မျိုးနွယ်စုငယ်များကို စုဆောင်းဖို့ပြင်ဆင်ခြင်း
Vol. 2 Ch. 15
---------
လုံထန့်လဲ သေတ္တာလေးကဖွင့်လို့မရသည့်အတွက်ကြောင့်နောက်မှဖွင့်ရန်အတွက် ဘေးမှထားလိုက်ပြီး လေ့ကျင့်ကြံဖို့ပြင်ဆင်လိုက်သည်။ ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ရဲ့မီးဒြပ်စင်ကျင့်စဉ်အညွှန်းတိုင်းပြန်ပြီးတော့လေ့ကျင့်နေခဲ့သည်။
သူမီးဒြပ်စင်စွမ်းအားကျင့်စဉ်ကိုလည့်ပတ်လိုက်ချိန်တိုင်း တွင် သားရဲအမြုတေပေါ်ရဲ့ အနီရောင်လေးကပို၍ တောက်ပလာခဲ့ရာ သူနေထိုင်တဲ့ အခန်းတွင်းအပူချိန်ကလဲ ထိုးတက်လာခဲ့သည်။ လုံထန့်ကတော့ ထိုအရာတေကိုမသိပဲ သူရဲ့လေ့ကျင့်ရာတွင်ပဲ နှစ်မြုပ်နေခဲ့သည်။
ထိုအချိန် အပြင်ဘက်တွင် စောင့်ကြောင့်နေသော အဘိုးကြီးဖေးနှင့် လင်းယုက လုံထန့်ရဲ့ အခန်းရှိရာသို့ အံဩတစ်ကြီး လှည်ကြည့်လိုက်မိသည်။ စစ်သူကြီး လင်းယုက ခေါင်းကို ရမ်းကာရီမောလိုက်ပြီး အရှင့်သားရဲ့ စွမ်းအားတွေ တိုးလာပြန်ပြီ ပဲ အထိန်းတော်ကြီး ။
အဘိုးကြီးဖေးက ရီမောလိုက်ကာ ဘာမှပြန်မပြောလိုက်ချေ။ လုံထန့်စွမ်းအားကြီးလာတာကို သူမြင်တွေရတာက သူလဲ လုံထန့်အတွက် ပျော်ရွှင်စေသည်။ အရင်ထဲက ထိုကောင်လေးက လေ့ကျင့်မူမှာ အရူးမူးကြိုးစားခဲ့သော်လည်းလဲ သူအတွက်အောင်မြင်မူမရခဲချေ။ အခုတော့ လုံထန့်စွမ်းအားကြီးလာတာကို သူမျက်စိနဲတင်မြင်နေရပြီဖြစ်သည်။
" သွားနားကြစို့ '' အရှင့်သားကြံကျင့်နေတာ မနှောက်ယုက်ကြရအောင်။
နားလည်ပါပြီအထိန်းတော်ကြီး ။
လင်းယုလဲ အဘိုးကြီးဖေးကို နှတ်ဆက်ပြီးနောက် အနားယူဖို့အတွက်သူရဲ့ အခန်းကို ပြန်သွားခဲ့တော့သည်။
---------
ထိုသို့ဖြင့် အချိန်သုံးရက်ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် သူတိုတွေ က သွေးမြို့တော်သို့ ရောက်ရှိခါနီးလာခဲ့ပြီပဲဖြစ်၏။
အဘိုးကြီးဖေးက လုံထန့်ရဲ့ အခန်းတံခါးကို ညှင်သာစွာခေါက်လိုက်သည်။
"ဒေါက် "
ဒေါက် "
ဒေါက် "
အရှင့်သား သွေးမြို့တော်ကို ပြန်လည့်ရောက်ရှိတော့ပါမယ်။
လုံထန့်လဲ အဘိုးကြီးဖေးရဲ့ အသံကြောင့်လေ့ကျင့်တာကို ရပ်တန်လိုက်သည်။ ထိုအခါမှာသာ အခန်းအတွင်းက အပူရှိုန်က ပြန်ကြလာခဲ့ကာ ပုံမှန်အနေထားပြန်ဖြစ်သွားခဲသည်။
" ဟူး "
လုံထန့်လဲ ကိုယ်တွင်းရှိလေပူများကို မူတ်ထုတ်လိုက်ကာ မက်တပ်ရပ်လိုက်ကာ လမ်းလျောက်လာခဲ့ပြီးအခန်းတံခါးကို ဆွဲဖွင့်ကာ အဘိုးကြီး ဖေးကို နှတ်ဆက်လိုက်သည်။
အရှင့်သား သွေးမြို့တော်က ရှေဆိုရောက်ရှိပါပြီ ။
" ဟုတ်အဘိုးဖေး "
လုံထန့်လဲ လှေပျံရဲ့ ကုန်းပတ်ပေါ်သို့တက်ကာ အောက်ဘက်ရှိ ရူခင်းအလှများကို ကြည့်ရူနေခဲ့သည်။ သူကြည့်နေရင်းမှာပင် သူရဲ့မျက်စိရှေတွင် သွေးမြို့တော်ကြီးကို လှမ်းမြင်နေရပြီပဲ ဖြစ်သည်။ အခုဆိုရင်မိုးပြာနဂါးအင်ပါယာမြို့တော်ကြီးမှနေ၍ သူသွေးနဂါးနယ်မြေကို ရောက်ခဲ့တာ တစ်လနီးပါးတောင် ကြာမြင့်ခဲပြီပဲဖြစ်သည်။ နောက်ဆုံးတွင် သွေးနဂါးနယ်မြေတစ်ခုလုံးလဲ သူရဲ့လက်အောက်သို့ရောက်ရှိလာခဲ့ပြီပဲဖြစ်သည်။ လုံထန့်လဲ ရှေလျှောက်တွင်သူလုပ်ဆောင်ရမည့်အရာများကို တွေးတောနေမိသည်။
ထိုအချိန် အဘိုးကြီးဖေးက လုံထန့်ငေးမောနေသည်ကိုကြည့်ကာ အရှင့်သားဘာတေများတွေးနေပါသလဲ ။
လုံထန့်လဲ ပြုံးကာ သူရဲ့ခေါင်းကို ရမ်းကာ ရှေလျှောက်လုပ်ဆောင်ရမည့် အရာတေ ကြောင့်ပါ အဘိုး ။
အရှင့်သား တစ်ဆင့်ခြင်းပဲလုပ်ဆောင်သွားပါ ။
အလောတကြီးအလျှင်စလို့ လုပ်မိရင်နောက်ဆုံးမှာ ပြဿနာများစွာနှင့်ပဲ ရင်ဆိုင်ရပါလေ့မယ်။
" နားလည်ပါပြီအဘိုးဖေး "
သူရဲ့ရန်သူတေက အားကောင်းလွန်းလှသည် ။ ထိုအရာကို သူလည်းသိသည့် သူသာအလျှင်စလို့ ပြုလုပ်မိရင် သူလုပ်သမျှအားလုံးသဲထဲရေသွန်သလို့ ဖြစ်သွားမည့်အပြင် သူရဲ့အသက်လဲ သေဆုံးရမည်မှာမလွဲချေ။ အဘိုးကြီး ဖေးက သူကို စိတ်ပူ၍ သတိပေးနေသည်မှန်းကို လုံထန့်လဲ နားလည်မိသည်။
လုံထန့်ခနလောက် စဉ်းစားပြီးနောက်တွင် အဘိုးဖေး ပြန်ရောက်တဲ့ အခါကြရင် စစ်သည်တေကို ပိုပြီးသန်မာလာဖို့လေ့ကျင့်ပေးရာမှာ ကူညီပေးပါအုန်း။ ဒါအပြင်တစ်ခြားမျိုးနွယ်က စစ်သည်တေပါရရင်ပိုကောင်းမှာပဲ စစ်သည်အင်အားတိုးလာတာပေါ့ ကျွန်တော်ရဲ့ စစ်သည်အင်အားက အရမ်းနည်းလွန်းတယ် အဘိုးဖေးးမှာအကြံများရှိလား ။
လုံထန့်က အဘိုးကြီဖေးကို ကြည့်ကာမေးလိုက်သည်။
အဘိုးကြီးဖေးက ခနလောက်စဉ်းစားပြီးနောက်တွင် လုံထန့်ကို ကြည့်ကာ ပြောလိုက်သည်။ နည်းလမ်းနှစ်မျိုးတော့ရှိပါတယ် အရှင့်သား ။
" ပြောပါအုန်းအဘိုး " လုံထန့်ရဲ့ မျက်လုံးတေက တောက်ပလာခဲကာ အဘိုးကြီးဖေးကို အမြန်မေးလိုက်သည်။
ပထမတစ်မျိုးက အရှင့်သား မြို့တော်ကိုရောက်ရှိလာတဲ့ ရာဇဝတ်သားတေနဲ တစ်ယောက်ထည့်လျှောက်သွားလာနေတဲ့သူတေကိုစုဆောင်းဖို့ပါပဲ အရှင့်သား။
ဒုတိယတစ်မျိုးက သေးငယ်တဲ့မျိုးနွယ်စုတေကို လက်အောက်ခံအဖြစ်သိမ်းပိုက်ပြီး စစ်တပ်အင်အားစုကို စုဆောင်းတာပါပဲ အရှင့်သား ။
ရာဇဝတ်သားတေကို စုဆောင်းတာက ရေရှည်အတွက်အဆင်မပြေနိုင်ဘူး အဘိုးဖေး ။ ဒုတိယနည်းလမ်းကို သုံးတာပိုပြီး အဆင်ပြေလေ့မယ် ။
အရှင့်သား သဘောတိုင်းပါပဲ ။
ကျေးဇူးပါပဲ အဘိုး ကျွန်တော်တိုပြန်ရောက်ရင် ဒီမျိုးနွယ်စုငယ်လေးတေကို စုဆောင်းဖို့ကိစ္စအတွက် အဘိုးတာဝန်ယူပေးပါအုန်း ။
နားလည်ပါပြီအရှင့်သား။
ထိုအချိန်တွင် ........
" ဒင် "
{မစ်ရှင်ရှိပါတယ် }
{မျိုးနွယ်စုငယ်လေး ဆယ်စုကိုလက်အောက်ခံအဖြစ် စုဆောင်းပါ }
ဆုလဒ် ~~~?
{အချိန်ကန့်သတ် တစ်နှစ် }~~~ မပြီးမြှောက်ပါက အလိုအလျောက်ပြန်ပြီး ပျောက်ကွယ်သွားပါမည်။
" ဟမ့် "
လုံထန့်လဲ သူရဲ့ မျက်နှာအရှေတွင်သူယောက်သာမြင်နိုင်သော မျက်ပြင်ပေါ်တ္ငွင်ပေး ထားသော တာဝန်ကို ကြည့်ရူလိုက်သည်။
ကောင်းပြီလေ ဆယ်စုဆိုလဲ ဆယ်စုပေါ့ ။
လုပ်ကြတာ ပေါ့ ။
လုံထန့်က အဘိုးကြီးဖေးရဲ့ ဘက်သို့လည့်ကြည့်ကာ အဘိုးတစ်ကယ်လို့ မျိုးနွယ်စုငယ်လေးတေ စုဆောင်းတဲ့အခါ မျိုးနွယ်စု ခေါင်းဆောင်တေကို ကျွန်တော်စီကိုခေါ်လာခဲ့ပေးပါ။
နားလည်ပါပြီ အရှင့်သား ။
ထိုအချိန်တွင် သူတိုရဲ့ လှေပျံကလဲ သွေးမြို့တော်ရဲ့ ကောင်းကင်ယံထက်၌ ရောက်ရှိနေပြီပဲဖြစ်သည်။ လုံထန့်တစ်ယောက် မြို့တော်ရဲ့ ကောင်းကင်ယံထက်မှနေ၍ အောက်သို့ ငုံကြည့်လိုက်ချိန်တွင် မြို့တော်ခုလုံးမှာ သားရဲတေအမျိုးမျိုးသွားလာနေတာကို တွေမြင်နေရသည်။ ဒါကအရင်ထက် နှစ်ဆနီးပါးလောက် များပြားလာတာပဲ ဖြစ်သည်။ ဒီအတိုင်းသာသွားနေမယ်ဆိုရင် မြို့ဝင်ကြေးနဲတင် လုံထန့်သူရဲ့ စစ်သည်တေကို စွမ်းအားတိုးလာအောင်လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။ ရှေလျှောက်ဆိုရင် ပိုပိုပြီးတော့ အရေတွက်က များပြားလာမည်သာဖြစ်သည်။
"သွားကြစို့ အဘိုး "
လုံထန့်လည်းလှေပျံပေါ်မှ ခုန်ဆင်းသွားတော့သည်။ အဘိုးကြီးဖေးကလုံထန့်နောက်မှ လိုက်ပါလာခဲသည်။