← Chapters

သွေးနဂါးနယ်မြေရဲ့ ရာဇဝတ်သားများကို ဖိနှိပ်ခြင်း၊ ရွှေဂဠုန်မျိုးနွယ်ရောက်ရှိလာခြင်း

Vol. 1 Ch. 11

သွေးနဂါးနယ်မြေရဲ့ ရာဇဝတ်သားများကို ဖိနှိပ်ခြင်း၊ ရွှေဂဠုန်မျိုးနွယ်ရောက်ရှိလာခြင်း

Vol. 1 Ch. 11

--------

အဘိုးကြီး ဖေး နှင့်အတူ လုံထန့်လဲ လှေပျံလေးကို မှောင်းနှင်ပြီး အနီရောင်ကောင်းကင်မြို့တော်သို့ ပျံသန်းသွားနေခဲ့သည်။ သွေးမြို့တော်နှင့် အနီရောင် ကောင်းကင်မြို့တော်က အရမ်းကြီး မဝေးကွာသော်လည်း သွားတဲ့အခါတွင်အချိန်သုံးရက်လောက်ထိကြာမြင့်သည်။

လင်းယုနဲ ဟွိုက်ကျန်းတိုက သူထက်အရင်တစ်ပတ်ကြို့ပြီးသွားနှင့်သည်မိူ့ ဟိုကိုရောက်တဲ့အခါ အနီရောင်ကောင်းကင်မြိူ့တော်က သူလက်အောက်ကိုရောက်ရှိနေတာတောင်ဖြစ်နိုင်နေသည်။

------

ထိုအချိန် တစ်ဖက်တွင် လင်းယုနှင့် ဟွိုက်ကျန်းလဲ လုံထန်ပြောခဲ့သည့် အတိုင်းပင် အနီရောင်ကောင်းကင်မြို့တော်ကို နှစ်ရက်အချိန်ထဲဖြင့်ပင်သာသာယာယာပင်သိမ်းပိုက်နိုင်ခဲ့သည်။ မြို့တော်ရဲ့ခေါင်းဆောင် ဖြစ်သူက လျှပ်စီးလင်းယုန်ညီကို နှစ်ယောက်ဖြစ်သည်။ နောက်ဆုံးတွင်လဲ လင်းယုနှင့် ဟွိုက်ကျန်းလက်၌ ပင်သေဆုံးခဲ့ရသည်။

အနီရောင်ကောင်းကင်မြို့တော်တွင် ကောင်းကင်သားရဲဆင့် နှစ်ယောက်ရှိသော်လည်း အဆင့် ၆ နှင့်၊ အဆင့် ၇ ဖြင့်သည့်အတွက်ကြောင့် သူတိုနှစ်ယောက်အဖို့တော့ အေးအေးဆေးဖြင့်သာ အနိုင်ယူခဲ့သည်။

မြို့တော်တွင်းက ရာဇဝတ်သားများက ဝရုန်းသုံးကားဖြစ်နေတာကို နဂါးစစ်သည်တေနဲ ခေါင်းကိုးလုံးရွှေခြင်္သေ့တေက ခွန့်အားသုံးကာ ဖိနှိပ်ပြစ်ခဲ့သည့်အတွက် ကြောင့် မြို့တော်၌ကလည်း ခေါင်းဆောင်မရှိတော့တဲ့အခါမှာတော့ အားလုံးက လူပ်လူပ်ရှားရှား မလုပ်ရဲကတော့ချေ။

ဟွိုက်ကျန်း ကျန်တဲ့ မြို့ငယ်လေးတေကို မင်းသွားမှာလား။ ဒီမြို့တော်မှာ တစ်ယောက်တော့ ကျန်ခဲ့ပြီး မြို့ကိုပြုပြင်တာ နဲ အခြေနေကို ထိန်းချုပ်ဖို့လိုတယ်။ လင်းယုကပြောလိုက်သည်။ ဟွိုက်ကျန်းကလဲ လုံထန့်ရဲ့ လက်အောက်ခံ ဖြစ်လာသည့်အတွက် ကြောင့် လင်းယုလဲ သူနဲ ထပ်မံ ပြီးတိုက် ခိုက်ဖို့မပြောတော့ချေ။ အရင်တုန်းကသူတို့နှစ်ယောက် အဆင်မပြေခဲ့သော်လည်းသူတို့နှစ်ယောက်စလုံးကလဲ သေရည်သောက်ရတာကိုကြိုက်နှစ်သက်ကျသည့်မိူ့ အနီရောင်ကောင်းကင်မြို့ တော်ကို လာတဲ့ လမ်းမှာသူတိုနှစ်ယောက်က ညတိုင်းသေရည်သောက်ပြီး စကားပြောဆိုရင်းနှင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလဲ ညီကိုတို့လို့ ဖြစ်သွားခဲ့သည်။

ဟွိုက်ကျန်းခနစဉ်းပြီးနောက် လင်းယုကို ကြည့်ကာ ဒီမြို့တော်မှာ မင်းပဲ ကျန်ခဲ့လိုက်ပါ။ကျန်တဲ့ မြို့ငယ်လေးတိုကို ငါသွားလိုက်မယ်။

"ဒါဆိုကောင်းပြီ"

မင်းနဂါးစစ်သည် တပ်စိတ်တစ်ခုကို ခေါ်သွားလိုက်ပါ။

"ကောင်းပြီ " ပြန်လာတဲ့ အခါသေရည်သောက်ပြီးအောင်ပွဲခံဖို့ ငါအမြန်မြန်လက်စသက်ခဲ့မယ်။ ထိုသို့ပြောပြီးနောက်။

ဟွိုက်ကျန်းလည်း ကျန်တဲ့မြို့တေကို သိမ်းပိုက်ဖို့ အတွက် နဂါးစစ်သည် တပ်စိတ်တစ်ခုနှင့် အတူတူ သူရဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့ မျိုးနွယ် စစ်သည်တေကို ခေါ်ဆောင်က ထွက်ခွာသွားတော့သည်။

ဟွိုက်ကျန်းထွက်သွားပြီးနောက် သုံးရက်မြောက်တဲ့ နေ့တွင် အနီရောင် ကောင်းကင်မြို့တော်သို့ လုံထန်နှင့် အဘိုးကြီး ဖေးလဲ ရောက်ရှိလာခဲ့သည်။

စစ်သူကြီးလင်းယုလဲ ပြေးလွှားလာခဲ့ကာ" အရှင့်သား"နှတ်ဆက်ပါတယ်။

အနီရောင်ကောင်းကင်မြို့ထိ လိုက်လာတာ မှာကြားစရာများရှိလိုပါလား "အရှင့်သား "။

လင်းယုလဲ လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။

မှာကြားစရာရှိလို့ မဟုတ်ပါဘူး "စစ်သူကြီး " တိုက်ခိုက်ရေးစွမ်းအားစမ်းသပ်ဖို့ အတွက် ဒီကိုလာခဲ့တာ အခုတော့ "စစ်သူကြီး" တို့ကအားလုံးကို တိုက်ခိုက်ပြီးတော့ နောက်အကြိမ်မှာပဲ စမ်းသပ်ကြည့်တော့မယ်။

ထိုအခါမှာ စစ်သူကြီးလင်းယုလဲ ခေါင်းညှိတ်ကာ "အရှင့်သား " အနားယူဖို့ အဆောက်ဦးထဲကို သွားရအောင်ပါ။

ဒီမြို့တော်က အပျက်စီးတေက သွေးမြို့တော်ထက် ဆိုးဝါးတော့ အခုမှ စစ်သည်တေကို ပြန်လည့်ပြုပြင်ဆင်ခိုင်းထားတုန်းမိူ့ အဆောက်ဦးတေက မသန့်ရှင်းလို့ ခွင့်လွတ်ပေးပါ။

"အရှင့်သား"

ရပါတယ် အဆင်ပြေပါတယ် ။

"လုံထန့်နှင့် အဘိုးကြီးဖေး" စစ်သူကြီးလင်းယုဦးဆောင်ကာ ခေါ်ဆောင်သွားသော နောက်သို့လိုက်ပါသွားခဲ့သည်။ တစ်ခနလောက်လမ်းလျှောက်ပြီးနောက် အနည်းငယ်သာ ကောင်းနေသော အဆောက်ဦးတစ်လုံး ရှေ့သို့ရောက်ရှိလာခဲ့သည်။

"ဝင်ပါအရှင့်သား "

လုံထန့်လဲ အထဲသို့ ဝင်ပြီးတော့ နေရာတစ်ခုရှာကာထိုင်လိုက်သည်။

ဒီကအဖြစ်ပျက်တေကို ပြောပါအုန်းစစ်သူကြီး။

စစ်သူကြီးလင်းယုလဲ လုံထန့်ကို လျှပ်စီးလင်းယုန်ညီကို နှစ်ကောင်က အနီရောင်ကောင်းကင်မြို့တော်ရဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ တစ်ခြားအရာတေကို အကျဉ်းချုပ်ပြီးတော့သေချာ ရှင်းပြလိုက်သည်။

"အဲဒီလို့လား "

ဒါဆိုရင် စစ်သူကြီးက ဒီမြို့တော်မှာပဲဆက်လက်ပြီးတော့ မြို့တော်ပြုပြင်တဲ့ ကိစ္စတေမှာ ကြီးကြပ်ထားပေးပါအုန်းကျွန်တော်တို့က ဟွိုက်ကျန်းနောက်ကို လိုက်ကြည့်လိုက်အုန်းမယ်။

"နားလည်ပါပြီ အရှင့်သား "

"သွားကြစို့အဘိုးဖေး "

"ကောင်းပါပြီ အရှင့်သား "

အဘိုးကြီးဖေးလဲ သေးငယ်သော လှေပျံလေးကို ထပ်မံပြီးထုတ်လိုက်ပြန်သည်။ လုံထန် နှင့်သူလဲ ဟွိုက်ကျန်းနောက်ကိုက်လိုက်ဖို့ အတွက် ထွက်ခွာသွားတော့သည်။

-------

-

စစ်သူကြီးလင်းယုက လုံထန့်ထွက်ခွာသွားသောနေရာကိုကြည့်ကာ "အရှင့်သားက " ထပ်ပြီးတော့ စွမ်းအားတေတိုးလားပြန်ပြီ။ လုံးဝကို မကောင်းဆိုးဝါးလို့ အမြန်နူန်းပဲ။

_______

ထိုအချိန်တစ်ဖက် ကမြို့ငယ်လေးတေကို့ ဟွိုက်ကျန်းတစ်ယောက် စီတန်းပြီးသိမ်းပိုက်နိုင်ခဲ့သည်။ မြို့ငယ်လေးတေတွင် မြေကမ္ဘာသားရဲ အဆင့်တေသာရှိကြသည်။ ထိုအပြင်ဓားပြအုပ်စုတေအနည်းငယ်ကိုလဲ တွေ့ခဲရသည်။ နောက်ဆုံးတွင်လဲ ဟွိုက်ကျန်းလက်ချက်နှင့် အားလုံးပျက်စီးခဲ့ရသည်။ မြို့ငယ်လေး ဆယ်မြို့လုံးကို ဟွိုက်ကျန်းလက်ထဲသို့ ရောက်ရှိလာခဲ့ပြီပဲဖြစ်သည်။ အားလုံး ပြီးဆုံးလို့ ဟွိုက်ကျန်းနှင့် နဂါးစစ်သည် တေလည်း ပြန်ဖို့ပြင်ဆင်လိုက်ချိန်မှာတော့ ကောင်းကင်ယံကအသံတေကြောင့်အားလုံးကအပေါ် သို့မော့ကြည့်လိုက်သည်။

ဟွိုက်ကျန်းလဲမျက်နှာပျက်သွားခဲ့သည်။

"ရွှေဂဠုန်မျိုးနွယ်။"

ထိုအချိန်ကောင်းကင်ထက်တွင် ရွှေဂဠုန် ပုံသဏ္ဍန် ထွင်းထုထားသော လှေပျံတစ်စီးက ဟွိုက်ကျန်းတိုရှိရာစီသို့ဦးတည်လာခဲသည်။

လှေပျံရဲ့ အပေါ်မှနေ၍ ကောင်းကင်ရဲ့အထက်တွင် ရွှေရောင်အတောင်ပံပါသော လူအယောက် ၁၀၀၀ ခန့်ထွက်ပေါ်လာခဲ့သည်။

ရွှေခြင်္သေ့တေ ဒီလောက် အပုန်းကောင်းမယ်လို့ မထင်ထားဘူး ။

ဦးဆောင်လာတဲ့သူက ဟွိုက်ကျန်းကိုကြည့်ကာပြောလိုက်သည်။ ဟွိုက်ကျန်း ကြည့်လိုက်ချိန်တွင် ထိပ်ဆုံးကလူရဲ့အဆင့်ကို မမြင်ရချေ။ သူနောက်မှရပ်နေသော လူသုံးယောက်က တော့ သူနှင့်အဆင့်တူ ကောင်းကင်သားရဲ အဆင့် ၇ ဖြစ်သည်။

ရွှေဂဠုန်မျိုးနွယ်ကလဲ ခွေးနှာခေါင်းအတိုင်းပဲ အနံခံကောင်းနေတာပဲ ၊ ဟွိုက်ကျန်းလဲ ပြန်ကာလှောင်ပြောင်လိုက်သည်။

"အတင့်ရဲတာ "

ဘယ်လိုတောင် ငါတို့ရဲ့ မြင့်မြတ်တဲ့ ရွှေဂဠုန် မျိုးနွယ်ကို စော်ကားဝံတာလဲ။

"သေချင် နေတာလား"

ရှေဆုံးက ရွှေ ဂဠုန်က ဟွိုက်ကျန်းကို ဒေါသတကြီးပြန်ပြောလိုက်သည်။ ထိုနောက်သူက သူရဲ့နောက်ကရွှေဂဠုန်မျိုးနွယ်စစ်သည်တေကို ကြည်ကာ အမြန်လုပ်ကြတခြားမျိုးနွယ်တေ ရောက်လာရင် အခြေနေတေ ထိန်းရခက်ကုန်မယ်။

"ကောင်းပါပြီ ခေါင်းဆောင်"

သူနောက်မှ ရပ်နေသော ကောင်းကင်သားရဲ အဆင့် ၇ သုံးယောက် ကပြေးထွက်လာခဲ့ပြီး ဟွိုက်ကျန်းစီသို့ဦးတည်လာခဲသည်။

"သေစမ်း"

"ခြင်္သေ့စုတ်တေ "

ရွှေဂဠုန်မျိုးနွယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အမြန်နူန်းဖြစ်သဖြင့် စကားပြောပြီးရုံနဲ တင် ဟွိုက်ကျန်းလည်ပင်းအရှေသို့ ကြီးမားသော လက်သည်းကြီး ဝင်လာခဲ့သည်။

ထိုလူက သူကို တစ်ချက်နှင့်သက်ဖို့ ရည်ရွယ်ထားတာပဲဖြစ်သည်။

ငါလည်းမင်းတိုကို ကြောက်နေမှာမဟုတ်ဘူးကွ ဟွိုက်ကျန်းလဲ သူရဲ့ခန္ဓာကိုယ်ကြီး ခေါင်းကိုးလုံးရွှေခြင်္သေ့ကြီးသဏ္ဍန်ပြောင်းလဲလိုက်တော့သည်။

"သေစမ်း"

"ခွေးမသား ဂဠုန်ကောင်တေ "

သူစီတည့်တည့်ဝင်လာသော ရွှေဂဠုန်လက်သည်းကြီးကို ဟွိုက်ကျန်းလဲ သူရဲ့လက်နဲပြန်ရိုက်ထုတ်လိုက်သည်။

ရွှေဂဠုန်ကလဲ သူရဲပုံစံကို ကြီးမားသော ရွှေရောင်ဂဠုန်ကြီးသဏ္ဍန်ပြောင်းလဲလိုက်တော့သည်။

"လေဓားသွားများ "

ရွှေဂဠုန် ပါးစပ်က အော်လိုက်သည်နှင့် များပြားလှသောလေ ဓားသွားတေက ဟွိုက်ကျန်း ထံသို့ မုန်တိုင်းတစ်ခုအလားဝင်ရောက်လာခဲ့သည်။

{တောဧကရာဇ်ရဲ့ ဟိန်းသံတောင်သုံးရဲ့ ပဲတင်သံ}

"ဝုန်း "

"ဝုန်း"

များပြားလှသော လေဓားသွားတေနဲ ရွှေခြင်္သေ့တေရဲ အသံလိုင်းတိုက်ခိုက်မူက ထိပ်တိုက်တွေ့သွားချိန်တွင်တော့ ပေါက်ကွဲသံကြီး ဘေးကလူတွေ ကိုတောင် နားပင်းသွားမတက်ပင်။

All Chapters