← Chapters

နတ်ဘုရားဓားဂိုဏ်း

Vol. 2 Ch. 18

နတ်ဘုရားဓားဂိုဏ်း

Vol. 2 Ch. 18

-------------

ထိုလူကြီးက လုံထန့်ကိုသဘောကြစွာဖြင့်ကြည့်လိုက်သည်။

ကောင်းတယ် ကောင်လေး ။

ဟားးးဟားးး။

လုံထန့်ကသူရဲ့အရှေကလူကိုကြည့်ပြီးနောက် မေးလိုက်သည်။ အကြီးကဲက ဘယ်သူများပါလဲ ။

" ဟူးး "

ဘယ်လိုပြောရမလဲ ။

သက်ပြင်းရှည်ကြီးတစ်ခုကို ဆွဲကာချလိုက်ပြီးနောက် သူပုံစံကအတိတ်ကိုသတိရသွားသည်အလားငေးမောသွားခဲ့သည်။

လုံထန့်လဲ စကားမပြောပဲဘေးမှရပ်က ထိုအကြီးကဲပြောလာမည်စကားကို စောင့်မျော်နေခဲ့သည်။

အချိန်ခနကြာပြီးနောက် သူကလုံထန့်ကိုကြည့်ကာ ငါကအတိတ်က အကြောင်းရာတေအများကြီးကိုတော့ ပြန်မပြောချင်တော့ဘူး ကောင်လေး။ အကျဉ်းချုပ်လေးပဲ ပြောပြာပြပေးမယ်။

မင်းငါတို့နေထိုင်တဲ့ ဒီအနောက်ပိုင်းတိုက်ကြီး အပြင်လူသားတေနေထိုင်တဲ့ အရှေပိုင်းတိုက်ကြီးအကြောင်းကိုသိတယ်မလား။ လုံထန့်ကို ကြည့်ကာမေးလိုက်သည်။

သိပါတယ်အကြီးကဲ ။

ငါအမည်က အောင်းချင်းထန်လိုခေါ်တယ်။ ရွှေရောင်လက်သည်း ကိုးခုနဂါးမျိုးနွယ်က နောက်ဆုံးကျန်ရစ်ခဲ့တဲ့တစ်ယောက်ထဲသောကျန်ရစ်သူပေါ့။

ငါက မျိုးနွယ်စုပျက်စီးသွားတော့ ငါခြေဦးတည့်ရာသွားရင်းနှင့် လူသားတေနေထိုင်တဲ့ အရှေ့ပိုင်းတိုက်ကြီးစီသို့ရောက်သွားခဲ့တယ်။ အဲဒီမှာငါကိုယ်ငါ သားရဲတစ်ကောင်ဆိုတဲ့အချက်ကို ဖုံးကွယ်ပြီးနေထိုင်ခဲ့ရင်းနှင့်တစ်နေမှာတော့ ငါဆရာကြီးတစ်ယောက်နှင့် တွေခဲ့တယ် ။သူကငါသားရဲမျိုးနွယ်ဖြစ်နေတာ တောင်မှ ဂရုစိုက်ပဲ ငါရဲ့ပါရမီကို သဘောကြပြီး သူရဲ့တပည့်အဖြစ်လက်ခံခဲ့တယ်။ အရင်ကငါမသိခဲဘူး နောက်ပိုင်းမှငါသိခဲရတာကတော့။

ငါဆရာက နတ်ဘုရားဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ သူကစွမ်းအားကြီးတဲ့ အပြင် သမာသမက် ကြတဲ့သူဖြစ်တယ်။ သူမှာကငါအရင်မတိုင်ခင်တုန်းက လက်ခံထားတဲ့ တပည့်တစ်ယောက် ရှိတယ်။ ငါရဲ့စီနီယာအစ်ကို ပေါ့။

နှစ်ပေါင်း များစွာကြာလာတဲ့အခါမှာ ငါရဲ့ပါရမီကြောင့် ငါကချိန်တိုလေးနှင့် စီနီယာအစ်ကိုရဲ့ ကျင့်ကြံမူကို နောက်ကောက်ချထားနိုင်ခဲတယ်။ ငါအစောဆုံးနှင့် လူသားတေအခေါ် ကပ်ဘေးအဆင့် ပေါ့ သားရဲတေအဆင့်နှင့်ဆိုရင် အရှင့်သခင်သားရဲ့ အဆင့်ကို ရောက်ရှိခဲ့တယ်။ အဲဒီချိန်ထဲက စီနီယာအစ်ကိုက ငါနဲသိပ်ပြီး အဆက်ဆံမရှိတော့ဘူး။

ဆရာမထွက်သွားခင်အချိန်မှာတုန်းက စီနီယာအစ်ကိုကသူရဲ့ သဘောထားတေကို ဖုံးကွယ်ထားပြီး ငါနဲ ညီကိုရင်းများပမာ ချစ်ခင်ခဲ့ကြတာပေါ့။

ဆရာထွက်သွားတော့ ဆရာကငါစီမှာ နတ်ဘုရားဓားဂိုဏ်းကိုထားရစ်ခဲ့တယ်။ အဲဒီသတင်းကြားတဲ့ အချိန်မှာ စီနီယာအစ်ကို ငါအပေါ် အကောက်ကြံလေ့မယ်လို့ ဘယ်သူထင်မှာလဲ။

"ဟားဟားး"

ညီကိုရင်းများပမာခင်လာခဲ့ပေမဲ့ ဂိုဏ်းထဲက ကပ်ဘေးအဆင့်မှာရှိတဲ့ မဟာအကြီးကဲ သုံးယောက်ကိုသူဘက်ပါအောင် ဆွဲခေါ်ပြီး ငါကို ချောင်းမြောင်းတိုက်ခိုက်လေ့မယ်လို့ ဘယ်သူထင်မှာလဲ။

အဲဒီမှာငါလဲ တိုက်ခိုက်ခဲ့တဲ့ မဟာအကြီးကဲ နှစ်ယောက်ကိုသတ်ခဲ့ပြီး တစ်ယောက်ကို ဒဏ်ရာအောင်ပြုလုပ်ကာ အနောက်ပိုင်းတိုက်အထိပြန်ပြေးလာခဲ့တာပဲ။

ဒါပေမဲ့ သူတိုမသိတာက ငါလက်ထဲမှာ နတ်ဘုရားဓားဂိုဏ်းရဲ့ ဘဏ္ဍတိုက်ရဲ့ ၅၀ % ကို ကိုင်ထားခဲ့တာကို ပဲ ။

အနောက်ပိုင်းတိုင်ကြီးကို ငါပြန် ရောက်တော့ ငါရဲ့ဒဏ်ရာတေကပိုဆိုးဝါးလာခဲ့ပြီးတော့ ငါအတွက်အချိန်အများကြီးမကျန်တော့ ဘူးဆိုတာ နားလည်ခဲ့တယ်။

ဒါကြောင့် ငါမသေဆုံးခင်မှာ ငါရဲ့အသန့်စင်ဆုံးသွေးအစီနှစ်နဲ နတ်ဘုရားဓားဂိုဏ်းက အရင်းမြစ်တေကို ချိတ်ပိတ်ထား ခဲ့တာပဲ ။ နှစ်တေအကြာကြီး ဘယ်သူမှာ ဖွင့်ခြင်းမရှိခဲပဲ မင်းကကံကောင်းပြီးရခဲ့တာပဲ ကောင်လေး။

မင်းငါကို ပေးရမဲ့ကတိက မင်းအားကောင်းလာတဲ့ တစ်နေ အရှေပိုင်းတိုက်ကြီးကို သွားပြီးငါရဲ့ စီနီယာအစ်ကိုကိုယ်သတ်ပေးဖို့ပဲ ။ ဘယ်လိုလဲ ကောင်လေး ကတိပေးရဲလား။

သတ္တရှိရဲ့လား ။

လုံထန့်က တွေးမနေပဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

လက်ခံတယ် အကြီးကဲ ။

ဟားးဟားးး။

ကောင်းတယ်ကောင်လေး ။

မင်းလည်းနဂါးမျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ ငါမင်းကိုပေးနိုင်တာ အများကြီးမရှိပေမဲ ဒါကငါရဲ့ စွမ်းအင်အစီနှစ်တေနဲ ပေါင်းစပ်ထားတဲ့ သွေးအစီနှစ်ပဲ ကောင်လေး။

သိုလှောင်လက်စွပ်ထဲက ဓားနှစ်လက်ကို သားရဲဘုရင့်အဆင့်ကို မရောက်ပဲ အနားကိုမကပ်ပါနဲ ။ ငါသို့လှောင်လက်စွပ်ထဲမှာ နတ်ဘုရားဓားဂိုဏ်းက အဲဒီဓားနှစ်လက်နဲ တွဲသုံးတဲ့ ကျင့်စဉ်ကို ချန်ထားခဲ့တယ်။ ငါတော့မလေ့ကျင့်ဖူးတော သေချာမသိဘူး။

သိုင်းကျင့်စဉ် အမည်က။

အန္တိမနတ်ဆိုးနှင့် နတ်ဘုရားသတ်ဖြတ်ခြင်း ဓားကျင့်စဉ်လို့ ခေါ်တယ်။

အဲဒီဓားနှင့် ကျင့်စဉ်က ငါရဲ့ဆရာထွက်မသွားခင် စီနီယာအစ်ကိုယ် မသိအောင်ငါကို လွဲပေးသွားခဲ့တာ။

ငါစီနီယာအစ်ကိုအမည်က ဝူကျန်းဟောင်လို့ခေါ်တယ်။

သတိထားပါကောင်လေး ။ အနည်းဆုံး လူသားများအခေါ်ဝေါ် ကပ်ဘေးဆင့် ၊ သားရဲ တေရဲ့အဆင့်ဆိုရင် အရှင့်သခင်သားရဲဆင့်ကို မရောက်မချင်းသူကို သွားမထိပါနဲ။

နောက်ထပ်က နတ်ဆိုးနဂါးမျိုးနွယ်စုကို သတိထားပါ။

မင်းရဲ့ကိုယ်ထဲမှာစီးဆင်းနေတဲ့ နဂါးသွေးမျိုးဆက်က ငါတွေဖူးခဲ့တဲ့ အထဲမှာ အသန့်စင်ဆုံးပဲ ကြိုးစားပါကောင်လေး တစ်နေမှာ မင်းလောကကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ထိုင်နိုင်အောင်။

ထိုသို့ပြောပြီးသည်နှင့် အောင်းချင်းထန့်ရဲ့ ပုံရိပ်က တစ်ဖြေးဖြေးဝေဝါးလာခဲ့သည်။

အကြီးကဲ လုံထန့်လဲ အောင်ချင်းထန့်ရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ပုံသဏ္ဍန်ကြောင့်ထိတ်လန့်သွားခဲ့သည်။

စိတ်မကောင်းမဖြစ်ပါနဲ ကောင်လေး ။

ဟားးးဟားးး။

ငါသေဆုံးခဲတာက နှစ်ပေါင်းတစ်သောင်းလောက်ရှိနေခဲ့ပါပြီ။ ငါမှာတာတေကို မမေ့လိုက်ပါနဲ နတ်ဆိုးနဂါးမျိုးနွယ်ကို ကိုပိုပြီးတော့ သတိထားပါ။

ထိုသို့ပြောပြီးနောက် တွင် အောင်ချင်းထန့်ရဲ့ ပုံရိပ်က ဤလောကကြီးထဲမှ အပြီးတိုင်ပျောက်ကွယ်သွားတော့သည်။

လုံထန့် အရှေတွင်တော့ ပတ္တမြားရောင် သွေးတစ်စက်က တိတ်ဆိတ်စွာဖြင့်လွင့်မျောနေခဲ့သည်။

စိတ်ချပါ အကြီးကဲ ငါမင်းအတွက်သေချာပေါက်လက်စားချေပေးပေါ့။ လုံထန့်က ထိုပတ္တမြားရောင်တောက်နေသော သွေးစက်လေးကိုကြည့်ကာ ပြောလိုက်သည်။

လုံထန့်လဲ ထိုနေရာတွင်ပင် ထိုသွေးစက်လေးကို သန့်စင်ဖို့အတွက် ကြိုးစားလိုက်တော့သည်။

All Chapters