← Chapters

သန့်စင်ခြင်း

Vol. 2 Ch. 19

သန့်စင်ခြင်း

Vol. 2 Ch. 19

-------------

လုံထန့်က သူအရှေတွင်လွင့်မျောနေသော ပတ္တမြားရောင်တောက်ပနေသည့် သွေးစက်လေးကို သူပါးစပ်အတွင်းသို့ ထည့်လိုက်ပြီး သူအထဲကပါဝင်သော စွမ်းအားတေကို စုပ်ယူသန့်စင်ဖို့ ကြိုးစားလိုက်တော့သည်။

ပတ္တမြားရောင်တောက်ပနေသော သွေးစက်လေးက လုံထန့်ပါးစပ်ထဲ သို့ရောက်သည်နှင့် သွေးစက်လေးထဲတွင် ပါဝင်သော စွမ်းအားများက ငြင်သာစွာဖြင့်ပင် သူရဲ့ခန္ဓာကိုယ်အနှံအပြားကို သွေးအစီနှစ်စွမ်းအားများကပျံနှံသွားခဲ့သည်။

အရင်ဒြပ်စင်နဂါးသွေးအစီနှစ် တစ်စက်ကို သန့်စင်တဲ့အချိန်တုန်းက ဆိုရင် သူရဲ့ခန္ဓာကိုယ်ပေါက်ကွဲမတက်နာကျင်စေပြီး အရှင်လတ်လတ် ငရဲကြနေသလားခံစားရစေခဲ့သည်။

ဤသွေးအစီနှစ်ကတော့ ထူးခြားစေပြီး သွေးအစီနှစ်တွင်ပါဝင်သော စွမ်းအင်းတေက တစ်ဖြေးဖြေးသူရဲ့ အမြုတေစှမှာလာပြီး စုဝေးလာခဲ့သည်။သူရဲ့အမြုတေ၏အရွယ်

အစားကလဲ တဖြည်းဖြည်းနဲ ပိုပို၍ ကြီးထွားလာခဲ့သည်။ ထိုချိန်မှာပင်လုံထန့်ရဲ့ အရှိန်ဝါကလဲ တရိပ်ရိပ်နှင့် ထိုးတက်လာနေခဲ့သည်။

" ခွပ် "

သူတစ်ကိုယ်ထဲသာကြားနိုင်သောအသံဖြင့် သူခန္ဓာကိုယ်ထဲက တစ်ခုခု ကျိုးပေါက်သွားသံကိုကြားလိုက်ရသည်။

" ဝုန်း "

ပတ်ဝန်းကျင့်က ချီစွမ်းအင်များကစုဝေးလာပြီးလုံထန့်ရဲ့အရှိန်ဝါက .....။

သားရဲသခင် တတိယဆင့် ၊အဆင့်နိမ့်မှ၊ အလယ်လတ်သို့ ရောက်ရှိသွားခဲသည်။

ထိုမှတစ်ဆင့် အဆင့်မြင့် ၊ အထွဍ်ထိပ် .....။

" ခွပ် "

သားရဲသခင် စတ္ထထဆင့် .....။

၊အဆင့်နိမ့် ၊အလယ်လတ် ၊အဆင့်မြင်၊ အထွဍ်ထိပ် ။

သူရဲ့အရှိန်ဝါက ဆည်ကြိုး၍ကျဆင်းလာကြသည် ရေများအလား တရိပ်ရိပ်နဲ ထိုးတက်နေခဲသည်။

လုံထန့်လဲ သူရဲ့နယ်ပယ်ကို ဖိနိပ့်နေသော်လည်းပဲ အဆင့်တက်မူက ထိန်းမရချေ။

သားရဲသခင် ပဉ္စမ ဆင့် အဆင့်နမ့် ၊အလယ်လတ်၊ အဆင့်မြင့် ၊အထွဍ်ထိပ် ။

" ခွပ် "

သားရဲသခင် ဆဠမ ဆင့် .....။

သားရဲသခင် သတ္တမ ဆင့်.....။

သားရဲသခင် အဠမ ဆင့်....။

သားရဲသခင် နဝမ ဆင့်....။

သားရဲသခင် ဒသမ ဆင့် ၊အဆင့်နိမ့် ၊အလယ်လတ်၊အဆင့်မြင့် ၊အထွဍ်ထိပ် ဆင့် .....။

" ခွပ် "

" ဝုန်း "

မြေကမ္ဘာသားရဲအဆင့်.....။

လုံထန့်ပတ်ဝန်းကျင့်က ချီစွမ်းအင်များက နဂိုထက် ဆယ်ဆခန့်လောက် သူခန္ဓာကိုယ်အတွင်းသို့ လေဝဲကြီးသဏ္ဍန်ဖြစ်နေလျက် အလုအယက်ဝင်ရောက်နေကြသည်။

နောက်ဆုံးတွင် မြေကမ္ဘာသားရဲ့ ပထမဆင့် အလယ်လတ်အဆင့်တွင် ဖိနှိပ့်နိုင်ခဲလိုက်သည်။ သူမဖိနှိပ့်ပဲသာလွတ်ထားလိုက်ပါက သားရဲဘုရင့်ဆင့် ကိုတောင်ကျော်လွန်သွားနိုင်သေးသည်။

အောင်းချင်းထန့် သက်တမ်းတစ်လျောက်လုံးကျင့်ကြံလာတဲ့"အရှင့်သခင်သားရဲအဆင့်" စွမ်းအားတေနှင့်ပေါင်းစပ်ထားတဲ့ သွေးအစီနှစ်လို့မပြောရဘူး စွမ်းအားကြီးလွန်းတယ် ။ သားရဲမျိုးနွယ်အခေါ် အရှင့်သခင်သား ၊လူသားမျိုးနွယ်ခေါ် ကပ်ဘေးအဆင့်ရဲ့ စွမ်းအားတေက ၊ ဟာသတစ်ခုမဟုတ်ချေ။ ဒါတောင်မှ သူရဲ့စွမ်းအားများကဒဏ်ရာကြောင့်လျော့ကြသည့်အနေထားတွင်ရှိနေသောကြောင့်ဖြစ်သည် ။ဤအရာကြောင့်သာမဟုတ်ပါလုံထန့်လဲထိုစွမ်းအားများကိုအလွယ်တစ်ကူလက်ခံနိုင်မယ်မဟုတ်ပဲသူရဲ့ခန္ဓာကိုယ်သည်ပင်ပေါက်ကွယ်သွားလေ့မည်ဖြစ်သည်။

တစ်ခုကံကောင်းသည့်က ကိုးရောင်ချယ်ဒြပ်စင်နဂါးသွေးကိုစုပ်ယူသန့်စင်ထားခဲ့သည့်အတွက်ေကြာင့် သူခန္ဓာကိုယ်နှင့် သားရဲ့အမြုတေကို များစွာအထောက်ကူပြုခဲ့တာပဲဖြစ်သည်။ထိုအရာကြောင့် လုံထန့်လဲ ချိန်အနည်းငယ်ဖြင့် မြေကမ္ဘာသားရဲ့ အဆင့်သို့ရောက်ရှိလာခဲသည်။

" ဟူး "

နောက်ဆုံးတွင် လုံထန့်လဲ သူကိုယ်တွင်းကလေပူများကိုမူတ်လိုက်သည်။ သူရဲ့သန့်စင်ခြင်းလုပ်ငန်းက ပြီးဆုံးသွားခဲပြီပဲဖြစ်သည်။

ဤတစ်ကြိမ် စစ်သူကြီးလင်းယုပေးခဲ့သော သေတ္တာဟောင်းလေးက သူအတွက်ကြီးမားသော အခွင့်လမ်းကြီးသာဖြစ်တော့သည်။

သူခန္ဓာကိုယ်စစ်ဆေးကြည်လိုက်ချိန်တွင် နဂိုထက် ဆယ်ဆသို့ မဟုတ် အဆယ်နှစ်ဆယ်လောက်တောင် သန့်မာနေသလို့ခံစားရသည်။

နေပါအုန်း ......။

လုံထန့်လည်း သို့လှောင်လက်စွပ်ထဲက ကျင့်စဉ်တေကိုသတိရသွားခဲသည်။ ထိုကျင့်စဉ်တေကိုသာ သူရဲ့စစ်သည်တေကိုသာ ကျင့်ခိုင်းခဲပါက ပို၍ သန်မာလာမည်မှာသေချာသည်။

သိုလှောင်လက်စွပ်အတွင်းသို့သူရဲ့ စိတ်ဝိညာဉ်ကို ပိုလွတ်လိုက်ကာ စစ်သည်တေအတွက်သင့်တော်မည်ကျင့်စဉ်ကိုရှာဖွေလိုက်သည်။

{ဒေါသလက်သီး } ---{ ကြယ်သုံးပွင့် အဆင့်မြင့် }

{ဆီးနှင်းပွင့်ဓားကျင့်စဉ် }---{ ကြယ်လေး ပွင့်အလယ်လတ်}

{အလုံးစုံပျက်စီးစေခြင်းလှံ နည်းစနစ် } --- ကြယ်လေးပွင့်အဆင့်နိမ့် )

{ခုနှစ်စင်ကြယ်ဓားကျင့်စဉ်}---- ကြယ်ငါးပွင့်အဆင့်မြင့်}

အမျိုးမျိုးရှိနေသော ကျင့်စဉ်များက ရွှေးချယ်စရာတေက များလွန်းလှသည်။ အောင်းချင်းထန့် သက်တမ်းတစ်လျောက်လုံးစုဆောင်းခဲသည် များနှင့် နတ်ဘုရားဓားဂိုဏ်းရဲ့ ဘဏ္ဍတစ်ဝက် ဟာသတစ်ခုမဟုတ်ချေ။

ဟုတ်ပြီ.....။

ခုနှစ်စင်ကြယ်ဓားကျင့်စဉ် .....။

အလုံစုံပျက်စီးခြင်း လှံနည်းစနစ်...။

ထိုအရာနှစ်ခုကို ရေးချယ်လိုက်သည်။ စစ်သည်တေကို အလုံးစုံပျက်စီးခြင်းလှံနည်းစနစ်ကို လေ့ကျင့်ခိုင်းပြီး ။ခုနှစ်စင်ကြယ် ဓားကျင့်စဉ်က စစ်သူကြီးလင်းယုအတွက်ဖြစ်သည်။ ပုံမှန်ဆိုသားရဲတေက လက်နက်တေကိုအသုံးပြုပြီး မတိုက်ခိုက်ပဲ သူတို့ရဲ့ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် လက်သည်း၊ ချွန်ထက်သော သွားများကသာ သူတို့ရဲ့လက်နက်ဖြစ်သည်။

လုံထန့်က ထိုသို့မဖြစ်စေပဲ အဖက်ဖက်က ပြည့်စုံစေချင်သောကြောင့် ဖြစ်သည်။

လုံထန့်လဲ သူရှေက ကျင့်စဉ်နှစ်ခုကို ကြည့်ပြီးနောက် ခေါင်းညှိတ်လိုက်သည်။

နောက်အကြိမ်မှ အဘိုးကြီးဖေးကိုတော့ကျင့်စဉ်ကို သူကိုယ်တိုင်ရွှေးချင်ခိုင်းဖို့ဆုံးဖြတ်လိုက်သည်။

လုံထန့်လဲ အခန်းရဲ့အပြင်သို့ ပျော်ရွှင်စွာထွက်လာခဲတော့သည်။ အခုချိန်မှာတော့ သူအမှန်တစ်ကယ်ပျော်ရွှင်နေခဲသည်။ သူဖခင်ဘုရင်ကြီး အထင်ကြီးခဲ့သောသူရဲ့ ညီကိုမောင်နှမ များထက် သူကသာလွန်သွားခဲပြီပဲ ဖြစ်သည်။

ဟားးဟားးး။

ထားပါလေ့ဒါတေက အတိတ်တုန်းကပါ အနာဂက်မှာငါကသူတိုနှင့် မဆိုင်တဲ့သူတစ်ယောက်ပဲ လုံထန့်လဲသူခေါင်းကိုရမ်းလိုက်ကာပြော သူတစ်ကိုယ်ထဲ ကြားနိုင်သောအသံဖြင့်ပြောလိုက်သည်။

------

စစ်သူကြီးလင်းယုကို ရှာရန်အတွက် စစ်သည်များကိုလေ့ကျင့်ပေး သော နေရာသို လုံထန်လဲ ထွက်လာခဲတော့သည်။

သွေးမြိုတော်ရဲ့ အလည်တည့်တည့် ကွင်းပြင်ကြီးထဲတွင်နဂါးစစ်သည် ရှစ်ထောင်ကျောက်ကို စစ်သူကြီးလင်းယုကအပြင်းထန် လေ့ကျင့်ပေးနေ ခဲ့သည်။ထိုအရာတေ မိုးပြာနဂါးအင်ပါယာမှာတုန်း စစ်တပ်အတွက်ပေး အပ်ထားတဲ့ အစဉ်နိမ့် ကြယ်နှစ်ပွင့်ကျင့်စဉ်တေပဲဖြစ်သည်။

{ ရှစ်ထောင်ကျော်ပဲ ရှိတာက မြို့တော်ဝင်ပေါက်နှင့် ထွက်ပေါက်မှာ စောင့်နေတဲ့ တပ်စုနှစ်စုရှိတာကြောင့်ပါ}

စစ်သူကြီးလင်းယုက စစ်သူတေကို လေ့ကျင့်နေရင်း လုံထန့်ကို တွေမြင်သွားခဲ့သည်။

" အရှင့်သား " မိန့်ကြားစရာများရှိလို့ပါလား။

စစ်သူကြီးလင်းယုက လုံထန့်ကို ကြည့်ကာ မေးလိုက်သည်။

ဟားးဟားး။

မဟုတ်ပါဘူး စစ်သူကြီး သူကြီးကိုပေးစရာလေးရှိလို့ပါ။

" ဒီဘက်ကိုကြွပါ အရှင့်သား "

ထိုင်ခုံများစီတန်းထားရာဘက်သို့ လုံထန့်ကို ခေါ်ေဆာင့်သွားခဲသည်။

လုံထန့်လဲ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ပြီး စစ်သူကြီးလင်းယုက မက်တပ်ရပ်နေခဲ့သည်။

ထိုင်ပါစစ်သူကြီး .....။

ထိုအခါမှ စစ်သူကြီး ဝင်ထိုင်လိုက်သည်။

လုံထန့်စစ်သူကြီးလင်းယုကို ကြည့်ကာ သူရွှေးချယ်ထားခဲသော ခုနှစ်စင်ကြယ်ဓားကျင့်စဉ်ကို ထုတ်ပေးလိုက်သည်။

ဒါကျင့်စဉ်က စစ်သူကြီး လင်းယုမင်းအတွက်ပါ။

ဒီလှံနည်းစနစ်က စစ်သည်တေကို လေ့ကျင့်ပေးပါ ။

အလုံးစုံပျက်စီးခြင်း လှံနည်းစနစ်ကို ပါပေးကာပြောလိုက်သည်။

စစ်သူကြီး လင်းယုက သူကိုပေးထားတဲ့ ခုနှစ်စင်ကြယ်ဓားကျင့်စဉ် စာအုပ်လေးကို ကောက်ယူပြီးဖက်ကြည့်လိုက်ရင်းဖြင့် ထိတ်လန့်လာခဲသည်။

ကြယ်ငါးပွင့် သိုင်းကျင့်စဉ် ......။

ကျေးဇူးတင်ပါတယ် အရှင့်သား ......။

ကျွန်တော်မျိုးအရှင့်သား အပေါ်သေသည့်အထိသစ္စာရှိသွားပေါ့မယ် ။ လင်းယုက လုံထန့်၏ အရှေတွင် ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။

ဟားးးဟားး။

ထပါ စစ်သူကြီး ဒါတေက အသေးဖွဲ့လေးတေပါ ။ လုံထန့်က သူလက်ကိုဝှေ့ရမ်းလက်ချိန်တွင် ဆေးလုံးပုလင်းများအများပြားကို သူအရှေက စားပွဲခုံပေါ်တွင်ပေါ်လာခဲ့သည်။

ပုလင်းလေးများကိုကြည့်ကာ လင်းယုက လုံထန်ကိုနားမလည့်စွာကြည့်နေခဲ့သည်။

ဟားးဟားးး...။

ဒါတေက ဆေးလုံးတေပါ စစ်သူကြီးလင်းယုနားမလည်နိုင်ဖြစ်နေတာကို လုံထန့်က ရှင်းပြလိုက်သည်။ဒါတေက မင်းအတွက်နှင့် စစ်သည်တေအတွက်ပါ သားရဲဘုရင့်ဆင့်ကို ရောက်အောင်ကြိုးစားပါ။

စိတ်ပျက်စေရပါဘူးအရှင့်သား ။

ဆေးလုံးတေကို အရင်ကကြားခဲဖူးသောလဲ အသုံးမပြုခဲဖူးချေ။ သူတို့ကဝိညာဉ် ဆေးပင်များ တွေရှိခဲပါက ဆေးလုံးမဖော်စပ်ပဲ တိုက်ရိုက်ဝိညာဉ်ဆေးပင်ရဲ့ စွမ်းကိုစုပ်ယူလိုက်တာပဲ ဖြစ်သည်။

All Chapters