ထူးဆန်းသောသေတ္တာကိုဖွင့်လှစ်ခြင်း
Vol. 2 Ch. 16
--------
လုံထန့်လည်း မြို့လည်၌ ပြန်လည်ပြုပြင်ထားသောနန်းတော်ကြီး ရှိရာသို့ ပျံသန်းသွားခဲ့သည်။ နဂိုကလိုမျိုး ပျက်စီးခြင်းများမရှိတော့ ပဲ နန်းတော်ကြီးက ကောင်းဘုံတမျှနေချင်စရာကောင်းလွန်းလှသည်။ တောင်တုများ ၊ အလှမွေးငါးများ ထည့်သွင်းထားသော ရေကန်များ ၊ရေတံခွန်များ၊ မိုးမခပင်များ စတဲ့အမျိုးမျိုး ပစ္စည်းတေနဲ အလှဆင်ထားကြသည်။ အငွေ့များတစ်ထောင်းထောင်းထွက်ပေါ်နေသော ရေပူစမ်းများ လည်းရှိနေခဲ့သည်။
လုံထန့်လဲ အရင်ကဒီနန်းတော်ဟောင်းကို ပြုပြင်ဖို့ရက်ပေါင်းများစွာကြာမြင့်မည်ဟုထင်ခဲ့သောလည်း အခုလို့ရက်အနည်းငယ်လေးနဲ အကုန်ပြီးစီး သွားလေ့မည်ဟုမထင်ခဲ့ချေ။
ထိုအချိန်တွင် နန်းတော်ဟောင်းကို ပြုပြင်ရင်အတွက် ချန်ထားခဲ့သော တပ်မူးတစ်ယောက်က လုံထန့်ရှိရာစီသို့ ပြေးလွှားရောက်လာခဲ့သည်။
"အရှင့်သား ကိုဂါရဝပြုပါတယ် "
" အင်း " မင်းလုပ်တာမဆိုးဘူးပဲ။ လုံထန့်လဲ ထိုတပ်မူးကိုကြည့်ကာ ပြောလိုက်သည်။
ချီုးကြူးတာ ကျေးဇူးတင်ပါတယ် အရှင့်သား ။ နန်းတော်ဟောင်းက ပြုပြင်စရာက ပြိုကျပျက်စီးတာတေရှိနေပေမဲ့ တခြားအရာတေက သူနေရာနှင့်သူရှိနေပြီးသားအတိုင်းပြုပြင်ရုံဆိုတော့ ရက်အနည်းငယ်နှင့်ပြီး ဆုံးသွားခဲ့တာပါ အရှင့်သား။
နန်းတော်ဟောင်းရဲ့ နန်းတော် အမည်က ပျက်စီးနေတော့ အရှင့်သားက နန်းတော်အမည်ကို ဘယ်လိုမျိုးများပေးချင်ပါသလဲ ။ အဆောက်ဦးများပြုပြင်ရန့်အတွက် ကျန်ရစ်ခဲသော တပ်မူးက လုံထန့်ကို မေး လိုက်၏။
လုံထန့်လဲ ခနလောက်စဉ်းစားနေခဲ့ရင်း ဖြင့် ......။
သူနန်းတော်ကို အပေါ်စီးကနေမှ ကြည့်ခဲ့သောအအချိန်ကဆိုရင် ထိုပြုပြင်ထားတဲ့ နန်းတော်က သူအရင်က မိုးပြာနဂါးအင်ပါယာမှာနေခဲ့သောစံအိမ်နဲ မတူညီပဲ ဒီနန်းတော်ကြီးက ကောင်းကင်ဘုံတမျှခမ်းနားလွန်းလှသည်။
" ဟုတ်ပြီ "
နန်းတော်အမည်ကို " ကောင်းဘုံနန်းတော် " လိုပေးလိုက်ပါ တပ်မူး .....။
နားလည်ပါပြီ အရှင့်သား ။
ခွင့်ပြုပါအရှင့်သား ထိုတပ်မူးက ထုံထန့်ကို နှတ်ဆက်ပြီးတော့ ထွက်ခွာသွားတော့သည်။
" သွားကြစို့ အဘိုး "
လုံထန့်နဲ အဘိုးကြီးဖေးလဲ နန်းတော်ထဲသို့ ဝင်ရောက်သွား၏။
-------
လုံထ့န်လဲလမ်းလျှောက်နေရင်းဖြင့် သူဖွင့်လို့မရခဲသော သေတ္တာဟောင်းလေးကို အမှတ်ရသွားခဲ့သည်။ရိုးရိုးတန်းတန်း ဖွင့်လှစ်လို့မသည့်အတွက် အကြောင့် အဘိုးကြီးဖေး ကို အကြမ်းနည်းသုံးပြီး ဖွင့်ကြည့်ခိုင်းဖို့ တွေးလိုက်သည်။
အဘိုး ဒီသေတ္တာကို မှတ်မိတယ်မလား ။ လုံထန့်လဲ သေတ္တာလေးကို သူရဲ့ အကျီလက်မောင်းအတွင်းမှ ထုတ်ပေးလိုက်ရင်းဖြင့်မေးလိုက်သည်။
အဘိုးကြီးဖေး လဲ ကြည့်ရူလိုက်ပြီးနောက် မှတ်မိပါတယ် အရှင့်သား။
ဒါကို ကျွန်တော် ပုံမှန်နည်းနဲ ဖွင့်ဖို့ကြိုးစားပြီးပြီ အဘိုးမပွင့်ဘူး ။ ဒါကြောင့် အဘိုးရဲ့ စွမ်းအားနဲ ခွဲပစ်မလားလို့စဉ်းစားမိလို့ လုံထ့န်က အဘိုးကြီးဖေးကို ပြောလိုက်သည်။
ဒီအဘိုးကြီး စမ်းကြည့်ပေးပေါ့မယ် အရှင့်သား ။
အဘိုးကြီးဖေးက လက်ထန့်လက်ထဲမှာ သေတ္တာလေးကို ယူလိုက်ပြီးနောက် သူရဲ ဘုရင့်ဆင့်စွမ်းအားတေကို လက်ဝါးတွင်စုစည်းလိုက်ပြီးနောက် သေတ္တာလေးကို ကျေကွဲသွားစေရန်အတွက် ဖိချေလိုက်သည်။ ထိုသော်လည်း သေတ္တာလေးက အရာလေးတောင် မထင်ချေ။
" ဟမ့် "
အဘိုးကြီးဖေးလဲ အံဩသွားခဲ့သည်။
ထပ်စမ်းကြည့်ခွင့်ပြုပါအရှင့်သား ။
ဘေးကလုံထန့်လဲ အံဩနေခဲသည် အဘိုးကြီးဖေးက ရွှေဂဠုန်မျိုးနွယ်က ကောင်းကင်သားရဲ သုံးကောင်ကိုသတ်တုန်းက လက်ဝါးလေး တစ်ဖက်မြှောက်ရုံသာပင်ဖြစ်သည်။
အခုတော့ ကြည့်လိုက်ရင်ဖြစ်ပင် လိုချင်စရာမရှိသော ဟောင်းနွမ်း ညစ်ပေနေသော သေတ္တာလေးက အမှန်တစ်ကယ်ပင်ဘုရင့်ဆင့်သားရဲ တစ်ယောက်ရဲ့ တိုက်ခိုက်တဲ့ စွမ်းအားအောက်မှာ သေးငယ်သောခြစ်ရာလေးတောင်မှမပေါ်ချေ။
အဘိုးကြီးဖေးရဲ့ စွမ်းအားဘယ်လောက် ကြီးမားတယ်ဆိုတာကို သူလည်းသိသည်။ ကြည့်နေရင်းဖြင့် သေတ္တာလေးရဲ့အထဲက ပစ္စည်းကိုသူလည်း ပို၍ စိတ်ဝင်စားလာခဲ့သည်။
အဘိုးကြီးဖေးက ဒီတစ်ကြိမ်တွင် သူရဲ့စွမ်းအားတစ်ရာ " % "လုံးကို သူရဲ့ လက်ဝါးတွင်စုစည်းလိုက်သည်။ သူရဲ့လက်မောင်းတစ်ခုလုံးက ကြီးမားသော အပြာရောင်နဂါးလက်ကြီး ဖြစ်သွားခဲ့ပြီး လျှပ်စီးများကလည်း လက်မောင်းတစ်ဝိူက်တွင် တဖြက်ဖြက်လက်က ဝန်းရံနေခဲ့သည်။
{ မိုးပြာနဂါးလက်သည်း }
နဂါးကြီးတစ်ကောင်ရဲ့ ဟိန်းသံထွက်ပေါ်လာပြီး ကြီးမားသော လက်သည်းကြီးက သေတ္တာလေးပေါ်သို့ မညှာမတာ ကြရောက်လာခဲသည်။
"ဝုန်း"
" ဝုန်း "
နန်းတော်ကြီးတစ်ခုလုံးတုန်လူပ်သွားခဲပြီးနောက် ပတ်ဝန်းကျင့်တစ်ခုလုံး ဖုန့်မူန့်တေနဲ ဖုန်းလွမ်းသွားခဲ့သည်။
ဒီတစ်ခါ ရပါပြီ အရှင့်သား အဘိုးကြီးဖေးက သူရဲ့စွမ်းအင်ကို ထိန်းချုပ်ပြီး တိုက်ခိုက်သည်အတွက် တစ်ခြားနေရာတေမှာ ပျက်စီးမူမဖြစ်စေခဲ့ပဲ သေတ္တာနေရာလေးသာ ပျက်စီးသွားခဲ့သည်။ ဖုန့်မူ့န်တေ ရှင်းလင်းသွားချိန်တွင် အဘိုးကြီး ဖေးနှင့် လုံထန့်နှစ်ယောက်လုံး သေတ္တာဟောင်းလေးကို ကြည်လိုက်ချိန်တွင် သူပတ်ပတ်လည့်ကာ ပက်စီးနေသော်လည်း သေတ္တာလေးကတော့ အကောင်းတိုင်းပင်ဖြစ်နေခဲသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ "အဘိုးကြီးဖေးရဲ့ မယုံကြည့်နိုင်စရာအသံက ထွက်ပေါ်လာခဲ့သည်။ လုံထန့်လဲ ထိုအရာကိုကြည်ကာ ကျက်သေ သေသွားခဲ့သည်။
လုံထန့်လဲ သေတ္တာကို ကောက်ယူလိုက်ပြီးနောက် သေချာသွားအောင်စစ်ဆေးကြည့်လိုက်ချိန်တွင် သေးငယ်သောခြစ်လေးပင်ချေမနေခဲချေ။ ဘယ်လိုတောင်မာကြောရတာလည်း ဟ။
အရှင့်သား ဒီအဘိုးကြီး တစ်ခနလောက်ကြည့်ခွင့်ပေးပါ။
အဘိုးကြီးဖေးကလုံထန့်စီမှ နေ၍ ခွင့်ပြုချက်တောင်းလိုက်သည်။ သူရဲ့ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်တာကိုတောင် မပျက်စီးတဲ့ ပစ္စည်းကို သူအမှန်တယ်သေချာစစ်ဆေးကြည့်ချင်ခဲ့သည်။ သူလိုမျိုးကိုယ်ရဲ့ စွမ်းအားအပေါ်ယုံကြည့်မူ ရှိသာ သူတစ်ယောက်အပေါ်တွင် ဒီသေးငယ်သော သေတ္တာလေးကို မဖျက်စီးနိုင်ခဲ့တာက ကြီးမားသောထိုးနက်ချက်ကြီးတစ်ခုလိုပင် ခံစားရသည်။
" ဒီမှာပါ အဘိုး " လုံထန့်လဲ သူရဲ့လက်ထဲမှာသေတ္တာကို အဘိုးကြီးဖေး ထံသို့ ကမ်းပေးလိုက်သည်။
အဘိုးကြီးဖေးလဲ သေတ္တာကို သေချာစစ်ဆေးကြည့်လေ သူရဲ့ စွမ်းအားပေါ်တွင် ပို၍ သံယဝင်လာသို့ ခံစားလိုက်ရသည် ။ သေချာကြည့်လေ သေတ္တာက ဘာထူးခြားချက်မှမရှိနေတာကို တွေမြင်နိုင်သည်။ သို့သော် ဘုရင့်ဆင့် စွမ်းအားပြင် တိုက်ခိုက်မူ ခံရတာကို ပင် ခြစ်ရာလေးတောင်မထင်ခဲချေ။
" ဘယ်လိုထင်လဲ အဘိုး "
မဆုံးဖြတ်တော့ပါဘူးအရှင့်သား ကျွန်တော်မျိုးဘဝတစ်ယောက်လုံး မတွေခဲဖူးပါဘူး အရှင်သား ။ အဘိုးကြီးဖေးကခေါင်းကို ရမ်းက သက်ပြင်းချရင်းပြောလိုက်သည်။
ဒါဆိုလည်းနောက်မှသာ အဖြေရှာကြည့်ကြတာတော့အဘိုး။
အဘိုးကြီးဖေးက လုံထန့်ကိုကြည့်ကာ မသေချာပေမဲ့ ဒီအဘိုးကြီးမှာ အကြံပြုချက်တစ်ခုတော့ရှိပါတယ် အရှင့်သား။
" ပြောပါ အဘိုး "
လုံထန့်ရဲ့ မျက်လုံးများလဲသိချင်စိတ်ကြောင့် တောက်ပလာခဲသည်။ ဒါက ဒီအဘိုးကြီး ရှေးဟောင်းစာအုပ်တစ်ခုထဲမှာ ဖက်ရှုခဲဖူးတာပါ ထူးခြားတဲ့ ပစ္စည်းတေကို အသိမှတ်ပြုခံရဖို့အတွက် စွမ်းအင်များထည့်သွင်းတာတို့ ၊သွေးစက်ချပြီး အသိမှတ်ပြုခံရတာတို့ပါ အရှင့်သား။
အခုပုံစံတိုင်းဆိုရင် ဒါမျိုးစမ်းသပ်ကြည့်သင့်ပါတယ် ။ မရသွားခဲ့တော့လည်း အရူံးမရှိပါဘူး။ နောက်အအချိန် အရှင့်သား စွမ်းအားကြီးမားလာသော အခါမှ ဖွင့်ကြည့်လို့ရတာပေါ့ ။
အဘိုးကြီးဖေးရဲ့ စကားကြောင့်လုံထန့်လဲ စဉ်းစားမနေတော့ပဲ အဘိုးကြီးဖေးလက်ထဲက သေတ္တာလေးကို ယူကာ သူရဲ့ စွမ်းအားတကို လှည့်ပတ်လိုက်ပြီးနောက် သေတ္တာလေးထဲသို့ နဂါးစွမ်းအင်များကို ထိုးသွင်းလိုက်တော့သည်။ တစ်မိနှစ် ၊ နှစ်မိနှစ်၊ ဆယ်မိနှစ် ထို သို့ဖြင့် ကြာမြင့်သွားသော်လည်းပြောင်းလဲ လာခြင်းမရှိချေ။
လုံထန့်လဲ သေတ္တာအတွင်းသို့ နဂါးစွမ်းအင်များ ထိုးသွင်းခြင်းကို ရပ်တန့်လိုက်တော့သည်။ထိုနောက်သူရဲ့လက်
ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး နောက် ပတ္တမြားရောင် တောက်ပနေသောသွေးတစ်စက်ပေါ်လာခဲ့သည်။ သွေးတစ်စက်ကို သေတ္တာလေးပေါ်သို့ ချလိုက်သည်။ သွေးစက်ကြသွားသည် နှင့် သေတ္တာလေးက နဂါးဟိန်းသံတိုးတိုး ထွက်ပေါ်လာပြီးနောက် ကြောက်စရာကောင်းလွန်းတဲ့ အရှိန်ဝါက သွေးမြို့တော်တစ်ခုလုံးကို ပြန့်နှံသွားခဲပြီး လမ်းတစ်လျှောက်သွားလာနေကြသူများ နှင့် ဂိတ်တွင့် စောင့်နေသောနဂါးစစ်သည်များအားလုံးက ထိုဖိနှိပ် လိုက်သော အရှိန်ဝါအောက်တွင် အားလုံးဒူးထောက်လိုက်ရတော့သည်။ ဘေးနားတွင်ရပ်နေသော အဘိုးကြီးဖေးလဲ ထိုကြောက်စရာကောင်းသော အရှိန်ဝါအောက်တွင် မြေကြီးပေါ်သို့ လှဲကြသွားခဲ့သည့်အထိ ဖိနှိပ်ခံလိုက်ရသည်။ အားလုံးက ထိုအရှိန်ဝါအောက်တွင် ခက်ခက်ခဲခဲ အသက်ရှုနေရပြီး ထိုအရှိန်ဝါရဲ့ ဖိနှိပ်မူအောက်တွင် လုံထန့်တစ်ယောက်သာ လွတ်မြောက်နေခဲ့သည်။
နောက်ဆုံးတွင် ဖိနှိပ့်မူက တစ်မိနှစ်လောက်ကြာချိန်တွင်တစ်မြို့လုံးကို ဖိနှိပ့်ထားသော အရှိန်ဝါလည်းပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
" ဟူး "
ဘာဖြစ်တာလဲ ရန်သူလာတိုက်ခိုက်တာလား .။
ကြောက်စရာကောင်းလိုက်တာ ခနလေးမိူ့လိုပဲ ငါသေသွားတော့မယ် ထင်နေတာ နွားဦးခေါင်းနဲသားရဲ ကသူရဲ့နဖူးထက်က ချွေးများကို သုတ်ရင်းဖြင့်ပြောလိုက်သည်။
ကြောက်စရာကောင်းလိုက်တာ ငါတော့သေပြီထင်တာ ။
မြို့တော်တစ်ခု လုံးထိုကိစ္စများကို ဆွေးနွေးနေကြပြီး လူပ်လူပ်ရှားရှား ဖြစ်သွားကြရသည်။
အားလုံးကထို တစ်မိနှစ်အချိန်ကသူတိုအတွက်တော့ ဘဝတစ်ခုလုံးစာလောက်ထိ ကြာမြင့်နေသကဲ့သို့ခံစားနေရသည်။ သူတို့တွေက ထိုအချိန်ကို ပြန်တွေး မိရင်တောင် ကြောက်လန့်မူကို အခုထိတိုင်ခံစားနေကြရသည့် အထိပင်ဖြစ်သည်။