ပထမဆုံးမစ်ရှင်အောင်မြင်ခြင်း
Vol. 1 Ch. 8
---------
လုံထန်လဲ ဟွိုက်ကျန်းနောက်မှ လူများကိုကြည့်လိုက်ချိန်တွင် ဟွိုက်ကျန်းအရှိန်ဝါလောက်ရှိနေသည့် နောက်ထပ်နှစ်ယောက်ကို တွေလိုက်ရသည်။ ထိုနှစ်ယောက်က အနဲဆုံးဟွိုက်ကျန်းလောက် မသန်မာရင်တောင်မှ ကောင်းကင်သားရဲအဆင့်တွင် ရှိလောက်မည်ဟုကောက်ချက်လိုက်သည်။
သူက အခုမှ သားရဲသခင်ဆင့်မှာပဲ ရှိသေးလို့ သေချာမခွဲခြားနိုင်သေးသော်လဲ သူတိုအရှိန်ဝါတေက ဟွိုက်ကျန်းထက်အနဲငယ်သာ လျော့ကျသည်။
လုံထန်လဲ အားလုံးကို သူတိုနှတ်ဆက်တာကိုအသိမှတ်ပြုလိုက်သည်။
"ထိုအချိန်တွင် "
"ဒင်"
"ပထမဆုံးမစ်ရှင်ကို အောင်မြင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
"မစ်ရှင် ဆုလဒ်" ကြယ်နှစ်ပွင့် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးကိုရရှိပါတယ်။
"ထုတ်ယူလို့ပါသလား"
လုံထန်လဲ သူအရှေ မှာပေါ်လာသော စာကြောင်းကိုကြည့်နေမိသည်။
"ခန္ဓာကိုယ်သန့်စင်ဆေးဆိုတာ တစ်ခါမှာသူမကြားဖူးချေ။"
{"စနစ်"}
"ခန္ဓာကိုယ်သန့်စင်ဆေးကဘာလဲ "
"ဒင်"
"ပြန်ဖြေပါတယ် ပိုင်ရှင်"
ခန္ဓာကိုယ်သန့်စင်ဆေးက လူသားကျင့်ကြံသူတေအသုံးပြုတဲ့ မှော်ဆေးလုံးပါ။ ထိုဆေးလုံးကို အသုံးပြုပြီး ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အညစ်ကြေးတေကို သန့်စင်နိုင်ပါတယ်။
"ပိုင်ရှင်"
"အော်" လက်စသက်တော့ ဒီလိုကို"
သားရဲတေက ဆေးဝါးတေအသုံးပြုခြင်းမရှိပဲ ပုံမှန်တိုင်းသာပဲကျင့်ကြံ တာပဲဖြစ်သည်။ ထိုကြောင့် မှော်ဆေးလုံးဆိုတာလဲ သိခဲ့ခြင်းမရှိချေ။
လူသားကျင့်ကြံသူတေ အသုံးပြုတဲ့ အရာကို လုံထန့်လဲ စိတ်ဝင်စားသွားခဲ့ပြီး တစ်နေတွင် သူလဲလူသားတေ နေထိုင်တဲ့အနောက်ပိုင်း တိုက်ကြီးကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"အရှင့် သား " ဘာတေများစဉ်းစားနေတာပါလဲ "
အဘိုးကြီးဖေးက ငေးမောနေသော လုံထန့်ကို မေးလိုက်သည်။ ထိုအခါမှ လုံထန့်အပြင်မှာ ရှိသေးတာကိုသတိရမိသွားခဲသည်။
သူအရှေက ဟွိုက်ကျန်းတိုကို ကြည့်ကာ လောဆယ်တော့ ဒီမြို့တော်မှာပဲ နေပါ။ နောက်ထပ်က ဒီမြို့တော်ရဲ့ ပျက်စီးနေတဲ့ မြို့တံတိုင်းတေ နဲ အဆောက်ဦးတေကို ပြန်လည်ပြင်ဆင်ရမယ်။ စစ်သူကြီး လင်းယုနဲ ပူးပေါင်းပြီးလုပ်ဆောင်ပါ ဟွိုက်ကျန်းကိုကြည့်ကာပြောလိုက်သည်။
အခုချိန်က စပြီးတော့ မြို့ဝင်ကြေးလဲကောက်ခံရမယ်။
လူတစ်ယောက်ကို အလယ်လတ် ချီစွမ်းအင်ကျောက်တစ်တုံးကြမယ်။ မြို့ဝင်ကြေး မပေးတဲ့သူတေ မြို့ထဲကို ဝင်ခွင့်မပြုပဲ လိမ်ညာပြီး ဝင်တဲ့သူတေကို နေရာတွင် ကွက်မျက်နိုင်တယ်။မြို့တော်အတွင်းမှာ သတ်ဖြတ်ခွင့် မပြုဆိုတဲ့အမိန့်ကို ထုတ်ပြန့်လိုက်ပါ။ လုံထန့်လဲ ဒီနေသို့ အများဆုံးလာရောက်ကြတာရာဇဝတ်သားတေ များတာဖြစ်သောကြောင့် ဒီလို့ တင်းကြပ်တဲ့ အမိန်တေနဲ လုပ်ဆောင်မှသာ အဆင်ပြေမှာကို တွေးမိသောကြောင့်ဖြစ်သည်။
{မှတ်ချက်။ ။ ချီစွမ်းအင်ကျောက်တုံးက ကျင့်ကြံခြင်းအတွက်လဲ အတွင်းမှာပါဝင်တဲ့ ချီစွမ်းအင်ကို စုပ်ယူလို့ရသလို့ ငွေကြေးအနေနဲလဲ အသုံးပြုပါတယ်။ အဆင်နိမ့်၊အလယ်လတ်၊ အဆင့်မြင့်၊ အထွဍ်ထိိပ် ဆိုပြီးတော့ခွဲခြားထားသည်။}
"နားလည်ပါပြီ မြို့တော်ဝန် "
လုံထန့်အမိန်ရတာနဲ နဂါးစစ်သည် တစ်သောင်းနှင့် ရွှေခြင်္သေ့ စစ်သည်တေက မြို့တော်ရဲ့ ပျက်စီးနေသောအပိုင်းတေကိုပြင်ဆင် ဖို့ ထွက်ခွာသွားကြတော့သည်။ "တစ်နေမှာသွေးမြို့တော်အမည်ကို ကြားတာ နဲလူတိုင်းထိတ်လန့်သွားစေမည့်ဒဏ္ဍရီက ယနေမှာ စတင်ခဲ့တာမည်သူမှမသိသေးချေ။"
အဘိုးထန့် ကျွန်တော်လေ့ကျင့်မလို့အချိန် ခနလောက် စောင့်ကြည့်ပေးလို့ရမလား ။ အားလုံးထွက်သွားပြီးနောက် ခန္ဓာကိုယ် သန့်စင်ဆေး ဆိုတာကို စမ်းကြည့်ဖို့ သူ မစောင့်နိုင်တော့ချေ။ ထိုကြောင့် အဘိုးကြီး ဖေးကို မေးလိုက်ခြင်းဖြစ်သည်။
"ရပါတယ်အရှင့်သား "
အေးအေးဆေးဆေး ကျင့်ကြံပါ ဒီအဘိုးကြီး ကာကွယ်ပေးထားပေါ့မယ်။
"ကျေးဇူးပါအဘိုးဖေး "
လုံထန့်လဲ နဂိုကဟွိုက်ကျန်းထွက်ပေါ် လာခဲ့သော အဆောက်ဦးကြီးစီသို့ ဦးတည်ပြီး သွားလိုက်သည်။ ထိုကဆောက် ဦးသို့ရောက်သည်နှင့် အခန်းထဲသို့ဝင်ရောက်ကာ ကြာဖူးသဏ္ဍန် တရားထိုင်လိုက်ပြီးနောက် "စနစ်"ထံမှ ရရှိထားသော ခန္ဓာကိုယ်သန့်စင်ဆေးကို ထုတ်ယူလိုက်သည်။
မျက်နှာအရှေတွင် အရောင်ကအညိုရောင်သန်းသန်းနဲ ဆေးလုံးလေးတစ်လုံးပေါ်လာခဲသည်။ မွေးရနံကလဲ သင်းပျံနေပြီး အနဲငယ်လောက် အနံကို ရှုကြည်လိုက်ရုံနဲတင်ခန္ဓာကိုယ်က ပေါ့ပါးသွားသလို့ ခံစားလိုက်ရသည်။
လုံထန့်လဲ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ချိန်တွင် သူရဲ့လျှာပေါ်တွင် အရည်ပျော်ပြီး သွားခဲ့သည်။ ထိုနောက် သူရဲ့ ခန္ဓာကိုယ်အနှံပြားကို ပျံနှံသွားပြီး ခန္ဓာကိုယ်ကို ဆီနဲကြော်နေသလို ဖြစ်လာခဲ့သည်။ အရင်တစ်ခါ ဒြပ်စင်နဂါးရဲ့ သွေးအစီနှစ်လောက် မဆိုးဝါးသော်လည်း ၊နာကျင်မူတော့ရှိဆဲသာဖြစ်သည်။
လုံထန့်လဲ နာကျင်တာကို သည်းခံကာ ဆေးလုံးထဲကပါဝင်သော် စွမ်းအင်တေကို စုပ်ယူနေခဲ့သည်။ ဆေးစွမ်းအင်တေကိုစုပ်ယူနေရင်း ဆေးစွမ်းအင်တေက သူရဲ့ခန္ဓာကိုယ်ကမသန့်စင်မူတေကို သန့်စင်ပေးနေတာကို "လုံထန်"လဲသတိထားမိလိုက်သည်။ နေတစ်ဝက်လောက်ကြာသွားချိန်တွင် လုံထန့်လဲ ခန္ဓာကိုယ်သန့်စင်ဆေးရဲ့ ဆေးစွမ်းအင်အကုန်လုံးကို စုပ်ယူနိုင်ခဲ့သည်။ သူခန္ဓာကိုယ်က ကြည့်လိုက်ရင်လဲ မွေးညှင်းပေါက် လေးတေမှာစီးကြနေခဲ့သောအမဲရောင် အညစ်ကြေးများစွာကို တွေလိုက်ရသည်။ ဆက်လက်စစ်ဆေးနေရင်းနှင့် အနံသက်တေက ဆိုးဝါးလွန်းသဖြင့် လုံထန့်လဲ သူခန္ဓာကိုယ်ကို သန့်စင်ဖို့ အတွက်နေရာလိုက်ရှာ ရတော့သည်။
အခန်းအပြင်ဘက်တွင် " အဘိုးကြီးဖေးက" လုံထန့်ထွက်လာတာမြင်တော့ လုံထန့်အနားသို့ သွားဖို့ပြင်လိုက်ချိန်တွင် ဆိုးဝါးလွန်းတဲ့ အနံသက်တေက သူနှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"အရှင့်သား " ဘာတွေ ဖြစ်လာတာလဲ ။
အဲတာနောက်မှမေးပါ " အဘိုးဘေး ဖေး " လောလောဆယ်မှာ ဆေးကြောဖို့ နေရာရှာပေးပါအုန်း။
ထိုအခါမှာ " အဘိုးကြီးဖေးလဲ " မေးတာကိုရပ်လိုက်၏။
" ခနစောင့်ပေးပါ အရှင်သား"
သူနှာခေါင်းကို ပိတ်ကာ ဒီနန်းတော်ကြီး သဏ္ဍန် အဆောက်ဦးကြီးထဲမှာ ဆေးကြောသန့်စင်လိုရမဲ့ အခန်းကို လိုက်ရှာထွက်သွားခဲသည်။
{ အမှန်မှာ အဘိုးကြီးဖေးက သူရဲ့စိတ်ဝိညာဉ်အာရုံကိုထုတ်လွတ်ပြီးရှာလိုရသော်လည်း အနံသက်တေကဆိုးလွန်းလို့ ပြေးထွက်သွားခဲ့တာဖြစ်သည်}။
အခန်းအပြင်ဘက်ရောက်ချိန်မှသူရဲ့ စိတ်ဝိညာဉ်အာရုံကို ထုတ်လွတ်ပြီးနောက် အဆောက်ဦးကြီးကို ကြည့်ရှုလိုက်သည်။
"အရှင့်သား "
ဆေးကြောသန့်စင်ဖို့ အခန်းတွေ့ပါပီ အခန်းကိုပြောလိုက်ပြီး အဘိုးကြီးဖေးလဲ စိတ်ဝိညာဉ်ဖြင့် ဆက်သွယ်ကာပြောလိုက်ပြီး သူကတော့ ထွက်ပြေးသွားတော့သည်။
လုံထန့်လဲ ရီရမလို့ ငိုရမလို့ ဖြစ်သွားခဲ့ကာ ခေါင်းကို ရမ်းပြီး အဘိုးကြီး ဖေးပြောခဲ့သော အခန်းစီသို့ ဦးတည်သွားလိုက်သည်။
ခနလောက်လမ်းလျှောက်ပြီးနောက် အဘိုးကြီး ဖေးပြောသောအခန်းသို့ ရောက်ရှိသွားချိန်တွင် ထိုအရာက ငါးမွေးကန်ကြီးသာဖြစ်သည်။ အဘိုးဖေး ခင်ဗျားကျုပ် ဒီငါးမွေးကန်ထဲ ခုန်ချစေချင်တာ လား ။
"ခွင့်လွတ်ပါ အရှင့်သား'' ဒီအဘိုးကြီး ဒီအဆောက်ဦးတစ်ခုလုံး လိုက်ရှာကြည့်သော်လည်း ရေရှိမယ် နေရာဆိုလို့ ဒီငါးမွေးကန် သာရှိပါတယ် အရှင့်သား။
လုံထန့်လဲ သူခန္ဓာကိုယ်က ပြန်ကြည့်လိုက်ချိန် တွင် အနံသက်တွေကသူ၏ နှာခေါင်းထဲသို့ ပိုပြီးဝင်သောကြောင့် ငါးမွေးကန်ထဲသို့ သာခုန်ချလိုက်တော့သည်။