုလဲ ခံစားလိုက်ရသည်။ ခန္ဓာကိုယ် အနှံအပြားမှ သွေးတေစီးကျလာခဲပြီး အရှင်လက်လက် ငရဲကျခံနေရသည်နဲ အလားသဏ္ဍန်တူနေခဲသည်။ ထိုအချိန် သူသာသတိမေ့သွားခဲပါက ဘယ်တော့မှ ပြန်သတိရဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုသူကိုယ်တိုင်လည်းသိထားခဲသည်။ သတိမလွတ်သွားရအောင် သူရဲ့လျှာကို ကိုက်ထားလိုက်သည်။
နောက်ဆုံးတွေ နာကျင်မူတေက တစ်ဖြည်းဖြည်းပြန်လည်သက်သာလာခဲတော့သည်။ သူကိုယ်တွင်းရှိသွေးကြောတေလဲ တစ်ကိုယ်လုံးပြန်လည်ကောင်းမွန်လာတာကိုခံစားမိသည်။ ထိုအချိန်တွင် လုံထန်လဲသတိကိုလျော့လိုက်ပြီးနောက် သတိလစ်သွားခဲ့တော့သည်။
---------
တစ်ရက်ကြာသွားပြီးနောက်မှ လုံထန်လဲသတိပြန်ရလာခဲသည်။ သူကိုယ်လုံးက နဂိုနဲမတူပဲ ပေါ့ပါးနေတာကိုသတိထားမိလိုက်သည်။
ထိုအချိန်တွင် သူအရှေက တစ်ဦးထဲသာမြင်နိုင်သောမှန်ဘောင်လေးထဲတွင် ပြောင်းလဲမူတေကို မြင်တွေရလိုက်သည်။
အမည်~~~ လုံထန်
မျိုးနွယ်~~~နဂါး
စွမ်းအားဆင့်~~~ သားရဲသခင် ~~ ပထမဆင့် အထွဍ်ထိပ်
ကျင့်စဉ်~~~ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ် ၊ အဆင့်နိမ့်နဂါးအသက်ရူခြင်း၊ အဆင်မြင့်လက်သည်းကုပ်ချက်။
သွေးမျိုးဆက်~~~ ကိုးရောင်ခြယ်ဒြပ်စင်နဂါး
လုံထန့်လဲ သူကိုယ်တွင်းကို စစ်ဆေးကြည့်လိုက်ချိန်တွင်သူရဲ့ သားရဲ့အမြူတေက လောလောဆယ်တွင်တော့ အရောင်ကိုးရောင်ကို မှိန်မှိန်လေး ပဲထွက်နေတာကိုသတိထားမိသည်။
"ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ထဲတွင်ပါဝင်သော" စွမ်းအားတစ်မျိုးကိုအရင်ဆုံးရွှေးခြယ်ကျင့်ကြံမှာသာသူရဲ့သားရဲ အမြူတေကကအရောင်တစ်ခုတောက်ပလာပြီးစွမ်းအားကိုးမျိုးလုံးကို ကျင့်ကြံပြီးပါက အရောင်ကိုးမျိုးလုံးတောက်ပလာကာ သူရဲ့ကိုးရောင်ခြယ် နဂါးနလုံးသားကိုရရှိမှာပဲဖြစ်သည်။
"ပထမဆုံးငါ မီးဒြပ်စင်ကိုကျင့်ကြံရမယ်"
"ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ရဲ့" ညွှန်းတိုင်းကို သူရဲ့စွမ်းအားတေကို လည့်ပတ်လိုက်သည်။ အစပိုင်းတွင်အကြိမ်ကြိမ်ကျရူံးနေသော်လည်း တစ်နေတစ်ဝတ်ကုန်ဆုံးသွားချိန်တွင် သားရဲအမြူတေတွင် အနီရောင်တစ်ခုတောက်ပလာ သည်ကို ခံစားလိုက်ရသည်။ အညွန်းပြထားသည် အတိုင်း ဆက်လက်ကျင့်ကြံနေပြီး တစ်ရက်ကုန်ဆုံးသွားခဲသည်။
"သားရဲ့သခင်~~~ ပထမဆင့်အထွဍ်ထိပ်ကနေပြီး သားရဲ့သခင် ဒုတိယအဆင့်ကို တက်ရောက်သွားကိုခံစားလိုက်ရသည်။ "
လုံထန်လဲကျင့်ကြံတာကိုရပ်နားလိုက်တော့သည်။
"ဟူး"
ကိုယ်တွင်းရှိ လေပူများကို မူတ်ထုတ်လိုက်ပြီးနောက် သူရဲ့လက်ဝါးကို ဖြန့်လိုက်ချိန်တွင် အနီရောင်မီးတောက်တစ်ခုပေါ်လာခဲသည်။
လုံထန်လဲ ပျော်ရွှင်စွာခေါင်းညိတ်လိုက်သည်။ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်က ကျင့်ကြံရတာ ခက်ခဲသော်လည်း စွမ်းအားကတော့ကြီးမားလွန်းလှသည်။
သူရဲ့စွမ်းအားက သားရဲ့သခင် ~~တတိယဆင့်တစ်ယောက်နဲ တူညီနေသည်။ တိုက်ခိုက်ခဲမယ်ဆိုရင် သူမရှံးနိုင်ဘူးဟု ခံစားမိသည်။
မှတ်ချက်။ ။ အဆင့်မြင့်နဂါးလက်သည်းကုပ်ချက်က
လုံထန်မိုးပြာနဂါးသင်ယူခဲတဲ့ အဆင်နိမ်နဂါးလက်သည်းကုပ်ချက်နဲက တူညီပြီး ၊စနစ်ကပေးတဲ့ အဆင့်မြင့် နဂါးလက်သည်းကုပ်ချက်အသွင်ပြောင်းလဲသွားတာပါ။