အနီရောင်ကောင်းကင်မြို့တော်
Vol. 1 Ch. 10
---------
အဘိုးကြီးဖေး ရဲ့ စိုးရိမ်တကြီးပြောတဲ့ စကားကြောင့်လုံထန့်လဲ ရင်ထဲမှာ နွေးထွေးသွားရသည်။ ဒီအချိန်ထိ သူအပေါ်မှာ စိတ်ပူပေးပြီး နွေးနွေးထွေးထွေး ဆက်ဆံပေးတာဆိုလို့ သူမိခင် အပြင် နောက်တစ်ေယာက်က အဘိုးကြီးဖေးသာဖြစ်သည်။
အခုချက်ချင်းသွားမယ်ပြောတာမဟုတ်ပါဘူး " အဘိုးဖေး" ရဲ့ ကျွန်တော်က တစ်နေနေ့ လို့ပြောတာ ပါ ။အခုချိန်မှာ ကျွန်တော် စွမ်းအားတေ တိုးတက်လာအောင်ပဲ လေ့ကျင့် ဖို့ အပ်နေပါသေးတယ်။ တစ်ခြားကိစ္စတေ ခနဘေးဖယ်ထားပါတယ်။ လုံထန့်လဲ သူကို စိုးရိမ်နေသော အဘိုးကြီး ဖေးကို ရှင်းပြလိုက်သည်။
သူလို သားရဲသခင်လေး တစ်ယောက်က လူသားနေထိုင်ရာတိုက်ကြီးကို ယခု အချိန်သွားတာကာ ကိုယ်ကို သတ်သေခြင်းနဲ မခြားချေ။ ထိုအရာကိုလုံ ထန်လဲသိသည်။
သူတိုနှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်လာခဲ့ကာ နောက်ဆုံးတွင် မြို့လည်က နန်းတော် အဆောက်ဦးကြီးစီကို ပြန်ရောက်လာခဲ့သည်။
အဘိုးကြီးဖေးကို နှတ်ဆက်လိုက်ပြီး လုံထန့်လဲ ကျင့်ကြံဖို့ အတွက် အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားတော့သည်။
-----
ကြာဖူးသဏ္ဍန် တရားထိုင်လိုက်ပြီးတော့ ၊ ကိုးရောင်ခြယ်ဒြပ်စင် နဂါးကျင့်စဉ်ရဲ့ မီးဒြပ်ကျင့်စဉ်ရဲ့ အညွှန်းတိုင်းလည့်ပတ်လိုက်ကာ သူရဲ့မီးစွမ်းအားနဲ စွမ်းအားကို တိုးတက်လာအောင် ကျင့်နေလိုက်သည်။ မီးဒြပ်စင် ကျင့်စဉ် အညွှန်းတိုင်း တစ်ကြိမ်လည်ပတ်လိုက်တိုင်းလဲ သူခန္ဓာကိုယ်ထဲ အမြုတေရဲ့ အနီရောင်အလင်းကပိုပိုပြီးလင်းလက်လာခဲ့သည်။ ပတ်ဝန်းကျင့်က ချီစွမ်းအင်စုပ်ယူမူကလဲ နဂိုထက်ပိုပြီး မြန်ဆန်လာခဲ့သည်။
------
ထိုသို့ဖြင့် ကျင့်ကြံလိုက် မြို့တော်ကို ပြုပြင်တာကို သွားကြည့်ကာ စစ်သူကြီးလင်းယုတိုနှင့် စကားများပြောကာ လိုတာများကို အမိန့်ပေးလိုက်နဲ အချိန်တစ်ပတ်ကုန်ဆုံးသွားခဲ့သည်။
ဒီနေ ဆိုရင် မြို့တော်ရဲ့ ဝင်ကြေးတေ ကို စတင်ကောက်ယူတော့မဲ့ နေ့လည်းဖြစ်သည်။ သွေးမြို့တော်က ကြီးမားသော်လည်း မြို့ဝင်ပေါက်ကအရှေဝင်ပေါက် နှင့် အနောက်ဘက် ထွက်ပေါက်သာရှိသည်။
လုံထန့်လဲ ထိုဝင်ပေါက် နှစ်ခုကို မြေကမ္ဘာဆင့်သားရဲ တပ်မူးတေ ဦးဆောင်သော တပ်စိတ်တစ်ခုစီကိုစောင့်ကြပ်ခိုင်းထားခဲသည်။
သူနောက်သို့ လိုက်ပါသည်က နဂါးစစ်သည် တစ်သောင်းဖြစ်သဖြင့် ပုံမှန်အားဖြင့် တပ်စိတ် တစ်ခုကို နဂါးစစ်သည်တစ်ထောင် ရှိသည်။
ဒီနေရာက ရာဇဝတ်သားများ နှင့်ပြည်နက်နေသော နေရာဖြင့် သဖြင့် တင်းကြပ်စွာ ကိုင်တွယ်သင့်သောကြောင့်ဖြင့်သည်။
အားလုံး နေရာချထားပြီးနောက် ၊ နောက်ဆုံးတွင် သူအရှေတွင် ခေါင်းကိုးလုံး ရွှေခြင်္သေ့များ တစ်ထောင်ကျော်နှင့် နဂါးစစ်သည် ရှစ်ထောင်ကျော် ကျန်ရှိနေသေးသည်။
"စစ်သူကြီး လင်းယု "
"မိန့်ရှိပါအရှင့်သား "
ဟွိုက်ကျန်း နဲ ပေါင်းပြီး အနီရောင်ကောင်းကင်မြို့တော်ကို ချီတပ်ပြီး သိမ်းပိုက်ဖို့ထွက်ခွာကျပါ။ တခြား သွေးနဂါးနယ်မြေက လက်ခံမြို့ငယ်လေးတေကို ဆက်လက်ပြီးတော့သိမ်းယူရမယ်။ လုံထန့်လဲ လင်းယုနှင့် ဟွိုက်ကျန်းကို ကြည့်ကာ ပြောလိုက်သည်။
"နားလည်ပါပီ အရှင့်သား "
"သတင်းကောင်းကို စောင့် မျော်နေပါ "
ခေါင်းကိုး ရွှေခြင်္သေ့များနှင့် အတူ နဂါးစစ်သည် ရှစ်ထောင်ကျော်က အနီရောက် ကောင်းကင်မြို့တော်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။
လုံထန်လဲ လင်းယုနှင် ဟွိုက်ကျန်းတို အဖွဲ့မအောင်မြင်မှာကို စိတ်မပူချေ။ ဘာကြောင့်ဆို ကောင်းကင်သားရဲ အဆင့် ၄ ယောက်အပြင် မြေကမ္ဘာသား အများအပြားပါသွားသောကြောင့် ဖြစ်သည်။
ရာဇဝတ်သားများက အင်အားများသော်လည်း ဘုရင့်ဆင့် သားရဲရာဇဝတ်သား တေက တွေ့ရခဲပြီး အမြင့်ဆုံးမှ ကောင်းကင်သားရဲဆင့်လောက်သာ ဖြစ်သည်။
------
သူတိုထွက်သွားကြချိန်တွင် လုံထန့်လဲ ပြန်ပြီး ကျင့်ကြံ ဖို့ပြင်ဆင်လိုက်သည်။ အရင်တစ်ပတ်က ကျင့်ကြံရင်းနဲ သားရဲသခင် ဒုတိယအဆင့်ရဲ့ အထွဍ်ထိပ်ဆင့်ကို ရောက်ဖို့ သိပ်မလို့တော့တာကို ခံစားလိုက်ရ သည်။ အချိန်အများဆုံးကြာပါက နောက်အပတ် အတွင်းရောက်နိုင်မည်ဟုခံစားနေရသည်။
ဤအတွက်ကြောင့်သာ လုံထန်လဲ လင်းယုတိုနှင့်အတူ အနီရောင်ကောင်းကင်မြို့ကို မလိုက်ပဲ ဆက်လက်လေ့ကျင့်ဖို့ ဆုံး ဖြတ်လိုက်တာ ပဲ ဖြစ်သည်။
ထိုအချိန်မှ စတင်၍ လုံထန့်လဲ အရူးရူးမူး ပြန်လည့်ကျင့်ကြံနေခဲပြီး စားသောက်ချိန်မှ လွဲပြီး နားမယူခဲချေ။
-------
လင်းယုနဲ ဟွိုက်ကျန်း ထွက်ခွာသွားပြီး တစ်ပတ်အကြာပြီးချိန်တွင် အရူးမူး ကျင့်ကြံနေသော လုံထန်တစ်ယောက် ရပ်နားလိုက်တော့သည်။ သူခန္ဓာကိုယ်က အရှိန်ဝါက နဂိုထက်ပိုပြီး အားကောင်းနေပြီး သားရဲသခင် ဒုတိယအဆင့်ရဲ့ အထွဍ်ထိပ်သို့ ရောက်ရှိသွားခဲ့သောကြောင့်ဖြစ်သည်။
"ဟူး
ကိုယ်တွင်းက လေပူများကို မူတ်ထုတ်လိုက်သည်။
လုံထန့်လဲ သူရဲ့ လက်ဝါးကို ဖြင့်လိုက်ပြီး မီးဒြပ်စင်စွမ်းအားကို အသုံးပြုလိုက်ချိန်တွင် သူရဲ့လက်ဖဝါးထက်တွင် သေးငယ်သော မီးတောက်ငယ်လေး ပေါ်လာခဲ့သည်။
ထိုသေးငယ်သောမီးတောက်လေးက လုံထန့် အပေါ်သက်ရောက်မူမရှိသော်လည်း သူပေါ်လာတဲ့အချိန်တွင်အခန်းတွင်းက အပူရှိန်က ထိုးတက်လာပြီး အခန်းထဲက ကုတင် ၊စားပွဲ ခုံ ၊ စတဲ့ ပစ္စည်းတေက ၊အပူရှိန်ရဲ့ ဒဏ်ကို မခံနိုင်ပဲ အရည်ပျော်ကျသွားခဲသည်။ သစ်သားများဆိုရင်လဲ လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုံထန်လဲ သူရဲ့မီးစွမ်းအား တိုးလာတာကြောင့် သဘောကြကာ ခေါင်းညိမ့်လိုက်သည်။ သူဒီရက်တေအတွင်းမှာ အရူးမူးကျင့်ကြံ ခဲတာ အလဟာသ မဖြစ်သွားခဲ့ချေ။ သူပင်ပန်းခံပြီး ကျင့်ကြံတာနဲ တန်တဲ့ စွမ်းအားကိုပြန်ရရှိခဲ့သည်။
သူရဲ့မီးဒြပ်စင်စွမ်းအားကို အမြင့်ဆုံးလည့်ပတ်လိုက်ပြီးနောက် အဆင့်မြင့် နဂါးလက်သည်းကုပ်ချက်ကို အသက်သွင်းလိုက်သည်။
"နဂါးလက်သည်းကုပ်ချက် "
"ဝုန်း "
ကြီးမားသော မီးတောက်များထွက်ပေါ်နေသော မီးနဂါး၏လက်သည်းကြီးက အခန်းနရံကို ဖောက်ထွက်သွားခဲ့ကာကောင်းကင်ထက်သို့ ရောက်ရှိသွားပြီး ကောင်းကင် ကတိမ်တေကို တောင် ဆွဲဖြဲပြစ်လိုက်သည်အလားပင်။
"ဝှစ်"
ထိုကျယ်လောင် လှတဲ့ အသံကြောင့် အဘိုးကြီးဖေးလည်း လုံထန့် ရှိနေရာ အခန်းသို့ ရောက်ရှိလာခဲ့သည်။
"အရှင့်သား "
"ဘာများဖြစ်တာပါလဲ "
"အာ "
လုံထန့်လဲ သူခေါင်းကို ကုပ်လိုက်ကာ " ဘာမှ မဖြစ်ပါဘူး အဘိုး ကျွန်တော် စွမ်းအားကို စမ်းသပ်ကြည့်လိုက်တာ ဒီလောက်ထိဖြစ်သွားမယ် မထင်လို့ပါ။"
လုံထန့်ရှိနေသော အခန်းကို အဝေးကကြည့်လိုက်မယ် ဆိုရင်ကြီးမားသော လက်သည်းကြီးနဲ ဆွဲကုပ်ထားသည့်အလားပင် ဖြစ်သည်။ လက်သည်းရာကြီး သုံးခုကို တွေရနိုင်သည်။ မြို့တော်အတွင်းကလူတေ ပေါက်ကွဲသံကြားရာကို ကြည့်လိုက်သော်လည်း ထူးခြားတာကို မတွေ့ရတော့သဖြင့် လုပ်လက်စများကို သာ ဆက်လက် လုပ်ကိုင်နေကြပြန်တော့သည်။
{အဘိုးကြီး ဖေးလဲ အံဩသွားခဲ့သည်}
အရင်ရက်ကမှ လုံထန့်က သားရဲသခင် ဒုတိယဆင့်ကို ရောက်ရှိခဲ့ပြီး ။ အချိန်နှစ်ပတ် ခန့်အကြာတွင် သားရဲ့သခင် ဒုတိယ အဆင့်ရဲ့ အထွဍ်ထိပ်ကို တောင် ရောက်ရှိသွားခဲ့သည်။ ဒီအမြန်နူန်းက ထိတ်လန့်ဖွယ်ရာကောင်းပြီး မိုးကောင်းကင်ကို ဆန့်ကျင့်နေတာ ပင်ဖြစ်တော့သည်။
လုံထန့်လဲ "အဘိုးကြီးဖေး" ငေးမောနေရာက အတွေးတစ်ခုဝင်လာခဲ့သည်။
"အဘိုး " အနီရောင် ကောင်းကင်မြို့ကို သွားရအောင် ကျွန်တော်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်အတိုင်းတာထိ ရောက်မလဲဆိုတာကို သိချင်နေလို့ ကျွန်တော်ရဲ့ စွမ်းအားကို စမ်းသပ်ချိန်ကျပြီ။ လုံထန့်လဲ ပျော်ရွှင်စွာပအဘိုးကြီး ဖေးကို ပြောလိုက်သည်။
"အဘိုးကြီး ဖေးလဲ ထိုအခါမှ သတိဝင်လာ ကာ "
"ကောင်းပါပြီ အရှင့်သား "
ဒီအဘိုးကြီး ပြင်ဆင်လိုက်ပါမယ် ။
အဘိုးကြီး ဖေးက ခနလောက်စဉ်းစားပြီးပြောလိုက်သည်။ "အရှင့်သားရဲ့ တိုက်ခိုက်ရေး စွမ်းအားက " သားရဲသခင် ပဉ္စမ အဆင့်ရဲ့" တိုက်ခိုက်ရေး စွမ်းအားနဲ တူညီ နေပါတယ် "အရှင့်သား " လုံထန့်ကို ကြည့်ကာ ပြောလိုက်သည်။
သေးငယ်သော လှေပျံလေး တစ်ခုကို အဘိုးကြီးဖေးက ထုတ်ယူလိုက်ပြီးနောက် လုံထန့်နှင့်အတူ အနီရောင် ကောင်းကင်မြို့တော် သို့ ဦးတည် ထွက်ခွာသွားတော့သည်။