← Chapters

ဟွိုက်ကျန်းနှင့်စကားပြောခြင်း

Vol. 1 Ch. 7

ဟွိုက်ကျန်းနှင့်စကားပြောခြင်း

Vol. 1 Ch. 7

---------

အဘိုးကြီးဖေးဆွဲခေါ်သွားမူနှင့်အတူ ဟွိုက်ကျန်းလည်း လုံထန် ရှိနေသော လှေပျံရဲ့ ကုန်းပတ်သို့ရောက်ရှိသွားခဲ့သည်။

"အရှင့်သား "

ဒီအဘိုးကြီးက ရွှေခြင်္သေ့ကို ခေါ်ဆောင်လာခဲပါတယ်။ ဟွိုက်ကျန်းကို လုံထန့်အရှေသို့ လွတ်ချလိုက်ရင်းနဲ အဘိုးကြီးဖေးက လုံထန့်ကိုပြောလိုက်သည်။

"ကျေးဇူးပါအဘိုးဖေး "

"ဒီအဘိုကြီးလုပ်ရမှာတေပါ"

ဟွိုက်ကျန်းလဲ ဘုရင့်ဆင့်သားရဲဖြစ်သော အဘိုးကြီးဖေးဆိုသူတောင် ရိုသေလေးစားနေသော သူအရှေတွင်ရပ်နေခဲသော ကောင်လေးကိုကြည်လိုက်သည်။

"မင်းဘာလိုချင်လိုလဲ " ဟွိုက်ကျန်းကလုံထန့်အားကြည့်ကာမေးလိုက်သည်။

"ငါမင်းကိုအခွင့်ရေးတစ်ခုလောက်ပေးချင်လို့ပါ" ယူမယူတော့ မင်းအပေါ်မူတည်တယ်။ လုံထန့်က ပြန်ပြောလိုက်သည်။

"ဘာအခွင့်ရေးလဲ ရှင်းရှင်းပြော " ကွေ့ပတ်မနေနဲ။

လုံထန့်ခေါင်းညှိတ်ကာ ရှင်းပါတယ် မင်းကို ငါရဲ့လက်အောက်မှာ အလုပ်လုပ်စေချင်တယ်။ နောက်ပီးတော့ မင်းဖြစ်ချင်တာတေ ကိုလဲ ငါဖြည့်စည်းပေးမယ်။ နောက်ပြီးတော့ မင်းတို ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်ကမင်းတို့ နယ်မြေကနေ ထွက်ပြေးလာခဲ့ပြီး အခုထိ အခြေချနေထိုင်ဖို့ နယ်မြေတစ်ခု မတွေ့ရသေးဘူးမလား။

ငါစီမှာအလုပ်လုပ်ပါ မင်းတိုမျိုးနွယ်တေအတွက် နယ်ထိုင်ဖို့ နယ်မြေနဲ့ ငါမင်းကို စစ်သူကြီးရာထူးပေးမယ်။ လုံထန့်လဲ ဟွိုက်ကျန်း ပြန်ပြောတာကို မစောင့်ပဲ သူပြောချင်တာကိုပြောလိုက်သည်။

{အရင်နှစ်တေတုန်းက ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်နဲ ရွှေဂဠုန် မျိုးနွယ်စုနဲ စစ်ပွဲဖြစ်ခဲ့ပြီးနောက်ဆုံးတွင် ခေါင်းကိုးလုံး ရွှေခြင်္သေမျိုးနွယ်စုက စစ်ရူံးခဲ့တယ်ဆိုတဲ့သတင်းကိုသူလည်းကြားခဲရသည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ ရွှေခြင်္သေ့တေနဲ တိုးရလေ့မယ်လို့ "လုံထန့်လဲ မတွေးခဲ့မိချေ။"}

"မင်းဘယ်လိုထင်လဲ ဟွိုက်ကျန်းကိုကြည့်ကာမေးလိုက်သည်။"

ဟွိုက်ကျန်းလဲ ခနလောက်စဉ်းစားနေခဲ့သည် ။သူတို့မျိုးနွယ်တေ နေရာပြောင်းလာခဲတေ လေး၊ငါးခုထက်မနဲတော့ချေ။ နေရာတစ်ခုမှ အခြေချလိုက်တိုင်း ရွှေဂဠုန်တေကသတင်းရတာနဲ ချက်ချင်းလာရောက်တိုက်ခိုက်ခဲ့သည်။

ဒီနှစ်တေမှာဆိုရင် သူတိုတေ ပြေးလွားရင်းနှင့်သာသူနေ့ရက်တေကို ဖြတ်ကျော်ခဲ့ရသည်။ ထိုနေရက်တေမှာ သူတို ရွှေခြင်္သေ့မျိုးနွယ်လဲ တစ်ဆထက်တစ်ဆက် အရေတွက်ကလျော့နည်းလာခဲ့သည်။ အခုဆိုရင် အားလုံးပေါင်းမှ ၁၀၀၀ ကျော်လောက်သာကျန်ရစ်တော့သည်။ ဒါကြောင့်မိူ့လို့ ရွှေခြင်္သေ့မျိုးနွယ်တေက ရွှေဂဠုန်မျိုးနွယ်ကို ပုန်းရှောင်ရင်းနဲ နဂါးတေ ရှိတဲ့ နယ်မြေတေထဲကိုရောက်

အောင်လာခဲ့ပြီး တစ်ခြားမျိုးနွယ်တေ သတိမထားမိအောင်။ သွေးနဂါးနယ်မြေလို့ စွန်ပစ်နယ်မြေထဲမှာ လာရောက်ပုန်းရှောင်နေတာပဲဖြစ်သည်။

ယခုလို နေရာတစ်ခုကို အတည်ကျနဲ သူကိုလက်စားချေဖို့အတွက်အခွင့်ရေးပေးနေတာကို "သူလည်းလက်ခံဖို့ဆုံးဖြတ်လိုက်သည်။"

"ကောင်းပြီ မင်းပြောတာငါလက်ခံတယ် "

တစ်ခုတော့ရှိတယ် ငါတိုမျိုးနွယ်အတွက်နေရာတစ်ခုအပိုင်စားပေးရမယ် ။

"ဘယ်လိုလဲ "

"သဘောတူတယ် " လုံထန့်လဲ ချက်ချင်းသဘောတူလိုက်သည်။

ဒီသွေးနဂါးနယ်မြေက ကျယ်ပြန့်လွန်းပြီး သူစစ်သည်တေနဲတောင် အကုန်လိုက်သိမ်းဖို့ ဆိုတာမဖြစ်နိုင်ချေ။ ကျယ်ပြန့်တဲ့နယ်မြေထဲက နေရာလေး အသေးလေးဖဲ့ပေးလိုက်ရတာသူအတွက် အပန်းမကြီးပေ။

လောလောဆယ်တော့ မင်းတို ရွှေခြင်္သေ့မျိုးနွယ်က ဒီသွေးမြို့တော်မှာနေနိုင်တယ်။ မင်းတိုမျိုးနွယ်ကစစ်သည်တေကိုမင်းကိုတိုင် ဦးဆောင်ပြီး ငါရဲ့အမိန့်တစ်ခုပဲလိုက်နာပါ။

"ကောင်းပြီ"

"ဟွိုက်ကျန်းက လုံထန့်ကိုကြည့်ကာ" မင်းကငါကိုတစ်ခြားသူတေလိုမျိုး ရိုသေလေးစားတာကို လိုချင်ရင် မင်းကိုယ်တိုင်ငါကိုနိုင်အောင်တိုက်ခိုက်ပါ။ ငါကမင်းရဲ့ အမိန့်ကို နာခံတာက ငါတိုမျိုးနွယ်ရှေးရေးအတွက်ပဲ ။ ဟွိုက်ကျန်းလဲပြောပြီး ထရပ်လိုက်ကာ ငါရဲ့ မျိုးနွယ်စုက စစ်သည်တေကို ခေါ်လိုက်မယ်။

"ကောင်းပြီခေါ်လိုက်ပါ " သိပ်မကြာခင်မှပဲ ငါမင်းကိုအနိုင်ယူပြမယ် ဟွိုက်ကျန်း " စောင့်မျော်နေပါတယ်။

"အရှင့်သား"

"အရှင့်သားလို့ခေါ်စရာမလိုပါဘူး " ငါကိုမြို့တော်ဝန် လို့ခေါ်ရတယ်။

"ကောင်းပါပြီ မြို့တော်ဝန်"

ဟွိုက်ကျန်းလဲ လှေပျံပေါ်မှ အောက်သို့ပျံသန်းပြီးဆင်းသွားခဲသည်။

"ဂုဏ်ယူပါတယ် အရှင့်သား" ခေါင်းကိုးလုံးရွှေခြင်္သေ့မျိူးနွယ်ကို လက်အောက်ခံဖြစ်ရလို့။ အဘိုးကြီးဖေးကဘေးကနေ လုံထန်ကို ပြောလိုက်သည်။

"မဟုတ်တာ " အဘိုးဖေး ကြောင့်သာ ဒီကောင်တေ ကျွန်တော် အမိန့်ကို နာခံတာပါ။

ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ်က တော်တော် ကျဆင်းသွားတာပဲ အဘိုးကြီးဖေးက လုံထန့်ကို ကြည့်ကာပြောလိုက်သည်။ ရွှေဂဠုန် မျိုးနွယ်နဲ စစ်ပွဲမှာ သူတို တော်တော်ဆုံးရူံးသွားရတယ်ထင်တယ်။ အခုဆိုရင် နေရာအတည်ကျတောင်မရှိပဲ လျှောက်ပြေးနေရပြီး မျိုးနွယ်စုထဲမှာ အမြင့်ဆုံးဆိုလို့ ကောင်းကင်ဆင့် သားရဲ့ တေပဲ ရှိတော့တာထင်တယ်။ နဂိုတုန်းကဆိုရင် ရွှေခြင်္သေ့တေ လဲသားရဲဧကရာဇ်မျိုးနွယ်စုတေပဲ အဘိုးကြီး ဖေးကသူသိထားတာကိုလုံထန့်ကိုရှင်းပြလိုက်သည်။

"အရှင့်သား "ခေါင်းကိုးလုံးရွှေခြင်္သေ့တေကိုလက်အောက်ခံဖြင့် လက်ခံခဲ့တော့ သတိတော့ ထားမှရမယ်။ ရွှေဂဠုန်တေက နဂါးတေ နဲ ရန်ဘက်တေဆိုတော့ နဂါးတေရှိနေတဲ့ ပိုက်နက်ထဲကို အရဲစွန့်ပြီးတော့ ပေါ်တင်ဝင်မလာပေမဲ့ သူတိုကို ပြန်လက်စားချေမဲ့ အခုလို စူးမျိုးကို ကျုပင်ခုတ်ကျုငုတ်မကျန်ဆိုသလို့ အမြစ်ပြက်သုတ်သင်ဖို့အတွက် ခိုးကြောင်ခိုးဝှက်ဝင်လာမှပဲ။

"ကျွန်တော် ဂရုစိုက်မှာပါ အဘိုး ဖေး"

သူတိုနှစ်ယောက်စကားပြောနေတုန်း အောက်ဘက်တွင် ဟွိုက်ကျန်း ပြန်ရောက်လာခဲသည်။ သူရဲ့အနောက်ဘက်တွင်လည်း ခေါင်းကိုးလုံးရွှေခြင်္သေ့မျိုးနွယ် တေအားလုံးလိုက်ပါလာကြသည်။ အတိကျဆိုရင်အားလုံးပေါင်း ၁၀၅၀ လောက်ရှိပြီး အားလုံးက ငယ်ရွယ်တဲ့ သူတေနဲ တိုက်ခိုက်ဖို့အတွက် အရွယ်ရောက်နေတဲ့ သူတေသာဖြစ်သည်။

သူလည်းတွေးကြည့်လိုက်တော့ " ခေါင်းကိုးလုံးရွှေခြင်္သေ့မျုးနွယ်ရဲ့ " အသက်ကြီးတဲ့ သူတေက သူတိုမျိုးနွယ်စုရဲ့ငယ်ရွယ်တဲ့သူတေ လွတ်မြောက်ဖို့အတွက် သူတို ကိုယ်တိုင်စတေးပြီး အချိန်ဆွဲပေးထားခဲ့ပုံပေါ်သည်။ဒါကြောင့်မိူ့သာနောက်ဆုံးတွင် ရွှေခြင်္သေ့တေ က ယောင်္ကျား၊ မိန်းမကောက ငယ်ရွယ်တဲ့သူတေသာကျန်ပြီး အသက်ကြီးတဲ့ သူတေမကျန်တော့တာဖြစ်မည်။

"ဆင်းကြည့်ရအောင် အဘိုးဖေး "

"စစ်သူကြီး မလိုက်ခဲ့နဲတော့ အနားယူလိုက်ပါ" လင်းယုကိုကြည့်ကာ ပြောလိုက်သည်။

"အရှင့်သား "

ကျွန်တော်မျိုးက အဲဒီ ကောင်နဲနောက်ထပ် အကြိမ် ၃၀၀ လောက်ထပ်ပြီးတိုက်လိုက်ရင်တောင် ဘာမှ မဖြစ်သေးပါဘူး။

"အောက်ကိုလိုက်ခဲ့ပါမယ်"

အောက်ဘက်မှာ သူနဲတိုက်ခိုက်တဲ့ ကောင်ကတောင် လျှောက်သွားနေပြီး သူကအခန်းထဲမှာအနားယူနေရင် "ထိုရွှေခြင်္သေ့ငနဲက" သူကို ငကြောက်လို့ ထင်သွားမှာပေါ့ ဒါမျိုးကတော့ ဒီ လင်းယု လုံးဝအဖြစ်မခံဘူးလို့ စိတ်ထဲတွေးလိုက်သည်။

"ကဲ့ပါ အဆင်ပြေတယ်ဆို လိုက်ခဲ့ပါ"

"ကျေးဇူးတင်ပါတယ် အရှင့်သား"

နောက်ဆုံးတွင် အဘိုးကြီးဖေး လင်းယုနှင့် သူတိုသုံးယောက်သား အောက်ကိုဆင်းလာခဲ့ပြီး ဟွိုက်ကျန်းအရှေသို့သွားလိုက်သည်။

" မြို့တော်ဝန် " ဟွိုက်ကျန်းက နှတ်ဆက်လိုက်ပြီး သူနောက် ရွှေခြင်္သေ့တေကလဲ နှတ်ဆက်လိုက်ကြသည်။ ပုံစံကိုကြည့်ရတာ ဟွိုက်ကျန်းက အားလုံးပြောပြထားတဲ့ပုံဖြစ်သည်။

All Chapters