← Chapters

ထူးဆန်းသောသေတ္တာကိုဖွင့်ခြင်း ( ၂ )

Vol. 2 Ch. 17

ထူးဆန်းသောသေတ္တာကိုဖွင့်ခြင်း ( ၂ )

Vol. 2 Ch. 17

---------

လုံထန့်လဲ သူပတ်ဝန်းကျင့်ကဖြစ်ပျက်နေသည်များကိုသတိမထားမိပဲ သူလက်ထဲက သေတ္တာလေးကိုသာအရုံစိုက်နေမိပြီး ဖိနှိပ့်ခဲ့သော အရှိန်ဝါကလည်းသူအပေါ်သို့သက်ရောက်မူလည်းမရှိခဲ့ချေ။

နဂါးဟိန်းသံခပ်တိုးထွက်ပေါ်လာပြီးနောက် သေတ္တာလေးကို သူအလိုလိုပင် ပွင့်လာခဲ့သည်။

သေတ္တာရဲ့အတွင်းကို လုံထန့်ကြည့်လိုက်ရှိန်တွင် ပထဆုံးအမြင်တွေလိုက်ရတာက ထူးဆန်းစွာဖြင့် ရွှေရောင်အလင်းများဖြင့် ဖုံးအုပ်ထားသည် ။ သေတ္တာရဲ့ အဖုံးကပွင့်ဟာသွားသိ အချိန်ကြာလာမှသာ ရွှေရောင်လင်းများကလဲ တဖြေးဖြေးပါးလွှာလာခဲ့ကာ နောက်ဆုံးတွင်ပျောက်ကွယ်သွားခဲ့တော့သည်။

သေတ္တာရဲ့ အတွင်းတွင် ဖောက်မြင်ရမတက် ကြည့်လင်နေသော သလင်းလုံးထဲတွင် ပတ္တမြားရောင်တောက်ပနေသောသွေးတစ်စက်ရှိနေခဲ့သည်။ သေတ္တာကို ဖွင့်လှစ်လိုက်သည်အချိန်တွင် ထွက်ပေါ်လာခဲ့သည် ဖိနှိပ်မူတေက ထိုသွေးစက်ထံမှ ထွက်ပေါ်လာခဲတာပဲဖြစ်သည်။

သူရဲ့ဘေးတွင် လက်စွပ်သဏ္ဍန် ပုံစံတစ်ခုရှိနေခဲသည့်။ ထိုအချိန်တွင် အဘိုးကြီးဖေးလဲ ဖိနှိပ့်ထားမူအောက်မှာ ပြန်ပြီးတော့ သက်သာလာခဲ့ရာ သေတ္တာအတွင်းရှိပစ္စည်းများကို မြင်လိုက်သည့်အတွက် အံဩသွားခဲ့သည်။

လုံထန့်က အဘိုးကြိးဖေးမျက်နှာက ချွေးများပြန့်နေပြီး အံဩထိတ်လန့်နေတာကို မြင်မိပြီးမေးလိုက်သည် ။ အဘိုးဒါဘာလဲသိလို့လား ဒီအဘိုးကြီးသိပါတယ် အရှင့်သား။

ဒါက သိုလှောင်လက်စွပ်လို့ခေါ်ပါတယ် နဂါးဘုရင့်ကြီးစီမှာရှိတာကို ဒီအဘိုးကြီး တွေ့မြင်ခဲ့ရတာပါ။ ဒီလက်စွပ်ရဲ့ အတွင်းပိုင်းမှာ နေရာလွတ်ပါပြီးပစ္စည်းတေကို ထည့်သိမ်းထားလို့ ရပါတယ် အရှင့်သား။

ဒါကိုရောသိလား အဘိုး ။

လုံထန့်က ဖောက်ထွင်းမြင်နေရသော သတင်းကျောက်အတွင်းတွင် ပါရှိနေသော သွေးတစ်စက်ပါသည်။ သလင်းလုံးကို ကိုင်ကာ အဘိုးကြီးဖေးကိုမေးဖို့အတွက် ဘိုးကြီးဖေးထံသို့ကမ်းပေးလိုက်သည်။

ထိုအချိန်တွင်ပင် အဘိုးကြီးဖေးက မျက်နှာပျက်သွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကြသွားခဲ့သည်။

အရှင့်သား မြန်မြန် ဖယ်လိုက်ပါ ဒီအဘိုးကြီးကို သတ်နေတာလား။ အဘိုးကြီးဖေးက အံကြိတ်ကာ အလောတကြီးပြောလိုက်သည်။

" အာ "

ထိုအခါမှလုံထန့်လဲ ထိုသွေးစက်ပါသော သလင်းလုံးကို သူပြန်ယူလိုက်ပြီး အဘိုးကြီးဖေးနှင့် ဝေးရာတွင်ထားလိုက်သည်။

ထိုအခါမှသာ အဘိုးကြီးဖေးလဲ ဒူးထောက်နေရာမှ မက်တပ်ထရပ်နိုင်ခဲ့သည်။ အရှင့်သား အဲဒီအရာကို ဒီအဘိုးကြီးမသိပါဘူး ။ ဒါပေမဲ့ ဒီအဘိုးကြီးကောက်ချက်ချမိ သလောက်တော့ ဒါက အနည်းဆုံးတော့ စွမ်းအားကြီးသားရဲတစ်ကောင်ရဲ့ သွေးအစီနှစ်ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ဒါကအရှင့်သား အတွက်ကံကောင်းမူကြီးဖြစ်နိုင်ပါတယ် ။

" အရှင့်သား "

လုံထန့်လဲ အံဩသွားခဲ့သည်။ စစ်သူကြီးလင်းယုပေးခဲသော သေတ္တာအဟောင်းလေးက ထိုမျှကံကောင်းမူကြီး ရှိနေခဲ့လေ့မည်ဟု မမျော်လင့်ထားခဲမိချေ။

သေတ္တာအတွင်းမှ ကျန်ရှိနေသော လက်စွပ်ကို ထုတ်ယူလိုက်ကာ လုံထန့်လည်း သူရဲ့လက်ထိပ်သို့ကိုက်ဖောက်လိုက်ပြီး လက်စွပ်ပေါ်သို့ ချလိုက်သည်။ သွေးစက်က လက်စွပ်ပေါ်သို့ ကျဆင်းသွားသည့်နှင့် ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာပြီး သူအလိုလိုပင် လက်စွပ်က လုံထန့်ရဲ့ လက်ခလယ်ပေါ်တွင်ပေါ် ပေါက်လာခဲ့သည်။

" အရှင့်သား "

လက်စွပ်ထဲမှာ ဘာရှိလဲ စစ်ဆေးကြည့်ပါအုန်း ။ အံအားသင့်ငေးမောနေသော လုံထန့်ကို အဘိုးကြီးဖေးက သတိပေးလိုက်သည်။

လုံထန့်လဲ သူရဲ့ စိတ်ဝိညာဉ်အာရုံ အနည်းငယ်ကို လက်စွပ်ထံပို လွတ်လိုက်ပြီးနောက် လက်စွပ်အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။

" ဒါက "

" ဒါက "

သူမျက်စိအရှေတွင် ကျယ်ပြောလှသော လေဟာနယ်နေရာလွတ်ကြီးကမျက်စိတစ်ဆုံးကြည့်လိုက်ချိန်တွင်ပင် အဆုံးကိုမမြင်ရပေ ။ ထိုအထဲတွင် ပုလင်းငယ်လေးများ သိန်းချီကိုတွေလိုက်ရသည်။ပုလင်းလေး တစ်ခုကို ယူပြီးနောက် ဖွင့်ကြည့်လိုက်ချိန်တွင် ပုလင်းရဲ့အတွင်းမှ ဆေးလုံးရဲ့မွှေးရနှံတစ်ခုက လုံထန့်ရဲ့ နှာခေါင်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။ သိန်းနဲချီသော ဆေးပုလင်းတေဒါတေက ......

တခြားအရာများကိုလဲ လုံထန့်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

{အထိဍ်ထိပ် ချီစွမ်းအင်ကျောက်တုံး ၅၀၀၀၀၀}.....

{အဆင့်မြင့် ချီစွမ်းအင်ကျောက်တုံး ၇၀၀၀၀၀}.....

{အလယ်လတ် ချီစွမ်းအင်ကျောက်တုံး ၉၀၀၀၀၀}.....

{အဆင့်နိမ့် ချီစွမ်းအင်ကျောက်တုံး ၁၀၀၀၀၀၀}......

အစီအရီဖြင့် သေသပ်စွာထပ်ထားသော သိုင်းကျင့်စဉ်များကို လဲ တွေနေရသည်။

အားလုံးနှင့် ဝေးရာတွင် သီးခြားနေရာဖြင့်ရှိနေသော ဓားနှစ်ချောင်းကိုလဲ တွေမြင်လိုက်ရပြီး သူရဲ့ပုံသဏ္ဍန်ကလဲ ဓားရိုး ဓားအိမ် တစ်ခုလုံး နက်မှောင်နေခဲ့ပြီး ပတ်ပတ်လည်တွင် အေးစက်စက် အရှိန်ဝါများဖြင့် ပတ်ဝန်းကျင့်တစ်ခုလုံးကို ထုတ်လွတ်လျက်ရှိပြီး သူသာ အရှေကိုကိုဆက်တိုးသွားပါက သူရဲ့ စိတ်ဝိညာဉ်ကိုပင်ပိုင်းဖြတ်ခြင်းကို ခံရတော့မလို့ ခံစားနေရသည်။

" ဒါကြီးက ".....

လုံထန့်လည်း လုံးဝကို ကျက်သေသေသွားခဲတော့သည်။ ဤအရာကြီးမျှကြီးမားသောအရင်းမြစ်တေက အင်ပါယာကြီးတစ်ခုရဲ့ အုပ်မြစ်တစ်ခုနှင့်တောင် နိူင်းယှဉ်နိုင်ခဲ့သည်။ မဟုတ်ဘူး ကျော်လွန်သည်လို့တောင် ပြောလိုရသည်။

လုံထန့်လဲ ငေးမောနေရာမှ ရုတ်တရက်ဖြင့် အားရပါးရရီမောလိုက်သည်။

" ဟားးးးဟားးးးး "

မိုးကောင်းကင်က ငါကိုပစ်မထားသေးဘူးပဲ

ဟားးးဟားး။

ဒီအရာတေနှင့်ဆိုရင် သူတင်သာမကပဲ သူရဲ့လက်အောက်ငယ်သားတေရဲ့ ခွန့်အားကလဲ အဆင့်တစ်ခုထိရောက်အောင် တိုးတက်လာစေမည်မှာ မလွဲချေ။ သူရဲ့ရည်မှန်းချက်တေ ပြည့်ဖို့အတွက် အချိန်တေအများကြီးစောင့် စရာမလို့တော့ချေ။

အဘိုးကြီးဖေးက မယုံနိုင်စွာဖြင့်လုံထန့်ကို ငေးကြည့်နေမိသည်။

သူလဲမနေနိုင်စွာဖြင့် လုံထန့်ကို မေးလိုက်သည်။ အရှင့်သားဘာများပျော်စရာရှိလို့ပါသလဲ။

" ဟားးးဟားးး "

အဘိုး ပျော်စရာလေးတေ ရှိလို့ပါ ။

လောဆယ်တော့ သေချာမပြောတက်သေးဘူးနောက် ရက်မှာသေချာရှင်းပြပေးမယ် ။ လောလောဆယ် အဘိုးဖေး အပြင်ကကိစ္စတေနဲ စစ်သည်တေ စုဆောင်းမဲ့ကိစ္စတေကို တာဝန်ယူပေးပါအုန်း။

ကျွန်တော် တံခါးပိတ်ကျင့်ကြံမလို့ ။

နားလည်ပါပြီအရှင့်သား ။

လုံထန့်လဲ အဘိုးကြီးဖေးကို နှတ်ဆက်ပြီးနောက် တုံဆိုင်းမနေပဲ နီးစပ်ရာ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲသည်။ ဒီနန်းတော်ဟောင်းကြီး ကြီးမားလွန်းလှပြီး နေထိုင်မည့်သူက သူနှင့် အဘိုးကြီးဖေး ၊ လင်းယုတို့ သုံးယောက်သာရှိသဖြင့် အခန်းပေါင်းများစွာက လွတ်နေသည့် အတွက် ဘယ်အခန်းဝင်ဝင် ဝင်နေလို့ ရသည်။

လုံထန့်လဲ အခန်းတံခါးကို ပိတ်ပြီးနောက် ကုတင်ပေါ်သို့တက်ကာ ထိုင်လိုက်ပြီးနောက် သူလက်တွင်ကိုင်ထားသောဖောက်မြင်ရမတက် ကြည့်လင်နေသော သွေးတစ်စက်ပါသည့် သလင်းလုံးကို ကြည့်လိုက်သည်။ ထိုနောက်တွင့် သူလက်ကို ကိုက်ဖောက်လိုက်ကာ သလင်းလုံးပေါ်သို့ သွေးတစ်စက်ကို ချလိုက်သည်။

" ခွပ် "

အက်ရာများစွာထင်လာပြီးနောက် သလင်းလုံးလေးက ကွဲကြေသွားခဲ့သည်။ ထိုနောက် ထူးဆန်းစွာဖြင့်သလင်းလုံးလေးထဲမှ သွေးစက်က နဂါးဟိန်းသံ တိုးတိုးနှင့် အတူရွှေရောင်နဂါးကြိးတစ်ကောင်ထွက်ပေါ်လာပြီးနောက် အသက် ၃၀ လောက်အရွယ်လူသားပုံရိပ်သဏ္ဍန်ေပြာင်းသွားခဲ့သည်။။ ထိုလူက လုံထန့်က ကြည့်ကာ နောက်သူကပြုံးပြီး နောက်ဆုံးတော့ သေတ္တာကို ဖွင့်တဲ့သူပေါ်လာပီပဲ။

လုံထန့်လဲ ထိတ်လန့်သွားခဲ့ကာ အကြီးကဲက ဘယ်သူများပါလဲ။ သူက အရိုသေပေးပြီးနောက် ဦးညွတ်ကာ ဂါရဝပြုရင်းဖြင့်မေးလိုက်သည်။

လုံထန့်ထိတ်လန့်သွားပုံကို ကြည့်ကာထိုလူက ရီမောလိုက်သည်။

" ဟားးဟားးးး " မကြောက်ပါနဲ ကောင်လေးဒါက ငါရဲ့စိတ်ဝိညာဉ်အပိုင်းစလေးပါပဲ ငါသေဆုံးသွားခဲ့တာ နှစ်ပေါင်းမရေတွက်နိုင်တော့ဘူး ။ ဒါကငါရဲ့ နောက်ဆုံးဆန္ဒလေးကို ပြောပြဖို့အတွက်ချန်ထားရစ်ခဲ့တာပါ။

ထိုပုံရိပ်က ရုပ်တည်သွားခဲ့ကာ လုံထန့်ကိုကြည့်ပြီး ကောင်လေး မင်းငါကို ကတိတစ်ခုပေးမယ်ဆိုရင် စောစောမင်းမြင်နေရတာတွေကို အကုန်လုံးက မင်းအပိုင်ပဲ ဘယ်လိုလဲ ကောင်လေး။

လုံထန့်လဲ စဉ်းစာကြည့်ပြီးနောက် အထိုပုံရိပ်ကို ကြည့်ကာ ပြောပါအကြီးကဲ ။

All Chapters