← Chapters

ကြယ်လေးပွင့် အဆင့်မြင့်၊ မီးတောက်အကျဉ်းထောင်ကျင့်စဉ်

Vol. 1 Ch. 13

ကြယ်လေးပွင့် အဆင့်မြင့်၊ မီးတောက်အကျဉ်းထောင်ကျင့်စဉ်

Vol. 1 Ch. 13

----------

ထွက်ခွာသွားတဲ့ ရွှေဂဠုန်လှေပျံကို တိုက်ခိုက်လိုက်သော်လည်း လှေပျံက မြန်ဆန်လှသော အရှိန်ဖြင့် လုံထန်တို့အရှေ့မှနေ၍ ပျောက်ကွယ်သွားတော့သည်။

" ခွင့်လွတ်ပါ အရှင့်သား "

ဒီအဘိုးကြီးပေါ့ဆမှုကြောင့် အားလုံးကို အဆုံးမသတ်နိုင်ခဲ့ပါဘူး ။

"မဟုတ်တာပဲ ရပါတယ်" အဘိုးဘေး သူတို့ လှေပျံက ဒီလောက်အမြန် နူန်း ရှိမယ် မထင်မှတ်ထားခဲလို့ပါ။

ဟွိုက်ကျန်းကို ကြည့်လိုက်ချိန် လုံထန့်တို့ရောက်လာတာမြင်ပြီး နောက်တွင် သူလဲ စိတ်သက်သာရာရသွားခဲပြီး ထိုနေရာတွင်ပင် သတိမေ့သွားခဲ့တော့သည်။ လုံထန့်လဲ ဟွိုက်ကျန်းကို ကြည့်လိုက်ချိန်တွင် မသေသည့် အတွက်ကြောင့် စိတ်သက်သာယာ ရသွားခဲ့သည်။

"လာကြစမ်း" ဟွိုက်ကျန်းကို ကုသဖို့ ခေါ်သွားလိုက်ကြစမ်း။

စစ်သည်တစ်ချိုကို ကုသနေသော သမားတော်တစ်ချိုကလဲ လုံထန့်စကားကို ကြားပြီးနော် ဟွိုက်ကျန်းကိုကုသဖို့အတွက် သယ်စောင့်သွားကြတော့သည်။

"အရှင့်သား "

နဂါးစစ်သည်တော် တပ်မူးနှင့် ရွှေခြင်္သေ့တေက လုံထန့်ကို နှတ်ဆက်လိုက်သည်။

" အင်း "

"သေအပျောက်ရှိလား " ဒဏ်ရာရတဲ့ သူတေကို ချက်ချင်းဆေးကုသပေးလိုက်ပါ။

" နားလည်ပါပြီ အရှင့်သား "

အသေပျောက်က နဂါးစစ်သည် တစ်ရာသေဆုံးပြီးတော့ ၂၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့လူက အယောက် ၅၀ လောက်ရှိပါတယ် ။" အရှင့်သား ။

ရွှေခြင်္သေ့မျိုးနွယ်ကလည်း စစ်သည် တစ်ရာကျဆုံးသွားခဲ့ပြီးတော့ ဒဏ်ရာရသူ ၃၀၀ လောက်ရှိပါတယ်။ ဒဏ်ရာပြင်းထန်တဲ့သူက အယောက် ၂၅ ယောက်လောက်ရှိပါတယ်။အရှင့်သား ။

ရွေဂဠုန်စစ်သည်တော်တေ အယောက်သုံးရာယောက်လောက်တောပြန်ပြီး သတ်ဖြတ်နိုင်ခဲ့ပါတယ်။ သူတိုလဲ ဒဏ်ရာရသွားတဲ့ သူက ကျုပ်တို့ထက် မနည်းနိုင်ပါဘူးအရှင့်သား။

"ကောင်းပါပြီ "အားလုံး မြို့တော်ကို ပြန်ဖို့ပြင်ဆင်ကြပါ။

လုံထန့်လဲ စစ်သည်နှစ်ရာတောင်ကျဆုံးသွားတဲ့ စိတ်ထဲမှ နှစ်မျောသွားခဲ့သည်။ စစ်ပွဲတေဖြစ်တဲ့ အခါ အသေပျောက်ရှိနိုင်သော်လည်း လုံထန့်က သူစစ်သည်တေကို တက်နိုင်သမျှ အသေပျောက်နည်းစေချင်ခဲ့သည်။

ယခုသေသွားသည့် စစ်သည် နှစ်ရာက ဆုံးရူံးမူကြီးပင်။ စစ်သူကြီး လင်းယုနှင့် ဟွိုက်ကျန်းကို စစ်သည်တေကို ပိုပြီး လေ့ကျင့်ပေးခိုင်းဖို့ လုံထန့်လဲ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

" ဒင် "

သွေးနဂါးနယ်မြေကို သိမ်းပိုက်ခြင်းမစ်ရှင်အောင်မြင်တဲ့ အတွက်ကြောင့် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။

ဆုလဒ်အတွက် ~~~ ကြယ်လေးပွင့် ၊အဆင့်မြင့် မီးတောက်အကျဉ်းထောင်ကျင့်စဉ်ကိုရရှိပါသည်။

လုံထန့်လဲ အံဩသင့်သွားခဲသည်။ ဒီကျင့်စဉ်က မီးစွမ်းအားရှိသူတွေအတွက် အလွန်သင့်တော်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ လောလောဆယ်တွင်သူလဲ မီးစွမ်းအားကိုကျင့်ကြံနေသည်အတွက် ဒါကသူအတွက် လုံးဝအဆင်ပြေနေခဲ့သည်။

" မီးတောက်အကျဉ်းထောင်ကျင့်စဉ်က " ချုပ်နှောင်တဲ့ ပညာရပ်ဖြစ်သည် မီးတောက်အကျဉ်းထောင်အတွင်း သို့ကျရောက်သွားမည်ဆိုပါက ထိုသူက သူရဲ့စွမ်းအားက

တဝတ်တိတိ ကျဆင်းသွားအောင် ဖိနှိပ်ခံလိုက်ရမှာဖြစ်သည်။ ထိုအပြင်ဒီ ကျင့်စဉ်က " မီးနဂါးမျိုးနွယ်ရဲ့ " နတ်စွမ်းရည် "မီးတောက်ကမ္ဘာ" နဲတောင်ဆင်တူနေခဲသည်။ တစ်ခါက မီးနဂါးမျိုးနွယ်က လူတေက မိုးပြာနဂါးမျိုးနွယ်သို့ လာတဲ့အခါတုန်းက လက်ရည်ယှဉ်ပြိုင်တုန်းကတွေခဲ့ရတာပဲ ဖြစ်သည်။

လုံထန့်လဲ လေ့ကျင့်အဖို့အတွက် လှေပျံပေါ်သို့ ပျံတက်လာခဲတော့သည်။

"စနစ်"

"မီးတောက်အကျဉ်းထောင်ကျင့်စဉ်"ကို ထုတ်ယူမယ်။

ထိုသိုေပြာပြီးသည်နှင့်ရွှေရောင်အလင်းတစ်ခုက လုံထန့်ရဲ့ ဦးခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ဆယ်မိနှစ်နီးပါးကြာတဲ့ အခါမှာရပ်တန့်သွားခဲ့သည်။

လုံထန့်လဲ " မီးတောက်အကျဉ်းထောင်ကျင့်စဉ်ကို" စိတ်မှာသေချာလိုက်ပြီးလေ့လာလိုက်ပြီးနောက် အညွှန်းထဲကအတိုင်း လေ့ကျင့်လိုက်သည်။ မီးစွမ်းအားတေကို အကုန်ကို သူရဲ့ညာဘက်လက်ဝါးမှာစုစည်းလိုက်သည်။လုံထန့်လဲ သူလက်ဝါးကို ဖြန့်လိုက်ပြီးနောက် လက်ဝါးပေါ်တွင်မီးတောက်များနှင့် ဖွဲ့စည်းထားသော အကျဉ်းထောင်အသေးလေးတစ်ခုပေါ်လာခဲ့သည်။

"ဟမ်"

ငါတစ်ခါထဲနှင့် တက်မြောက်သွားတာလားဟ။ သေချာစဉ်းစားကြည်ရင်လဲ" ကိုးရောင်ဒြယ်ဒြပ်စင်နဂါး" ကျင့်စဉ်ကိုလေ့ကျင့်ပြီးတော့သူရဲ့ ပြောင်းလဲလာမူတေကို ခံစားမိခဲသည်။ သိုင်းကျင့်စဉ်တေဆိုရင်လဲ ခနလောက်အာရုံစိုက်လေ့ကျင့်ရုံနဲတင် တက်မြောက်နိုင်လာသမျိုးခံစားနေရခဲ့သည်။ ယခုတော့ မီးတောက်အကျဉ်းထောင်ကို လေ့ကျင့်ပြီးရုံနဲတင် တက်မြောက်နေခဲပြီပဲ ဖြစ်သည်။ လုံထန့်လဲ ဆက်ပြီးတော့တွေးမနေတော့ပဲ ဒါက " ကိုးရောင်ခြယ် ဒြပ်စင်နဂါး " ကျင့်စဉ်နဲ သက်ဆိုင်နေမှန်းသိသည်။

လုံထန့်လဲ လှေပျံရဲ့ အပြင်ကို ပြန်ထွက်လာခဲ့သည်။ အပြင်ဘက်တွင်လဲ လှေပျံများပေါ်သို့ ဒဏ်ရာရနေတဲ့စစ်သည်တေကို ပြောင်းတင်တုန်းဖြစ်သည်။

ပြောင်းရွှေနေတဲ့ စစ်သည်တေနှင့်ဝေးရာဘက်သို့ သွားပြီးနောက် လုံထန့်လဲ မီးတောက်အကျဉ်းထောင်ကို အသုံးပြုလိုက်သည်။ သူရဲ့အရှေ ကောင်ထက်ကြီးတစ်ခုလုံးတွင် မိုင်တဝတ်နည်းပါး ကြီးမားသော မီးတောက်အကျဉ်းထောင်ကြီးပေါ်လာခဲသည်။ ပတ်ပတ်လည့်တွင်လဲ အပူရှိန်က အမြင့်ဆုံးထိ ထိုးတက်လာခဲ့သည်။ ပြောင်းရွှေနေတဲ့ စစ်သည်တေလဲ လုံထန့်ကို ကြည့်ကာ ကြောက်လန့်သွားကြသည်။

"အရှင့်သားက ကြောက်စရာကောင်းလိုက်တာ " သူရဲ့စွမ်းရည်တေကို ဖုံးကွယ်ထားတာပဲ။

"ဟုတ်တယ်ကွ" အရင်တုန်းကအရှင်သားရဲ့စွမ်းရည်တေက တမင်ဖုံးကွယ်ထားတာ ဖြစ်မယ်။

အမျိုးမျိုးသောအသံတေက အောက်ဘက်ကစစ်သည်တေ ထံမှ အသံအမျိုးမျိုးကို ကြားနေခဲ့ရသည်။

ဂုဏ်ယူပါတယ်အရှင့်သား စွမ်းရည်တေတိုးလာခဲ့ပြန်ပြီ။

အဘိုးကြီး ဖေးက လုံထန့်အနီးသို့လာကာ ပြောလိုက်သည်။

"မဟုတ်တာပဲ "

အခုထိ ကျွန်တော် အင်အားကနည်းပါးနေတုန်းပါပဲ ကျွန်တော်ဖြစ်ချင်တာကို တောင်အခုထိမလုပ်နိုင်သေးပါဘူး။ ကြိုးစားဖို့ လေ့နေပါသေးတယ်။ လုံထန့် လဲသူခေါင်းကိုရမ်းက "အဘိုးကြီးဖေး" ကိုပြောလိုက်သည်။

ဖြေးဖြေးနဲ ပုံမှန်ပဲ သွားသင့်ပါတယ် အရှင့်သား ။ ကျင့်ကြံခြင်းလမ်းကြောင်းက ရှည်လျားပါတယ်။ အလျှင်လိုတိုင်းလဲ အမြန်ရောက်ရှိတာမဟုတ်ပါဘူး အရှင့်သား။

ကျွန်တော်နားလည်ပါပြီ အဘိုး ကျေးဇူးတင်ပါတယ် ။

လုံထန့်လဲ သူရဲ့လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် မီးတောက်အကျဉ်းထောင်ကြီးကို ပယ်ဖျက်လိုက်သည်။

"ပြန်ကြစို့အဘိုး "

လုပ်စရာတွေ ရှိသေးတယ်။ ကောင်းပါပြီ အရှင့်သား ။

All Chapters