← Chapters

သွေးမြို့တော်

Vol. 1 Ch. 5

သွေးမြို့တော်

Vol. 1 Ch. 5

---------

နောက်တစ်ရက်တွင် သွေးမြို့တော်ကို ရောက်ရှိတော့မှာကိုသိသည့်အတွက် ကြောင့် လုံထန်လဲ ဒီညကို မကျင့်ကြံတော့ပဲ အနားယူဖို့ စိတ်ကူးလိုက်သည်။ သူအပြင်သို့ရောက်ချိန်တွင် အဘိုးကြီး ဖေးနဲ စစ်သူကြီး လင်းယုလဲ သူတိုအခန်းတွင် အနားယူနေကြပြီ ဖြစ်သည်အတွက် ကြောင့် သူတစ်ယောက်ထဲသာ ရှိနေခဲသည်။

အနားမယူသေးသော အစေခံတချိုကို အရက်အိုးနည်းငယ်နဲ အမြည်းတစ်ချိုကို ပြင်ပေးခိုင်းလိုက်ပြီး လှေပျံရဲ့ ကုန်းပတ်ပေါ်ကို လာပို့ခိုင်းလိုက်သည်။

"ခနလောက်စောင့်နေပေးပါ အရှင်သား "

"ကောင်းပါပြီ "

အချိန်တချိုကြာပြီးနောက် အစေခံတေလဲ သေရည်အိုးတချို့နဲအတူတူ အမြည်း အနည်းငယ်ကိုစားပွဲခုံအသေးလေးတစ်နှင့်အတူ ယူဆောင်လာခဲသည်။

"သုံးဆောင်ပါ အရှင့်သား"

"ဘေးတွင်ရပ်ကာ အစေခံမလေးက လိုအပ်တာတေကို ပြင်ဆင်ပေးဖို့ အတွက်ရပ်ပြီး စောင့်နေခဲရင်းပြောလိုက်

သည်။"

"ရပါတယ် မင်းသွားအနားယူလို့ရပြီ "

"ကျေးဇူးတင်ပါတယ် အရှင်သား "လိုအပ်တာရှိရင် ကျွန်တော်မျိုးမကို ခေါ်လိုက်ပါ "အရှင့်သား "။

ကျယ်ပြန့်လှသောညရဲ့ ကောင်းကင်ကြီးတွင် လမင်းကြီးကတစ်ခြမ်းသာ ထွက်ပေါ်နေသော်လည်း ကောင်းကင်တခွင်လုံးတွင်တိမ်များကင်းစင်နေပြီး ကြယ်မျိုးစုံနဲ ပြည့်နက်နေပြီး ညကောင်းကင်က လှပသော ဆေးပန်းချီကားတစ်ချက်သဏ္ဍန်ဖြစ်နေခဲ့သည်။

ထိုညမျိုးဆို ငယ်ငယ်လေးထဲက လုံထန်သဘောအကျဆုံးတွေထဲက တစ်ခုဆိုလဲ မလွဲချေ။ သူအမေ မသေခင်ကဆိုရင်လပြည့်ည တစ်ချို့နဲ ကောင်းကင်တစ်ခွင်လုံး ကြယ်များပြည့်နက်နေသော ညများတွင် သူနှင့်အတူတူ ကြယ်များကို ကြည့် ရှုလေ့ရှိပြီး ပုံပြင်အချို့ကို ပြောပြခဲဖူးသည်။

သူအမေကြောင်းတွေးလိုက်သောအခါ သူမှတ်ဉာဏ်တေကဝိုးတို့ဝါးတားပုံရိပ်တချိုကိုသာ မှတ်မိပြီး မသဲကွဲတော့ချေ။ ဒါပေမဲ့ သူမကလှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ဆိုတာတော့ လုံထန်သေချာသိသည်။

သူမဆုံးပါးသွားခဲတာ သူရဲ့အသက် ၅ နှစ်အရွယ်ထဲကဖြစ်ပြီး တော့ သူမှတ်ဉာဏ်ထဲမှာတော့ လပြည်ညတိုင်း ကြယ်တေကြည်ပြီး ပုံပြင်ပြောပြတက်ကာ သူမှတ်ဉာဏ်တေထဲကဝါးတားတား အမျိုးသမီးက သူအမေဆိုတာကိုသာ သိတော့သည်။ ပုံသဏ္ဍန်ကို မသဲကွဲသော်လည်း အသံကတော့ သူရဲ နားထဲတွင် သံနဲရိုက်ပြီး ချိတ်ဆွဲထားသည့် အလား သူမရဲ့သံချိုချိုလေးကို ယခုထက်တိုင်မှတ်မိနေပြီး ဘယ်သောအခါမှ မေ့ပျောက်သွားမှာလဲမဟုတ်ချေ။

ထိုအကြောင်းကို တွေးမိတိုင်း မိဖုရားကြီး သူမုန်းတီးမိပြီး သူမျက်လုံးတေက အေးစက်သွားကာ သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နက်သွားခဲသည်။ မင်းတိုစောင့်နေပါ ငါလုံထန့် တစ်နေပြန်လာခဲတဲ့အခါကျရင် အတိုးကော အရင်းကော ပြန်ယူမယ်။

အတိတ်ကြောင်းများတွေးရင်းနဲ စားပွဲပေါ်က သေရည်အိုးတေ အကုန်သောက်လိုက်မိတာတောင် မသိလိုက်ချေ။ နောက်ဆုံး ခွက်ကို သောက်ပြီး နောက် လုံထန်လဲ လှေပျံရဲ ကုန်းပတ်ပေါ်တွင်သာ အိပ်ပျော်သွားခဲသည်။

"ဟူး"

"သက်ပြင်းချသံနဲ အတူ အမှောင်ရိပ်ထဲမှာ အဘိုးကြီး ဖေးကထွက်လာခဲသည်။ သူကလုံထန်ကို ကောက်မလိုက်ပြီး သူရဲ အခန်းထဲသို့ ရွေပြောင်းပေးလိုက်သည်။"

ထိုလူငယ်လေးက ငယ်ငယ်လေးထဲက သူလက်ထဲတွင်ကြီးပြင်းလာခဲသည် အတွက် သူဘာဖြစ်ချင်နေမှန်းကို "သူလည်းနားလည်သည်"။ လပြည်ညများနှင့် ကောင်းကင်တခွင် ကြယ်များ ပြည့်နက်နေသော ညများတွင် ဆို တစ်ယောက်ထဲ သေရည်အမူးသောက်လေရှိပြီး သူမူးပြီး အိပ်မပျော် ခင်မှာလဲ သတ်ဖြတ် ချင်စိတ်တေကို အမြဲထုတ်လွတ်နေကြဖြစ်သည်။

အရင်ကသူလိုက်မကြည့်ခဲတဲ့ တစ်ရက်ဆို အရိုးခိုက်အောင်ချမ်းလှသော ဆောင်းတွင်းကြီးတွင် တောင်ကုန်းတစ်ခုပေါ်တွင်သူတစ်ယောက်ထဲ သေရည်သောက်ပြီး အိပ်ပျော်နေခဲပြီး ။မနက်အရောက်တွင် လုံထန်ကို မတွေလို့ လိုက်ရှာချိန်တွင် လုံထန်ကို တောင်ကုန်း ထိပ်တွင် နှင်းတေကြားတွင်အိပ်ပျော်နေတာကို တွေလိုက်ရသည်။ ထိုချိန်မှစတင်၍ အဘိုးကြီး ဖေး သည် ယခုလို ရက်တိုင်း လုံထန်ကို အဝေးမှစောင့်ကြည့်ကာ သူမူးသွားမဲ့ အချိန်ထိစောင့်နေပြီး အမူးလွန်ပြီး အိပ်တဲ့အခါမှ သူအခန်းထဲသို့ ပြန်ပိုဆောင်ပေးလေ့ရှိသည်။

-----------

နောက်တစ်နေမနက်ခင်းတွင် လုံထန်လဲ သူရဲအခန်းတွင်းမှနိုးလာခဲသည် ။ သူလှေကုန်းပက်ပေါ်မှာ အိပ်ပျော်သွားပြီး အခန်း ထဲ ဘယ်လို ပြန်ရောက်လာခဲလဲ ဆိုတာတောင် မသိလိုက်ချေ။

"ဒေါက် "

"ဒေါက်"

တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဝင်ခဲပါ"

အဘိုးကြီး ဖေးက ဝင်လာပြီး အရှင်သား သွေးမြိုတော်ကိုရောက်ရှိပါတော့ မယ် ။ လုံထန်လဲ အစေခံများ ကို မျက်နှာသစ်ရေကို ယူလာ ခိုင်းလိုက်ပြီး မျက်နှာသစ်ပြီးနောက် အခန်းအပြင်သို့ ထွက်ကာ လှေပျံရဲ့ ကုန်းပတ်ပေါ်သို့ တက်သွားခဲသည်။

"အရှင့် သား"

စစ်သူကြီး လင်းယုက အစောကြီးထဲလှေပျံကုန်းပတ်ပေါ်ကို ကြိုရောက်နှင့်နေခဲပြီး လုံထန်ကိုမြင်ချိန်တွင် သူကနှတ်ဆက်လိုက်သည်။

လုံထန်လဲ ခေါင်ညိတ်ကာ ပြန် နှတ်ဆက်လိုက်သည်။

သူတိုအရှေသိပ်ပြီး မဝေးတော့တဲ့ နေရာတွင် ကြီးမားသောမြို့တော်ကြီး တစ်ခုရှိနေခဲသည်။ မြိုဝင်ဝ တံတိုင်းကြီးတေကလဲ ပေပေါင်းများစွာ မြင့်မားပြီး တချိုတစ်ဝတ်လောက်ကပြို့ကျပျက်စီးနေပြီး မြို့ဝင်ဝဆိုင်းပုဒ်ကြီးတွင်လဲ သွေးနီရောင်ဖြင့် သွေးမြို့တော်လိုရေးထားသောစလုံးကြီး တေရှိနေခဲသည်။

ထိုမြို့တော်က အရင်ကသွေးနဂါးအင်ပါယာ မြို့တော်ဖြစ်ပြီး ယခုအချိန်မှတော့ အုပ်ချုပ်သူမရှိပဲ စွမ်းအားကြီးတဲ့သူက နိုင်ထက်စီးနင်းလုပ်ကာ အုပ်ချုပ်နေတဲ့ ရာဇဝတ်သားတေဖြင့်သည်အတွက်ကြောင့် ကြီးမားသော မြို့တော်ကြီးက နေထိုင်သူများနည်းပါးနေပြီး လမ်းမထက်တွင် တစ်ယောက်စနှစ်ယောက်စလောက်သာ သွားနေကြသည်။ နဂိုကပျားပန်းခက်ကာ လူများပြားတဲ့ မြိုတော်ကြီးက ခုတော့ ခြောက်ကပ်ကပ်သာ ဖြစ်နေပြီး အဆောက်ဦးတစ်ချိုကလဲပြို့ကြ ပျက်စီးနေကြသည်။

မြေပြင်ထက်မှ လူသားသဏ္ဍန်ဖြင့်ကော သားရဲပုံစံတေနဲပါသွားလာနေပြီး သူတိုအပေါ်တည်တည့်သို့ လေပျံ ၁၀ စီးခန် ရောက်ရှိလာတာကြောင့် အားလုံးက မော့ကြည်လိုက်ကြသည်။

"ဘယ်သူတေလဲ"

"ဘယ်ကမျိုးနွယ်က သခင်လေး ရောက်လာပြန်ပီလဲ "

"ဟားဟားးး"

အရင်တစ်ခေါက်တုန်းက မီးနဂါးမျိုး နွယ်က မင်းသားဆိုတဲ့တစ်ယောက်ကို ခေါင်းဆောင်က ရိုက်လွတ်လိုက်တာ သေးထွက်မတက် ကြောက်လန့်သွားပြီး ပြန်ပြေးသွားတာလေ။

"ဒီတစ်ခါကော ဒီကောင်တေ ဘယ်လောက်ကြာကြာနေနိုင်မလဲ လောင်းကြမလား " ကြီးမားသော ဦးချိုတေပါသောနွားခေါင်းနဲ လူသားခန္ဓာကိုယ်နဲ တစ်ယောက်ကပြောလိုက်သည်။

"လောင်းမယ် ကွာ"ငါတော့ တစ်ရက်လောက်လို့ထင်တယ် ဘေးက ကျားခေါင်းနဲ လူသားခန္ဓာကိုယ်နဲလူကပြောလိုက်သည်။"

ငါတော့ တစ်နာရီလို့ ပဲ ထင်တယ် လူဝံနဲတူသော လူတစ်ယောက်ကလဲ ပြောလိုက်သည်။

သူတိုအားလုံးကအချင်းချင်း ကျယ်လောင်စွာရီမောပြီး ပြောဆိုနေကြသည်။

အားလုံးက ရာဇဝတ်သားများဖြစ်သည့်အတွက်ကြောင့် သူတိုပိုက်နက် ထဲသို့ဝင်လာတာ မိုက်ရူးရဲဆန်တာ ဖြစ်သည်။

အရင်ထဲကလဲ အခုလိုမျိုး အင်အားကြီးတဲ့ မျိုးနွယ်စုကြီးတေက သခင်လေးတေ လာခဲသော်လည်း နောက်ဆုံးတွင် ဒီနယ်မြေမှနေ၍ အမြီးကုပ်ကာ ပဲ ပြန်ပြေးသွားကြရသည်။

-------

ထိုအချိန် တွင်ကောင်းကင်ဆင့် သားရဲ အရှိန်ဝါက ထွက်ပေါ်လာပြီး စစ်သူကြီး လင်းယုကလှေပျံရဲ့ အပြင်လေထဲတွင် ရပ်တန့်လိုက်ပြီးနောက် အောက်ဘက်သို့ကြည့်ကာပြောလိုက်သည်။

"ဒီနေရာမှက မြေကမ္ဘာသားရဲတေရှိသော်လည်းကောင်းကင်ဆင့်သားရဲကတော့ လက်ရှိသွေးမြို့တော်ခေါင်းဆောင် ခေါင်းကိုးလုံး ရွှေခြင်္သေကြီးသာရှိသည်။ အားလုံးကကြောက်လန့်သွားပြီး အပေါ်သို့မော့မကြည့်ရဲတော့ပဲ ခေါင်းကိုငုံက ထိုလူပြောလာမဲ့စကားကို အာရုံစိုက်ပြီး အားလုံးကနားထောင်နေကြသည်။"

အားလုံးဒီနေ့ကစတင်ပြီး ဒီသွေးမြို့တော် အရှင်သားလုံထန်ကလက်လွဲယူလိုက်ပြီ ။ တစ်မြို့လုံးကိုကြားနိုင်အောင်သူရဲ့ အသံထဲ တွင် စွမ်းအား အနည်းငယ်ကို ထဲ့သွင်းပြီးပြောလိုက်ခြင်းဖြစ်သည်။

ထိုအရှိန်မှာပင် မြို့အလည့်မှာရှိသော ကြီးမားသောနန်းဆောင်ကြီးမှ နေ၍ ကောင်းကင်ဆင့်သားရဲ့ အရှိန်ဝါတစ်ခုထွက်ပေါ်လာခဲသည်။ ကြီးမားသော ရွှေခြင်္သေ့တစ်ကောင်ကကောင်းကင်ထက် ပေါ်လာခဲသည်။သူရဲ့ကျယ်လောင်လှသောအသံကြီးဖြင့် အော်လိုက်သည် ။ ဘယ်ကောင်ကဒီအရှင်ပိုင်တဲ့ နယ်မြေကို လိုချင်တာလဲ သေချင်နေတာလား။

"အသက်ရှင်ရတာပျင်းနေတာလား "

All Chapters