ရွှေဂဠုန်မျိုးနွယ်နှင့် တိုက်ခိုက်ခြင်း
Vol. 1 Ch. 12
--------
ဟွိုက်ကျန်းနှင့် ရွှေရောင်ဂဠုန်ကြီးလဲ နောက်သို့ နှစ်ယောက်စလုံးခြေ ဆယ်လှမ်းလောက်စီ ဆုတ်လိုက်ရသည်။
ထွက်ပေါ်လာတဲ့ အဖျက်စွမ်းအားလိုင်းများကို ကြည့်ကာရွှေဂဠုန်စစ်သည်တေကို ဦးဆောင်လာသူက တခြားရွှေဂဠုန်စစ်သည်တေကို ကြည်ကာ အော်ပြောလိုက်သည်။
မြန်မြန်လုပ် ဒီလိုအသံတေနဲ ဆိုရင် တစ်ခြားမျိုးနွယ်တေ ရောက်လာလေ့မယ်။
"ကောင်းပါပီ ခေါင်းဆောင်း "
ရွှေဂဠုန်သုံးကောင်က ဟွိုက်ကျန်းကို တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ တစ်ယောက်ချင်းဆိုရင်တောင် သူနှင့်အဆင့်တူဖြစ်နေပြီး သုံးယောက်တစ်ယောက် ဖြစ်သည်အတွက်ကြောင့် ရွှေဂဠုန် မျိုးနွယ်က ကောင်းကင်သားရဲ အဆင့်တေ မတိုက်ခင်က ပင် ဟွိုက်ကျန်းလဲ ဖိအားကို ခံစားလိုက်ရသည်။
"သေစမ်း "
{ဓားပေါင်းတစ်သိန်း }
ရွှေရောင် ဂဠုန်ကြီးတေက ကောင်းကင်ထက်ကနေပြီးတော့ ဟွိုက်ကျန်း ရှိရာစီသို့ ပေါ့ပါးနေသော ငုက်မွှေးလေးများအလား ပစ်လွတ်လိုက်သည်။
ဒါက ရွှေဂဠုန် မျိုးနွယ်ရဲ့ ကောင်းကင်သားရဲအဆင့်ကို ရောက်ရင် နိုးထလာသည်။ နတ်စွမ်းအားပင်ဖြစ်သည်။
{မြေကမ္ဘာတုန်ဟီးခြင်း }
"ဝေါင်း "
"ဝေါင်း"
"ဝေါင်း"
ဟွိုက်ကျန်းလဲ သူတိုမျိုးနွယ်ရဲ နတ်စွမ်းအားဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
မြေကမ္ဘာတုန်စေလောက်သောဟိန်းဟောက် အသံကြီးနှင့် ငုက်မွှေးသဏ္ဍန် ဓားများက ထိပ်တိုက်တွေစုံသွားခဲ့သည်။
"ဝုန်း "
"ဝုန်း "
ကျယ်လောင်သော် ပေါက်ကွဲသံနှင့်အတူ ဟွိုက်ကျန်းလဲ လွင့်ထွက်သွားခဲကာ ဘေးနားကတောင်တေနှင့်တိုက်မိသွားခဲပြီး သွေးအန်လိုက်ရတော့သည်။
"ဟမ့် "
"မင်းမသေသေးဘူးလား "
မင်းက ငါတိုမျိုးနွယ်ရဲ့ နတ်စွမ်းအားကို အသုံးပြုခဲ့တာတောင် မင်းကမသေသွားဘူးလား။ တိုက်ခိုက်လိုက်တဲ့ ရွှေဂဠုန် သုံးယောက်ကလဲ အံဩတစ်ကြီး မေးလိုက်သည်။
---------
ဟွိုက်ကျန်း အခြေနေမကောင်းတာမြင်တာ နှင့် ရွှေခြင်္သေ့စစ်သည် ငါးရာနှင့် နဂါးစစ်သည် တစ်ထောင်ကလဲ တိုက်ခိုက်ဖို့ အတွက် ပြေးထွက်လာခဲ့ကြသည်။
"သတ် "
ရွှေဂဠုန်စစ်သည် တစ်ထောင်ကလဲ ကောင်းကင်ပေါ်ကနေဆင်းသက်လာခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာကြသည်။
-------+
"သေစမ်း "
ဟွိုက်ကျန်းကို ကြည့်ပြီးနောက် ရွှေဂဠုန်ကြီး သုံးကောင်ကလဲ ထပ်မံ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
"သေလိုက်တော့ ရွှေခြင်္သေ့ကောင်"
"ခွေးမသားဂဠုန်တေ ငါမင်းတို့ကိုအကုန်သတ်ပစ်မယ်ကွ "
ဟွိုက်ကျန်းလဲ သူအသက်နှင့်ရင်းကာ တိုက်ခိုက်ပြီး ရွှေဂဠုန်တေကို သတ်နိုင်သလောက် သတ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
သူခန္ဓာကိုယ်တောင် မကာကွယ်ပဲ ကြီးမားသော ခန္ဓာကိုယ်ကြီးကိုအသုံးအပြုပြီး ရွှေဂဠုန်သုံးကောင်ထံသို့ သူကဦးခင်အောင်ပြေးဝင်သွားခဲ့သည်။
"ဝါးမြို့ခြင်း "
ဟွိုက်ကျန်းရဲ့ ကြီးမားသောခေါင်းကြီးကိုးလုံးက ပါးစပ်ကြီးကို ဟလိုက်ကာ သူအရှေက ရွှေဂဠုန်တေကို မြို့ချ ဖို့ အတွက် ကြိုးစားလိုက်သည်။
"သေချင်နေတာပဲ "
ကြီးမားသော ရွှေခြင်္သေ့ ပါးစပ်ကြီးတေကို ကြည့်ကာ ဒါကသူတိုကို အရှက်ခွဲခံရသလို့ ခံစားရစေသည်။ သေသင့်တဲ့ ခြင်္သေ့ကောင် ငါတိုကို မြို့ချဖို့ကြိုးစားရဲတယ်ပေါ့။
"သေစမ်း "
"လေ "
ထိုစကားလုံးကိုအသုံးပြုလိုက်တာနှင့် ရွှေဂဠုန်သုံးကောင်ရဲ့အမြန်နူန်းက နဂိုရှိရင်းထက် နှစ်ဆလောက်မြန် သွားခဲ့သည်။ ဟွိုက်ကျန်း ကြီးမားလှသော ပါးစပ်ကြီးကို ရှောင်လိုက်သည်။
"ဓားပေါင်းတစ်သိန်း "
ကောင်းကင်ထက်မှ ပေါ့ပါးလှသောငှက်မွေး သဏ္ဍန် ဓားလေးတေကအတိုင်းဆမရှိစွာ ကျဆင်းနေသည့်အလား။ ဟွိုက်ကျန်းရဲ့အကာကွယ်မရှိသော ခန္ဓာကိုယ်ကြီး ပေါ်သို့ ကျဆင်းလာခဲ့သည်။
ဟွိုက်ကျန်းရဲ့ ခန္ဓာကိုယ်ကြီးပေါ်တွင် များပြားလှသော ဒဏ်ရာ များဖြင့်ပြည့်နက်သွားခဲ့သည်။
"သေစမ်း "
ရွှေဂဠုန်တစ်ကောင်က ဟွိုက်ကျန်းရဲ့ ကြီးမားလှသော ခန္ဓယ်ကိုယ်ကြီးကို ကန်ထုတ်လိုက်သည်။
"ဘုန်း "
ကြီးမားတဲ့ ရွှေခြင်္သေ့ ခန္ဓာကိုယ်ကြီး လွင့်ထွက်သွားခဲကာ မြေကြီးပေါ်တွင်ပင် ခန္ဓာကိုယ်နှင့် တိုက်မိသော မြေသားနေရာတေက လှမ်းကြောင်းကြီး သဏ္ဍန်ပင် ဖြစ်ပေါ်သွားခဲရသည်။
"ဝေါ့ "
"ဝေါ့ "
ဟွိုက်ကျန်းလဲ နဂိုဓားဒဏ်ရာတေအပြင် ထိုကန်ချက်ကြောင့် နောက်ဆုံးတွင် မထနိုင်တော့ချေ။
"ငါဒီမှာသေတော့မှာလား "
ငါမျိုးနွယ်စုအတွက် ငါလက်စားတောင်မချေရသေးဘူးလေကွာ ။
"မိုးကောင်းကင်ကမတရားဘူး "
"ဘာလို ဒီလိုအဖြစ်ဆိုးတေကို ဖြစ်ရတာလဲ "
ဟွိုက်ကျန်းတစ်ယောက် ကောင်းကင်ကိုမော့ကြည့်ရင်း တွေးနေမိသည်။ ဒီအကြိမ်တော့ သူသေမည့်ဆိုကို သူလည်းသိနေခဲသည်။ တစ်ခြားတစ်ဖက်ကို ကြည့်လိုက်ချိန်တွင်လဲ ရွှေဂဠုန်တေကို ၊ရွှေခြင်္သေ့ တေ နဂါးစစ်သည်တေက အပြင်းထန်တိုက်ခိုက်နေတာကို တွေလိုက်ရသည်။
"သေလိုက်တော့
"ခြင်္သေ့ကောင် "
ရွှေဂဠုန်တစ်ကောင်က မထနိုင်တော့ဟွိုက်ကျန်းရဲ့ လည်းပင်းစီသို့ သူရဲ့ကြီးမားသော ရွှေရောင်လက်သည်းကြီးဖြင့်လှမ်းပြီးကုက်လိုက်လိုက်ကာ ဟွိုက်ကျန်းကို အဆုံးသတ်ပေးဖို့ ပြင်လိုက်သည်။
ဘယ်လိုတောင်အတင့်ရဲတာလဲ ဒီမင်းသားရဲ့လက်အောက်ငယ်သားကို ထိပါးရဲတယ်ပေါ့ ။
" သေချင်နေတာလား ။ "
ကောင်းကင်ယံထက်မှာ လှေပျံငယ်လေးတစ်ခုပေါ်မှ လူငယ်လေးတစ်ယောက်က အော်ကာ ပြောလိုက်သည်။ ထိုလူငယ်လေးကတော့ လုံထန့်သာဖြစ်သည်။ အဘိုးကြီးဖေးနှင့် သူက ဟွိုက်ကျန်းကို လိုက်ရှာနေစဉ် အများအပြားပျံနှံက ထွက်ပေါ်နေသော အဖျက်စွမ်းအားတေကြောင့် ဒီနေရာမှာ တိုက်ပွဲဖြစ်နေတာကို သိပြီး ကြည့်ဖို့ရောက်လာခဲတာပဲ ဖြစ်သည်။ မထင်မှတ်ပဲ ဟွိုက်ကျန်းတို့ဖြစ်နေခဲသည်။
ရွှေဂဠုန်က လုံထန့်စကားကို ဂရုမစိုက်ပဲ ဟွိုက်ကျန်းကို သတ်ဖို့သာထပ်ပြင်လိုက်သည်။ ထိုအရာက လုံထန့်ကို ပိုပြီး စိတ်တိုသွားစေသည်။ အဘိုးဖေး သူတိုကို သတ်ပြစ်လိုက်ပါ ။ ဒီမင်းသားရဲ့ စကားကို နားမထောင်ရင်သေခြင်းတရားပဲ ဆိုတာသိသွားရအောင်။
"နားလည်ပါပြီအရှင့်သား "
အဘိုးကြီးဖေးက လှေပျံပေါ်မှမဆင်းပဲ သူရဲ့လက်ကို လေထဲကို ဖိချလိုက်သည်။ ကောင်းကင်ထက်က လေဟာနယ်က အက်ကွဲသွားပြီး အပြာရောင်နဂါးလက်ကြီးတစ်ဖက်ကမိုးကြိုးလျှပ်စီးတေဝန်းရံနေပြီးထွက်လာပေါ်ခဲ့ကာ ဟွိုက်ကျန်းကို သတ်ဖို့ လုပ်နေတဲ့ ရွှေဂဠုန်တစ်ကောင်ကို ဖိချေလိုက်သည်။ ထိုရွှေဂဠုန်က ထိုနေရာတွင်ပင် ခန္ဓာကိုယ်က သွေးမူန့်များအဖြင့်သို့ ပြောင်းလဲသွားရတော့သည်။
ကျန်တဲ့ ရွှေဂဠုန်တေလဲ တံများမြို့ချကာခက်ခက်ခဲ ခဲဖြင့်။
"သားရဲဘုရင့် "
ထိုအချိန် ရွှေဂဠုန်စစ်သည်တေကို ဦးစောင့်လာတဲ့ ရွှေဂဠုန်ခေါင်းဆောင်က သူစစ်သည်တေကို ကြည့်ကာ အော်ပြောလိုက်သည်။
"ပြေးကြတော့ "
သူလဲသားရဲဘုရင့် အဆင့် ၁ သားရဲတစ်ကောင်ဖြစ်သော်လည်းလှေပျံလေးပေါ်က တစ်ယောက်က သူထက်ပို၍အစွမ်းထက်နေခဲ့သည်။ ထိုအရာကို ခေါင်းငုံကာတိုက်ခိုက်နေပါက သေခြင်းကို ရှာဖွေနေခြင်းနှင့်မခြားချေ။
ရွှေဂဠုန်တေလဲ သူတိုခေါင်းဆောင်ရဲ့စကားကြောင့် ရွှေဂဠုန်လှေပျံပေါ်သို့ အလုအယက်ပြေးတက်နေကြသည်။
အဘိုးကြီး ဖေးက နောက်တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်လိုက်ပြန်သည်။ ကောင်းကင်သားရဲ နှစ်ယောက်လုံးဒီအကြိမ်တွင်သေ ဆုံးသွားခဲ့ရတော့သည်။ ရွှေဂဠုန် ဘုရင်အဆင့်သားရဲ က သူရဲ့ ရွှေဂဠုန် စစ်သည်တေ လှေပျံအပေါ်သို့ အကုန်ရောက်သွားသည်နှင့် လှေပျံကို ထိန်းချုပ်က အမြန်မှောင်းနှင်ကာထွက်ခွာသွားခဲ့တော့သည်။