ထူးဆန်းသောသေတ္တာ
Vol. 1 Ch. 14
----------------
လုံထန့်လဲ ဒဏ်ရာရရှိထားသော စစ်သည်များကိုဂရုတစိုက် ပြောင်းရွှေခိုင်းလိုက်ပြီး နောက် အားလုံးပြီးစည်းသွားချိန်တွင် သူကိုတိုင်လဲလှေပျံသို့ တက်သွားခဲ့ပြီးအနီရောင်ကောင်းကင်မြို့တော်စီသို့ဦးတည်လိုက်တော့သည်။
လှေပျံက ပျံသန်းလာထွက်လာသည်နှင့် ဟွိုက်ကျန်းလဲပြန်လည်သတိရလာခဲ့သည်။ သမားတော်များကုသပေး သည်နှင့်မြင့်မားသောကျင့်စဉ်အပြင် သန်မာသေခန္ဓာကိုယ်ပါရှိသောကြောင့် အချိန်များစွာကြာအောင် သတိမမေ့သွားခဲ့ပဲခနလောက်သာ စွမ်းအင်ကုန်ဆုံး၍ ပင်ပန်းမူနှင့် ဒဏ်ရာအပြင်းထန်မူတို့ကြောင့်သာ သတိလစ်သွားခဲ့တာပဲဖြစ်သည်။ သမားတော်များကလဲ အကောင်းဆုံးဆေးပင်များကို အသုံးပြုပေးခဲ့သည့်အတွက်လဲ မြန်ဆန်စွာသက်သာလာတာပဲ ဖြစ်သည်။
ဟွိုက်ကျန်းလဲ သက်သာလာခဲ့သည်နှင့် လုံထန့်စီသို့ ရောက်လာခဲ့သည်။
" မြိုတော်ဝန် " ကူညီပေးခဲ့တာ အများကြီးကျေးဇူးတင်ပါတယ်။ မြို့တော်ဝန်မရောက်လာပါက ကျုပ်အသက်ရှင်နိုင်မှာမဟုတ်တော့ပါဘူး။ ကျုပ်အသက်က မြို့တော်ဝင်ပေးခဲတဲ့အသက်ပဲရှိပါတော့တယ်။ နောက်အချိန်တွေက ကျုပ်ကမြိုတော်ဝင်အတွက် ဒီကျေးဇူးတေကို ကျုပ်ရဲ့သစ္စာရှိမူနဲပြန်ပေးဆပ်ပေါ့မယ်။ ဟွိုက်ကျန်းက လုံထန့်အရှေတွင်ဒူးထောက်ကာ ပြောလိုက်သည်။
လုံထန့်လဲ ဒူးထောက်နေသောဟွိုက်ကျန်းကို မတပ်ရပ်နိုင်အောင် ကူညီဖေးမပေးလိုက်ရင်းနှင့် သူကိုကြည့်ကာပြောလိုက်သည်။ မင်းကငါရဲ့ လက်အောက်ငယ်သားပါ ကိုယ်ရဲ့လက်အောက်ငယ်သားကိုမှ မကာကွယ်ပေးရင်ဘယ်လိုလုပ် ခေါင်းဆောင်ကောင်းဖြစ်တော့မလဲ။ လောလောဆယ်တော့ ဒါတေမတွေးပါနဲအုန်း ဒဏ်ရာကသက်သာလာအောင်သာ အနားယူလိုက်ပါအုန်း။
"ကျေးဇူးတင်ပါတယ် မြို့တော်ဝန် "
ဟွိုက်ကျန်းလဲ လုံထန့်ကို နှတ်ဆက်ပြီး အနားယူဖို့အတွက် သူရဲ့ အခန်းကိုပြင်သွားခဲ့တော့သည်။ လုံထန့်လဲ ဟွိုက်ကျန်းနောက်ကျောကို ကြည့်ကာ ရွှေခြင်္သေ့မျိုးနွယ်ရဲ့သစ္စာရှိမူကို သူရရှိလိုက်ပြီဆိုတာကိုသူသိလိုက်သည်။
လုံထန့်လဲအနီရောင်ကောင်းကင် မြို့တော်ကို ပြန်တဲ့လမ်းတစ်လျောက်လုံးကျင့်ကြံခြင်းနဲပဲအချိန်ဆုံးစေခဲ့သည်။ အဘိုးကြီးဖေးရဲ့ တိုက်ခိုက်ပုံကိုတွေမိပြီးနောက်တွင် သူလဲပဲ အဘိုးကြီးဖေးလို့ စွမ်းကြီးချင်လာခဲ့သောကြောင့်ဖြစ်သည်။ စွမ်းအားကြီးမှသာလျှင်သူလက်စား ချေဖို့ကိုလဲ အောင်မြင်နိုင်မှာဖြစ်သည်။
အချိန်သုံးရက်ကုန်ဆုံးခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့အားလုံး အနီရောင်ကောင်းကင်မြို့တော်သို့ ပြန်လည့်ရောက်ရှိလာခဲ့သည်။ ကုန်ဆုံးသွားတဲ့ ရက်များအတွင်းတွင် လင်းယုက သေချာကြီးကြပ်လုပ်ကိုင်ခဲ့သည့်အတွက်ကြောင့် မြို့တော်ပြုပြင်ရေးက ပြီးသလောက်နည်းပါးဖြစ်နေခဲသည်။ လုံထန့်လှေပျံမှ ဆင်းသက်လာသည်နှင့် လင်းယုက ပြေးလာခဲ့ကာ " အရှင်သားကို ကြို့ဆိုပါတယ် "။
" အင်း "
စစ်သူကြီးလင်းယု ပြောစရာရှိတယ် ။ ဟွိုက်ကျန်းနဲအတူတူလာခဲ့ပါ။
"နားလည်ပါပြီ အရှင့်သား "
စစ်သူကြီးလင်းယုလဲ လုံထန့်ပြော မည်စကားကအရေးကြီးမှန်းသိတဲ့ အတွက်ချက်ချင်းပြန်ဖြေကြားလိုက်သည်။
လုံထန့်လဲထိုသို့ပြောပြီးနောက် အရင်က လင်းယုခေါ်ဆောင်သွားပေးသော အဆောက်ဦးစီသို့ ဦးဆည်သွားလိုက်သည်။ လမ်းသွားနေရင်းဖြင့် အဘိုးကြီးဖေးကို ကြည့်ကာ သူအတွေးများကို ထုတ်ဖော်မေးမြန်းလိုက်သည်။
အဘိုး ရွှေခြင်္သေ့တေကို အနီရောင်ကောင်းကင်မြို့ကို အုပ်ချုပ်ခွင့်ပေးခဲ့မလို့ အဘိုးဘယ်လိုထင်လဲ ။ တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ အဘိုးကြီးဖေးက ခနလောက်စဉ်းစားပြီးနောက် အရှင့်သား ဆုံးဖြတ်တာက မှန်ပါတယ်လို့ပြောလိုက်သည်။
" ဘာလိုလဲ အဘိုးဖေး "
ဘာလိုဆိုအရင်က ရွှေခြင်္သေ့တေက သူတိုအခြေချဖို့နေရာတစ်ခုအပိုင်တောင်းထားတဲ့အပြင် အပိုင်နက်ကိုအပိုင်စားပေးရမယ်လို့ပြောထားတယ်မလား။
"အရှင့်သား "
ဒါကြောင့်အရှင့်သား အတွေးက သူတို့နေရာကို အပိုင်စားပေးလိုက်သော်လည်း ကိုယ်မျက်စိအောက်မှာပဲ ထားမယ်ဆိုတဲ့ အတွေးက မှန်ကန်ကြောင်းကိုပြောတာပါ။
"အရှင့်သား'"
အဘိုးဖေးလဲ ဒီလို့ထင်မြင်နေမှတော့ ဒီလိုပဲ လုပ်ကြတာပေါ့။ လုံထန့်လဲ ရီမောက အဘိုးကြီးဖေးကိုပြန်ပြောလိုက်သည်။
သူတို့နှစ်ဦးသား လင်းယုနေထိုင်သော အဆောက်ဦးသို့ရောက်ပြီး သိပ်မကြာလိုက်ခင်မှာပဲ စစ်သူကြီးလင်းယုနှင့်ဟွိုက်ကျန်းတို ရောက်ရှိလာခဲ့သည်။
"အရှင့်သား " ဂါရပြုပါတယ်။
"မြို့တော်ဝန်ကို "နှတ်ဆက်ပါတယ်။
"အင်း" ဒီနေ့ခင်ဗျားတို့ နှစ်ယောက်ကို ခေါ်လိုက်တာက ကျွန်တော် ပြောစရာလေးရှိနေလို့ပဲ။ ဒါနဲ ဟွိုက်ကျန်း ဒဏ်ရာတေရော သက်သာလာပြီလား။ သက်သာလာပါပြီ မြို့တော်ဝန်။ ကျွန်တော် ပြောချင်တာက ရွှေဂဠုန်မျိုးနွယ်နဲ ဖြစ်ခဲ့တဲ့စစ်ပွဲ အကြောင်းပါ ဒီတိုက်ပွဲမှာ စစ်သည်တေအများကြီးကျဆုံးခဲ့တယ် ။ စစ်ပွဲတစ်ခုမှာ အသေပျောက်တော့ရှိမှာပဲဒါပေမဲ့ ကျွန်တော်က စစ်သည်တေကို အသေပျောက်နည်းစေချင်တယ် အဲဒီအတွက်ကြောင့် စစ်သူကြီးလင်းယုနှင့် ဟွိုက်ကျန်း မင်းတို စစ်သည်တေကို ပိုပြီးတော့လေ့ကျင့်ပေးပါလိုပြောချင်တယ် ။ ချွေးထွက်များမှသွေးထွက်နည်းမှာမိူလို့ပဲ နားလည်လား ။
" နားလည်ပါပြီ အရှင့်သား "
နောက်ထပ်ကတော့ ဟွိုက်ကျန်း အနီရောင်ကောင်းကင်မြို့တော်ကို အုပ်ချုပ်ခွင့်ကိုပေးမလို့ပါ ။ ငါမင်းကို နေရာအပိုင်စားပေးမယ်ဆိုတဲ့ အတိုင်း အနီရောင်ကောင်းကင်မြို့တော်က မင်းရဲ့အပိုင်ပဲ ဒါပေမဲ့ မြို့ဝင်ခွင့်ကြေးငါးဆယ်ရာခိုင်နူန်းကို ငါကိုပေးရမယ် ဘယ်လိုထင်လဲ ဟွိုက်ကျန်း။ သဘောတူပါတယ် "မြို့တော်ဝန်"။
ဟွိုက်ကျန်းလဲမတိုဆိုင်းပဲ သဘောတူလိုက်သည်။ မြို့တော်အတွင်းသို့ လာတဲ့ ရာဇဝတ်သားတေကမနည်းပင်လူဦးရေသောင်းချီလောက်လာကြသည်။ မြို့တော်သာတည်ငြိမ်သွားခဲ့ပါက စီးပွားရေးလုပ်မယ်သူတေတောင်လာနိုင်သည်မိူ့ ငါးဆယ်ရာခိုင်နူန်းပေးရတာအရူံးမဟုတ်ပေ။ အဲတာထက် လုံထန့်က သူကတိကိုတည်ပြီး အပိုင်နက်အပိုင်ပေးတာကိုကပင် ကျေးဇူးတင်ရအုန်းမယ်ဖြစ်သည်။
မြို့ငယ်လေးဆယ်ခုကိုလဲ မင်းပဲတာဝန်ယူလိုက်ပါ ။ လိုအပ်တဲ့ အကူညီရှိရင် သွေးမြို့တော်ကိုလာတောင်းနိုင်တယ်။ ဘာပြောစရာရှိသေးလဲ စစ်သူကြီးလင်းယုနှင့် ဟွိုက်ကျန်းကို မေးလိုက်သည်။
"မရှိပါဘူး မြို့တော်ဝန် "
"အရှင့်သား " ကျုပ်ပြောစရာရှိပါတယ် ။
"ပြောပါစစ်သူကြီး "
လင်းယုကလုံထန့် စီသို့အရောင်ကမွဲခြောက်နေပြီး ဟောင်းနွမ်းနေသော သေတ္တာလေးတစ်လုံးကိုထုတ်ပေးလိုက်သည်။ ဒါပါအရှင်သား မြို့တော်ကို ပြုပြင်ရင်းနဲတွေခဲ့တာပါ။
ကျွန်တော်မျိုးဖွင့်ကြည့်ဖို့ကြိုးစားကြည့် သော်လည်းဖွင့် လို မရပါဘူး အရှင့်သား။
လုံထန့်လဲ စစ်သူကြီးလင်းယု ပေးသောသေတ္တာလေးကို ကိုင်ကြည့်လိုက်တဲ့ အချိန်မှာသေးငယ်သောသေတ္တာလေးကသေးငယ်သော်လည်းပဲ တခြားသေတ္တာများ နှင့်မတူအောင်ပဲ လေးလံလှသည်။ အဘိုးဖေး ဒါဘယ်လိုသေတ္တာမျိုး လို့ထင်လဲ လူအိုကြီးက ခေါင်းရမ်းက မသိပါဘူးအရှင့်သား။
လုံထန့်လဲ သေတ္တာကိုသိမ်းလိုက်ပြီးနောက် သွေးမြို့တော်သို့ရောက်မှ အဖြေရှာဖို့ တွေးလိုက်သည်။ ဒီလောက်ပဲ စစ်သူကြီး လင်းယု စစ်သည်တေကို စုလိုက်သွေးမြို့တော်ကို ပြန်မယ်။ ဟွိုက်ကျန်း ဒီမှာကျန်တာတေကို ဂရုစိုက်ပါ စစ်သည်တေကို ဖိအားပေးလေ့ကျင့်ပါ ။
"နားလည်ပါပြီ မြို့တော်ဝန် "
လင်းယုလဲ စစ်သည်တေကို စုဖို့အတွက် ထွက်သွားခဲ့တော့သည်။
-------
-
အချိန် နာရီဝတ်ခန့်ကြာပြီးနောက် လင်းယုလဲပြန်ရောက်လာခဲ့သည်။ အရှင့်သားအားလုံးစုပြီးပါပြီ။
"သွားကြစို့ "
နဂါးစစ်သည်ရှစ်ကျော်နှင့် လုံထန့်လဲ လှေပျံရဲ့အပေါ်သို့တက်သွားကြတော့သည်။ အနီရောင်မြို့တော်ကို နှင့်အဝေးတစ်ဖက်ရှိသွေးမြို့တော် သို့ ပြန်သွားကြတော့သည်။
လုံထန့်လဲ သူရဲ့ အခန်းသို့ ရောက်သည့်နှင့် လင်းယုပေးထားသောသေတ္တာလေးကို သေရှာစစ်ဆေးကြည့်လိုက်သည် ။ သူဘယ်လိုပဲ စစ်ဆေးဆေး သေတ္တာလေးက လေးလံနေတာကလွဲရင် အထူးဆန်းဟုတ်မနေခဲ့ချေ။
သူဖွင့် ကြည့်ဖို့ကြိုးစားကြည့်သော်လဲ ဖွင့်လို့မရချေ။လုံထန့်လဲ ထိုအရာကို ဘေးနားမှာထားချထားလိုက်ပြီး လေ့ကျင့်ဖို့ အတွက်ပဲ ပြင်ဆင်လိုက်သည်။
မှတ်ချက် ။ ။ သာရဲမျိုးနွယ်ရဲ့ သမားတော်ဆိုတာက မှော်ဆေးလုံးတွေ ၊ ဘာတွေ မဖော်စပ်နိုင်ပါဘူး ပုံမှန်ဒဏ်ရာလောက်ပဲကုသနိုင်ပြီး ဆေးပင်တွေရဲ့ အကြောင်းကိုနားလည်နိုင်ရုံလောက်ပါပဲ ။