← Chapters

သွေးမြို့တော်ကိုပြုပြင်ခြင်း

Vol. 1 Ch. 9

သွေးမြို့တော်ကိုပြုပြင်ခြင်း

Vol. 1 Ch. 9

--------

လုံထန်တစ်ယောက် ငါးမွေးကန်ထဲသို့ခုန်ချလိုက်ပြီး ခန္ဓာယ်ကိုယ်က ထွက်လာခဲ့သော အညစ်ကြေးများကို ဆေးကြောသန့်စင်နေလိုက်သည်။

သူခန္ဓာကိုယ်က စစ်ဆေးကြည့်လိုက်ချိန်တွင်နဂိုထက်ပိုမိူပေါ့ပါးနေပြီးတော့ သားရဲသခင် ဒုတိယအဆင့်ရဲ့ ၊အဆင့်မြင့်အဆင့်ကို တောင်ရောက်ရှိနေခဲ့တာကိုယ်တွေလိုက်ရသည်။

"ဝိုး"

အံဩစရာပဲ ငါကိုအဆင့်သေးလေးတစ်ခုတောင်တိုးလာစေတာပဲ။ တစ်နေနေ့တော့ အရှေပိုင်းတိုက်ကြီး ရောက်အောင်ကိုသွားရမယ်။

အချိန်များစွာကြာအောင် ဆေးကြောသန့်စင်ပြီးတော့လုံထန်လဲ ငါးမွေးကန်ထဲမှာ ပြန်ထွက်လာခဲ့သည်။

"ထိုအချိန်တွင် "

"ဒင်"

{မစ်ရှင်ရှိပါတယ် }

{သွေးနဂါးနယ်မြေတစ်ခုလုံးကိုလက်အောက်ခံဖြစ်ရအောင်လုပ်ပါ}

ဆုလဒ်~~~?

အချိန်ကန့်သက်ချက် ~~~ တစ်လ

{တစ်လပြည့်လို့မှမပြီးမြှောက်သေးရင် အလိုအလျှောက်ပျောက်ကွယ်သွားပါမည်}

လုံထန့်လဲ သူရဲ့မျက်နှာအရှေမှာ စာကြောင်းတစ်ခုပေါ်လာတာကို တွေလိုက်ရသည်။ ထူးထူးဆန်းဆန်း အချိန်ကန့်သက်ချက်ကိုတွေလိုက်ရသည်။

"ဟင်"

"စနစ်"~~~အရင်တုန်းက အချိန်ကန့်သက်ချက်မရှိဘူးမဟုတ်လား ။

"ဒင်"

{လုံထန့်မျက်နှာရှေမှာစာကြောင်းတစ်ခုထပ်ပေါ်လာခဲသည်။}

{ပြန်ဖြေပါတယ် }~~~ အရင်တုန်းကမရှိတာကပထမဆုံးမစ်ရှင်ဖြစ်တာမိူ့ပါ ပိုင်ရှင် ။ နောက်မစ်ရှင်တေမှာလဲအချိန်ကန့်သက်ချက်တေရှိပြီး သတ်မှတ်ထားတဲ့ အချိန်တွင်းမှာမပြုလုပ်ပါက အချိန်ပြည့်တာနဲ အလိုအလျှောက်ပယ်ဖျက်သွားမှာပါ။

{အချိန်ကန့်သက်ချက်က ~~~ တစ်လမနည်းလွန်းဘူးလားသူကိုယ်သာကြားရုံလေး ရေရွက်လိုက်သည်}

"ဟူး"~~~{တစ်လဆိုတော့လဲ တစ်လပေါ့ }

{သွေးနဂါးနယ်မြေကို }~~~ သွေးမြို့တော်လို့ ကြီးမားတဲ့မြို့တော်ကြီး နှစ်ခု နဲ မြို့ငယ်ပေါင်း၁၀ ခုနီးပါးလောက်ရှိပြီးကျယ်ပြန့် သော် အင်ပါယာကြီး လို့သတ်မှတ်လို့ရသည်။

တစ်ခြားမြို့တော်ကြီး တစ်ခုက သွေးမြို့တ်ောလောက် အမည်က မကျော်ကြားသော်လဲ အထင်ကရမြို့တော်ဖြစ်နေစဲ့ပင် ။ထိုမြို့မှာလဲ ရာဇဝတ်သားများစွာလဲရှိနေကြသည်။

"ကဲ့လုပ်ကြည့်တာ ပေါ့ "ဒီနယ်မြေက ငါနယ်မြေပဲ ကို အကုန်လုံးက ငါရဲ လက်ထဲမှာပဲ ဖြစ်နေသင့်တယ် မဟုတ်လား။

လုံထန့် ထွက်လာတာ မြင်ချိန်တွင် အဘိုးကြီး ဖေးကပြေးလာခဲပြီး "အရှင့်သား အဆင်ပြေသွားပြီလား " ။

{ပြေသွားပါပြီအဘိုးဖေး။}

စစ်သူကြီးတို့ပြုပြင်တာ အခြေနေသွားကြည့်ရအောင် အဘိုးဘေး ဖေး ။

"နားလည်ပါပြီ အရှင့်သား "

သူနှစ်ယောက်သား စစ်သူကြီး လင်းယုထံသို့သွားနေရင်းနဲ လုံထန်က မေးလိုက်သည်။" အဘိုးဖေး "သွေးနဂါးနယ်မြေတစ်ခုလုံးကို ကျွန်တော်ရဲ့ လက်အောက် အဖြစ်သိမ်းယူမလို့ "အဘိုးဖေး" ဘယ်လို့ထင်လဲ။

ဒီအဘိုးကြီးက "အရှင့်သား " လုပ်ချင်တာကို လုပ်ပေးမှာပါ။

"ကျေးဇူးပါ အဘိုး "

မဟုတ်တာပဲ ဒီအဘိုးကြီး ရဲ့တာဝန်တေပါ။

စစ်သူကြီး လင်းယုနဲ ဟွိုက်ကျန်း သွေးမြို့တော်ကို ပြုပြင်လို့ပြီး သွားတာတဲ့အခါ အနီရောင်ကောင်းကင်မြို့ကို လွတ်လိုက်တာ ကောင်းမယ်။ သို့တိုနောက် နှစ်ယောက်ဆိုရင် အနီရောင်ကောင်းကင်မြို့ကို သိမ်းယူရတာလွယ်မှာပါ။ လုံထန့်လဲ စိတ်ထဲတွင်တွေးလိုက်သည်။

အနီရောင်ကောင်းကင် မြို့တော်က သွေးနဂါးနယ်မြေရဲ့အထင်ကရ မြို့ကြီး နှစ်ခုထဲက တစ်ခုဖြစ်သည်။ သွေးမြို့တော်လောက် နမ်မည်မကျော်ကြားသော်လည်း ကြီးမားသောမြို့ကြီးတစ်ခု ဖြစ်နေစဲ့ပင်။

ထိုမြို့ကြီး နှစ်မြို့ကိုသာလက်အောက်ခံဖြစ် ရခဲရင် မြို့ဝင်ကြေးအဖြစ် ကောက်ခံလိုက်ရင် ချီကျောက်တုံးများစွာရပြီး သူနှင့်လက်အောက်ငယ်သားများ အတွက်လဲ များစွာအထောက်ကူ ပြုလေသည်။

"ဒီလိုပဲ လုပ်တာပေါ့ "

လုံထန့်တစ်ယောက် တွေးလာရင်းနဲ စစ်သူကြီး လင်းယုတို့အပျက်စီးများ ပြုပြင်နေသော နေရာသို့ ရောက်ရှိလာခဲသည်။

"အရှင့်သား "

လင်းယုက လုံထန့်ကိုမြင်သည်နှင့် လာနှတ်ဆက်လိုက်သည်။

"အင်း"

လုံထန့်လဲ ခေါင်းညှိတ်ပြလိုက်ပြီး၊စကားစလိုက်သည်။

"ဘယ်လောက်လောက်အချိန်ကြာအုန်းမလဲ စစ်သူကြီး ''

မြို့တော်တံတိုင်းတေရော အတွင်းကအဆောက်ဦးတေပြုပြင်ဖို့ ရောအားလုံးပြီးစီးဖို့ အတွက် အချိန် တစ်ပတ်လောက်တော့ လိုပါတယ်။

"အရှင့်သား"

"နောက်အပတ်တေမှာ လုပ်စရာတေရှိတဲ့အတွက် ကြိုးစားပေးကြပါအုန်း "

"နားလည်ပါပြီ အရှင့်သား "

လုံထန့်လဲ ပြောစရာရှိတာတချို့ကို ပြောပြီး နောက် သူမှာလုပ်စရာမရှိတော့သည့်အတွက်ကြောင့် ကျင့်ကြံဖို့အတွက်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဘိုးကြီးဖေး"နှင့် လမ်းလျောက်ပြန်လာရင်း သတိရသွားဟန်ဖြင့်" အဘိုး ဖေး "လူသားကျင့်ကြံသူတေကို တွေဖူးလား။

ခနလောက်စဉ်းစားပြီးနောက် တစ်ခါပဲ တွေဖူးပါတယ် အရှင့်သား။

သူတေက ဒီအနောက်ပိုင်းတိုက်ကြီးကို ဆေးပင်လာရှာရင်းနဲ တိုးတာ လူသားကျင့်ကြံသူက တစ်ကယ်ကို ဆိုးဝါးလွန်းပါတယ် "အရှင့်သား" သူတိုက စွမ်းအားရရှိဖို့အတွက် သားရဲတေကို သတ်ပြီး သားရဲ အူတိုင်စီက စွမ်းအားအစီနှစ်တေ စုပ်ယူကြပါတယ်" အရှင့်သား"။

"လူသားကျင့်ကြံသူတေနဲ တွေ့ခဲရင် သတိထားသင့်ပါတယ်"

{သူတိုက စွမ်းအားကြီးမားလာဖို့ ဘာမဆို လုပ်ရဲပါတယ်။}

သူတိုနဲ တိုက်ခိုက်ဖူးလား "အဘိုး" မတိုက်ခိုက်ဖူးပါဖူးအရှင့်သား။ ဒါပေမဲ့ သူတိုက ဓါး၊ လှံ၊ လေး၊ပုဆိန်၊ဆေဘာစတဲ့ ပစ္စည်းအမျိုးမျိုးကို အသုံးပြုတိုက်ခိုက်နိုင်တယ်လို့ ကြားဖူးပါတယ် ။

ဒါဆိုရင် သားရဲတေက အားနည်းတယ်လို့ပြောချင်တာလား"အဘိုး" မဟုတ်ပါဘူး အရှင့်သား။ အဆင့်တူအတွင်းတိုက်ခိုက်ရင် သားရဲတေက ပိုပြီး သန်မာပါတယ်။ သားရဲတေရဲ့ ခန္ဓာကိုယ်တေက ပိုပြီးမာကြောတော့ တိုက်ခိုက်တဲ့အခါ အထိခိုက်များစွာကို ဂရုမစိုက်ပဲ တိုက်ခိုက်နိုင်ပါတယ်။ လူသားတေရဲ့ ခန္ဓာကိုယ်က အားနည်းတော့ အဆင့်တူတွင်းဆို သားရဲတေကို မနိုင်ပါဘူး "အရှင့်သား''။

လုံထန့်လဲ အဘိုးကြီးဖေး ရဲ့စကားများကြောင့် လူသားကျင့်ကြံသူတေကို တွေဖူးချင်လာခဲ့သည်။

ဒါကြောင့် လူသားတေရှိတဲ့ နေရာကို သွားဖို့ အတွက် သူရဲ့ဆုံးဖြတ်ချက်ကပိုပြီး ခိုင်မာသွားခဲ့သည်။ "ဆုံးဖြတ်လိုက်ပီ အဘိုး "ကျွန်တော် တစ်တစ်နေမှာ လူသားတေ နေထိုင်တဲ့ နေရာကို သွားဖို့ကို။

"အဘိုးကြီးဖေးလဲ လန့်သွားခဲ့ကာ " ကမန်းကတန်းဖြင့်ပြောလိုက်သည်။

" မသွားသင့်ပါဘူးအရှင့်သား ။"

All Chapters