← Chapters

ခေါင်းကိုးလုံးရွှေခြင်္သေ့ဟွိုက်ကျန်း Vs မိုးပြာနဂါးလင်းယု

Vol. 1 Ch. 6

ခေါင်းကိုးလုံးရွှေခြင်္သေ့ဟွိုက်ကျန်း Vs မိုးပြာနဂါးလင်းယု

Vol. 1 Ch. 6

------

ကောင်းကင်ထက်တွင် တစ်ကိုယ်လုံးကရွှေရောင်တောက်ပနေသော ခေါင်းကိုးလုံးနဲ ရွှေခြင်္သေ့ကြီးတစ်ကောင်ပေါ်လာခဲ့ပြီး လင်းယုရဲ ဖိနိပ်ထားခဲ့သော ကောင်းကင်ဆင့်သားရဲအရှိန်ဝါတေကို ပယ်ဖျက်ပြစ်လိုက်သည်။

ထိုအခါမှသာအောက်ဘက်မှ မြေကမ္ဘာသားရဲများနှင့်သူအောက်ဆင့်သားရဲတေလဲ အသက်ရှုသွားနိုင်ခဲ့သည်။

"မင်းသေချင်နေတာလား "

"ဒီနယ်မြေကို ဒီအရှင် ဟွိုက်ကျန်း ပိုင်နက်ဆိုတာမသိဘူးလား" သူက လင်းယုကိုကြည့်ကာ လူသားသဏ္ဍန်ပုံစံပြောင်းကာ ပြောလိုက်သည်။

လင်းယုလဲ သူအရှေမှ ရွှေခြင်္သေ့ကိုကြည့်ကာ သတိအနေထားဖြစ်သွားခဲ့သည်။ ထိုကောင်ကသူထက်အားမနဲချေ။

{လင်းယုက သတိထားနေသည်က ကြောက်နေ၍မဟုတ်ချေ}

"ဒီနေဒီနယ်မြေက အရှင့်သား ပိုင်ကြောင်းကျေညာနေတာမင်းဘာကောင်လဲ စောက်ဂရုမစိုက်ဘူး "

"မင်း "

ရွှေခြင်္သေ့လဲ ဒေါသကငယ်ထိပ်ရောက်သွားခဲသည်။ သူကိုဒီလိုပြောခဲဖူးတာ သူဘဝသက်တမ်းမှ သူအရှေက ဒီငနဲတစ်ကောင်သာဖြစ်သည်။

ဟွိုက်ကျန်းက ဒေါသတကြီးဖြင့် " မင်းဘာကောင်ဖြစ်ဖြင့်မင်းသေရမယ် " ဒီအရှင်ကို ဒေါသထွက်အောင်လုပ်နေတာဆိုရင်တော့ မင်းအောင်မြင်သွားပြီ ဒီနေအတွက်ညစာကို မင်းကိုစားပြစ်မယ်။

"ခွေးမသား "

"ဝေါင်း "

"ဝေါင်း "

"ဝေါင်း"

သုံးကြိမ်တိုင်တိုင် ဟိန်းဟောက်လိုက်ပြီးနောက်ကြီးမားသော ခေါင်းကိုလုံးရွှေခြင်္သေ့ကြီး အသွင်ပြောင်းသွားခဲ့သည်။ သူပုံသဏ္ဍန်က တောင်ကုန်းငယ်လေးတစ်ခုအလားကြီးမားလှသည်။

"သေစမ်း"

{တောဧကရာဇ်ရဲ့ ဟိန်းသံ တောင်သုံးလုံးရဲ့ပဲတင်သံ}

"ဝေါင်း"

ကျယ်လောင်ဟိန်းသံကြောင့် မြေကမ္ဘာသားရဲတေတောင်မှနားတေထဲက သွေးတေစီးကျလာပြီး သားရဲသခင်ဆင့်တေဆိုရင် ထိုနေရာတွင်ပင် ပေါက်ကွဲသွားခဲရပြီး ထိုနေရာတစ်ဝိူက်က အဆောက်ဦးတေလဲ ပြိုကျပျက်စီးသွားခဲ့သည်။

အဘိုးကြီး ဖေးရဲ့ ဘုရင့်ဆင့် စွမ်းအား အကာကွယ်ကြောင့်သာမဟုတ်ပါက လှေပျံက စစ်သည်တေနဲ လုံထန်လဲ သေဆုံးသွားရမှာမလွဲချေ။

"ဘာတေ အော်နေတာလဲ ခြင်္သေ့လေး "

"ဝေါင်း "

လင်းယုရဲ့ ခန္ဓာကိုယ်က နေပြီးတော့ ကြီးမားသော မိုး အပြာရောင်နဂါးကြီး သဏ္ဍန်ပြောင်းလဲသွားခဲ့ကာမီတာ လေးဆယ်လောက်ရှည်လျားလာခဲ့ပြီး ကောင်းကင်က မဲမှောင်လာခဲ့ကာ လျှပ်စီးတေနဲ့ မိုးကြိုးတေ ကျဆင်းလာခဲ့သည်။

{မိုးပြာရောင် နဂါးလက်သည်းကုပ်ချက် }

လျှပ်စီးတေနဲ တဖျက်ဖျက်လက်နေသော လက်သည်းကြီးနနဲ ရွှေခြင်္သေ့ရဲ့ ဟိန်းလိုက်တဲ့ အသံလိုင်းတို့ ထိပ်တိုက် တွေဆုံသွားခဲ့သည်။

"ဝုန်း "

အဖျက်စွမ်းအားတေကနေရာအနှံသို့ပြန့်နှံ ပျက်စီးသွားခဲသည်။သူနှစ်ယောက်စလုံးက ကောင်းကင်ထက်၌ တိုက်ခိုက်၍သာတော့သေးသည် မြေပြင်၌ သာတိုက်ခိုက်ပါက သွေးမြို့တော်ကြီး တစ်ခုလုံးတောင် ပျက်စီးသွားစေနိုင်သည်။

သူတိုနှစ်ဦးစလုံးက လက်ရည်က ညီနေပြီး လုံထန်လဲ လိုက်ကြည်နေရင်း အရိပ်တေသာမြင်နေခဲ့ရသည်။

သူဘေးတွင်ရပ်နေသော အဘိုးကြီး ဖေးကိုကြည်ကာ" အဘိုး ဖေး ဘယ်သူနိုင်မယ် ထင်လဲ "။

အဘိုးကြီး ဖေးက စဉ်းစားပြီးနောက် ပြောလိုတော့မရသေးဘူး "အရှင့်သား" လောဆယ်မှာသူတိုနှစ်ယောက်စလုံးက လက်ရည်က ညီမျှနေပြီး သူတိုနှစ်ယောက်စလုံးက ကောင်းကင်ဆင့် သားရဲ အဆင့် ခုနှစ် တေပဲဆိုတော့ ဒီတိုက်ပွဲကခန်မှန်းရခက်တယ်။

ရွှေခြင်္သေ့မျိုးနွယ်က လဲ တိုက်ခိုက်ရေးစွမ်းအားကြီးမူကကျွန်တော်မျိုးတို နဂါးမျိုးနွယ်အောက်မကျပါဘူး ။

"အရှင့်သား" ။

ဒါပေမဲ့ လင်းယုမှာလဲ မသုံးရသေးတဲ့ ဝှက်ဖဲတေရှိနေသေးတော့ သူမရှံးနိုင်ပါဘူး။

လုံထန်လဲခေါင်းညွတ်ကာ ထိုရွှေခြင်္သေ့ကိုသာ သူလက်အောက်ကို သွင်းလိုက်ရင် သူရဲစွမ်းအားက ပိုပြီးကြီးမားလာကာ လက်စားခြေဖို့ အတွက် တစ်ဖက်တစ်လမ်းက အထောက်ကူပြုနိုင်သည်။

အဘိုးဖေး သူသာ ကျွန်တော်လက်အောက်မှ ခိုလုံမယ်ဆိုရင်သူကို မသတ်ပဲထားလိုက်ပါ ။ အလိုမှမဟုတ်ရင်တော့တစ်ခါထဲ ရှင်းပြစ်လိုက်တာ ကောင်းမယ်။

"နားလည်ပါပြီ အရှင်သား"

ကောင်းကင်ထက်တွင်တော့ အဘိုးကြီးဖေး ပြောသည်အတိုင်း နှစ်ယောက်စလုံးက အပြင်းထန် တိုက်ခိုက်နေသော်လည်း လက်ရည်က ညီမျှနေစဲသာဖြစ်သည်။

အဘိုးကြီးဖေးလဲ ကောင်းကင်ပေါ်သို့ကြည့်ကာ သူရဲခေါင်းကို ရမ်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲကာ။ လင်းယုနဲ ဟွိုက်ကျန်းတိုက်ခိုက်နေသော ဘေးသို့ရောက်ရှိသွားသည်။

"တော်လောက်ပြီ "

ဘုရင့်ဆင့် သားရဲ အရှိန်ဝါက ကောင်းကင်တစ်ခွင်ပြန့်နှံသွားပြီး အပြင်းထန်တိုက်ခိုက်နေသော လင်းယုနဲ ဟွိုက်ကျန်းလဲ တိုက်ခိုက်နေတာကို ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် လင်းယုရဲ့ အကြေးခွံတေကလဲ ကျိုးပဲ့ကာသွေးတေ စီးကျနေသည်။ ဟွိုက်ကျန်းရဲ ခန္ဓာကိုယ်ကြီးကလဲ အခြေနေမကောင်းပေ ခေါင်းကိုးလုံး၌ ကျန်ခေါင်းရှစ်လုံးမှာ စုတ်ပျက်သက်နေပြီး သွေးတေစီးကြနေခဲသည်။

"အထိန်းတော်ကြီး" လင်းယုလဲ လူသားသဏ္ဍန်ပြောင်းက အဘိုးကြီးဖေးကို နှတ်ဆက်လိုက်သည်။

"အင်း" အဘိုးကြီး ဖေးလဲ ခေါင်းပြန်ပြီး ညိတ်ပြလိုက်သည်။

"ဘေးတွင် ရပ်တန့်နေသော ဟွိုက်ကျန်းက အဘိုးကြီးဖေးကို ကြည့်၍ ကြောက်လန့်နေခဲသည်။ အခုလိုစွမ်းအားကြီးသူတစ်ယောက် သူတိုအနီးနားမှာရှိနေခဲတာတောင် သူသတိမထားခဲမိချေ။" ဘုရင်ဆင့် သားရဲ စွမ်းအားသူတေက မျိုးနွယ်စုတေမှာတောင် အဆင့်တန်းမြင့်မားလှသည်။ ယခုလိုနယ်စပ်လို မျိုးနေရာေလးကို ရောက်လာလေ့မယ်လို့ မထင်ထားခဲ့ချေ။

"သူအတွေးမဆုံးခင်မှာပင် အဘိုးကြီး ဖေးကစကားပြောလိုက်သည်။"

"အဘိုးကြီး ဖေးက ဟွိုက်ကျန်းကိုကြည့်ကာ " အရှင်သားကမင်းကို သူနဲ စကားပြောစေချင်တယ် ။ လိုက်ခဲ့ပါ။

ဟွိုက်ကျန်း လည်းငြင်းဆန်ဖို့ ပြင်လိုက်သော်လည်း လေထဲတွင် ယက်ကန် ယက်ကန်နဲပဲ သူက စကားမပြောနိုင်ခဲ့ပဲ အဘိုးကြီးဖေးခေါ်ဆောင်ရာသို့ပါသွားခဲသည်။

သူရဲ့စိတ်ထဲတွင်တော့ ဒါကစကားပြောဖို့ ဖိတ်ခေါ်တာလားပြန်ပေးဆွဲတာလားကွ။ ထုတ်တော့မပြောရဲ ချေ။ သူအရှေမှာ ရှိနေတာ ဘုရင့်ဆင့်သားရဲတစ်ကောင်ဖြစ်သည်။ သားရဲတေက စွမ်းအားကြီးသူကိုသာ လေးစားဦးညွတ်ကျတာလည်းဖြစ်သည်။

All Chapters