← Chapters

သွေးနဂါးနယ်မြေ ၊သွေးမြို့တော်သို့ရောက်ရှိခြင်း

Vol. 1 Ch. 4

သွေးနဂါးနယ်မြေ ၊သွေးမြို့တော်သို့ရောက်ရှိခြင်း

Vol. 1 Ch. 4

-----------

လုံထန်လဲ သူရဲ့အခန်းတံခါးကိုဖွင့်ဆွဲဖွင့်လိုက်ပြီး အပြင်သို့ထွက်ဖို့ပြင်လိုက်ချိန်တွင် အဘိုးကြီး ဖေးနှင့် စစ်သူကြီးလင်းယုတို အပြေးလွှားရောက်လာကြသည်။

"အရှင်သား အဆင်ပြေပါရဲ့လား "

လုံထန့်က သူကျင်ကြံမယ်လို့ ပြောထားခဲကာ သူအခန်းကို ဘယ်မှမဝင်အောင်အမိန့်ပေးထားသည့်အတွက်ကြောင့်မနေက လုံထန့် ဒြပ်စင်နဂါးသွေးအစီနှစ်ကို ထုတ်လိုက်ချိန်က ဖြစ်ပေါ်လာတဲ့ ဖိနှိပ့် မူကြောင့် အဘိုးကြီးဖေးနှင့်စစ်သူကြီး လင်းယုတိုကြောက်သွားခဲ့သော်လည်းအခန်းထဲသို့ ဝင်မလာပဲ အခန်းရဲ့ တံခါးပေါက်မှာသာစောင့်နေခဲခြင်းဖြစ်သည်။

အဘိုးကြီး ဖေးကဘုရင့်ဆင့်သားရဲစွမ်းအားကြီးသူ တစ်ယောက်ပြီပီလုံထန့်ရဲ့ပြောင်းလဲမူကို ပထမဆုံးသတိထားမိလိုက်သည်။

"ဒါက "

''ဒါက "အရှင်သား သားရဲသခင် ဒုတိယ အဆင့်ကိုဘယ်တုန်းကရောက်သွားတာပါလဲ ။"

အမြဲတန်း အနားမှာရှိနေခဲသောကြောင့် လုံထန်တစ်ယောက်ပထမဆင့် သားရဲအဆင့်၁၀အထွဍ်ထိပ်မှာ ပိတ်မိနေမှန်းသူလည်းသိထားခဲသည်။ အခုချိန်မှာတော့ မြို့တော်မှ ထွက်ခွာလာခဲပြီး နှစ်ရက်အကြာလေးတွင် သားရဲသခင် ဒုတိယအဆင့်ကို ရောက်ရှိနေခဲသည်။ ဒါကြီးကို သူကိုစွန့်အသွားစေခဲသည်။

"ကံကောင်းသွားလို့ပါ အဘိုးဖေး "

လုံထန့်မပြောချင်တာကို သူလဲဆက်မမေးဖို့ အဆင်မပြေတော့ပေ။ ဘေးက စစ်သူကြီး လင်းယုလဲ အံဩနေတာက

နေသတိပြန်ဝင်လာပြီး လုံထန်ပြောလိုက်သော စကားကြောင့်စိတ်ဓာက်ကျသွားရသည်။ သူတုန်းကဆိုရင်တောင် သားရဲသခင် ပထမဆင့်ကနေ ဒုတိယအဆင့်ကို ရောက်ဖို့အတွက်အချိန်တစ်နှစ်ကြာမြင့်ခဲသည်။

"ငါဖင်ကိုပဲကံကောင်းလိုက် ဘယ်သူမှ တစ်ရက်ထဲနှင့်လှေပေါ်မှာ ထိုင်ပြီးကံကောင်းမနေဘူး ။သူစိတ်ထဲတွင်ပြောလိုက်သည်။ အရင်တုန်းက သူကြားခဲရတဲ့ သတင်းတွေ အရ ဒီမင်းသားလုံထန့်က သာမန်ပါရမီသာရှိတယ်လို့ကြားရပြီး အခုချိန်မှာတော့ ဒါတွေ က ကောလဟာလတေဖြစ်ဖို့များတယ် ဆိုတာ တွေးမိလိုက်သည်။ "

ထိုအချိန် လုံထန့်က အဘိုးကြီး ဖေးကို ကြည့်ကာမေးလိုက်သည် ။ "အဘိုးဖေးဘယ်လောက်လိုအုန်းမလဲ "သွေးနဂါးနယ်မြေကိုရောက်ဖို့ အတွက်" နောက်ထပ် တစ်ပက်လောက်တော့ကြာမြင့်ပါအုန်း အရှင်သား "

"ဝေးသေးတာပဲ "

"အဘိုးဖေးသေရည် ပါသေးလား " ပါသေးပါတယ် အရှင်သား " အစေခံတေကို ပြင်ဆင်ခိုင်းလိုက်ပါမယ်။

"ကောင်းပါပြီ အဘိုးဖေး "

လုံထန်လဲ လှေပျံရဲ ဦးထိပ်ပိုင်းသို့သွားကာ ပတ်ဝန်းကျင့်ရဲ့လှပသော ရှုခင်းတေကို ကြည်ရှုနေလိုက်သည်။ တစ်ခနအကြာမှာ အစေခံတေက သေရည်အိုးတစ်အိုးနဲ အမြည်းအသင့်ပြင်ပေးထားသော စားပွဲခုံလေးကို ယူလာခဲသည်။

အခုလိုလှပတဲ့ ရှုခင်းတေကိုကြည့်တဲ့အချိန် သေရည်သောက်ရင်း ရှုစားသင့်တယ်။ ဘေးနားက ရပ်နေသော အဘိုးကြီးဖေး နဲ စစ်သူကြီး လင်းယုကိုလဲ ခေါ်လိုက်သည်။

"လာကြလာ အတူတူ သောက်ရအောင် "

"မဖြစ်ပါဘူး အရှင်သား" ဒီစစ်သူကြီးက အရှင်သားရဲ့ လုံခြုံရေးကိုတာဝန်ယူထားတာမိူ့သေရည်သောက်လို့ အဖြစ်သေးပါဘူး အရှင်သား"

"လာပါအနည်းငယ်သောက်ပေါ့ "

"ကျေးဇူးတင်ပါတယ် အရှင်သား "

"ကမ်းပေးတဲ့ခွက်ကိုယူလိုက်ပြီးနောက်လင်းယုလဲ တစ်ခွက်လုံးမော့သောက်လိုက်သည်။ "

"အား"

"အနံလေးက မွေးနေပြီးသောက်လိုက်တဲ့အချိန်မှာ လည်ချောင်းထဲကို ပူဆင်းသွားတာပဲ အရက်ကောင်းပဲ။

"အရှင်သား "

လုံထန်လဲ ရီမောလိုက်ပြီး အဘိုးကြီးဖေး လင်းယုတိုနှင့်အတူ ရှုခင်းများကြည်ကာစကားပြောရင်းဖြင့် အရက်ကိုသောက်နေကြတော့သည်။

သူတို့ သုံးသောက်သားသောက်နေတာ တစ်ညနေကုန်ဆုံးသွားချိန်တွင်ရပ်တန့်လိုက်ပြီး။ "လုံထန့်လဲ "ကျင့်ကြံဖို့အတွက် သူခန်းထဲသို့ပြန်ဝင်သွားခဲတော့သည်။

အခန်းထဲတွင် အိပ်ယာကုတင်ထက်သို့တက်လိုက်ပြီး ကြာဖူးသဏ္ဍန်တရားထိုင် လိုက်ပြီး ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ထဲ မီးဒြပ်စင်ကျင့်စဉ်အညွှန်းတိုင်း လည့်ပတ်ကာကျင့်ကြံနေခဲသည်။

ယခုတစ်ခါကျင့်ကြံရာတွင် ပထမတစ်ခုလို ခက်ခဲခြင်းမရှိတော့ပဲ အဆင်ပြေ ချောမွေနေပြီး သူခန္ဓာကိုယ်ထဲက ချီစွမ်းအင်တေ စုပ်ယူနိုင်တဲ့ ပမာနကလဲ ပိုများလာခဲသည်။

ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ကို တစ်ပတ်လည်ပတ်လိုက်တိုင်း သူခန္ဓာကိုယ်က ပိုပိုပြီး သန်မာလာသို့ ချီစွမ်းအင်စုပ်ယူမူကလဲ နဂိုထက်အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။ သူရဲ့ ဦးခေါင်းထက်တွင်လေဝဲသဏ္ဍန်ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်အတွင်းသို့ အလုအယက်ဝင်ရောက်နေကျသည်။

" တစ်ခနအကြာတွင်"

"ခွပ်"

သူတစ်ယောက်ထဲသာကြားနိုင်သည်တိုးညင်းသောအသံလေးထွက်ပေါ်ခဲသည်။ သားရဲသခင်ဒုတိယအဆင့် အလယ်လတ်ကို တက်ရောက်သွားခဲသည်။

"ဟမ် "

"ဒီလောက်တောင် မြန်တာလား ဟ"

ငါအရင်တုန်းဆိုရင် အဆင့်သေးလေးတစ်ခုတက်ဖို့ အချိန်ပေါင်းများစွာကြာမြင့်ခဲပြီး အသက်၁၀ နှစ်ကနေစတင်ပြီး

တောလေ့ကျင့်ခဲတာ ၈ နှစ်ကြာသွားတာတောင်မှ ပထမဆင့်သားရဲအဆင့် ၁၀ အထွဍ်ထိပ်ထိပဲရောက်ခဲတာလေ ။

အခုတော့ နှစ်ရက်ပဲ ကြာမြင့်သေးပြီး သားရဲသခင်ဒုတိယအဆင့်ရဲ့၊ အလယ်လတ်ကို တောင်ရောက်ရှိသွားခဲသည်။

အရင် ၈ နှစ်လုံးသူအချိန်ဖြုန်းနေတယ်လို့ တောင်ကိုယ်ကိုခံစားမိသွားခဲသည်။

----

"ငါကျင့်ကြံရမယ် ငါလက်စားချေဖို့အတွက်ငါအင်အားကြီးမားလာမှရမယ် ။"

"အချိန်တွေ လျှင်မြင်စွာနဲ ၆ ရက်တောင်ကုန်ဆုံးသွားခဲသည်"

လုံထန်လဲ ကျန်ခဲ့တဲ့ရက်တွေ တွင် စားသောက်ချိန်မှလွဲပြီးအနားမယူပဲ ကျင့်ကြံနေခဲသည်။ နောက်ဆုံးတွင် သွေးမြို့တော်အနီးနားသို့ ရောက်ရှိချိန်တွင် ၊သူလဲသားရဲသခင်တတိယအဆင့်သို့ရောက်ရှိသွားခဲသည်။ လေ့ကျင့်တာကိုရပ်တန့်လိုက်ပြီးနောက် ကိုယ်တွင်းရှိလေပူများကို မူတ်ထုတ်လိုက်သည်။

"ဟူး"

သူလက်ဝါးကို ဖြန့်လိုက်ပြီး နောက်တွင် မီးတောက်လေးတစ်ခုက သူရဲ့လက်ဝါးထက်တွင်ပေါ်လာခဲပြီး အခန်းလေးအတွင်းတွင်အပူချိန်က ထိုးပြီးတက်သွားခဲသည်။

"မီးတောက်က အရင်ရက်များနဲ ကွဲပြားသွားပြီး ပို၍စွမ်းအားကြီးမားလာခဲသည်။"

လုံထန့်လဲစိတ်ကျေနပ် စွာခေါင်းကို ညှိတ်လိုက်ပြီး နောက်မီးတောက်ကို သူကိုတွင်းသို့ပြန်ပြီး သိမ်းဆည်းလိုက်ပြီး အခန်းအပြင်သို့ ဝင်လာခဲသည်။

"အရှင်သား"

"မနက်ဖြန်ဆိုရင် သွေးမြို့တော်ကို ရောက်ရှိပါပြီ"

"အဘိုးကြီးဖေးက လုံထန်ကိုနှတ်ဆက်ပြီးနောက်ပြောပြလိုက်သည်။ "

"ဟိုကိုရောက်ရင်သတိထားပါအရှင်သား"

သွေးနဂါးနယ်မြေက လုံခြုံမူမရှိပဲ စွမ်းအားကြီးတဲ့သူက အုပ်ချုပ်တဲ့နေရာဖြစ်ပြီး အုပ်ချုပ်သူကလဲအတည်တကျမရှိပါဘူး "အရှင်သား"။ အုပ်ချုပ်သူမရှိတော့ အင်ပါယာနှစ်ခုလုံးက ရာဇဝတ်သားတေ ထွက်ပြေးပုန်းရှောင်ဖို့အကောင်းဆုံးနယ်မြေဖြစ်လာတာပါပဲ ။

"အရှင်သား။"

"နားလည်ပါပြီ အဘိုးဖေး"

"ဒင်"

{သွေးမြို့တော်ကို နိမ်နင်းပြီးလက်အောက်ခံဖြစ်အောင်လုပ်ပါ}

ဆုလဒ်~~~?

"ဟင် "ဒါကဘာကြီးလဲ "

''လုံထန်လဲ သူအရှေကပေါ်လာသော စာကြောင်းကြီးကိုကြည်ကာ ဒါကဘာကြီးလဲဟ မစ်ရှင်ပေးတာလားဟ။"

ဆုလဒ် ~~~ ကိုသာ စိတ်ဝင်စားသည့်အတွက်ကြောင့်သာမဟုတ်ပဲ နဂိုထဲက သွေးမြို့တော်က သူအပိုင်ဖြစ်တာကြောင့်နိမ်နင်းရမှာတော့မလွဲပေ။ အခုတော့ပိုတောင်အဆင်ပြေသွားသေးသည်။" ဆုလဒ်တောင်ရအုန်းမယ်တဲ့။"

"ဟဟဟ" ကံကောင်းလိုက်တဲ့ငါပဲဟ "

"သွေးနဂါးနယ်မြေ သွေးမြို့တော် ငါလုံထန်လာပြီ "

All Chapters